အမေရိကန်ကျူးကျော်မည်ကို စိုးရိမ်သည့်အတွက် ဒိန်းမတ်က ဂရင်းလန်းကျွန်းတွင် တပ်ဖွဲ့ဝင်များဖြန့်ကြက်ချထား

1211

ဂျန်ဇက် (NP News) - မတ် ၂၁
ဒိန်းမတ်နိုင်ငံနှင့် မဟာမိတ်နိုင်ငံများသည် အမေရိကန်၏ ကျူးကျော်မှုကို စိုးရိမ်သည့်အတွက် ပြီးခဲ့သည့် ဇန်နဝါရီလတွင် ဂရင်းလန်းကျွန်းတွင် တပ်ဖွဲ့ဝင်များဖြန့်ကြက်ချထားလိုက်ကြောင်းသိရသည်။
ဒိန်းမတ်အခြေစိုက် DR သတင်းဌာနက ဒိန်းမတ်တပ်ဖွဲ့များကို ဂရင်းလန်းကျွန်းတွင် ဖြန့်ကြက်ချထားရန် ဇန်နဝါရီလအတွင်း အမိန့်ပေးခဲ့ကြောင်း၊ ဗင်နီဇွဲလားသမ္မတ မာဒူရိုကို အမေရိကန်အစိုးရက ဖမ်းဆီးခဲ့ပြီးနောက် မကြာမီတွင် ဒိန်းမတ်အစိုးရက ဂရင်းလန်းကျွန်းနှင့်ပတ်သက်ပြီး စစ်ရေးအစီအမံများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ ဒိန်းမတ် စစ်တပ်တာဝန်ရှိသူတစ်ဦးက “အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ဂရင်းလန်း ကျွန်းကို ဝယ်ယူဖို့ လိုလားနေတဲ့အကြောင်းကို အမြဲတမ်းပြောခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ဗင်နီဇွဲလားမှာ သမ္မတ အဖမ်းခံရတာ မျိုးဖြစ်လာတယ်။ ဒါကြောင့် ကျွန်တော်တို့ကလည်း ဖြစ်လာနိုင်ဖွယ်ရှိတဲ့အရာများ အတွက် ကြိုတင်လုပ်ဆောင် ထားရ တယ်” ဟုပြောသည်။ ဂရင်းလန်းကျွန်းသို့ ဒိန်းမတ်အထူးတပ်ဖွဲ့ ဝင်များအပြင် ဖင်လန်၊ ပြင်သစ်နှင့် ဂျာမနီတပ်ဖွဲ့ဝင် များဖြန့်ကြက်ချထားပြီး စစ်ရေးလေ့ကျင့်ခန်းလုပ် ဆောင်ရန်အတွက် မဟုတ်ဘဲတပ်ဖွဲ့ဝင်များဖြန့်ကြက် ချထားခြင်းမျိုး ဖြစ်ကြောင်းဒိန်းမတ်သတင်းဌာနက ဖော်ပြထားသည်။ သတင်းအရင်းမြစ်တစ်ခုကလည်း ဒိန်းမတ်နှင့် အခြားတပ်ဖွဲ့ ဝင်များကို ဂရင်းလန်းကျွန်းတွင် ဖြန့်ကြက်ချထားခြင်းမှန်ကန်ကြောင်း၊ စစ်ရေး လေ့ကျင့်ခန်းအတွက်မဟုတ်ကြောင်း၊ ပြောသည်။ ဂရင်းလန်းကျွန်းတွင် တပ်ဖွဲ့ဝင်များဖြန့်ကြက်ချထားခြင်းနှင့်ပတ်သက်ပြီး ဒိန်းမတ်စစ်တပ်၊ ဒိန်းမတ် အစိုးရ သို့မဟုတ် ဂရင်းလန်းအစိုးရ နှစ်ခုစလုံးက တစ်စုံတစ်ရာမှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိသေး ကြောင်းသိရသည်။ ဂရင်းလန်းကျွန်းနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံသည် ဒိန်းမတ်အစိုးရအပြင် ဥရောပ ခေါင်းဆောင်များနှင့် အငြင်းပွား မှုများ၊ သဘောထားကွဲလွဲမှုများဖြစ်ခဲ့ဖူးကြောင်းသိရသည်။ အမေရိကန်တွင် ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာခဲ့ပြီးနောက် ဂရင်းလန်းကျွန်းကို ပိုင်ဆိုင်ရန် ကြိုးပမ်းခြင်းများရှိခဲ့ပြီး ဂရင်းလန်းကျွန်းကို ဝယ်ယူရန်ကမ်းလှမ်းခဲ့သော် လည်း ဒိန်းမတ် အစိုးရက ငြင်းဆန်ထားကြောင်းသိရသည်။

Zawgyi Version;
အေမရိကန္က်ဴးေက်ာ္မည္ကို စိုးရိမ္သည့္အတြက္ ဒိန္းမတ္က ဂရင္းလန္းကြၽန္းတြင္ တပ္ဖြဲ႕ဝင္မ်ားျဖန႔္ၾကက္ခ်ထား
ဂ်န္ဇက္ (NP News) - မတ္ ၂၁
ဒိန္းမတ္ႏိုင္ငံႏွင့္ မဟာမိတ္ႏိုင္ငံမ်ားသည္ အေမရိကန္၏ က်ဴးေက်ာ္မႈကို စိုးရိမ္သည့္အတြက္ ၿပီးခဲ့သည့္ ဇန္နဝါရီလတြင္ ဂရင္းလန္းကြၽန္းတြင္ တပ္ဖြဲ႕ဝင္မ်ားျဖန႔္ၾကက္ခ်ထားလိုက္ေၾကာင္းသိရသည္။
ဒိန္းမတ္အေျခစိုက္ DR သတင္းဌာနက ဒိန္းမတ္တပ္ဖြဲ႕မ်ားကို ဂရင္းလန္းကြၽန္းတြင္ ျဖန႔္ၾကက္ခ်ထားရန္ ဇန္နဝါရီလအတြင္း အမိန႔္ေပးခဲ့ေၾကာင္း၊ ဗင္နီဇြဲလားသမၼတ မာဒူ႐ိုကို အေမရိကန္အစိုးရက ဖမ္းဆီးခဲ့ၿပီးေနာက္ မၾကာမီတြင္ ဒိန္းမတ္အစိုးရက ဂရင္းလန္းကြၽန္းႏွင့္ပတ္သက္ၿပီး စစ္ေရးအစီအမံမ်ား လုပ္ေဆာင္ခဲ့ျခင္း ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။ ဒိန္းမတ္ စစ္တပ္တာဝန္ရွိသူတစ္ဦးက “အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ ဂရင္းလန္း ကြၽန္းကို ဝယ္ယူဖို႔ လိုလားေနတဲ့အေၾကာင္းကို အၿမဲတမ္းေျပာခဲ့တယ္။ အဲဒီေနာက္ပိုင္းမွာ ဗင္နီဇြဲလားမွာ သမၼတ အဖမ္းခံရတာ မ်ိဳးျဖစ္လာတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ကလည္း ျဖစ္လာႏိုင္ဖြယ္ရွိတဲ့အရာမ်ား အတြက္ ႀကိဳတင္လုပ္ေဆာင္ ထားရ တယ္” ဟုေျပာသည္။ ဂရင္းလန္းကြၽန္းသို႔ ဒိန္းမတ္အထူးတပ္ဖြဲ႕ ဝင္မ်ားအျပင္ ဖင္လန္၊ ျပင္သစ္ႏွင့္ ဂ်ာမနီတပ္ဖြဲ႕ဝင္ မ်ားျဖန႔္ၾကက္ခ်ထားၿပီး စစ္ေရးေလ့က်င့္ခန္းလုပ္ ေဆာင္ရန္အတြက္ မဟုတ္ဘဲတပ္ဖြဲ႕ဝင္မ်ားျဖန႔္ၾကက္ ခ်ထားျခင္းမ်ိဳး ျဖစ္ေၾကာင္းဒိန္းမတ္သတင္းဌာနက ေဖာ္ျပထားသည္။ သတင္းအရင္းျမစ္တစ္ခုကလည္း ဒိန္းမတ္ႏွင့္ အျခားတပ္ဖြဲ႕ ဝင္မ်ားကို ဂရင္းလန္းကြၽန္းတြင္ ျဖန႔္ၾကက္ခ်ထားျခင္းမွန္ကန္ေၾကာင္း၊ စစ္ေရး ေလ့က်င့္ခန္းအတြက္မဟုတ္ေၾကာင္း၊ ေျပာသည္။ ဂရင္းလန္းကြၽန္းတြင္ တပ္ဖြဲ႕ဝင္မ်ားျဖန႔္ၾကက္ခ်ထားျခင္းႏွင့္ပတ္သက္ၿပီး ဒိန္းမတ္စစ္တပ္၊ ဒိန္းမတ္ အစိုးရ သို႔မဟုတ္ ဂရင္းလန္းအစိုးရ ႏွစ္ခုစလုံးက တစ္စုံတစ္ရာမွတ္ခ်က္ျပဳေျပာဆိုျခင္းမ်ိဳးမရွိေသး ေၾကာင္းသိရသည္။ ဂရင္းလန္းကြၽန္းႏွင့္ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံသည္ ဒိန္းမတ္အစိုးရအျပင္ ဥေရာပ ေခါင္းေဆာင္မ်ားႏွင့္ အျငင္းပြား မႈမ်ား၊ သေဘာထားကြဲလြဲမႈမ်ားျဖစ္ခဲ့ဖူးေၾကာင္းသိရသည္။ အေမရိကန္တြင္ ေဒၚနယ္ထရမ့္ သမၼတျဖစ္လာခဲ့ၿပီးေနာက္ ဂရင္းလန္းကြၽန္းကို ပိုင္ဆိုင္ရန္ ႀကိဳးပမ္းျခင္းမ်ားရွိခဲ့ၿပီး ဂရင္းလန္းကြၽန္းကို ဝယ္ယူရန္ကမ္းလွမ္းခဲ့ေသာ္ လည္း ဒိန္းမတ္ အစိုးရက ျငင္းဆန္ထားေၾကာင္းသိရသည္။