မြောက်ဒဂုံရှိ ဆီဆိုင်တွင် ယာဉ်တစ်စီး ဆီဝင်ဖြည့်ရာမှ မီးလောင်မှုဖြစ်ပွား

 309

စော(NP News)-မတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ (၃၈)ရပ်ကွက်၊ ပြည်ထောင်စုလမ်းမပေါ်ရှိ Terminal စက်သုံးဆီအရောင်းဆိုင်တွင် ယာဉ်တစ်စီး ဆီဝင်ဖြည့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (မတ် ၂၁ရက်)၊ ညနေ (၉)နာရီခွဲဝန်းကျင်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ မီးလောင်မှုကြောင့် ယာဉ်နှစ်စီးအပြင် ဆီဆိုင်တစ်ဆိုင်လုံးနီးပါး မီးလောင်ပျက်စီးသွားပြီး စိုးရိမ်ရဒဏ်ရာရရှိသူမရှိခဲ့ကြောင်း သိရသည်။
“ဖြစ်စဉ်က ကားတစ်စီး ဆီဖြည့်နေရင်း အဲဒီကားက Heatတက်နေတာ ဆီဖြည့်နေတော့ ဘောနပ်ဖုံးလှန်ရင်းနဲ့ ကားကမီးလောင်တော့ ဘေးက ဆီထည့်တဲ့ Pump ကိုကူးတာ ၊ အဲဒီ Pumpကနေတဆင့် အကုန်လုံးကို ပြန်ကူးတာပါ။ ကားကစုစုပေါင်းနှစ်စီးပါ။ ဆီကောင်တာတွေ အကုန်ပါတယ်။ ဘေးက G&G တစ်ခုပဲ မပါတာ။ လူထိခိုက်ဒဏ်ရာရတာမရှိဘူး”ဟု ၎င်းကပြောသည်။
အဆိုပါမီးလောင်မှုကို Level 1 အဆင့်ဖြင့် မီးသတ်ယာဉ် (၁၃) စီး၊ မီးသတ်သမား (၈၀) ကျော်တို့မှ မီးငြှိမ်းသတ်ခဲ့ပြီး ည (၁၀)နာရီအချိန်ခန့်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေျမာက္ဒဂုံရွိ ဆီဆိုင္တြင္ ယာဥ္တစ္စီး ဆီဝင္ျဖည့္ရာမွ မီးေလာင္မႈျဖစ္ပြား
ေစာ(NP News)-မတ္ ၂၂
ရန္ကုန္တိုင္းေဒသႀကီး၊ ေျမာက္ဒဂုံၿမိဳ႕နယ္၊ (၃၈)ရပ္ကြက္၊ ျပည္ေထာင္စုလမ္းမေပၚရွိ Terminal စက္သုံးဆီအေရာင္းဆိုင္တြင္ ယာဥ္တစ္စီး ဆီဝင္ျဖည့္ရာမွ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ဝန္းရံမႉးလူမႈကူညီကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (မတ္ ၂၁ရက္)၊ ညေန (၉)နာရီခြဲဝန္းက်င္အခ်ိန္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ရာ မီးေလာင္မႈေၾကာင့္ ယာဥ္ႏွစ္စီးအျပင္ ဆီဆိုင္တစ္ဆိုင္လုံးနီးပါး မီးေလာင္ပ်က္စီးသြားၿပီး စိုးရိမ္ရဒဏ္ရာရရွိသူမရွိခဲ့ေၾကာင္း သိရသည္။
“ျဖစ္စဥ္က ကားတစ္စီး ဆီျဖည့္ေနရင္း အဲဒီကားက Heatတက္ေနတာ ဆီျဖည့္ေနေတာ့ ေဘာနပ္ဖုံးလွန္ရင္းနဲ႔ ကားကမီးေလာင္ေတာ့ ေဘးက ဆီထည့္တဲ့ Pump ကိုကူးတာ ၊ အဲဒီ Pumpကေနတဆင့္ အကုန္လုံးကို ျပန္ကူးတာပါ။ ကားကစုစုေပါင္းႏွစ္စီးပါ။ ဆီေကာင္တာေတြ အကုန္ပါတယ္။ ေဘးက G&G တစ္ခုပဲ မပါတာ။ လူထိခိုက္ဒဏ္ရာရတာမရွိဘူး”ဟု ၎ကေျပာသည္။
အဆိုပါမီးေလာင္မႈကို Level 1 အဆင့္ျဖင့္ မီးသတ္ယာဥ္ (၁၃) စီး၊ မီးသတ္သမား (၈၀) ေက်ာ္တို႔မွ မီးျငႇိမ္းသတ္ခဲ့ၿပီး ည (၁၀)နာရီအခ်ိန္ခန႔္တြင္ မီးၿငိမ္းႏိုင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.