ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အရေးပေါ် ခွဲစိတ်ကုသမှုအောင်မြင်ပြီး တာဝန်များ ထမ်းဆောင်နေပြီဖြစ်

 1082

Pearl (NP News) - မတ် ၂၃

ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ အရေးပေါ် ခွဲစိတ်ကုသမှုအောင်မြင် ပြီး တာဝန်များ ထမ်းဆောင်နေပြီ ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်ခြင်း (Lumbar spondylosis with Spinal Stenosis) ဝေဒနာခံစားခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့တွင် အမှတ်(၂)တပ်မတော် ဆေးရုံကြီး (ခုတင် ၁၀၀၀) နေပြည်တော်၌ အိန္ဒိယနိုင်ငံမှပါရဂူများနှင့် မြန်မာ့တပ်မတော် ဆေးတပ်ဖွဲ့တို့ပူးပေါင်း၍ အရေးပေါ်ခွဲစိတ်ကုသမှုအား ၂ နာရီကြာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ခွဲစိတ်ကုသမှုအောင်မြင်ပြီး ယခုအခါ နိုင်ငံ့တာဝန်နှင့် တပ်မတော်တာဝန်များကို ကျန်းမာစွာ ထမ်းဆောင်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။

Zawgyi version:

ယာယီသမၼတ၊ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္း သာယာေရးေကာ္မရွင္ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ၏ အေရးေပၚ ခြဲစိတ္ကုသမႈေအာင္ျမင္ ၿပီး တာဝန္မ်ား ထမ္းေဆာင္ေနၿပီ ျဖစ္ေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ၊ သတင္းထုတ္ျပန္ေရး အဖြဲ႕က အသိေပးထုတ္ျပန္ထားသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သည္ ခါးက်ီးေပါင္းေရာဂါေၾကာင့္ အာ႐ုံေၾကာညပ္ျခင္း (Lumbar spondylosis with Spinal Stenosis) ေဝဒနာခံစားခဲ့ရေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၿပီးခဲ့သည့္ မတ္လ ၂၀ ရက္ေန႔တြင္ အမွတ္(၂)တပ္မေတာ္ ေဆး႐ုံႀကီး (ခုတင္ ၁၀၀၀) ေနျပည္ေတာ္၌ အိႏၵိယႏိုင္ငံမွပါရဂူမ်ားႏွင့္ ျမန္မာ့တပ္မေတာ္ ေဆးတပ္ဖြဲ႕တို႔ပူးေပါင္း၍ အေရးေပၚခြဲစိတ္ကုသမႈအား ၂ နာရီၾကာ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ခြဲစိတ္ကုသမႈေအာင္ျမင္ၿပီး ယခုအခါ ႏိုင္ငံ့တာဝန္ႏွင့္ တပ္မေတာ္တာဝန္မ်ားကို က်န္းမာစြာ ထမ္းေဆာင္လ်က္ရွိေၾကာင္း အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.