လေယာဉ်ဆီရောင်းချသည့်ကုမ္ပဏီကြောင့် ပုဂ္ဂလိကလေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲမှုကို (၇၀) ရာနိုင်နှုန်း လျှော့ချလိုက်ရ

 1624

Pearl (NP News) - မတ် ၂၂

လေယာဉ်ဆီကို အကန့်အသတ်ဖြင့်သာ ရရှိသည့်အတွက် ပုဂ္ဂလိကလေကြောင်းလိုင်းများအနေဖြင့် ပျံသန်းပြေး ဆွဲမှုကို (၇၀)ရာနိုင်နှုန်းအထိ လျှော့ချပြေးဆွဲနေရကြောင်း လေကြောင်းလိုင်း တစ်ခုမှ တာဝန်ရှိသူတစ်ဦးက NP News သို့ပြောသည်။
အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့်ထိုင်းနိုင်ငံတို့က လေယာဉ်ဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချ ပေးသည့်အတွက် ပြည်တွင်း၌လည်း NEPAS (National Energy Puma Aviation Services) က လေယာဉ်ဆီ (Jet Fuel) ကို အကန့် အသတ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက အသိ ပေးထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေ ကြောင်းလိုင်း(MAI)နှင့် မြန်မာအမျိုးသားလေ ကြောင်းလိုင်း (MNA)အပါအဝင် ပုဂ္ဂလိကလေ ကြောင်းလိုင်းများက ခရီးစဉ်များတွင် ကီလိုထပ်တိုး ဝယ်ယူခွင့်ကို ကန့်သတ်လိုက်သည့် အပြင် ခရီးစဉ်ပျံ သန်းပြေးဆွဲမှုများကိုလည်း ယခင်ထက်လျှော့ချ၍ (၃၀) ရာခိုင်နှုန်းခန့်သာ ပျံသန်းပြေးဆွဲ နေရကြောင်း လည်း သိရသည်။
“သူတို့က (၃၀)ရာခိုင်နှုန်းပဲပေးတော့ တာဆိုတော့ ကျွန်တော်တို့က အခေါက်ရေတွေကိုပါ အများကြီး လျှော့လို က်ရတော့ တချို့ Flight တွေ ရပ်ရတာပေါ့နော်။ ဥပမာ တစ်နေ့ကို (၃)ခေါက်သွားနေတဲ့ Flight ဆိုရင် တစ်နေ့ကို တစ်ခေါက်ပဲ သွားတော့တယ်။ တစ်ပတ်ကို (၃)ခေါက် (၄)ခေါက် သွားနေတဲ့ Flight တွေဆိုရင် တစ်ပတ်ကို တစ် ခေါက်ပဲသွားတော့တယ်။ Quota တွေ လျှော့ပြီးတော့ (၃၀)ရာခိုင်နှုန်းပဲ ပေးတော့မယ်ဆိုတော့ ပျံနေတဲ့ (၇၀) ရာခိုင်နှုန်း လောက် ခရီးတွေက ရပ်လိုက်ရမလို ဖြစ်တာပေါ့” ဟု လေကြောင်းလိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
လက်ရှိတွင် လေကြောင်းပို့ဆောင်‌ ရေးòန်ကြားမှုဦးစီးဌာန ၊ NEPAS နှင့် ပုဂ္ဂလိကလေကြောင်း ကုမ္ပဏီများ အကြား လေယာဉ်ဆီကို ပမာဏ တိုးမြှင့်ရောင်းချပေးရေးအတွက် ဆွေးနွေးညှိနှိုင်း ထားကြောင်းလည်း သိရသည်။
“ NEPAS က နိုင်ငံတော်က စီမံတာ ဖြစ်တဲ့အတွက် သူတို့လည်း မတတ်နိုင်ကြောင်း၊ သူတို့မှာ ရှိနေတဲ့ Quota တွေ ထဲကနေပြီးတော့ ဒီလိုမျိုး လျှော့ချလိုက်ခြင်းဖြင့် (၆)လလောက် ခွဲပြီးတော့ သုံးလို့ ရမှာဖြစ်တယ်ပေါ့။ လေကြောင်း လိုင်းတွေကတော့ ဒီကိစ္စက (၆)လလောက်ကြာစရာမရှိဘူး။ တခြား နိုင်ငံကနေ အစားထိုးမှာရင် အလွန်ဆုံးတစ်လ တစ် လခွဲလောက်ဆို ပြန်ရောက်မှာပါပဲ။ သုံးလစာလောက်ပဲ ထားပြီးတော့ Quota ကို ပြန်တိုးပေးလိုက်ပါ။ အဲဒီကျရင် ခရီးသည်အားလုံး (၃၀) ရာခိုင်နှုန်းပဲ လည်ပတ်နိုင် မယ့်အစား (၇၀) ရာခိုင်နှုန်းလောက် ပြန်လည်သွားလိမ့်မယ်။ အဲဒီလိုလေး ချင့်ချင့်ချိန်ချိန်လေး လုပ်ဖို့ ပြန်တင်ပြထားကြတယ်” ဟု ပြောသည်။
ယခင်ကာလများကပင် ပြည်ပမှလေယာဉ် ဆီတင်သွင်းမှုများကို နိုင်ငံတော်အကြီးအကဲများက ခွင့်ပြုပေး သော်လည်း လေယာဉ်ဆီ တင်သွင်းရန်အတွက် ဆီသိုလှောင်ကန်မြေနေရာအခက်အခဲများ အပါအဝင် အောက်ခြေတွင် အခက်အခဲမျိုးစုံကြုံ တွေ့နေရကြောင်းလည်း သိရသည်။
“နိုင်ငံတော်အကြီးအကဲတွေကတော့ အဲဒီလို Monopoly မဖြစ်အောင်ဆိုပြီးတော့ ကျန်တဲ့ လေကြောင်းလိုင်းရှိ တဲ့လူတွေကို လေယာဉ်ဆီ တင် သွင်းခွင့်တွေ ချပေးပေမယ့်လည်း အောက်ခြေမှာတော့ နည်းမျိုးစုံနဲ့ သွင်းလို့မရအောင် နှောင့်နှေးအောင် ဝိုင်း လုပ်နေတာတွေ ရှိတာပေါ့နော်။ လေယာဉ်ဆီ သွင်းခွင့် လိုင်စင်ရထားတဲ့လူ အခက်အခဲမျိုးစုံနဲ့ အဆင်မပြေလို့ ရပ်လိုက်ရတာရှိတယ်”ဟု ပြောသည်။
ထို့ကြောင့် လေယာဉ်ဆီဈေးနှုန်းများ သည်လည်း အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ဖြစ် သင့်ဖြစ်ထိုက်သည့်နှုန်း ထားများထက် ပိုများနေပြီး လေယာဉ်လက်မှတ်နှုန်းထားများ အနည်းငယ် ဈေး ကြီးနေခြင်းဖြစ်ကြောင်း သိရ သည်။
“ဒီမှာကတခြားနိုင်ငံတွေလို လေယာဉ်ဆီ Supply လုပ်တဲ့ ကုမ္ပဏီ (၃ ၊ ၄) ခု အပြိုင်မဟုတ်ဘူး။ တစ်ခု တည်းကိုပဲ ခွင့်ပြုထားတဲ့အခါကျတော့ သူများ နိုင်ငံထက်စာရင် ဖြစ်သင့်တဲ့ဈေးထက် ဈေးပိုပေး ပြီးတော့ ဝယ်နေ ရတာပေါ့။ ဒါကြောင့် လေယာဉ် လက်မှတ်ခတွေ ဈေးကြီးတယ်။ ဈေးကြီးတဲ့အ ကြောင်းတင်ပြတဲ့အခါမှာ သူတို့ပြော တာတော့ Quality အာမခံရတယ်။ ဆီမပြတ်အောင် (၂) လ၊ (၃)လစာ ဆောင်ထားရတယ်။ အဲဒီအတွက် စရိတ် စကတွေ ကြီးပါတယ်ပေါ့။ ဒါပေမဲ့ အခုတော့ Quota တွေ လျှော့ပြီးပေးတယ်” ဟု ပြောသည်။
လက်ရှိတွင် အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် လောင်စာဆီအကျပ်အတည်းများ ဖြစ်ပေါ်နေပြီး နိုင်ငံ အချို့ရှိ လေကြောင်းလိုင်းများမှာ ခေတ္တရပ်ဆိုင်းခြင်းများရှိလာကြောင်းလည်း သိရသည်။

Zawgyi Version;
ေလယာဥ္ဆီေရာင္းခ်သည့္ကုမၸဏီေၾကာင့္ ပုဂၢလိကေလေၾကာင္းလိုင္းမ်ား ပ်ံသန္းေျပးဆြဲမႈကို (၇၀) ရာႏိုင္ႏႈန္း ေလွ်ာ့ခ်လိုက္ရ
Pearl (NP News) - မတ္ ၂၂
ေလယာဥ္ဆီကို အကန႔္အသတ္ျဖင့္သာ ရရွိသည့္အတြက္ ပုဂၢလိကေလေၾကာင္းလိုင္းမ်ားအေနျဖင့္ ပ်ံသန္းေျပး ဆြဲမႈကို (၇၀)ရာႏိုင္ႏႈန္းအထိ ေလွ်ာ့ခ်ေျပးဆြဲေနရေၾကာင္း ေလေၾကာင္းလိုင္း တစ္ခုမွ တာဝန္ရွိသူတစ္ဦးက NP News သို႔ေျပာသည္။
အေရွ႕အလယ္ပိုင္းပဋိပကၡမ်ားေၾကာင့္ တ႐ုတ္ႏိုင္ငံ၊ စင္ကာပူႏိုင္ငံႏွင့္ထိုင္းႏိုင္ငံတို႔က ေလယာဥ္ဆီမ်ားကို အကန႔္အသတ္ျဖင့္သာ ေရာင္းခ် ေပးသည့္အတြက္ ျပည္တြင္း၌လည္း NEPAS (National Energy Puma Aviation Services) က ေလယာဥ္ဆီ (Jet Fuel) ကို အကန႔္ အသတ္ျဖင့္ ေရာင္းခ်မည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ ရက္ပိုင္းက အသိ ေပးထုတ္ျပန္ခဲ့သည္။
ထို႔ေၾကာင့္ အျပည္ျပည္ဆိုင္ရာ ျမန္မာ့ေလ ေၾကာင္းလိုင္း(MAI)ႏွင့္ ျမန္မာအမ်ိဳးသားေလ ေၾကာင္းလိုင္း (MNA)အပါအဝင္ ပုဂၢလိကေလ ေၾကာင္းလိုင္းမ်ားက ခရီးစဥ္မ်ားတြင္ ကီလိုထပ္တိုး ဝယ္ယူခြင့္ကို ကန႔္သတ္လိုက္သည့္ အျပင္ ခရီးစဥ္ပ်ံ သန္းေျပးဆြဲမႈမ်ားကိုလည္း ယခင္ထက္ေလွ်ာ့ခ်၍ (၃၀) ရာခိုင္ႏႈန္းခန႔္သာ ပ်ံသန္းေျပးဆြဲ ေနရေၾကာင္း လည္း သိရသည္။
“သူတို႔က (၃၀)ရာခိုင္ႏႈန္းပဲေပးေတာ့ တာဆိုေတာ့ ကြၽန္ေတာ္တို႔က အေခါက္ေရေတြကိုပါ အမ်ားႀကီး ေလွ်ာ့လို က္ရေတာ့ တခ်ိဳ႕ Flight ေတြ ရပ္ရတာေပါ့ေနာ္။ ဥပမာ တစ္ေန႔ကို (၃)ေခါက္သြားေနတဲ့ Flight ဆိုရင္ တစ္ေန႔ကို တစ္ေခါက္ပဲ သြားေတာ့တယ္။ တစ္ပတ္ကို (၃)ေခါက္ (၄)ေခါက္ သြားေနတဲ့ Flight ေတြဆိုရင္ တစ္ပတ္ကို တစ္ ေခါက္ပဲသြားေတာ့တယ္။ Quota ေတြ ေလွ်ာ့ၿပီးေတာ့ (၃၀)ရာခိုင္ႏႈန္းပဲ ေပးေတာ့မယ္ဆိုေတာ့ ပ်ံေနတဲ့ (၇၀) ရာခိုင္ႏႈန္း ေလာက္ ခရီးေတြက ရပ္လိုက္ရမလို ျဖစ္တာေပါ့” ဟု ေလေၾကာင္းလိုင္းတစ္ခုမွ တာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
လက္ရွိတြင္ ေလေၾကာင္းပို႔ေဆာင္‌ ေရးòန္ၾကားမႈဦးစီးဌာန ၊ NEPAS ႏွင့္ ပုဂၢလိကေလေၾကာင္း ကုမၸဏီမ်ား အၾကား ေလယာဥ္ဆီကို ပမာဏ တိုးျမႇင့္ေရာင္းခ်ေပးေရးအတြက္ ေဆြးေႏြးညႇိႏႈိင္း ထားေၾကာင္းလည္း သိရသည္။
“ NEPAS က ႏိုင္ငံေတာ္က စီမံတာ ျဖစ္တဲ့အတြက္ သူတို႔လည္း မတတ္ႏိုင္ေၾကာင္း၊ သူတို႔မွာ ရွိေနတဲ့ Quota ေတြ ထဲကေနၿပီးေတာ့ ဒီလိုမ်ိဳး ေလွ်ာ့ခ်လိုက္ျခင္းျဖင့္ (၆)လေလာက္ ခြဲၿပီးေတာ့ သုံးလို႔ ရမွာျဖစ္တယ္ေပါ့။ ေလေၾကာင္း လိုင္းေတြကေတာ့ ဒီကိစၥက (၆)လေလာက္ၾကာစရာမရွိဘူး။ တျခား ႏိုင္ငံကေန အစားထိုးမွာရင္ အလြန္ဆုံးတစ္လ တစ္ လခြဲေလာက္ဆို ျပန္ေရာက္မွာပါပဲ။ သုံးလစာေလာက္ပဲ ထားၿပီးေတာ့ Quota ကို ျပန္တိုးေပးလိုက္ပါ။ အဲဒီက်ရင္ ခရီးသည္အားလုံး (၃၀) ရာခိုင္ႏႈန္းပဲ လည္ပတ္ႏိုင္ မယ့္အစား (၇၀) ရာခိုင္ႏႈန္းေလာက္ ျပန္လည္သြားလိမ့္မယ္။ အဲဒီလိုေလး ခ်င့္ခ်င့္ခ်ိန္ခ်ိန္ေလး လုပ္ဖို႔ ျပန္တင္ျပထားၾကတယ္” ဟု ေျပာသည္။
ယခင္ကာလမ်ားကပင္ ျပည္ပမွေလယာဥ္ ဆီတင္သြင္းမႈမ်ားကို ႏိုင္ငံေတာ္အႀကီးအကဲမ်ားက ခြင့္ျပဳေပး ေသာ္လည္း ေလယာဥ္ဆီ တင္သြင္းရန္အတြက္ ဆီသိုေလွာင္ကန္ေျမေနရာအခက္အခဲမ်ား အပါအဝင္ ေအာက္ေျခတြင္ အခက္အခဲမ်ိဳးစုံႀကဳံ ေတြ႕ေနရေၾကာင္းလည္း သိရသည္။
“ႏိုင္ငံေတာ္အႀကီးအကဲေတြကေတာ့ အဲဒီလို Monopoly မျဖစ္ေအာင္ဆိုၿပီးေတာ့ က်န္တဲ့ ေလေၾကာင္းလိုင္းရွိ တဲ့လူေတြကို ေလယာဥ္ဆီ တင္ သြင္းခြင့္ေတြ ခ်ေပးေပမယ့္လည္း ေအာက္ေျခမွာေတာ့ နည္းမ်ိဳးစုံနဲ႔ သြင္းလို႔မရေအာင္ ေႏွာင့္ေႏွးေအာင္ ဝိုင္း လုပ္ေနတာေတြ ရွိတာေပါ့ေနာ္။ ေလယာဥ္ဆီ သြင္းခြင့္ လိုင္စင္ရထားတဲ့လူ အခက္အခဲမ်ိဳးစုံနဲ႔ အဆင္မေျပလို႔ ရပ္လိုက္ရတာရွိတယ္”ဟု ေျပာသည္။
ထို႔ေၾကာင့္ ေလယာဥ္ဆီေဈးႏႈန္းမ်ား သည္လည္း အျခားႏိုင္ငံမ်ားႏွင့္ႏႈိင္းယွဥ္ပါက ျဖစ္ သင့္ျဖစ္ထိုက္သည့္ႏႈန္း ထားမ်ားထက္ ပိုမ်ားေနၿပီး ေလယာဥ္လက္မွတ္ႏႈန္းထားမ်ား အနည္းငယ္ ေဈး ႀကီးေနျခင္းျဖစ္ေၾကာင္း သိရ သည္။
“ဒီမွာကတျခားႏိုင္ငံေတြလို ေလယာဥ္ဆီ Supply လုပ္တဲ့ ကုမၸဏီ (၃ ၊ ၄) ခု အၿပိဳင္မဟုတ္ဘူး။ တစ္ခု တည္းကိုပဲ ခြင့္ျပဳထားတဲ့အခါက်ေတာ့ သူမ်ား ႏိုင္ငံထက္စာရင္ ျဖစ္သင့္တဲ့ေဈးထက္ ေဈးပိုေပး ၿပီးေတာ့ ဝယ္ေန ရတာေပါ့။ ဒါေၾကာင့္ ေလယာဥ္ လက္မွတ္ခေတြ ေဈးႀကီးတယ္။ ေဈးႀကီးတဲ့အ ေၾကာင္းတင္ျပတဲ့အခါမွာ သူတို႔ေျပာ တာေတာ့ Quality အာမခံရတယ္။ ဆီမျပတ္ေအာင္ (၂) လ၊ (၃)လစာ ေဆာင္ထားရတယ္။ အဲဒီအတြက္ စရိတ္ စကေတြ ႀကီးပါတယ္ေပါ့။ ဒါေပမဲ့ အခုေတာ့ Quota ေတြ ေလွ်ာ့ၿပီးေပးတယ္” ဟု ေျပာသည္။
လက္ရွိတြင္ အေရွ႕အလယ္ပိုင္းပဋိပကၡမ်ားေၾကာင့္ ေလာင္စာဆီအက်ပ္အတည္းမ်ား ျဖစ္ေပၚေနၿပီး ႏိုင္ငံ အခ်ိဳ႕ရွိ ေလေၾကာင္းလိုင္းမ်ားမွာ ေခတၱရပ္ဆိုင္းျခင္းမ်ားရွိလာေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.