တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်

 143

ပြည့်ဖြိုး (NP News)
ယခုတစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေးကျဆင်းမှု မရှိသောကြောင့် ပြည်တွင်းရွှေဈေးများသည်လည်း အခေါက်ရွှေ တစ်ကျပ်သားလျှင် သိန်း(၁၁၀)ကျပ် ဝန်းကျင်တွင် အတက်အကျနည်းပါးစွာ ရပ်တည်နေသည်။ ကမ္ဘာလုံးဆိုင်ရာ စစ်ရေးနှင့်နိုင်ငံရေးများတွင် အမေရိကန်နှင့်မဟာမိတ်နိုင်ငံများအကြား သဘော ထားကွဲလွဲမှုများဖြစ်ပေါ်နေသည့်အပြင် အီရန်နိုင်ငံမှ စစ်မီးတောက်များကြောင့် ကမ္ဘာ့ရွှေဈေးမှာ ဝယ်လို အားကောင်းမွန်နေဆဲဖြစ်သည်။
ထို့ပြင် ပြည်တွင်းငွေလဲနှုန်းသည်လည်း ဈေးအတက်ပိုင်းသို့ရောက်ရှိနေရာ ရွှေဈေးကျဆင်းနိုင် ခြေနည်းပါး နေခြင်းဖြစ်သည်။ လက်ရှိ ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် (၄၀၂၂) ဒေါ်လာသို့ရောက်ရှိနေပြီး ငွေလဲနှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျှင် (၄၁၅၅)ကျပ် ပေါက်ဈေးရှိနေသည်။ ပြည်တွင်းငွေလဲနှုန်းမှာ ယခင်တစ်ပတ်နှင့််နှိုင်းယှဉ်ပါက (၁၁၀)ကျပ်ဝန်းကျင် ဖြင့် ဈေးနှုန်းမြင့်တက်နေခြင်းကြောင့် ပြည်တွင်းရွှေ ဈေးမှာ ကျဆင်းမှုနည်းပါးနေခြင်းဖြစ်သည်။ ပြည် တွင်းရွှေဈေးကွက်အတွင်း အပြောင်းအလဲနည်းပါး သော်လည်း အခေါက်ရွှေဈေးမှာ အရောင်းအဝယ်ရပ် နားထားရကြောင်းသိရသည်။ (၁၅)ပဲရည် ရွှေထည်အနည်းငယ်သာ အရောင်းအဝယ်ရှိနေပြီး အခေါက်ရွှေအရောင်း အဝယ်ကိုရပ်နားထားကြောင်း ရွှေလုပ်ငန်းရှင် များထံမှသိရသည်။ အဓိကအားဖြင့် အခေါက်ရွှေ အရောင်း အဝယ်ပြု လုပ်ခြင်းကို သက်ဆိုင်ရာမှ စနစ်တကျထောက်လှမ်းကာ သံသယရှိသူများကို ဖမ်းဆီးအရေးယူ နေခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။
ပြည်တွင်းဈေးကွက်နှင့် နိုင်ငံတကာဈေးကွက်အကြား ဈေးနှုန်းကွာဟခြင်းများမှာ ဆက်လက်ဖြစ် ပေါ်‌နေ မည်ဖြစ်ရာ ရွှေဈေးကွက်ကို အလုံးစုံထိန်းချုပ်နိုင်ရန် နိုင်ငံတကာအဆင့်မီ ရွှေအိတ်ချိန်းများ ပြည် တွင်း၌ဖော်ဆောင်နိုင် ရန်လိုအပ်ကြောင်း ဝါရင့်ရွှေ ကုန်သည်များက မှတ်ချက်ပြု‌ပြောကြားထားသည်။ စုံရက် မရက် ခွဲခြားပြေးဆွဲမှု ကြောင့် လိုင်စင်ပါ၊ ဝှီးတက်စုံသည့် ဆိုင်ကယ်အဟောင်းများ ဝယ်ယူမှုများ ပြားလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
လက်ရှိတွင် တရုတ်ဆိုင်ကယ်အသစ်တစ်စီး လျှင် သိန်း(၃၀)ဝန်းကျင်ခန့်ပေါက်ဈေးရှိနေရာ ‌ဈေး သက်သာသည့် (၁၀)သိန်းကျပ်ဝန်းကျင် ဆိုင်ကယ်အ ဟောင်းများမှာ အရောင်းအဝယ်ကောင်းပြီး လိုင်စင်သက်တမ်းရှိသောဆိုင်ကယ် ဖြစ်ပါက ဈေးကောင်း ပိုရနေကြောင်းသိရသည်။ ဆိုင်ကယ်ဈေးကွက်အတွင်း လိုင်စင်မဲ့ဆိုင်ကယ်များမှာ စက်သုံးဆီ ဝယ်ယူရန် အခက်အခဲရှိနေသောကြောင့် ဈေးနိမ့်ပြီး အရောင်းအဝယ်နည်းပါးကြောင်းသိရသည်။ လက်ရှိ ပြည်တွင်း ၌လောင်စာဆီပြဿနာကြောင့် အိမ်စီးကားများ၊ ဆိုင်ကယ်များနှင့် ဘေးတွဲဆိုင်ကယ်များအတွက် လောင် စာဆီပြတ် တောက်မှုဖြစ်ပေါ်နေကြောင်း သိရသည်။
ပြည်တွင်းမှ စက်သုံးဆီတင်သွင်းရောင်းချနေသူများမှာ လောင်စာဆီဈေးနှုန်းများ အဆမတန်မြှင့်တင် ရောင်းချ ခြင်း မရှိသော်လည်း ပြင်ပမှောင်ခိုဈေးကွက်အတွင်း (၉၂)ဓာတ်ဆီတစ်လီတာလျှင် (၅၀ဝဝ)ကျပ် ဝန်းကျင်အထိ ပေါက်ဈေးဖြစ်ပေါ်နေကြောင်းသိရသည်။ စက်သုံးဆီပြဿနာကြောင့် EV ကားများ ဈေး ပြန်တက်လာသည့်အပြင် အရောင်းအဝယ်ကောင်း မွန်နေကြောင်း ကားလုပ်ငန်းရှင်များထံမှသိရသည်။ EV ကားဈေးကွက်အတွင်း ယခင်က ဝယ်ရှုံးအခြေ အနေဖြင့်သာရပ်တည်ခဲ့ရသော်လည်း လက်ရှိတွင် အသစ်ဝယ်ဈေးဝန်းကျင်အထိ ဈေးများတက်လာနေ သောကြောင့် လုပ်ငန်းရှင်များအကြား ရေပန်းစားနေ ကြောင်းသိရသည်။ အမေရိကန်၊ အစ္စရေးနှင့် အီရန် နိုင်ငံတို့၏စစ်ပွဲ များကြောင့် ကမ္ဘာ့စက်သုံးဆီသုံးစွဲမှုအတွက် ယာယီအခက်အခဲများ ကြုံတွေ့လာနိုင်ကြောင်း နိုင်ငံတကာသတင်း ဌာနများက ဖော်ပြထား လျက်ရှိရာ စက်သုံးဆီအခက်အခဲမှာ လာမည့်ရက်များ အတွင်း ထိပ်တန်းသတင်းတစ်ခုအဖြစ် ဆက်လက်ရပ် တည်နေမည်ဖြစ်သည်။
(ကမ္ဘာ့ရွှေဈေးအပြောင်းအလဲနှင့် ပြည်တွင်းငွေလဲဈေးကွက်)
ကမ္ဘာ့ရွှေဈေးကွက်အတွင်း ရွှေတစ်အောင်စလျှင် လတ်တလောပေါက်ဈေးမှာ အမေရိကန်ဒေါ် လာ (၅၀၂၂) အထိဖြစ်ပေါ်နေပြီး ယခုတစ်ပတ်အတွင်း (၅၁၀ဝ)ဒေါ်လာဝန်းကျင်မှ ပြန်လည်ကျဆင်း လာခြင်းဖြစ်သည်။ မတ်လ(၃) ရက်ဝန်းကျင်ကဖြစ် ပေါ်ခဲ့သောဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက အနည်းငယ် ကျဆင်းနေဆဲဖြစ်သည်။ မတ်လ(၃)ရက်နှင့် (၄)ရက် တို့တွင် ရွှေတစ်အောင်စလျှင် (၅၃၈၈)ဒေါ်လာအထိ မြင့်တက်ခဲ့ခြင်းကြောင့် ပြည်တွင်းရွှေဈေးကွက်အတွင်း အရောင်းအဝယ် ရပ်တန့်သွားခဲ့ကြောင်းသိရ သည်။ ကမ္ဘာ့ရေနံအများဆုံးထွက်ရှိရာ အရှေ့အလယ် ပိုင်းဒေသအတွင်း အီရန်နှင့်အစ္စရေး၊ အမေရိကန်တို့အကြား စစ်ပွဲဖြစ်ပွားနေခြင်းကြောင့် ငွေကြေးတန်ဖိုး များမတည်ငြိမ်ဘဲ ရွှေဝယ်လို အား ဆက်တိုက်မြင့် တက်နေခြင်းဖြစ်သည်။ ကမ္ဘာ့ရွှေဈေးသည် လတ်တ လောတွင် အမြင့်ပိုင်း၌ ဆက်လက်ရပ် တည်နေနိုင်ပြီး ပြည်တွင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် သိန်း(၁၁၀)ကျပ်ဝန်းကျင်တွင် တည်ရှိနေမည်ဖြစ် သည်။
မတ်လ(၁၇)ရက်ပေါက်ဈေးအရ ပြည်တွင်းအခေါက်ရွှေဈေးသည် (၁၀၈)သိန်း(၈)သောင်းကျပ် ဖြစ်ပြီး အမေရိ ကန်တစ်ဒေါ်လာလျှင် (၄၁၅၅)ကျပ် ပေါက်ဈေးဖြစ်ပေါ်နေသည်။ ရန်ကုန်တိုင်း ရွှေလုပ် ငန်းရှင်များအသင်း(YGEA)၏ တရားဝင်ထုတ်ပြန် ချက်များအရ အခေါက်ရွှေတစ်ကျပ်သားလျှင် (၆၉)သိန်းကျပ်ဝန်းကျင် ပေါက်ဈေးသတ်မှတ်ထားရာ ပြင် ပရွှေဈေးကွက်နှင့် ဈေးနှုန်းကွာခြားချက် ကြီးမားနေသည်။
ကမ္ဘာ့ရွှေဈေးကွက်တွင် အွန်လိုင်းအသုံးပြုကာ ရွှေအိတ်ချိန်းများမှ အချိန်နှင့်တစ်ပြေးညီ အရောင်းအဝယ်ပြု လုပ်နေကြသော်လည်း မြန်မာနိုင်ငံတွင် ရန်ကုန်စတော့အိပ်ချိန်းတစ်ခုတည်းသာ အချိန်မီ အရောင်းအဝယ်ပြုလုပ်နိုင် သောဈေးကွက်ဖြစ်ကြောင်း သိရသည်။ လက်ရှိကာလသည် ရွှေဈေးနှုန်းအတက် အကျမြန်ဆန်နိုင်သောကြောင့် ရွှေ အရောင်းအဝယ် ပြုလုပ်ချင်သူများအနေဖြင့် ရောင်းမှားဝယ်မှားမဖြစ် ပေါ်စေရန် သတိထားဆောင်ရွက်သင့်ကြောင်း ဝါရင့် ရွှေလုပ်ငန်းရှင်များကအကြံပြုပြောကြားသည်။ (၁၅) ပဲရည် ရွှေထည်အနည်းငယ်သာ အရောင်းအဝယ်ရှိနေပြီး အခေါက်ရွှေအရောင်းအဝယ်ကို ရပ်နားထား ကြောင်း ရွှေလုပ်ငန်းရှင်များထံမှသိရသည်။
အဓိကအားဖြင့် အခေါက်ရွှေအရောင်းအဝယ် ပြုလုပ်ခြင်းကို သက်ဆိုင်ရာမှ စနစ်တကျထောက်လှမ်း ကာ သံသယရှိသူများကို ဖမ်းဆီးအရေးယူနေ ခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။ လာမည့်ရက်ပိုင်း အတွင်း ရွှေနှင့်နိုင်ငံ ခြားငွေများ အရောင်းအဝယ်အေး နေမည်ဖြစ်သည်။
(စက်သုံးဆီရှားပါးမှုနှင့်ဆိုင်ကယ်ဈေးကွက်၊ ကားဈေးကွက် အပြောင်းအလဲ)
စက်သုံးဆီဈေးကွက်အတွင်း စုံရက် မရက် ပြောင်းလဲသတ်မှတ်ကာပြေးဆွဲစေခြင်းနှင့် စက်သုံး ဆီဝယ်ယူရာ တွင် ခွဲတမ်းအလိုက်ရောင်းချပေးနေ ခြင်းများကြောင့် ဆိုင်ကယ်များ၊ ဘေးတွဲဆိုင်ကယ် များနှင့် လယ်ယာသုံးစက် ယန္တရားများတွင် အခက်အခဲဖြစ်ပေါ်နေကြောင်းသိရသည်။ လတ်တလော လုပ်ဆောင်နေသည့် စုံ/မ အလှည့်ကျစနစ်ဖြင့် ဆီထုတ်ပေးခြင်းများကြောင့် နေပြည်တော်ဒေသအတွင်းတွင် အုံနာဘုတ်၊ ဝှီးတက်သက်တမ်းရှိသော ဆိုင်ကယ် အဟောင်းများမှာ အဝယ်လိုက်လာကြောင်း ဆိုင်ကယ်ဝယ်ရောင်းလုပ်ကိုင်သူများထံမှသိရသည်။
လက်ရှိတွင် ဆိုင်ကယ်အသစ်တစ်စီးလျှင် အမှတ်တံဆိပ်ပေါ်မူတည်ပြီး တရုတ်ဘီးမှာ ကျပ်သိန်း (၃၀)အထက် ဈေးမျိုးရှိနေချိန်တွင် အသစ်မဝယ်နိုင်သော ရုံးဝန်ထမ်းများ၊ အခြေခံလူတန်းစားများမှာ ကျပ် (၁၀)သိန်း အောက်ဈေး မျိုးရှိပြီး လိုင်စင်သက် တမ်းရှိသည့်ဆိုင်ကယ်များကို လိုက်ဝယ်နေကြခြင်း ဖြစ်ကြောင်းသိရသည်။ စက်သုံး ဆီဝယ်ယူရာတွင် ဆီပန့်ဆိုင်များ၌ လိုင်စင်နှင့်ဝှီးတက်သက်တမ်းရှိ သောဆိုင်ကယ်များကိုသာ ရောင်းချ ပေးနေခြင်း ဖြစ်ကြောင်း၊ QR ကုတ်နှင့် ဆိုင်ကယ် လိုင်စင်သက်တမ်း မရှိပါက မဝယ်ယူနိုင်ကြောင်းသိရသည်။
ထို့ပြင် ယခင်က စက်သုံးဆီ ပြင်ပရောင်းချသော ဆိုင်များရှိသော်လည်း လက်ရှိတွင် ပြင်ပမှောင်ခိုအ ရောင်းဆိုင် များပါမရှိတော့ခြင်းကြောင့် စက်သုံးဆီ ဝယ်ရန် ဆိုင်ကယ်အဟောင်းများကိုပြန်လည်ဝယ်ယူ မှုများရှိလာခြင်းဖြစ်သည်။ ထို့ပြင် စက်သုံးဆီပြဿနာကြောင့် မီးဖိုချောင်တွင်အသုံးပြုသည့် (LPG) ဂက်စ် ဖြင့် ဆိုင်ကယ်တွင် အစားထိုးစမ်း သပ်အသုံးပြုနေကြောင်း စတင်တီထွင်အသုံးပြုနေသူတစ်ဦးကပြောသည်။ လတ်တလောဖြစ်ပွားနေသည့် အီရန်စစ်ပွဲ ကြောင့် မြန်မာနိုင်ငံတွင် စက်သုံးဆီချွေတာရန် သက်ဆိုင်ရာမှ ကြော်ငြာထားရာ မီးဖိုချောင်တွင်သုံးသည့် (LPG)ဂက်စ်ဖြင့် ဆိုင်ကယ်များမောင်းနှင်နိုင်ပါက ကုန်ကျစရိတ်ချွေတာနိုင်ကြောင်း သိရသည်။ မီးဖို ချောင်သုံး (၂၀) ကျပ်သားဂက်စ်တစ်ဘူးသည် ဓာတ်ဆီ တစ်လီတာနီးပါးမောင်းနှင်နိုင်ကြောင်း၊ ဂက်စ်ဘူးထိပ်တွင် မီးခေါင်း လေးတပ်ဆင်ကာ ဂက်စ်ပိုက်နှင့် တွဲဆက်မောင်းနှင်ခြင်းဖြစ်ကြောင်းသိရသည်။ ထိုသို့ မောင်းနှင်ရာတွင် ဂက်စ်အလေ အလွင့်ရှိသောကြောင့် ဂက်စ်တစ်ဘူးလျှင် (၁၀)မိုင်ခန့်သာမောင်းနှင်နိုင် ကြောင်းသိရသည်။
ထို့ပြင် ကားဈေးကွက်အတွင်း၌ စက်သုံးဆီသုံး ကားများအစား EV ကားများကို ပြောင်းလဲဝယ်ယူရန် မေးမြန်းမှုများရှိလာရာ EV ကားများမှာ ဈေးအနည်း ငယ်ပြန်တက်လာကြောင်းသိရသည်။ ယခင်က EV ကားတစ်စီးလျှင် သိန်း (၁၀ဝဝ)ကျပ်ပေးကာ ဝယ်ယူရပြီး ရက်အနည်းငယ်အတွင်း ပြန်လည်ရောင်းချပါက သိန်း(၈၀ဝ)ဝန်းကျင်သာ ဈေးရနေရာ လက်ရှိတွင် စက်သုံးဆီပြဿနာကြောင့် EV ကား များကို ဝယ်ယူသုံးစွဲရန် စိတ်ဝင်စားသူမြင့်တက်လာပြီး သိန်း(၁၀ဝဝ)တန် EV ကားများသည် လက်ရှိ ရောင်း ဈေး သိန်း(၁၀ဝဝ)ဝန်းကျင်သို့ ဈေးများပြန်လည်မြင့် တက်ခဲ့သည်။ ဈေးကွက်အတွင်း ကားပြခန်းတွင် အသစ်ရောင်းချနေသော EV ကားများမှာ ဈေးအပြောင်းအလဲမရှိသော်လည်း ဈေးကွက်အတွင်းရောင်း ချပြီးသော EV ကားများမှာ ဈေးပြန်လည်ကောင်း မွန်လာကြောင်းသိရသည်။ ရေရှည် ဈေး ကွက်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ပြီး စက်သုံးဆီ ပြဿနာမှာ နေ့စဉ်လူနေမှုဘဝကို အထူးထိခိုက်နေ စေသည်။
(အထွေထွေကုန်စည်နှင့် အခြေခံ စားသောက်ကုန်ဈေးများ)
ဝက်သားဈေးများသည် ပုံမှန်အမြင့်ဈေးအတိုင်းရှိပြီး ဝက်သားသုံးထပ်သား တစ်ဆယ်သား (၃၅၀ဝ-၃၆၀ဝ) ကျပ်၊ ဝက်ပေါင်သားတစ်ဆယ်သား (၃၅၀ဝ) ကျပ်ဈေးများဖြင့် ပုံမှန်အတိုင်းရှိသည်။ ဝက်ကလီစာ တစ်ဆယ်သား (၃၅၀ဝ)ကျပ်၊ ဝက်လက် တစ်ဆယ် သား (၃၂၀ဝ-၃၃၀ဝဝ)ကျပ်၊ ဝက်ခေါင်းသား တစ် ဆယ်သား (၃၀ဝဝ)ကျပ်၊ ဝက်နံရိုး တစ်ဆယ်သား (၂၉၀ဝ-၃၀ဝဝ)ကျပ် ဈေးများရှိသည်။ အမဲသားဈေး များသည်လည်း ပုံမှန်အမြင့်ဈေးအတိုင်းရှိပြီး အမဲ မိုး ခိုသားတစ်ဆယ်သား (၃၇၀ဝ)ကျပ်၊ အမဲသား တစ် ဆယ်သား (၃၅၀ဝ) ကျပ်၊ အမဲအသည်း တစ် ဆယ်သား (၃၃၀ဝ)ကျပ်၊ အမဲအူကြမ်း တစ်ဆယ် သား(၂၈၀ဝ)ကျပ်၊ အမဲကလီစာတစ်ဆယ်သား (၃၀ဝဝ)ကျပ်ဈေးတို့ဖြင့် ပုံမှန်အမြင့်ဈေး အတိုင်းရှိသည်။ ကျန်သည့်အသားဈေးများလည်း အမြင့်ဈေး များတွင်ရှိနေပြီး ကြက်သားဈေးများ မြင့်တက်လျက် ရှိသည်။ စီပီကြက်တစ်ဆယ်သား (၂၃၀ဝ-၂၄၀ဝ) ကျပ်၊ ကြက်သည်းကြက်မြစ် တစ်ဆယ်သား (၂၄၀ဝ) ကျပ်ဈေး များရှိသည်။ စီပီကြက်ပေါင်တစ်ပိုင်း (၅၀ဝဝ)ကျပ်၊ ကြက်ရင်ပုံတစ်ပိုင်း (၇၀ဝဝ)ကျပ် ဈေးရှိပြီး စီပီကြက်တစ်ကောင် (၁၇၀ဝဝ-၁၈၀ဝဝ) ကျပ်နှင့် (၂၀ဝဝဝ)ကျပ်ဈေးများရှိသည်။
စီပီကြက်အသားလွှာ တစ်ဆယ်သား (၂၅၀ဝ) ကျပ်၊ ကြက်ပေါင်လုံးသီးသန့် တစ်ဆယ်သား(၂၅၀ဝ) ကျပ်၊ ကြက်တောင်ပံတစ်ဆယ်သား (၁၈၀ဝ)ကျပ်၊ ကြက်အရေခွံတစ်ဆယ်သား (၁၇၀ဝ)ကျပ် ဈေးများ ရှိသည်။ ကြက်နီမ တစ်ဆယ်သား (၃၀ဝဝ)ကျပ်၊ ဗမာ ကြက်တစ်ဆယ်သား (၃၈၀ဝ-၄၀ဝဝ) ကျပ်ဈေးများ ဖြင့် ဈေးမြင့်တက်သည်။ ကြက် နီမတစ်ကောင် (၂၅၀ဝဝ) ကျပ်၊ ဝိတ်မကြက်တစ်ကောင် (၃၀ဝဝဝ) ကျပ်၊ ဗမာကြက်တစ်ကောင် (၄၀ဝဝဝ) ကျပ် ဈေးများ ဖြင့်ဈေးမြင့်တက်သည်။ ရေထွက်ကုန်ဈေးကွက်အတွင်း ပလာတူးအကောင်သေးတစ်ဆယ်သား (၁၂၀ဝ)ကျပ်၊ ရွှေငါးတစ်ဆယ်သား (၁၃၀ဝ-၁၅၀ဝ) ကျပ်ဈေးများဖြင့် ပေါပေါများများတွေ့ရသည်။ ငါးကျီး ကန်းတစ်ဆယ်သား (၁၅၀ဝ)ကျပ်၊ ငါးခွေးလျှာ တစ် ဆယ်သား (၁၈၀ဝ-၂၀ဝဝ)ကျပ်၊ ငါးမဲလုံး တစ်ဆယ် သား (၁၅၀ဝ) ကျပ်ဈေးများဖြင့် စားသုံးသူများသည်။ ကျန်သည့် ပင်လယ်ငါးဈေးများ အမြင့်ဈေးတွင် ရှိကြောင်းသိရသည်။
ငါးရွှေခုတ်သား တစ်ဆယ်သား (၂၅၀ဝ)ကျပ်၊ အုန်းငါးမုတ်တစ်ဆယ်သား (၂၅၀ဝ)ကျပ်၊ ငါး တောက်တူ တစ်ဆယ်သား (၃၀ဝဝ-၃၅၀ဝ)ကျပ်၊ ငါးကွမ်းရှပ်တစ်ဆယ်သား (၃၅၀ဝ)ကျပ် ဈေးများ ရှိသည်။ ကင်းမွန်များက တစ်ဆယ်သား (၂၅၀ဝ-၃၀ဝဝ)ကျပ်ဈေးဖြင့် ဈေးပေါလျက်ရှိပြီး ပြည်ကြီးငါးမှာ တစ်ဆယ်သား (၄၀ဝ၀ -၅၀ဝဝ) ကျပ်ဈေးတို့ဖြင့် ပုံမှန်အတိုင်းဖြစ်သည်။ ကဏန်းညိုတစ်ဆယ်သား (၃၅၀ဝ)ကျပ်၊ ရေဘဝဲတစ်ဆယ်သား (၆၀ဝဝ) ကျပ်၊ ကျားပုစွန်တစ်ဆယ်သား (၆၀ဝဝ-၇၀ဝဝ) ကျပ်ဈေးများဖြင့် အမြင့်ဈေးများတွင်ရှိသည်။ အခြေခံစား သောက်ကုန် ဈေးကွက်မှာ လာမည့်ရက်ပိုင်းအတွင်း ဈေးနှုန်းကျဆင်းရန်မလွယ်ကူကြောင်း ဈေးကွက်အတွင်းမှသိရသည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရး ေဈးကြက္သုံးသပ္ခ်က္
ျပည့္ၿဖိဳး (NP News)
ယခုတစ္ပတ္အတြင္း ကမာၻ႔ေ႐ႊေဈးက်ဆင္းမႈ မရွိေသာေၾကာင့္ ျပည္တြင္းေ႐ႊေဈးမ်ားသည္လည္း အေခါက္ေ႐ႊ တစ္က်ပ္သားလွ်င္ သိန္း(၁၁၀)က်ပ္ ဝန္းက်င္တြင္ အတက္အက်နည္းပါးစြာ ရပ္တည္ေနသည္။ ကမာၻလုံးဆိုင္ရာ စစ္ေရးႏွင့္ႏိုင္ငံေရးမ်ားတြင္ အေမရိကန္ႏွင့္မဟာမိတ္ႏိုင္ငံမ်ားအၾကား သေဘာ ထားကြဲလြဲမႈမ်ားျဖစ္ေပၚေနသည့္အျပင္ အီရန္ႏိုင္ငံမွ စစ္မီးေတာက္မ်ားေၾကာင့္ ကမာၻ႔ေ႐ႊေဈးမွာ ဝယ္လို အားေကာင္းမြန္ေနဆဲျဖစ္သည္။
ထို႔ျပင္ ျပည္တြင္းေငြလဲႏႈန္းသည္လည္း ေဈးအတက္ပိုင္းသို႔ေရာက္ရွိေနရာ ေ႐ႊေဈးက်ဆင္းႏိုင္ ေျခနည္းပါး ေနျခင္းျဖစ္သည္။ လက္ရွိ ကမာၻ႔ေ႐ႊေဈး တစ္ေအာင္စလွ်င္ (၄၀၂၂) ေဒၚလာသို႔ေရာက္ရွိေနၿပီး ေငြလဲႏႈန္းမွာ အေမရိကန္ တစ္ေဒၚလာလွ်င္ (၄၁၅၅)က်ပ္ ေပါက္ေဈးရွိေနသည္။ ျပည္တြင္းေငြလဲႏႈန္းမွာ ယခင္တစ္ပတ္ႏွင့္္ႏႈိင္းယွဥ္ပါက (၁၁၀)က်ပ္ဝန္းက်င္ ျဖင့္ ေဈးႏႈန္းျမင့္တက္ေနျခင္းေၾကာင့္ ျပည္တြင္းေ႐ႊ ေဈးမွာ က်ဆင္းမႈနည္းပါးေနျခင္းျဖစ္သည္။ ျပည္ တြင္းေ႐ႊေဈးကြက္အတြင္း အေျပာင္းအလဲနည္းပါး ေသာ္လည္း အေခါက္ေ႐ႊေဈးမွာ အေရာင္းအဝယ္ရပ္ နားထားရေၾကာင္းသိရသည္။ (၁၅)ပဲရည္ ေ႐ႊထည္အနည္းငယ္သာ အေရာင္းအဝယ္ရွိေနၿပီး အေခါက္ေ႐ႊအေရာင္း အဝယ္ကိုရပ္နားထားေၾကာင္း ေ႐ႊလုပ္ငန္းရွင္ မ်ားထံမွသိရသည္။ အဓိကအားျဖင့္ အေခါက္ေ႐ႊ အေရာင္း အဝယ္ျပဳ လုပ္ျခင္းကို သက္ဆိုင္ရာမွ စနစ္တက်ေထာက္လွမ္းကာ သံသယရွိသူမ်ားကို ဖမ္းဆီးအေရးယူ ေနျခင္းေၾကာင့္ ျဖစ္ေၾကာင္းသိရသည္။
ျပည္တြင္းေဈးကြက္ႏွင့္ ႏိုင္ငံတကာေဈးကြက္အၾကား ေဈးႏႈန္းကြာဟျခင္းမ်ားမွာ ဆက္လက္ျဖစ္ ေပၚ‌ေန မည္ျဖစ္ရာ ေ႐ႊေဈးကြက္ကို အလုံးစုံထိန္းခ်ဳပ္ႏိုင္ရန္ ႏိုင္ငံတကာအဆင့္မီ ေ႐ႊအိတ္ခ်ိန္းမ်ား ျပည္ တြင္း၌ေဖာ္ေဆာင္ႏိုင္ ရန္လိုအပ္ေၾကာင္း ဝါရင့္ေ႐ႊ ကုန္သည္မ်ားက မွတ္ခ်က္ျပဳ‌ေျပာၾကားထားသည္။ စုံရက္ မရက္ ခြဲျခားေျပးဆြဲမႈ ေၾကာင့္ လိုင္စင္ပါ၊ ဝွီးတက္စုံသည့္ ဆိုင္ကယ္အေဟာင္းမ်ား ဝယ္ယူမႈမ်ား ျပားလာေၾကာင္း ေဈးကြက္အတြင္းမွ သိရသည္။
လက္ရွိတြင္ တ႐ုတ္ဆိုင္ကယ္အသစ္တစ္စီး လွ်င္ သိန္း(၃၀)ဝန္းက်င္ခန႔္ေပါက္ေဈးရွိေနရာ ‌ေဈး သက္သာသည့္ (၁၀)သိန္းက်ပ္ဝန္းက်င္ ဆိုင္ကယ္အ ေဟာင္းမ်ားမွာ အေရာင္းအဝယ္ေကာင္းၿပီး လိုင္စင္သက္တမ္းရွိေသာဆိုင္ကယ္ ျဖစ္ပါက ေဈးေကာင္း ပိုရေနေၾကာင္းသိရသည္။ ဆိုင္ကယ္ေဈးကြက္အတြင္း လိုင္စင္မဲ့ဆိုင္ကယ္မ်ားမွာ စက္သုံးဆီ ဝယ္ယူရန္ အခက္အခဲရွိေနေသာေၾကာင့္ ေဈးနိမ့္ၿပီး အေရာင္းအဝယ္နည္းပါးေၾကာင္းသိရသည္။ လက္ရွိ ျပည္တြင္း ၌ေလာင္စာဆီျပႆနာေၾကာင့္ အိမ္စီးကားမ်ား၊ ဆိုင္ကယ္မ်ားႏွင့္ ေဘးတြဲဆိုင္ကယ္မ်ားအတြက္ ေလာင္ စာဆီျပတ္ ေတာက္မႈျဖစ္ေပၚေနေၾကာင္း သိရသည္။
ျပည္တြင္းမွ စက္သုံးဆီတင္သြင္းေရာင္းခ်ေနသူမ်ားမွာ ေလာင္စာဆီေဈးႏႈန္းမ်ား အဆမတန္ျမႇင့္တင္ ေရာင္းခ် ျခင္း မရွိေသာ္လည္း ျပင္ပေမွာင္ခိုေဈးကြက္အတြင္း (၉၂)ဓာတ္ဆီတစ္လီတာလွ်င္ (၅၀ဝဝ)က်ပ္ ဝန္းက်င္အထိ ေပါက္ေဈးျဖစ္ေပၚေနေၾကာင္းသိရသည္။ စက္သုံးဆီျပႆနာေၾကာင့္ EV ကားမ်ား ေဈး ျပန္တက္လာသည့္အျပင္ အေရာင္းအဝယ္ေကာင္း မြန္ေနေၾကာင္း ကားလုပ္ငန္းရွင္မ်ားထံမွသိရသည္။ EV ကားေဈးကြက္အတြင္း ယခင္က ဝယ္ရႈံးအေျခ အေနျဖင့္သာရပ္တည္ခဲ့ရေသာ္လည္း လက္ရွိတြင္ အသစ္ဝယ္ေဈးဝန္းက်င္အထိ ေဈးမ်ားတက္လာေန ေသာေၾကာင့္ လုပ္ငန္းရွင္မ်ားအၾကား ေရပန္းစားေန ေၾကာင္းသိရသည္။ အေမရိကန္၊ အစၥေရးႏွင့္ အီရန္ ႏိုင္ငံတို႔၏စစ္ပြဲ မ်ားေၾကာင့္ ကမာၻ႔စက္သုံးဆီသုံးစြဲမႈအတြက္ ယာယီအခက္အခဲမ်ား ႀကဳံေတြ႕လာႏိုင္ေၾကာင္း ႏိုင္ငံတကာသတင္း ဌာနမ်ားက ေဖာ္ျပထား လ်က္ရွိရာ စက္သုံးဆီအခက္အခဲမွာ လာမည့္ရက္မ်ား အတြင္း ထိပ္တန္းသတင္းတစ္ခုအျဖစ္ ဆက္လက္ရပ္ တည္ေနမည္ျဖစ္သည္။
(ကမာၻ႔ေ႐ႊေဈးအေျပာင္းအလဲႏွင့္ ျပည္တြင္းေငြလဲေဈးကြက္)
ကမာၻ႔ေ႐ႊေဈးကြက္အတြင္း ေ႐ႊတစ္ေအာင္စလွ်င္ လတ္တေလာေပါက္ေဈးမွာ အေမရိကန္ေဒၚ လာ (၅၀၂၂) အထိျဖစ္ေပၚေနၿပီး ယခုတစ္ပတ္အတြင္း (၅၁၀ဝ)ေဒၚလာဝန္းက်င္မွ ျပန္လည္က်ဆင္း လာျခင္းျဖစ္သည္။ မတ္လ(၃) ရက္ဝန္းက်င္ကျဖစ္ ေပၚခဲ့ေသာေဈးႏႈန္းမ်ားႏွင့္ႏႈိင္းယွဥ္ပါက အနည္းငယ္ က်ဆင္းေနဆဲျဖစ္သည္။ မတ္လ(၃)ရက္ႏွင့္ (၄)ရက္ တို႔တြင္ ေ႐ႊတစ္ေအာင္စလွ်င္ (၅၃၈၈)ေဒၚလာအထိ ျမင့္တက္ခဲ့ျခင္းေၾကာင့္ ျပည္တြင္းေ႐ႊေဈးကြက္အတြင္း အေရာင္းအဝယ္ ရပ္တန႔္သြားခဲ့ေၾကာင္းသိရ သည္။ ကမာၻ႔ေရနံအမ်ားဆုံးထြက္ရွိရာ အေရွ႕အလယ္ ပိုင္းေဒသအတြင္း အီရန္ႏွင့္အစၥေရး၊ အေမရိကန္တို႔အၾကား စစ္ပြဲျဖစ္ပြားေနျခင္းေၾကာင့္ ေငြေၾကးတန္ဖိုး မ်ားမတည္ၿငိမ္ဘဲ ေ႐ႊဝယ္လို အား ဆက္တိုက္ျမင့္ တက္ေနျခင္းျဖစ္သည္။ ကမာၻ႔ေ႐ႊေဈးသည္ လတ္တ ေလာတြင္ အျမင့္ပိုင္း၌ ဆက္လက္ရပ္ တည္ေနႏိုင္ၿပီး ျပည္တြင္းအေခါက္ေ႐ႊေဈးသည္ တစ္က်ပ္သားလွ်င္ သိန္း(၁၁၀)က်ပ္ဝန္းက်င္တြင္ တည္ရွိေနမည္ျဖစ္ သည္။
မတ္လ(၁၇)ရက္ေပါက္ေဈးအရ ျပည္တြင္းအေခါက္ေ႐ႊေဈးသည္ (၁၀၈)သိန္း(၈)ေသာင္းက်ပ္ ျဖစ္ၿပီး အေမရိ ကန္တစ္ေဒၚလာလွ်င္ (၄၁၅၅)က်ပ္ ေပါက္ေဈးျဖစ္ေပၚေနသည္။ ရန္ကုန္တိုင္း ေ႐ႊလုပ္ ငန္းရွင္မ်ားအသင္း(YGEA)၏ တရားဝင္ထုတ္ျပန္ ခ်က္မ်ားအရ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၆၉)သိန္းက်ပ္ဝန္းက်င္ ေပါက္ေဈးသတ္မွတ္ထားရာ ျပင္ ပေ႐ႊေဈးကြက္ႏွင့္ ေဈးႏႈန္းကြာျခားခ်က္ ႀကီးမားေနသည္။
ကမာၻ႔ေ႐ႊေဈးကြက္တြင္ အြန္လိုင္းအသုံးျပဳကာ ေ႐ႊအိတ္ခ်ိန္းမ်ားမွ အခ်ိန္ႏွင့္တစ္ေျပးညီ အေရာင္းအဝယ္ျပဳ လုပ္ေနၾကေသာ္လည္း ျမန္မာႏိုင္ငံတြင္ ရန္ကုန္စေတာ့အိပ္ခ်ိန္းတစ္ခုတည္းသာ အခ်ိန္မီ အေရာင္းအဝယ္ျပဳလုပ္ႏိုင္ ေသာေဈးကြက္ျဖစ္ေၾကာင္း သိရသည္။ လက္ရွိကာလသည္ ေ႐ႊေဈးႏႈန္းအတက္ အက်ျမန္ဆန္ႏိုင္ေသာေၾကာင့္ ေ႐ႊ အေရာင္းအဝယ္ ျပဳလုပ္ခ်င္သူမ်ားအေနျဖင့္ ေရာင္းမွားဝယ္မွားမျဖစ္ ေပၚေစရန္ သတိထားေဆာင္႐ြက္သင့္ေၾကာင္း ဝါရင့္ ေ႐ႊလုပ္ငန္းရွင္မ်ားကအႀကံျပဳေျပာၾကားသည္။ (၁၅) ပဲရည္ ေ႐ႊထည္အနည္းငယ္သာ အေရာင္းအဝယ္ရွိေနၿပီး အေခါက္ေ႐ႊအေရာင္းအဝယ္ကို ရပ္နားထား ေၾကာင္း ေ႐ႊလုပ္ငန္းရွင္မ်ားထံမွသိရသည္။
အဓိကအားျဖင့္ အေခါက္ေ႐ႊအေရာင္းအဝယ္ ျပဳလုပ္ျခင္းကို သက္ဆိုင္ရာမွ စနစ္တက်ေထာက္လွမ္း ကာ သံသယရွိသူမ်ားကို ဖမ္းဆီးအေရးယူေန ျခင္းေၾကာင့္ျဖစ္ေၾကာင္းသိရသည္။ လာမည့္ရက္ပိုင္း အတြင္း ေ႐ႊႏွင့္ႏိုင္ငံ ျခားေငြမ်ား အေရာင္းအဝယ္ေအး ေနမည္ျဖစ္သည္။
(စက္သုံးဆီရွားပါးမႈႏွင့္ဆိုင္ကယ္ေဈးကြက္၊ ကားေဈးကြက္ အေျပာင္းအလဲ)
စက္သုံးဆီေဈးကြက္အတြင္း စုံရက္ မရက္ ေျပာင္းလဲသတ္မွတ္ကာေျပးဆြဲေစျခင္းႏွင့္ စက္သုံး ဆီဝယ္ယူရာ တြင္ ခြဲတမ္းအလိုက္ေရာင္းခ်ေပးေန ျခင္းမ်ားေၾကာင့္ ဆိုင္ကယ္မ်ား၊ ေဘးတြဲဆိုင္ကယ္ မ်ားႏွင့္ လယ္ယာသုံးစက္ ယႏၲရားမ်ားတြင္ အခက္အခဲျဖစ္ေပၚေနေၾကာင္းသိရသည္။ လတ္တေလာ လုပ္ေဆာင္ေနသည့္ စုံ/မ အလွည့္က်စနစ္ျဖင့္ ဆီထုတ္ေပးျခင္းမ်ားေၾကာင့္ ေနျပည္ေတာ္ေဒသအတြင္းတြင္ အုံနာဘုတ္၊ ဝွီးတက္သက္တမ္းရွိေသာ ဆိုင္ကယ္ အေဟာင္းမ်ားမွာ အဝယ္လိုက္လာေၾကာင္း ဆိုင္ကယ္ဝယ္ေရာင္းလုပ္ကိုင္သူမ်ားထံမွသိရသည္။
လက္ရွိတြင္ ဆိုင္ကယ္အသစ္တစ္စီးလွ်င္ အမွတ္တံဆိပ္ေပၚမူတည္ၿပီး တ႐ုတ္ဘီးမွာ က်ပ္သိန္း (၃၀)အထက္ ေဈးမ်ိဳးရွိေနခ်ိန္တြင္ အသစ္မဝယ္ႏိုင္ေသာ ႐ုံးဝန္ထမ္းမ်ား၊ အေျခခံလူတန္းစားမ်ားမွာ က်ပ္ (၁၀)သိန္း ေအာက္ေဈး မ်ိဳးရွိၿပီး လိုင္စင္သက္ တမ္းရွိသည့္ဆိုင္ကယ္မ်ားကို လိုက္ဝယ္ေနၾကျခင္း ျဖစ္ေၾကာင္းသိရသည္။ စက္သုံး ဆီဝယ္ယူရာတြင္ ဆီပန႔္ဆိုင္မ်ား၌ လိုင္စင္ႏွင့္ဝွီးတက္သက္တမ္းရွိ ေသာဆိုင္ကယ္မ်ားကိုသာ ေရာင္းခ် ေပးေနျခင္း ျဖစ္ေၾကာင္း၊ QR ကုတ္ႏွင့္ ဆိုင္ကယ္ လိုင္စင္သက္တမ္း မရွိပါက မဝယ္ယူႏိုင္ေၾကာင္းသိရသည္။
ထို႔ျပင္ ယခင္က စက္သုံးဆီ ျပင္ပေရာင္းခ်ေသာ ဆိုင္မ်ားရွိေသာ္လည္း လက္ရွိတြင္ ျပင္ပေမွာင္ခိုအ ေရာင္းဆိုင္ မ်ားပါမရွိေတာ့ျခင္းေၾကာင့္ စက္သုံးဆီ ဝယ္ရန္ ဆိုင္ကယ္အေဟာင္းမ်ားကိုျပန္လည္ဝယ္ယူ မႈမ်ားရွိလာျခင္းျဖစ္သည္။ ထို႔ျပင္ စက္သုံးဆီျပႆနာေၾကာင့္ မီးဖိုေခ်ာင္တြင္အသုံးျပဳသည့္ (LPG) ဂက္စ္ ျဖင့္ ဆိုင္ကယ္တြင္ အစားထိုးစမ္း သပ္အသုံးျပဳေနေၾကာင္း စတင္တီထြင္အသုံးျပဳေနသူတစ္ဦးကေျပာသည္။ လတ္တေလာျဖစ္ပြားေနသည့္ အီရန္စစ္ပြဲ ေၾကာင့္ ျမန္မာႏိုင္ငံတြင္ စက္သုံးဆီေခြၽတာရန္ သက္ဆိုင္ရာမွ ေၾကာ္ျငာထားရာ မီးဖိုေခ်ာင္တြင္သုံးသည့္ (LPG)ဂက္စ္ျဖင့္ ဆိုင္ကယ္မ်ားေမာင္းႏွင္ႏိုင္ပါက ကုန္က်စရိတ္ေခြၽတာႏိုင္ေၾကာင္း သိရသည္။ မီးဖို ေခ်ာင္သုံး (၂၀) က်ပ္သားဂက္စ္တစ္ဘူးသည္ ဓာတ္ဆီ တစ္လီတာနီးပါးေမာင္းႏွင္ႏိုင္ေၾကာင္း၊ ဂက္စ္ဘူးထိပ္တြင္ မီးေခါင္း ေလးတပ္ဆင္ကာ ဂက္စ္ပိုက္ႏွင့္ တြဲဆက္ေမာင္းႏွင္ျခင္းျဖစ္ေၾကာင္းသိရသည္။ ထိုသို႔ ေမာင္းႏွင္ရာတြင္ ဂက္စ္အေလ အလြင့္ရွိေသာေၾကာင့္ ဂက္စ္တစ္ဘူးလွ်င္ (၁၀)မိုင္ခန႔္သာေမာင္းႏွင္ႏိုင္ ေၾကာင္းသိရသည္။
ထို႔ျပင္ ကားေဈးကြက္အတြင္း၌ စက္သုံးဆီသုံး ကားမ်ားအစား EV ကားမ်ားကို ေျပာင္းလဲဝယ္ယူရန္ ေမးျမန္းမႈမ်ားရွိလာရာ EV ကားမ်ားမွာ ေဈးအနည္း ငယ္ျပန္တက္လာေၾကာင္းသိရသည္။ ယခင္က EV ကားတစ္စီးလွ်င္ သိန္း (၁၀ဝဝ)က်ပ္ေပးကာ ဝယ္ယူရၿပီး ရက္အနည္းငယ္အတြင္း ျပန္လည္ေရာင္းခ်ပါက သိန္း(၈၀ဝ)ဝန္းက်င္သာ ေဈးရေနရာ လက္ရွိတြင္ စက္သုံးဆီျပႆနာေၾကာင့္ EV ကား မ်ားကို ဝယ္ယူသုံးစြဲရန္ စိတ္ဝင္စားသူျမင့္တက္လာၿပီး သိန္း(၁၀ဝဝ)တန္ EV ကားမ်ားသည္ လက္ရွိ ေရာင္း ေဈး သိန္း(၁၀ဝဝ)ဝန္းက်င္သို႔ ေဈးမ်ားျပန္လည္ျမင့္ တက္ခဲ့သည္။ ေဈးကြက္အတြင္း ကားျပခန္းတြင္ အသစ္ေရာင္းခ်ေနေသာ EV ကားမ်ားမွာ ေဈးအေျပာင္းအလဲမရွိေသာ္လည္း ေဈးကြက္အတြင္းေရာင္း ခ်ၿပီးေသာ EV ကားမ်ားမွာ ေဈးျပန္လည္ေကာင္း မြန္လာေၾကာင္းသိရသည္။ ေရရွည္ ေဈး ကြက္ကို ဆက္လက္ေစာင့္ၾကည့္ရမည္ျဖစ္ၿပီး စက္သုံးဆီ ျပႆနာမွာ ေန႔စဥ္လူေနမႈဘဝကို အထူးထိခိုက္ေန ေစသည္။
(အေထြေထြကုန္စည္ႏွင့္ အေျခခံ စားေသာက္ကုန္ေဈးမ်ား)
ဝက္သားေဈးမ်ားသည္ ပုံမွန္အျမင့္ေဈးအတိုင္းရွိၿပီး ဝက္သားသုံးထပ္သား တစ္ဆယ္သား (၃၅၀ဝ-၃၆၀ဝ) က်ပ္၊ ဝက္ေပါင္သားတစ္ဆယ္သား (၃၅၀ဝ) က်ပ္ေဈးမ်ားျဖင့္ ပုံမွန္အတိုင္းရွိသည္။ ဝက္ကလီစာ တစ္ဆယ္သား (၃၅၀ဝ)က်ပ္၊ ဝက္လက္ တစ္ဆယ္ သား (၃၂၀ဝ-၃၃၀ဝဝ)က်ပ္၊ ဝက္ေခါင္းသား တစ္ ဆယ္သား (၃၀ဝဝ)က်ပ္၊ ဝက္နံ႐ိုး တစ္ဆယ္သား (၂၉၀ဝ-၃၀ဝဝ)က်ပ္ ေဈးမ်ားရွိသည္။ အမဲသားေဈး မ်ားသည္လည္း ပုံမွန္အျမင့္ေဈးအတိုင္းရွိၿပီး အမဲ မိုး ခိုသားတစ္ဆယ္သား (၃၇၀ဝ)က်ပ္၊ အမဲသား တစ္ ဆယ္သား (၃၅၀ဝ) က်ပ္၊ အမဲအသည္း တစ္ ဆယ္သား (၃၃၀ဝ)က်ပ္၊ အမဲအူၾကမ္း တစ္ဆယ္ သား(၂၈၀ဝ)က်ပ္၊ အမဲကလီစာတစ္ဆယ္သား (၃၀ဝဝ)က်ပ္ေဈးတို႔ျဖင့္ ပုံမွန္အျမင့္ေဈး အတိုင္းရွိသည္။ က်န္သည့္အသားေဈးမ်ားလည္း အျမင့္ေဈး မ်ားတြင္ရွိေနၿပီး ၾကက္သားေဈးမ်ား ျမင့္တက္လ်က္ ရွိသည္။ စီပီၾကက္တစ္ဆယ္သား (၂၃၀ဝ-၂၄၀ဝ) က်ပ္၊ ၾကက္သည္းၾကက္ျမစ္ တစ္ဆယ္သား (၂၄၀ဝ) က်ပ္ေဈး မ်ားရွိသည္။ စီပီၾကက္ေပါင္တစ္ပိုင္း (၅၀ဝဝ)က်ပ္၊ ၾကက္ရင္ပုံတစ္ပိုင္း (၇၀ဝဝ)က်ပ္ ေဈးရွိၿပီး စီပီၾကက္တစ္ေကာင္ (၁၇၀ဝဝ-၁၈၀ဝဝ) က်ပ္ႏွင့္ (၂၀ဝဝဝ)က်ပ္ေဈးမ်ားရွိသည္။
စီပီၾကက္အသားလႊာ တစ္ဆယ္သား (၂၅၀ဝ) က်ပ္၊ ၾကက္ေပါင္လုံးသီးသန႔္ တစ္ဆယ္သား(၂၅၀ဝ) က်ပ္၊ ၾကက္ေတာင္ပံတစ္ဆယ္သား (၁၈၀ဝ)က်ပ္၊ ၾကက္အေရခြံတစ္ဆယ္သား (၁၇၀ဝ)က်ပ္ ေဈးမ်ား ရွိသည္။ ၾကက္နီမ တစ္ဆယ္သား (၃၀ဝဝ)က်ပ္၊ ဗမာ ၾကက္တစ္ဆယ္သား (၃၈၀ဝ-၄၀ဝဝ) က်ပ္ေဈးမ်ား ျဖင့္ ေဈးျမင့္တက္သည္။ ၾကက္ နီမတစ္ေကာင္ (၂၅၀ဝဝ) က်ပ္၊ ဝိတ္မၾကက္တစ္ေကာင္ (၃၀ဝဝဝ) က်ပ္၊ ဗမာၾကက္တစ္ေကာင္ (၄၀ဝဝဝ) က်ပ္ ေဈးမ်ား ျဖင့္ေဈးျမင့္တက္သည္။ ေရထြက္ကုန္ေဈးကြက္အတြင္း ပလာတူးအေကာင္ေသးတစ္ဆယ္သား (၁၂၀ဝ)က်ပ္၊ ေ႐ႊငါးတစ္ဆယ္သား (၁၃၀ဝ-၁၅၀ဝ) က်ပ္ေဈးမ်ားျဖင့္ ေပါေပါမ်ားမ်ားေတြ႕ရသည္။ ငါးက်ီး ကန္းတစ္ဆယ္သား (၁၅၀ဝ)က်ပ္၊ ငါးေခြးလွ်ာ တစ္ ဆယ္သား (၁၈၀ဝ-၂၀ဝဝ)က်ပ္၊ ငါးမဲလုံး တစ္ဆယ္ သား (၁၅၀ဝ) က်ပ္ေဈးမ်ားျဖင့္ စားသုံးသူမ်ားသည္။ က်န္သည့္ ပင္လယ္ငါးေဈးမ်ား အျမင့္ေဈးတြင္ ရွိေၾကာင္းသိရသည္။
ငါးေ႐ႊခုတ္သား တစ္ဆယ္သား (၂၅၀ဝ)က်ပ္၊ အုန္းငါးမုတ္တစ္ဆယ္သား (၂၅၀ဝ)က်ပ္၊ ငါး ေတာက္တူ တစ္ဆယ္သား (၃၀ဝဝ-၃၅၀ဝ)က်ပ္၊ ငါးကြမ္းရွပ္တစ္ဆယ္သား (၃၅၀ဝ)က်ပ္ ေဈးမ်ား ရွိသည္။ ကင္းမြန္မ်ားက တစ္ဆယ္သား (၂၅၀ဝ-၃၀ဝဝ)က်ပ္ေဈးျဖင့္ ေဈးေပါလ်က္ရွိၿပီး ျပည္ႀကီးငါးမွာ တစ္ဆယ္သား (၄၀ဝ၀ -၅၀ဝဝ) က်ပ္ေဈးတို႔ျဖင့္ ပုံမွန္အတိုင္းျဖစ္သည္။ ကဏန္းညိဳတစ္ဆယ္သား (၃၅၀ဝ)က်ပ္၊ ေရဘဝဲတစ္ဆယ္သား (၆၀ဝဝ) က်ပ္၊ က်ားပုစြန္တစ္ဆယ္သား (၆၀ဝဝ-၇၀ဝဝ) က်ပ္ေဈးမ်ားျဖင့္ အျမင့္ေဈးမ်ားတြင္ရွိသည္။ အေျခခံစား ေသာက္ကုန္ ေဈးကြက္မွာ လာမည့္ရက္ပိုင္းအတြင္း ေဈးႏႈန္းက်ဆင္းရန္မလြယ္ကူေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။

Related news

© 2021. All rights reserved.