တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးပထမနေ့ကျင်းပ မတ်လ (၃၀) ရက်တွင် သက်ဆိုင်ရာ အစုအဖွဲ့ (၃) ခုမှ ဒုသမ္မတလောင်း (၃) ဦး တင်သွင်း၍ သမ္မတ၊ ဒုသမ္မတများရွေးချယ်မည်

 778

သန့်ဇင်(NP News)-မတ် ၂၀
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးပထမနေ့ကို ယနေ့ (မတ်လ ၂၀ ရက်) နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်အဝေး ပထမနေ့တွင် ပြည်ထောင်စုလွှတ်တော် နာယကဖြစ်သည့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက လွှတ်တော်သို့ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ အလိုက် အစည်းအဝေးများကို လာမည့် မတ်လ (၂၃) ရက်တွင် ကျင်းပမည်ဖြစ်ကြောင်းပြောကြားခဲ့ သည်။
ထို့နောက် မတ်လ (၃၀) ရက်တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအား သက်ဆိုင်ရာအစုအဖွဲ့ (၃) ခုမှ ရွေးချယ်တင်မြောက် ထားသော ဒုသမ္မတလောင်း (၃) ဦးကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အား လုံးပါဝင်သော သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့က မဲဆန္ဒပေးရွေးချယ်၍ တင်မြောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် မဲအများဆုံး ရရှိသည့် ဒုတိယသမ္မတလောင်းသည် နိုင်ငံတော် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရပြီး ဒုတိယမဲအများဆုံးရရှိသူက ဒုတိယသမ္မတ (၁) နှင့် တတိယမဲအများဆုံး ရရှိသူက ဒုတိယသမ္မတ (၂) အဖြစ် ရွေးချယ်တင်မြှောက် ခံရမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကို ပြည်သူ့လွှတ်တော်မှ ကိုယ်စားလှယ် (၃၇၃) ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၂၁၃) ဦး စုစုပေါင်း (၅၈၆) ဦးပါဝင်တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version:
တတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ ပထမပုံမွန္အစည္းအေဝးပထမေန႔က်င္းပ မတ္လ (၃၀) ရက္တြင္ သက္ဆိုင္ရာ အစုအဖြဲ႕ (၃) ခုမွ ဒုသမၼတေလာင္း (၃) ဦး တင္သြင္း၍ သမၼတ၊ ဒုသမၼတမ်ားေ႐ြးခ်ယ္မည္

သန႔္ဇင္(NP News)-မတ္ ၂၀

တတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ ပထမပုံမွန္အစည္းအေဝးပထမေန႔ကို ယေန႔ (မတ္လ ၂၀ ရက္) နံနက္ ၁၀ နာရီတြင္ ေနျပည္ေတာ္ရွိ ျပည္ေထာင္စုလႊတ္ေတာ္ခန္းမတြင္ က်င္းပခဲ့ေၾကာင္း သိရသည္။
တတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ ပထမပုံမွန္အစည္အေဝး ပထမေန႔တြင္ ျပည္ေထာင္စုလႊတ္ေတာ္ နာယကျဖစ္သည့္ အမ်ိဳးသား လႊတ္ေတာ္ ဥကၠ႒ ဦးေအာင္လင္းေဒြးက လႊတ္ေတာ္သို႔ ႏႈတ္ခြန္းဆက္စကား ေျပာၾကားခဲ့ၿပီး ႏိုင္ငံေတာ္သမၼတႏွင့္ ဒုတိယသမၼတမ်ား ေ႐ြးခ်ယ္တင္ေျမႇာက္ႏိုင္ရန္အတြက္ သက္ဆိုင္ရာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား အစုအဖြဲ႕ အလိုက္ အစည္းအေဝးမ်ားကို လာမည့္ မတ္လ (၂၃) ရက္တြင္ က်င္းပမည္ျဖစ္ေၾကာင္းေျပာၾကားခဲ့ သည္။
ထို႔ေနာက္ မတ္လ (၃၀) ရက္တြင္ ႏိုင္ငံေတာ္သမၼတႏွင့္ ဒုတိယသမၼတမ်ားအား သက္ဆိုင္ရာအစုအဖြဲ႕ (၃) ခုမွ ေ႐ြးခ်ယ္တင္ေျမာက္ ထားေသာ ဒုသမၼတေလာင္း (၃) ဦးကို ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားလွယ္အား လုံးပါဝင္ေသာ သမၼတေ႐ြးခ်ယ္တင္ေျမႇာက္ေရး အဖြဲ႕က မဲဆႏၵေပးေ႐ြးခ်ယ္၍ တင္ေျမာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ယင္းေနာက္ မဲအမ်ားဆုံး ရရွိသည့္ ဒုတိယသမၼတေလာင္းသည္ ႏိုင္ငံေတာ္ သမၼတအျဖစ္ ေ႐ြးေကာက္တင္ေျမႇာက္ျခင္းခံရၿပီး ဒုတိယမဲအမ်ားဆုံးရရွိသူက ဒုတိယသမၼတ (၁) ႏွင့္ တတိယမဲအမ်ားဆုံး ရရွိသူက ဒုတိယသမၼတ (၂) အျဖစ္ ေ႐ြးခ်ယ္တင္ေျမႇာက္ ခံရမည္ျဖစ္ေၾကာင္း သိရသည္။
ယေန႔က်င္းပခဲ့ေသာ ျပည္ေထာင္စုလႊတ္ေတာ္ကို ျပည္သူ႔လႊတ္ေတာ္မွ ကိုယ္စားလွယ္ (၃၇၃) ဦးႏွင့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ (၂၁၃) ဦး စုစုေပါင္း (၅၈၆) ဦးပါဝင္တက္ေရာက္ခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.