ဒလတံတားသစ်ဖွင့်လှစ်ပြီးနောက်ပိုင်းစက်တပ်သမ္ဗန်စီးနင်းသူထက်ဝက်ခန့်လျော့ကျ

104

ကိုဖြိုး(NP News) မတ်-၂၀
ရန်ကုန်မြစ်၏တစ်ဖက်ခြမ်း ဒလဘက်ကမ်းမှ ရန်ကုန်ဘက်ခြမ်းသို့လာရောက်လုပ်ကိုင်သူများမှာ စက်တပ်သမ္ဗန်များကို စီးနင်းဖြတ်ကူးလာသူများဆက်လက်ရှိနေသော်လည်း ရန်ကုန်-ဒလတံတား ဖွင့်လှစ်ပြီးနောက်ပိုင်း ထက်ဝက်ခန့်လျော့ကျသွားသော အခြေအနေမျိုးကြုံလာကြောင်း စက်တပ်သမ္ဗန်ဂိတ်များထံမှ စုံစမ်းသိရှိရသည်။
“သမ္ဗန်စီးတဲ့သူက တော်တော်လေး လျော့ကျသွားပါတယ်၊ ဘယ်လောက်အထိလျော့ကျသလဲဆိုတော့ တစ်ဝက်နီးပါး လောက်တော့ လျော့သွားတယ်လေ၊ ဒီဘက်အခြမ်း လမ်းကြောသင့်တဲ့သူတွေကျတော့ သမ္ဗန်ကိုပဲ ဆက်လက်ပြီး စီးနေတာတွေရှိတယ်၊ ကားဂိတ်က ဟိုးဘက်မှဆိုတော့ သူတို့ကဟိုဘက်ထပ်သွားရမှာစိုးလို့ပေါ့၊ ဟိုဘက်အခြမ်းက သူတွေကျတော့ ကားဂိတ်နဲ့နီးတော့ ကားပဲစီးပြီး ဒီဘက်မလာတော့ဘူး”ဟုလည်း ဂိတ်မှူးတစ်ဦးက ပြောသည်။
စက်တပ်သမ္ဗန်လုပ်သားများမှာ နေ့စဉ်ခရီးသည်သွားလာမှုအပေါ်မူတည်၍ စားဝတ်နေရေးဖြေရှင်းကြရာတွင် ခရီးသည်နည်းပါးလာခြင်းကြောင့် ဝင်ငွေကျဆင်းလာကာ စားသောက်ရေးအတွက် ရိုက်ခတ်မှုကြုံလာကြခြင်းလည်း ဖြစ်သည်။
“အများစုကောင်းစားရေးအတွက် လူအနည်းစုက ခါးစည်းပြီးခံနေကြရတာ သဘာ၀ပေါ့လေ၊ ဒါပေမယ့် အခုက စီးတဲ့သူနည်းလို့ ပုံမှန်လောက် မရတဲ့အချိန်မှာ စားရသောက်ရတဲ့ စရိတ်စကတွေကလည်း မြင့်တက်နေချိန်မှာဆိုတော့ ပိုဆိုးတာပေါ့ဗျာ၊ မိသားစု ဝမ်းရေးက အရေးကြီးတယ်မဟုတ်လား”ဟု စက်တပ်သမ္ဗန်လုပ်သားတစ်ဦးက ပြောသည်။
အဆိုပါ ဒလဘက်ခြမ်းတွင် စက်တပ်သမ္ဗန်ဂိတ် (၁၀) ဂိတ်ထက်မနည်းရှိနေပြီး သမ္ဗန်စီးရေအနည်းဆုံးရှိသော ဂိတ်၌ပင် အစီး (၃၀) ကျော် (၄၀) ဝန်းကျင် ရှိနေကြောင်း၊ သမ္ဗန်တစ်စီးလျှင် ဂိတ်အများစု၌ ခရီးသည် (၁၀) ဦးသတ်မှတ်ထားပြီး လက်ရှိတွင် တစ်ဦးလျှင် (၄၀၀) ကျပ်ကျသင့်ကြောင်း သိရသည်။

Zawgyi Version:
ဒလတံတားသစ္ဖြင့္လွစ္ၿပီးေနာက္ပိုင္းစက္တပ္သမၺန္စီးနင္းသူထက္ဝက္ခန႔္ေလ်ာ့က်
ကိုၿဖိဳး(NP News) မတ္-၂၀
ရန္ကုန္ျမစ္၏တစ္ဖက္ျခမ္း ဒလဘက္ကမ္းမွ ရန္ကုန္ဘက္ျခမ္းသို႔လာေရာက္လုပ္ကိုင္သူမ်ားမွာ စက္တပ္သမၺန္မ်ားကို စီးနင္းျဖတ္ကူးလာသူမ်ားဆက္လက္ရွိေနေသာ္လည္း ရန္ကုန္-ဒလတံတား ဖြင့္လွစ္ၿပီးေနာက္ပိုင္း ထက္ဝက္ခန႔္ေလ်ာ့က်သြားေသာ အေျခအေနမ်ိဳးႀကဳံလာေၾကာင္း စက္တပ္သမၺန္ဂိတ္မ်ားထံမွ စုံစမ္းသိရွိရသည္။
“သမၺန္စီးတဲ့သူက ေတာ္ေတာ္ေလး ေလ်ာ့က်သြားပါတယ္၊ ဘယ္ေလာက္အထိေလ်ာ့က်သလဲဆိုေတာ့ တစ္ဝက္နီးပါး ေလာက္ေတာ့ ေလ်ာ့သြားတယ္ေလ၊ ဒီဘက္အျခမ္း လမ္းေၾကာသင့္တဲ့သူေတြက်ေတာ့ သမၺန္ကိုပဲ ဆက္လက္ၿပီး စီးေနတာေတြရွိတယ္၊ ကားဂိတ္က ဟိုးဘက္မွဆိုေတာ့ သူတို႔ကဟိုဘက္ထပ္သြားရမွာစိုးလို႔ေပါ့၊ ဟိုဘက္အျခမ္းက သူေတြက်ေတာ့ ကားဂိတ္နဲ႔နီးေတာ့ ကားပဲစီးၿပီး ဒီဘက္မလာေတာ့ဘူး”ဟုလည္း ဂိတ္မႉးတစ္ဦးက ေျပာသည္။
စက္တပ္သမၺန္လုပ္သားမ်ားမွာ ေန႔စဥ္ခရီးသည္သြားလာမႈအေပၚမူတည္၍ စားဝတ္ေနေရးေျဖရွင္းၾကရာတြင္ ခရီးသည္နည္းပါးလာျခင္းေၾကာင့္ ဝင္ေငြက်ဆင္းလာကာ စားေသာက္ေရးအတြက္ ႐ိုက္ခတ္မႈႀကဳံလာၾကျခင္းလည္း ျဖစ္သည္။
“အမ်ားစုေကာင္းစားေရးအတြက္ လူအနည္းစုက ခါးစည္းၿပီးခံေနၾကရတာ သဘာ၀ေပါ့ေလ၊ ဒါေပမယ့္ အခုက စီးတဲ့သူနည္းလို႔ ပုံမွန္ေလာက္ မရတဲ့အခ်ိန္မွာ စားရေသာက္ရတဲ့ စရိတ္စကေတြကလည္း ျမင့္တက္ေနခ်ိန္မွာဆိုေတာ့ ပိုဆိုးတာေပါ့ဗ်ာ၊ မိသားစု ဝမ္းေရးက အေရးႀကီးတယ္မဟုတ္လား”ဟု စက္တပ္သမၺန္လုပ္သားတစ္ဦးက ေျပာသည္။
အဆိုပါ ဒလဘက္ျခမ္းတြင္ စက္တပ္သမၺန္ဂိတ္ (၁၀) ဂိတ္ထက္မနည္းရွိေနၿပီး သမၺန္စီးေရအနည္းဆုံးရွိေသာ ဂိတ္၌ပင္ အစီး (၃၀) ေက်ာ္ (၄၀) ဝန္းက်င္ ရွိေနေၾကာင္း၊ သမၺန္တစ္စီးလွ်င္ ဂိတ္အမ်ားစု၌ ခရီးသည္ (၁၀) ဦးသတ္မွတ္ထားၿပီး လက္ရွိတြင္ တစ္ဦးလွ်င္ (၄၀၀) က်ပ္က်သင့္ေၾကာင္း သိရသည္။