ရန်ကုန်မြို့ပြ အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းအသုံးပြုသူများ၏ ဘေးကင်းလုံခြုံရေးနှင့် သုံးစွဲသူများ သတိပြုရန် လိုအပ်

143

သန့်မင်းအိမ် (NP News) - မတ် ၁၉
ရန်ကုန်မြို့အတွင်း ညဘက်တက္ကစီစီးနင်းရာတွင် Application ပါ ကားနံပါတ်နှင့်အပြင်တွင် လာရောက်ရပ်တန့် သည့် ကားနံပါတ်မတူညီခြင်းမှတစ်ဆင့် အသက်အန္တရာယ်နှင့် ပစ္စည်းလုယက်မှုခြိမ်းခြောက်မှုများ ရှိနေသဖြင့် ပြည်သူများအနေဖြင့် အထူးသတိပြုရန်နှင့် သက်ဆိုင်ရာကုမ္ပဏီများအနေဖြင့် ကြပ်မတ်ရန် လိုအပ်ကြောင်း သိရသည်။
"ဒီလိုမှုခင်းတွေမှာ အဓိက ကာယကံရှင်တွေကပဲ ကိုယ့်ဘာသာကိုယ် အသိ၊သတိထားဖို့လိုတယ်။ ပြစ်မှု ကျူးလွန်တဲ့သူတွေက အကွက်ချောင်းပြီး ဝင်လုပ်ကြတာ။ တကယ်လို့ ကိုယ်ငှားတဲ့ကားနံပါတ် မဟုတ်ဘဲ တခြား ကားနံပါတ် လွှတ်လိုက်တယ်ဆိုရင် ငှားတဲ့ဆီကို လှမ်းပြီး Complain လုပ်ရမယ်။ Safe Side ဖြစ်ဖို့ကတော့ ကိုယ်ငှားတဲ့ကားမဟုတ်ရင် မလိုက်တာ အကောင်းဆုံးပဲ" ဟု အငြိမ်းစားရဲမှူးကြီးတစ်ဦးက သတိပေးပြောကြား သည်။
ထို့အပြင် ခရီးသွားပြည်သူများအနေဖြင့် ကားစီးနင်းသည့်အခါ မိမိ၏ သွားရာလမ်းကြောင်းနှင့် စီးနင်းလိုက်ပါသည့် ကားနံပါတ်အချက်အလက်များကို မိသားစု သို့မဟုတ် မိတ်ဆွေများကို အသိပေးထားခြင်းဖြင့် ပြစ်မှုကျူးလွန်သူကို ပြန်လည်ခြေရာခံနိုင်မည်ဖြစ်သလို တက္ကစီပေါ်သို့ရောက်ရှိနေစဉ် လမ်းကြောင်းလွှဲခြင်း၊ လူထပ်တင်ရန် ကြိုးစား ခြင်း စသည့်အန္တရာယ်လက္ခဏာများ ပြသလာပါက တိုက်ရိုက်တုံ့ပြန်ခြင်းထက် ပရိယာယ်သုံး၍ ဆင်းနိုင်ရန် ကြိုးစားသင့်ကြောင်း ၎င်းက အကြံပြုထားသည်။
"ပေါ်တင်ကြီး ကားရပ်ပေး၊ ဆင်းမယ်လို့ ပြောဖို့ကျရင် ဟိုကောင်က အကြံသမားဆိုရင် ရပ်ပေးမှာ မဟုတ်ဘူး။ အဲဒီတော့ ပရိယာယ်သုံးရမယ်။ အရေးတကြီး အပေါ့သွားချင်လို့ပါ၊ ပစ္စည်းမေ့ကျန်လို့ ခဏရပ်ပေးပါ ဆိုတာမျိုးပေါ့။ သူ့ရှေ့မှာတင် ဖုန်းနဲ့ အိမ်ကို အကြောင်းကြားတာမျိုးက ပိုဆိုးသွားနိုင်တာမို့ သတိထားရမယ်" ဟု ၎င်းက သတိပေးအကြံပြုထားသည်။
တက္ကစီ Service များအနေဖြင့် ယာဉ်မောင်းများကို စိစစ်ရာတွင် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာနှင့် နောက်ခံ သမိုင်းကို သေချာစွာ လေ့လာသင့်ကြောင်း၊ ကားနံပါတ် အပြောင်းအလဲရှိပါက သုံးစွဲသူထံ ကြိုတင်အကြောင်းကြား ရမည့် စနစ်ကို ကျင့်သုံးသင့်ကြောင်း တိုက်တွန်းထားသည်။
"Grab လို ကုမ္ပဏီမျိုးမှာ ကားနံပါတ် အပြောင်းအလဲရှိရင် ပို့လွှတ်လိုက်ရုံနဲ့ မပြီးဘူး။ ကိုယ်ငှားတဲ့ ပုဂ္ဂိုလ်ဆီကို Inform လုပ်ရမယ်။ နောက်ပြီး ဒါတွေကို Monitor လုပ်တဲ့ ထိန်းကွပ်တဲ့ အဖွဲ့အစည်းတွေ YRTC လို အစိုးရ အဖွဲ့ကလည်း အမြဲတမ်း ကြပ်မတ်နေရမယ်။ လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ရမယ်" ဟု ၎င်းက အကြံပြု သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကညနတွင် မှတ်ပုံတင်ထားသည့် တက္ကစီအစီးရေ ၅၉,၀၀၀ ကျော်ရှိပြီး YRTC တွင် စီးတီးတက္ကစီ မှတ်ပုံတင်ထားသည့် ယာဉ်စီးရေ ၅၃,၀၀၀ ကျော်ရှိကြောင်း YRTC ရှိစာရင်များမှ သိရသည်။
Application တွင်ပါသောကားနံပါတ်နှင့် လာကြိုသောကားနံပါတ်မတူညီသောဖြစ်စဉ်ကို “ကားချိန်းထားတာ ဖြစ်နိုင်တယ် ကားချိန်းပြီးတော့နံပါတ်မချိန်းတာလည်းဖြစ်နိုင်တယ်” ဟု ရန်ကုန်မြို့တွင် ပြေးဆွဲးနေသော တက္ကစီသမားတစ်ဦးက သုံးသပ်ပြောကြားသည်။
အကယ်၍ မသင်္ကာဖွယ်ရာများ ကြုံတွေ့ရပါက သို့မဟုတ် ပြစ်မှုကျူးလွန်ရန် အားထုတ်ခြင်းခံရပါက ထိရောက်စွာ အရေးယူနိုင်ရန်အတွက် ယာဉ်မောင်းနှင့် ပြောဆိုချက်များကို Record လုပ်ထားခြင်း၊ ယာဉ်နံပါတ်ပြားကို ဓာတ်ပုံရိုက်ယူထားခြင်းနှင့် မိသားစုထံ ပေးပို့ထားသည့် သတင်းမှတ်တမ်းများကို စုဆောင်းထားသင့်ကြောင်း သိရသည်။
"ပြစ်မှုမမြောက်သေးရင်တောင်မှ ရည်ရွယ်ချက်နဲ့ ပြစ်မှုတစ်ခုခုကို ကျူးလွန်ဖို့ အားထုတ်တဲ့ဟာလည်း ပြစ်မှု မြောက်တာပဲ။ ရဲစခန်းမှာ အမှုဖွင့်လို့ရတယ်၊ ကုမ္ပဏီကိုလည်း တိုင်လို့ရတယ်" ဟု အငြိမ်းစားရဲမှူးကြီးက လမ်းညွှန် ထားသည်။
Taxi Service လုပ်ငန်းများ အသုံးပြုမှုတိုးလာနေသည့် ယနေ့အခြေအနေတွင် ခရီးသည်များ၏ ကိုယ်တိုင် သတိရှိမှုနှင့် လုံခြုံရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများသည် အထူးအရေးကြီးကြောင်း သိရှိရသည်။

Zawgyi Version;
ရန္ကုန္ၿမိဳ႕ျပ အငွားယာဥ္ဝန္ေဆာင္မႈလုပ္ငန္းအသုံးျပဳသူမ်ား၏ ေဘးကင္းလုံၿခဳံေရးႏွင့္ သုံးစြဲသူမ်ား သတိျပဳရန္ လိုအပ္
သန႔္မင္းအိမ္ (NP News) - မတ္ ၁၉
ရန္ကုန္ၿမိဳ႕အတြင္း ညဘက္တကၠစီစီးနင္းရာတြင္ Application ပါ ကားနံပါတ္ႏွင့္အျပင္တြင္ လာေရာက္ရပ္တန႔္ သည့္ ကားနံပါတ္မတူညီျခင္းမွတစ္ဆင့္ အသက္အႏၲရာယ္ႏွင့္ ပစၥည္းလုယက္မႈၿခိမ္းေျခာက္မႈမ်ား ရွိေနသျဖင့္ ျပည္သူမ်ားအေနျဖင့္ အထူးသတိျပဳရန္ႏွင့္ သက္ဆိုင္ရာကုမၸဏီမ်ားအေနျဖင့္ ၾကပ္မတ္ရန္ လိုအပ္ေၾကာင္း သိရသည္။
"ဒီလိုမႈခင္းေတြမွာ အဓိက ကာယကံရွင္ေတြကပဲ ကိုယ့္ဘာသာကိုယ္ အသိ၊သတိထားဖို႔လိုတယ္။ ျပစ္မႈ က်ဴးလြန္တဲ့သူေတြက အကြက္ေခ်ာင္းၿပီး ဝင္လုပ္ၾကတာ။ တကယ္လို႔ ကိုယ္ငွားတဲ့ကားနံပါတ္ မဟုတ္ဘဲ တျခား ကားနံပါတ္ လႊတ္လိုက္တယ္ဆိုရင္ ငွားတဲ့ဆီကို လွမ္းၿပီး Complain လုပ္ရမယ္။ Safe Side ျဖစ္ဖို႔ကေတာ့ ကိုယ္ငွားတဲ့ကားမဟုတ္ရင္ မလိုက္တာ အေကာင္းဆုံးပဲ" ဟု အၿငိမ္းစားရဲမႉးႀကီးတစ္ဦးက သတိေပးေျပာၾကား သည္။
ထို႔အျပင္ ခရီးသြားျပည္သူမ်ားအေနျဖင့္ ကားစီးနင္းသည့္အခါ မိမိ၏ သြားရာလမ္းေၾကာင္းႏွင့္ စီးနင္းလိုက္ပါသည့္ ကားနံပါတ္အခ်က္အလက္မ်ားကို မိသားစု သို႔မဟုတ္ မိတ္ေဆြမ်ားကို အသိေပးထားျခင္းျဖင့္ ျပစ္မႈက်ဴးလြန္သူကို ျပန္လည္ေျခရာခံႏိုင္မည္ျဖစ္သလို တကၠစီေပၚသို႔ေရာက္ရွိေနစဥ္ လမ္းေၾကာင္းလႊဲျခင္း၊ လူထပ္တင္ရန္ ႀကိဳးစား ျခင္း စသည့္အႏၲရာယ္လကၡဏာမ်ား ျပသလာပါက တိုက္႐ိုက္တုံ႔ျပန္ျခင္းထက္ ပရိယာယ္သုံး၍ ဆင္းႏိုင္ရန္ ႀကိဳးစားသင့္ေၾကာင္း ၎က အႀကံျပဳထားသည္။
"ေပၚတင္ႀကီး ကားရပ္ေပး၊ ဆင္းမယ္လို႔ ေျပာဖို႔က်ရင္ ဟိုေကာင္က အႀကံသမားဆိုရင္ ရပ္ေပးမွာ မဟုတ္ဘူး။ အဲဒီေတာ့ ပရိယာယ္သုံးရမယ္။ အေရးတႀကီး အေပါ့သြားခ်င္လို႔ပါ၊ ပစၥည္းေမ့က်န္လို႔ ခဏရပ္ေပးပါ ဆိုတာမ်ိဳးေပါ့။ သူ႔ေရွ႕မွာတင္ ဖုန္းနဲ႔ အိမ္ကို အေၾကာင္းၾကားတာမ်ိဳးက ပိုဆိုးသြားႏိုင္တာမို႔ သတိထားရမယ္" ဟု ၎က သတိေပးအႀကံျပဳထားသည္။
တကၠစီ Service မ်ားအေနျဖင့္ ယာဥ္ေမာင္းမ်ားကို စိစစ္ရာတြင္ ျပစ္မႈကင္းရွင္းေၾကာင္း ေထာက္ခံစာႏွင့္ ေနာက္ခံ သမိုင္းကို ေသခ်ာစြာ ေလ့လာသင့္ေၾကာင္း၊ ကားနံပါတ္ အေျပာင္းအလဲရွိပါက သုံးစြဲသူထံ ႀကိဳတင္အေၾကာင္းၾကား ရမည့္ စနစ္ကို က်င့္သုံးသင့္ေၾကာင္း တိုက္တြန္းထားသည္။
"Grab လို ကုမၸဏီမ်ိဳးမွာ ကားနံပါတ္ အေျပာင္းအလဲရွိရင္ ပို႔လႊတ္လိုက္႐ုံနဲ႔ မၿပီးဘူး။ ကိုယ္ငွားတဲ့ ပုဂၢိဳလ္ဆီကို Inform လုပ္ရမယ္။ ေနာက္ၿပီး ဒါေတြကို Monitor လုပ္တဲ့ ထိန္းကြပ္တဲ့ အဖြဲ႕အစည္းေတြ YRTC လို အစိုးရ အဖြဲ႕ကလည္း အၿမဲတမ္း ၾကပ္မတ္ေနရမယ္။ လိုအပ္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြ ထုတ္ရမယ္" ဟု ၎က အႀကံျပဳ သည္။
ရန္ကုန္တိုင္းေဒသႀကီးအတြင္း ကညနတြင္ မွတ္ပုံတင္ထားသည့္ တကၠစီအစီးေရ ၅၉,၀၀၀ ေက်ာ္ရွိၿပီး YRTC တြင္ စီးတီးတကၠစီ မွတ္ပုံတင္ထားသည့္ ယာဥ္စီးေရ ၅၃,၀၀၀ ေက်ာ္ရွိေၾကာင္း YRTC ရွိစာရင္မ်ားမွ သိရသည္။
Application တြင္ပါေသာကားနံပါတ္ႏွင့္ လာႀကိဳေသာကားနံပါတ္မတူညီေသာျဖစ္စဥ္ကို “ကားခ်ိန္းထားတာ ျဖစ္ႏိုင္တယ္ ကားခ်ိန္းၿပီးေတာ့နံပါတ္မခ်ိန္းတာလည္းျဖစ္ႏိုင္တယ္” ဟု ရန္ကုန္ၿမိဳ႕တြင္ ေျပးဆြဲးေနေသာ တကၠစီသမားတစ္ဦးက သုံးသပ္ေျပာၾကားသည္။
အကယ္၍ မသကၤာဖြယ္ရာမ်ား ႀကဳံေတြ႕ရပါက သို႔မဟုတ္ ျပစ္မႈက်ဴးလြန္ရန္ အားထုတ္ျခင္းခံရပါက ထိေရာက္စြာ အေရးယူႏိုင္ရန္အတြက္ ယာဥ္ေမာင္းႏွင့္ ေျပာဆိုခ်က္မ်ားကို Record လုပ္ထားျခင္း၊ ယာဥ္နံပါတ္ျပားကို ဓာတ္ပုံ႐ိုက္ယူထားျခင္းႏွင့္ မိသားစုထံ ေပးပို႔ထားသည့္ သတင္းမွတ္တမ္းမ်ားကို စုေဆာင္းထားသင့္ေၾကာင္း သိရသည္။
"ျပစ္မႈမေျမာက္ေသးရင္ေတာင္မွ ရည္႐ြယ္ခ်က္နဲ႔ ျပစ္မႈတစ္ခုခုကို က်ဴးလြန္ဖို႔ အားထုတ္တဲ့ဟာလည္း ျပစ္မႈ ေျမာက္တာပဲ။ ရဲစခန္းမွာ အမႈဖြင့္လို႔ရတယ္၊ ကုမၸဏီကိုလည္း တိုင္လို႔ရတယ္" ဟု အၿငိမ္းစားရဲမႉးႀကီးက လမ္းၫႊန္ ထားသည္။
Taxi Service လုပ္ငန္းမ်ား အသုံးျပဳမႈတိုးလာေနသည့္ ယေန႔အေျခအေနတြင္ ခရီးသည္မ်ား၏ ကိုယ္တိုင္ သတိရွိမႈႏွင့္ လုံၿခဳံေရးဆိုင္ရာ ႀကိဳတင္ျပင္ဆင္မႈမ်ားသည္ အထူးအေရးႀကီးေၾကာင္း သိရွိရသည္။