ဟော်မုဇ်ရေလက်ကြားတွင် ဘေးကင်းစွာသွားလာနိုင်ရေးအတွက် ကြိုးပမ်းမှုများတွင် ပါဝင်ရန် အဆင်သင့်ဖြစ်နေပြီဟု နိုင်ငံ(၆)နိုင်ငံပြော

 6904

Pika (NP News) - မတ် ၂၀

ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် သင်္ဘောများ ဘေးကင်းစွာဖြတ်သန်းသွားလာနိုင်ရေးအတွက် သင့်လျော်သည့် ကြိုးပမ်းအားထုတ်မှုများတွင် ပါဝင်ရန် အဆင်သင့်ရှိနေကြောင်း ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ နှင့် ဂျပန်တို့ အပါအဝင် အဓိကနိုင်ငံတကာ အင်အားကြီးနိုင်ငံ(၆)နိုင်ငံက ထုတ်ဖော်ပြောခဲ့သည်။
ပူးတွဲထုတ်ပြန်ချက်တွင် “အီတလီ နဲ့ နယ်သာလန်တို့လည်း ပါဝင်တဲ့အဖွဲ့က ကြိုတင်ပြင်ဆင်မှုဆိုင်ရာစီမံကိန်း ရေးဆွဲရာမှာ ပါဝင်နေတဲ့နိုင်ငံတွေရဲ့ကတိဝတ်တွေကို ကြိုဆိုပါတယ်။ပင်လယ်ကွေ့မှာ သွားလာနေတဲ့သင်္ဘော တွေအပေါ် အီရန်ရဲ့မကြာသေးခင်က တိုက်ခိုက်မှုတွေကို ကျွန်တော်တို့က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပါ တယ်” ဟု ရေးသားဖော်ပြထားသည်။
အမေရိကန် နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာရေနံစိမ်းနှင့် သဘာဝဓါတ်ငွေ့ရည်၏ (၅)ပုံပုံ တစ်ပုံခန့်ဖြတ်သန်းသွားသော ဟော်မုဇ်ရေလက်ကြားကို အီရန်ဘက်က ပိတ်ဆို့ပစ်လိုက်ပြီးနောက် သီတင်း ပတ်(၁)ပတ်ကျော်အကြာတွင် အဆိုပါအစီရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီလ(၂၈)ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် တိုက်ခိုက်မှုများကို စတင် လုပ်ဆောင်ခဲ့ပြီး အီရန်ဘက်လည်း လက်တုံ့ပြန်သည့်အနေဖြင့် ပင်လယ်ကွေ့ဒေသတစ်ဝှမ်းတွင် သွားလာနေသော သင်္ဘောများအပေါ်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
နိုင်ငံတကာရေကြောင်းအဖွဲ့အစည်း၏အဆိုအရ လက်ရှိဖြစ်ပွားနေသော အခြေအနေများကြောင့် ဟော်မုဇ် ရေလက်ကြား၏ အနောက်ဘက်တွင် သင်္ဘောအစီးရေ(၃၂၀၀)စီးခန့်နှင့် သင်္ဘောသား(၂၀၀၀၀)ခန့် ပိတ်မိနေ ကြောင်း သိရသည်။
ပူးတွဲထုတ်ပြန်ချက်တွင် “လက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခက အရှိန်မြင့်လာတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စိုးရိမ် ပူပန်မိပါတယ်။ အီရန်အနေနဲ့ ၎င်းရဲ့ခြိမ်းခြောက်မှုတွေ၊ မိုင်းတွေချထားမှုတွေ၊ ဒရုန်း၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှု တွေနဲ့ ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောသွားလာခွင့် ပိတ်ဆို့ရန် အခြားကြိုးပမ်းမှုတွေအားလုံးကို ချက်ချင်း ရပ်တန့်ဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု ရေးသားဖော်ပြထားသည်။

Zawgyi Version;
ေဟာ္မုဇ္ေရလက္ၾကားတြင္ ေဘးကင္းစြာသြားလာႏိုင္ေရးအတြက္ ႀကိဳးပမ္းမႈမ်ားတြင္ ပါဝင္ရန္ အဆင္သင့္ျဖစ္ေန ၿပီဟု ႏိုင္ငံ(၆)ႏိုင္ငံေျပာ
Pika (NP News) - မတ္ ၂၀
ေဟာ္မုဇ္ေရလက္ၾကားမွတစ္ဆင့္ သေဘၤာမ်ား ေဘးကင္းစြာျဖတ္သန္းသြားလာႏိုင္ေရးအတြက္ သင့္ေလ်ာ္သည့္ ႀကိဳးပမ္းအားထုတ္မႈမ်ားတြင္ ပါဝင္ရန္ အဆင္သင့္ရွိေနေၾကာင္း ၿဗိတိန္၊ ျပင္သစ္၊ ဂ်ာမနီ ႏွင့္ ဂ်ပန္တို႔ အပါအဝင္ အဓိကႏိုင္ငံတကာ အင္အားႀကီးႏိုင္ငံ(၆)ႏိုင္ငံက ထုတ္ေဖာ္ေျပာခဲ့သည္။
ပူးတြဲထုတ္ျပန္ခ်က္တြင္ “အီတလီ နဲ႔ နယ္သာလန္တို႔လည္း ပါဝင္တဲ့အဖြဲ႕က ႀကိဳတင္ျပင္ဆင္မႈဆိုင္ရာစီမံကိန္း ေရးဆြဲရာမွာ ပါဝင္ေနတဲ့ႏိုင္ငံေတြရဲ႕ကတိဝတ္ေတြကို ႀကိဳဆိုပါတယ္။ပင္လယ္ေကြ႕မွာ သြားလာေနတဲ့သေဘၤာ ေတြအေပၚ အီရန္ရဲ႕မၾကာေသးခင္က တိုက္ခိုက္မႈေတြကို ကြၽန္ေတာ္တို႔က ျပင္းျပင္းထန္ထန္ ျပစ္တင္ရႈတ္ခ်ပါ တယ္” ဟု ေရးသားေဖာ္ျပထားသည္။
အေမရိကန္ ႏွင့္ အစၥေရးတို႔၏ တိုက္ခိုက္မႈမ်ားေၾကာင့္ ကမာၻလုံးဆိုင္ရာေရနံစိမ္းႏွင့္ သဘာဝဓါတ္ေငြ႕ရည္၏ (၅)ပုံပုံ တစ္ပုံခန႔္ျဖတ္သန္းသြားေသာ ေဟာ္မုဇ္ေရလက္ၾကားကို အီရန္ဘက္က ပိတ္ဆို႔ပစ္လိုက္ၿပီးေနာက္ သီတင္း ပတ္(၁)ပတ္ေက်ာ္အၾကာတြင္ အဆိုပါအစီရင္ခံစာ ထြက္ေပၚလာျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ေဖေဖာ္ဝါရီလ(၂၈)ရက္ေန႔တြင္ အေမရိကန္ႏွင့္ အစၥေရးတို႔က အီရန္အေပၚ တိုက္ခိုက္မႈမ်ားကို စတင္ လုပ္ေဆာင္ခဲ့ၿပီး အီရန္ဘက္လည္း လက္တုံ႔ျပန္သည့္အေနျဖင့္ ပင္လယ္ေကြ႕ေဒသတစ္ဝွမ္းတြင္ သြားလာေနေသာ သေဘၤာမ်ားအေပၚတိုက္ခိုက္မႈမ်ား ဆက္တိုက္လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံတကာေရေၾကာင္းအဖြဲ႕အစည္း၏အဆိုအရ လက္ရွိျဖစ္ပြားေနေသာ အေျခအေနမ်ားေၾကာင့္ ေဟာ္မုဇ္ ေရလက္ၾကား၏ အေနာက္ဘက္တြင္ သေဘၤာအစီးေရ(၃၂၀၀)စီးခန႔္ႏွင့္ သေဘၤာသား(၂၀၀၀၀)ခန႔္ ပိတ္မိေန ေၾကာင္း သိရသည္။
ပူးတြဲထုတ္ျပန္ခ်က္တြင္ “လက္ရွိျဖစ္ပြားေနတဲ့ပဋိပကၡက အရွိန္ျမင့္လာတာနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ စိုးရိမ္ ပူပန္မိပါတယ္။ အီရန္အေနနဲ႔ ၎ရဲ႕ၿခိမ္းေျခာက္မႈေတြ၊ မိုင္းေတြခ်ထားမႈေတြ၊ ဒ႐ုန္း၊ ဒုံးက်ည္ေတြနဲ႔ တိုက္ခိုက္မႈ ေတြနဲ႔ ေဟာ္မုဇ္ေရလက္ၾကားမွာ သေဘၤာသြားလာခြင့္ ပိတ္ဆို႔ရန္ အျခားႀကိဳးပမ္းမႈေတြအားလုံးကို ခ်က္ခ်င္း ရပ္တန႔္ဖို႔ ကြၽန္ေတာ္တို႔ ေတာင္းဆိုပါတယ္” ဟု ေရးသားေဖာ္ျပထားသည္။

Picture

Zawoo Than

21/03/2026 10:37

Us နဲ့အစ္စရေးဖက်ကလည်း သူတို့အလစ်ငိုက်ကျူးကျော်တိုက်ခိုက်ထားတဲ့ အီရန်ရဲ့ ပျက်စီးဆုံးရူံး နစ်နာရမှု ကိုလည်းအပြည့်အဝ တာဝန်ယူ တာဝန်ခံပြီး ကမ္ဘာသိဝန်ချတောင်းပန်သင့်တယ်လို့ ထင်မြင်မယူဆမိကြဘူးလားမသိဘူး😁😁😁

Related news

© 2021. All rights reserved.