ငွေကျပ် (၂)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးများကို ထိုင်းဘက်သို့ ပို့ရန် ပြင်ဆင်နေစဉ် ဖမ်းမိ

263

သန့်မင်းအိမ်(NP News)-မတ် ၂၃
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ငွေကျပ် (၂)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးများကို ထိုင်းဘက်သို့ ပို့ရန် ပြင်ဆင်နေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (မတ် ၂၂ ရက်)၊ နံနက် (၂) နာရီ (၃၅) မိနစ်ခန့်တွင် တာချီလိတ်မြို့၊ ပုန်းထွန်းရပ်ကွက်၊ မယ်ဆိုင်ချောင်းဘေးရှိ မြေထိန်းနံရံတည်ဆောက်ရေးလုပ်ငန်းခွင်၌ မသင်္ကာဖွယ်ရာလူတစ်စုက အနက်ရောင်အိတ်များကို ကြိုးဖြင့်ချိတ်ဆွဲကာ ချောင်းကိုဖြတ်၍ ထိုင်းနိုင်ငံဘက်သို့ ပို့ဆောင်ရန် ကြိုးပမ်းနေသည်ကို သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ သွားရောက်စစ်ဆေးရာတွင် စိုင်းမောင်ဝမ်း (ခ) ဝမ်းဝမ်း ဆိုသူအား အိတ်အနက်ရောင်၊ ဆာလာအိတ်နှင့် Golden Leaf စာတန်းပါ အိတ်များဖြင့် အဆင့်ဆင့်ထုပ်ပိုးထားသည့် အိုက်စ် (Ice) အိတ် (၁၃) လုံး စုစုပေါင်း (၂၆၀)ကီလိုဂရမ်ခန့် နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ ကာလတန်ဖိုး ငွေကျပ်( ၂ ဒသမ ၈ ဘီလီယံ)ခန့် ရှိပြီး လက်ရှိတွင် ဖမ်းဆီးရမိသူအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံကာ အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
၎င်းအပြင် ဆက်စပ်တရားခံများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် သတင်းများကို လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ကြောင်းနှင့် သတင်းပေးသူများကိုလည်း ထိုက်တန်စွာ ဆုငွေချီးမြှင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

Zawgyi version:
ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ေငြက်ပ္ (၂)ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးမ်ားကို ထိုင္းဘက္သို႔ ပို႔ရန္ ျပင္ဆင္ေနစဥ္ ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (မတ္ ၂၂ ရက္)၊ နံနက္ (၂) နာရီ (၃၅) မိနစ္ခန႔္တြင္ တာခ်ီလိတ္ၿမိဳ႕၊ ပုန္းထြန္းရပ္ကြက္၊ မယ္ဆိုင္ေခ်ာင္းေဘးရွိ ေျမထိန္းနံရံတည္ေဆာက္ေရးလုပ္ငန္းခြင္၌ မသကၤာဖြယ္ရာလူတစ္စုက အနက္ေရာင္အိတ္မ်ားကို ႀကိဳးျဖင့္ခ်ိတ္ဆြဲကာ ေခ်ာင္းကိုျဖတ္၍ ထိုင္းႏိုင္ငံဘက္သို႔ ပို႔ေဆာင္ရန္ ႀကိဳးပမ္းေနသည္ကို သတင္းအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထိုသို႔ သြားေရာက္စစ္ေဆးရာတြင္ စိုင္းေမာင္ဝမ္း (ခ) ဝမ္းဝမ္း ဆိုသူအား အိတ္အနက္ေရာင္၊ ဆာလာအိတ္ႏွင့္ Golden Leaf စာတန္းပါ အိတ္မ်ားျဖင့္ အဆင့္ဆင့္ထုပ္ပိုးထားသည့္ အိုက္စ္ (Ice) အိတ္ (၁၃) လုံး စုစုေပါင္း (၂၆၀)ကီလိုဂရမ္ခန႔္ ႏွင့္အတူ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ဖမ္းဆီးရမိသည့္ မူးယစ္ေဆးဝါးမ်ားမွာ ကာလတန္ဖိုး ေငြက်ပ္( ၂ ဒသမ ၈ ဘီလီယံ)ခန႔္ ရွိၿပီး လက္ရွိတြင္ ဖမ္းဆီးရမိသူအား ဥပေဒအရ ထိေရာက္စြာ အေရးယူႏိုင္ေရးအတြက္ သက္ဆိုင္ရာနယ္ေျမရဲစခန္းသို႔ စနစ္တက် လႊဲေျပာင္းအပ္ႏွံကာ အမႈဖြင့္လွစ္ထားေၾကာင္း သိရသည္။
၎အျပင္ ဆက္စပ္တရားခံမ်ားကို ေဖာ္ထုတ္ဖမ္းဆီးႏိုင္ေရးအတြက္ ဆက္လက္ေဆာင္႐ြက္လ်က္ရွိၿပီး မူးယစ္ေဆးဝါးႏွင့္ ပတ္သက္သည့္ သတင္းမ်ားကို လွ်ိဳ႕ဝွက္စြာ သတင္းေပးတိုင္ၾကားႏိုင္ေၾကာင္းႏွင့္ သတင္းေပးသူမ်ားကိုလည္း ထိုက္တန္စြာ ဆုေငြခ်ီးျမႇင့္ေပးမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။