ပြည်သူ့လွှတ်တော် ဒုတိယနေ့အစည်းအဝေးတွင် ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းကော်မတီတို့ကို စတင်ဖွဲ့စည်း

219

စိမ့်စမ်းရေ (NP News) - မတ် ၂၃
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့ (မတ်လ ၂၃ ရက်) တွင် ကျင်းပ ပြုလုပ်ရာ ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းကော်မတီတို့ကို စတင်ဖွဲ့စည်း လိုက်ကြောင်း သိရသည်။
အစည်းအဝေးတွင် အဆိုပါ ကော်မတီ နှစ်ခု နှင့် ပတ်သက်၍ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးများနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခြင်း၊ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီတွင် ပါဝင်ရန် လျာထားသည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို ပြည်သူ့လွှတ်တော်သို့ တင်ပြခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဥပဒေကြမ်းကော်မတီ တွင် ဦနန္ဒကျော်စွာကို ဥက္ကဌ၊ ဦးသိန်းထွန်းဦးကို အတွင်းရေးမှူး အဖြစ် တာဝန်ပေးအပ်ပြီး ပြည်သူ့ငွေစာရင်းကော်မတီတွင် ဦးတေဇကျော်ကို ဥက္ကဌ၊ ဦးတင်အောင်ချစ်ကို အတွင်းရေးမှုး အဖြစ် တာဝန်ပေးအပ်ကြောင်း သိရသည်။
ယနေ့အစီအစဉ်များတွင် ဒုတိယသမ္မတလောင်းရွေးချယ်ရေးနှင့် ပတ်သက်သော ဆွေးနွေးချက်များ မပါဝင်သေးကြောင်း သိရပြီး တတိယနေ့ အစည်းအဝေးကို မနက်ဖြန် (မတ် ၂၄ရက်) တွင် ဆက်လက် ကျင်းပမည် ဖြစ်သည်။

Zawgyi version:
တတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ ပထမပုံမွန္အစည္းအေဝး ဒုတိယေန႔ကို ယေန႔ (မတ္လ ၂၃ ရက္) တြင္ က်င္းပ ျပဳလုပ္ရာ ဥပေဒၾကမ္းေကာ္မတီႏွင့္ ျပည္သူ႔ေငြစာရင္းေကာ္မတီတို႔ကို စတင္ဖြဲ႕စည္း လိုက္ေၾကာင္း သိရသည္။
အစည္းအေဝးတြင္ အဆိုပါ ေကာ္မတီ ႏွစ္ခု ႏွင့္ ပတ္သက္၍ ျပည္သူ႔ လႊတ္ေတာ္ ဒုတိယဥကၠ႒က ဥပေဒၾကမ္းေကာ္မတီ၏ တာဝန္၊ လုပ္ပိုင္ခြင့္၊ ရပိုင္ခြင့္၊ သက္တမ္း၊ ေကာ္မတီအစည္းအေဝးမ်ားႏွင့္စပ္လ်ဥ္း၍ ရွင္းလင္း ေျပာၾကားျခင္း၊ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒က ဥပေဒၾကမ္းေကာ္မတီတြင္ ပါဝင္ရန္ လ်ာထားသည့္ အဖြဲ႕ဝင္ဦးေရ၊ အဖြဲ႕ဝင္မ်ား၏အမည္စာရင္း၊ ေကာ္မတီဥကၠ႒ႏွင့္ အတြင္းေရးမႉးတို႔၏ အမည္စာရင္းကို ျပည္သူ႔လႊတ္ေတာ္သို႔ တင္ျပျခင္း တို႔ကို ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ဥပေဒၾကမ္းေကာ္မတီ တြင္ ဦနႏၵေက်ာ္စြာကို ဥကၠဌ၊ ဦးသိန္းထြန္းဦးကို အတြင္းေရးမႉး အျဖစ္ တာဝန္ေပးအပ္ၿပီး ျပည္သူ႔ေငြစာရင္းေကာ္မတီတြင္ ဦးေတဇေက်ာ္ကို ဥကၠဌ၊ ဦးတင္ေအာင္ခ်စ္ကို အတြင္းေရးမႈး အျဖစ္ တာဝန္ေပးအပ္ေၾကာင္း သိရသည္။
ယေန႔အစီအစဥ္မ်ားတြင္ ဒုတိယသမၼတေလာင္းေ႐ြးခ်ယ္ေရးႏွင့္ ပတ္သက္ေသာ ေဆြးေႏြးခ်က္မ်ား မပါဝင္ေသးေၾကာင္း သိရၿပီး တတိယေန႔ အစည္းအေဝးကို မနက္ျဖန္ (မတ္ ၂၄ရက္) တြင္ ဆက္လက္ က်င္းပမည္ ျဖစ္သည္။