International ကျောင်းများမှ ပညာရေးဝန်ကြီးဌာနအောက်ရှိ ကျောင်းများသို့ ပြောင်းရွေ့လိုသူများ Placement Test ကို မေလ ၄ ရက် တွင် စတင်ဖြေဆိုရမည်

263

သန့်မင်းအိမ် (NP News)- မတ် ၂၃
နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားနေသော ကျောင်းများ(နိုင်ငံတကာ နှင့် ပြည်တွင်းပုဂ္ဂလိက)မှ ပညာရေး ဝန်ကြီးဌာနအောက်ရှိ ကျောင်းများ (အခြေခံပညာနှင့် ဝန်ကြီးဌာနမှ ခွင့်ပြုထားသော ကိုယ်ပိုင်သို့မဟုတ် ပုဂ္ဂလိက) သို့ ပြောင်းရွှေ့သင်ယူလိုသူများအတွက် Placement Test စစ်ဆေးခြင်းကို လာမည့် ၂၀၂၆ ခုနှစ်၊ မေလ ၄ ရက်နေ့မှ ၁၁ ရက်နေ့အတွင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန က အသိပေးထုတ်ပြန်ထားသည်။
Placement Test စစ်ဆေးခြင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစီအစဉ်ဖြင့် ခရိုင်ရုံးစိုက်ရာ မြို့များတွင် ကျင်းပမည်ဖြစ်ပြီး ဖြေဆိုလိုသူများသည် မိမိတို့တက်ရောက်ခဲ့သည့် ကျောင်းတွင် တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံတကာသင်ရိုးသင်ကျောင်းဖြစ်ကြောင်း အထောက်အထားများ၊ ကျောင်းထောက်ခံချက် သို့မဟုတ် အောင်လက်မှတ်မူရင်းများနှင့်အတူ မွေးစာရင်း သို့မဟုတ် အိမ်ထောင်စုစာရင်း မိတ္တူတို့ကို ပူးတွဲတင်ပြ၍ လျှောက်လွှာများလျှောက်ထားရမည်ဖြစ်ကြောင်းသိရသည်။
Plecement Test လျှောက်လွှာများကို မတ်လ ၂၅ ရက်နေ့မှစ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ပြည်နယ် ပညာရေးမှူးရုံးများတွင် အခမဲ့ထုတ်ယူနိုင်ပြီး ဧပြီလ ၉ ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်တင်သွင်းရမည် ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူသည် Level အရ တက်ရောက်သင်ကြားလိုသော အတန်း၏ Placement Test ကို ဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုသည့်ရက်များတွင် အခြေခံပညာကျောင်းဝတ်စုံ (အဖြူ၊ အစိမ်း) ကိုသာ စနစ်တကျ ဝတ်ဆင်ရမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ချက်နှင့် မပြည့်စုံသော လျှောက်လွှာများကို ပယ်ဖျက်သွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

Zawgyi version:
ႏိုင္ငံတကာသင္႐ိုးၫႊန္းတမ္းျဖင့္ သင္ၾကားေနေသာ ေက်ာင္းမ်ား(ႏိုင္ငံတကာ ႏွင့္ ျပည္တြင္းပုဂၢလိက)မွ ပညာေရး ဝန္ႀကီးဌာနေအာက္ရွိ ေက်ာင္းမ်ား (အေျခခံပညာႏွင့္ ဝန္ႀကီးဌာနမွ ခြင့္ျပဳထားေသာ ကိုယ္ပိုင္သို႔မဟုတ္ ပုဂၢလိက) သို႔ ေျပာင္းေ႐ႊ႕သင္ယူလိုသူမ်ားအတြက္ Placement Test စစ္ေဆးျခင္းကို လာမည့္ ၂၀၂၆ ခုႏွစ္၊ ေမလ ၄ ရက္ေန႔မွ ၁၁ ရက္ေန႔အတြင္း က်င္းပျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာန၊ အေျခခံပညာဦးစီးဌာန က အသိေပးထုတ္ျပန္ထားသည္။
Placement Test စစ္ေဆးျခင္းကို သက္ဆိုင္ရာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစီအစဥ္ျဖင့္ ခ႐ိုင္႐ုံးစိုက္ရာ ၿမိဳ႕မ်ားတြင္ က်င္းပမည္ျဖစ္ၿပီး ေျဖဆိုလိုသူမ်ားသည္ မိမိတို႔တက္ေရာက္ခဲ့သည့္ ေက်ာင္းတြင္ တရားဝင္မွတ္ပုံတင္ထားေသာ ႏိုင္ငံတကာသင္႐ိုးသင္ေက်ာင္းျဖစ္ေၾကာင္း အေထာက္အထားမ်ား၊ ေက်ာင္းေထာက္ခံခ်က္ သို႔မဟုတ္ ေအာင္လက္မွတ္မူရင္းမ်ားႏွင့္အတူ ေမြးစာရင္း သို႔မဟုတ္ အိမ္ေထာင္စုစာရင္း မိတၱဴတို႔ကို ပူးတြဲတင္ျပ၍ ေလွ်ာက္လႊာမ်ားေလွ်ာက္ထားရမည္ျဖစ္ေၾကာင္းသိရသည္။
Plecement Test ေလွ်ာက္လႊာမ်ားကို မတ္လ ၂၅ ရက္ေန႔မွစ၍ သက္ဆိုင္ရာ တိုင္းေဒသႀကီး၊ျပည္နယ္ ပညာေရးမႉး႐ုံးမ်ားတြင္ အခမဲ့ထုတ္ယူႏိုင္ၿပီး ဧၿပီလ ၉ ရက္ေန႔ ေနာက္ဆုံးထား၍ ျပန္လည္တင္သြင္းရမည္ ျဖစ္ေၾကာင္း သိရသည္။
ေလွ်ာက္ထားသူသည္ Level အရ တက္ေရာက္သင္ၾကားလိုေသာ အတန္း၏ Placement Test ကို ေျဖဆိုရမည္ျဖစ္ၿပီး စာေမးပြဲေျဖဆိုသည့္ရက္မ်ားတြင္ အေျခခံပညာေက်ာင္းဝတ္စုံ (အျဖဴ၊ အစိမ္း) ကိုသာ စနစ္တက် ဝတ္ဆင္ရမည္ျဖစ္ေၾကာင္းႏွင့္ သတ္မွတ္ခ်က္ႏွင့္ မျပည့္စုံေသာ ေလွ်ာက္လႊာမ်ားကို ပယ္ဖ်က္သြားမည္ျဖစ္ေၾကာင္း အေျခခံပညာဦးစီးဌာနမွ အသိေပးထုတ္ျပန္ထားသည္။