(၂၀၂၆) ခုနှစ် ပြည်ထောင်စု၏ အခွန်ကောက်ဥပဒေသစ်ကြောင့် ကုန်ဈေးနှုန်းမြင့်တက်လာနိုင်ဟုဆို

715

ပြည့်ဖြိုး (NP News) - မတ် ၂၄
(၂၀၂၆) ခုနှစ် ပြည်ထောင်စု၏ အခွန် ကောက်ဥပဒေသစ်တွင် ကုန်စည်တချို့အပေါ် အခွန်နှုန်း ထားများ တိုးမြှင့်သတ်မှတ်ထားခြင်းကြောင့် ကုန်ဈေးနှုန်းများထပ်မံမြင့်တက်လာမည်ကို စိုးရိမ်နေကြ ကြောင်း ပြည်သူများထံမှသိရသည်။
လက်ရှိ ပြဋ္ဌာန်းချက်အရ အထူးကုန်စည် အမျိုးအစားဖော်ပြချက်တွင် စီးကရက်အမျိုးမျိုး၊ ဆေး ရွက်ကြီး၊ ဗာဂျီးနီးယား ပေါင်းတင်ပြီးဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံသောက်ဆေး၊ ကွမ်း စားဆေးအမျိုးမျိုး၊ အရက်အမျိုးမျိုး၊ ဘီယာအမျိုးမျိုးနှင့် ဝိုင်အမျိုးမျိုးတို့အပေါ် ကောက်ခံမည့်အခွန်ကို အဆင့်ဆင့် တိုးမြှင့်သတ်မှတ်ထားခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။
“အခုနှစ် ဥပဒေသစ်မှာ လူထုကြား ရိုက်ခတ်မှုအရှိဆုံးကတော့ အထူးကုန်စည်ခွန် (Special Goods Tax) ကဏ္ဍပါပဲ။ စက်သုံးဆီ အခက်အခဲကြောင့် သယ်ယူစရိတ်တွေ မြင့်တက်၊ ကုန်ဈေးနှုန်းတွေ ပိုတက်လာတဲ့အချိန်မှာ အခွန်ကောက်တွေ တိုးလာတာကတော့ ဒီအချိန်မှာ စားသုံးသူတွေအတွက် ဆိုး ကျိုးပိုများလာနိုင်တာပေါ့။ အခုလို အခွန်နှုန်းထားတွေ အများကြီး တိုးမြှင့်လိုက်တယ်ဆိုတာက ကုန်စည် စီးဆင်းမှု ကွင်းဆက်တစ်လျှောက် ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါတယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
လက်ရှိ ဥပဒေသစ်တွင် စီးကရက်ဈေးကွက်အတွက် အခွန်နှုန်းထား သုံးဆင့်ပြောင်းလဲထားပြီး အလိပ် (၂၀) ပါဝင်သည့် စီးကရက်တစ်ဘူး၏ ရောင်းဈေးမှာ (၁၀ဝဝ) ကျပ်အောက်ဖြစ်ပါက တစ်လိပ် လျှင် (၁၅) ကျပ် အခွန်ဆောင်ရမည်ဖြစ်ရာ တစ်ဘူးလျှင်အခွန်ပါအပြီး (၁၃၀ဝ)ကျပ်ကုန်ကျမည် ဖြစ် သည်။
ရောင်းဈေး (၁၀ဝ၁) ကျပ်မှ (၂၀ဝဝ) ကျပ်ကြား ရှိသော အလယ်အလတ်တန်းစား စီးကရက် ဖြစ် ပါက တစ်လိပ်လျှင် (၂၈) ကျပ်၊ ရောင်းဈေး (၂၀ဝ၁) ကျပ်နှင့် အထက် အဆင့်မြင့် စီးကရက်များ အတွက် တစ်လိပ်လျှင် (၃၁) ကျပ်အထိ အခွန်နှုန်းထား မြင့်တက်သွားမှာဖြစ်ပြီး ကျေးလက်ဒေသ သုံးစွဲမှုများပြား သည့် ဆေးပေါ့လိပ်များမှာ တစ်လိပ်လျှင် (၃) ကျပ်နှုန်းဖြင့် အနည်းငယ်သာ အခွန်ကောက်ခံရန် သတ် မှတ်ထားကြောင်း သိရသည် ။
“အရင်က မားဗီးယပ်စ် လက်ဟောင်းဈေးက (၅၀ဝဝ) နဲ့ (၇၀ဝဝ) ပတ်လည်၊ အခုကတော့ (ဝ.၃) လက်ဟောင်းဆိုရင် တစ်ယောက်ကို တစ်ဘူးပဲ ရောင်းတာ။ (၁၂၅၀ဝ)နဲ့ (၁၅၀ဝဝ) ကြား ရှိတယ်။ အသစ် ထုတ်တဲ့ဟာကတော့ တစ်ဘူး (၅၀ဝဝ) ပဲ။ ပြည်တွင်းထုတ်တွေ ဈေးသိပ်မတက်နိုင်ပေမယ့် ပြည်ပက သွင်းတာတွေတော့ ဈေးတက်လာနိုင်တယ်။ ဘီယာအတွက်ကျတော့လည်း အခွန်ကောက်ခံတာ များ တယ်ပြောရမယ်” ဟု ရန်ကုန်မြို့ခံပြည်သူတစ်ဦးက ပြောသည်။
ဆေးပြင်းလိပ်၊ဆေးတံသောက်ဆေးနှင့် ကွမ်းစားဈေးအမျိုးမျိုးတို့ကိုမှု လက်ရှိကာလပေါက်ဈေး ၏ (၈၀)ရာခိုင်နှုန်းအထိ တိုးမြင့်ကောက်ခံသွားမည်ဟုသိရသည်။
“ကွမ်းစားဆေး ဈေးတွေက အခွန် မတိုးခင်ကတည်းက ဈေးက အမျိုးအစားအလိုက် အရင်က ထက် တစ်ဘူးကို (၄၀ဝဝ) ၊ (၅၀ဝဝ) ဝန်းကျင် ဈေးတက်နေပြီးသားပါ။ ဒီပုံစံအတိုင်းဆိုရင်တော့ ဈေးက ပိုပြီး အဆင့်ဆင့် တက်လာဦး မယ်ထင်တယ်။ တခါဝယ်၊ တခါဈေးတက်နဲ့ အမြတ်က ဈေးအရင်းထဲ ပါရင်းနဲ့ပဲ ချာလည် လည်နေပြီ။ ပစ္စည်းကလည်း အရင်လို လွယ်လွယ်ကူကူလည်း ဝယ်မရတော့ဘူး”ဟု ကွမ်းယာဆိုင် ဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။
လက်ရှိ ဥပဒေသစ်အရ အရက်နှင့် ဘီယာ ဈေးနှုန်းများအပြောင်းအလဲ ဖြစ်နိုင်ခြေရှိနေပြီး ဘီယာ အမျိုးမျိုးအပေါ် အခွန်နှုန်းထားကို (၆၀) ရာခိုင်နှုန်းအထိ မြင့်မားစွာ သတ်မှတ်ထားကြောင်း သိရသည်။
အရက်အမျိုးမျိုးကိုမူ တန်ဖိုးအလိုက် အခွန်ကောက် ခံမည်ဖြစ်ပြီးတစ်လီတာတန်ဖိုး (၇၀ဝ) ကျပ်အောက် ဈေးအသက်သာဆုံး အရက်များတွင် တစ်လီတာလျှင် (၃၈၇) ကျပ်သတ်မှတ်ထားပြီးအဆင့် (၁၄)ဆင့်ခွဲ ကာ တန်ဖိုးအမြင့်ဆုံး(၃၇၄၀၁) ကျပ်နှင့်အထက် တန်ဖိုးမြင့်အရက်များတွင်တစ်လီတာကို (၆၆၁၃) ကျပ် အထိ အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း ဥပဒေပြဋ္ဌာန်းချက်တွင်ဖေါ်ပြထားသည်။
ထို့အတူ ဝိုင်အမျိုးအမျိုးတွင်လည်း အရည်အသွေးနှင့် တန်ဖိုးအလိုက် အဆင့် (၁၃) ဆင့်ခွဲကာ အခွန်နှုန်းထားများ တိုးမြှင့်ထားပြီး အနိမ့်ဆုံး တစ်လီတာ (၇၀ဝ)ကျပ်အတွက်အခွန် (၂၅၀) ကျပ်မှ အမြင့် ဆုံး တစ်လီတာ တန်ဖိုး(၃၀၁၀၁)ကျပ်၏ (၅၀) ရာခိုင်နှုန်းအထိ သတ်မှတ်ထားကြောင်း သိရသည်။
“အခွန်တိုးကောက်၊ ဈေးနှုန်းတွေ တိုးရောင်းနဲ့ နောက်ဆုံး ပြည်သူတွေပဲ တိုးပြီး ဒုက္ခရောက်ရ တာ။ တဖက်မှာ အခွန် တိုးကောက်သလို တဖက်မှာ ကုန်ဈေးနှုန်းကျဆင်းအောင် လုပ်ဖို့အတွက်ကို လည်း အစိုးရမှာ တာဝန်ရှိပါတယ်။ ဒါက အစိုးရရဲ့ ပေါ်လစီနဲ့ အများကြီး သက်ဆိုင်နေတာပါ” ဟု ပြည်သူတစ်ဦးက ပြောသည်။

Zawgyi Version;
(၂၀၂၆) ခုႏွစ္ ျပည္ေထာင္စု၏ အခြန္ေကာက္ဥပေဒသစ္ေၾကာင့္ ကုန္ေဈးႏႈန္းျမင့္တက္လာႏိုင္ဟုဆို
ျပည့္ၿဖိဳး (NP News) - မတ္ ၂၄
(၂၀၂၆) ခုႏွစ္ ျပည္ေထာင္စု၏ အခြန္ ေကာက္ဥပေဒသစ္တြင္ ကုန္စည္တခ်ိဳ႕အေပၚ အခြန္ႏႈန္း ထားမ်ား တိုးျမႇင့္သတ္မွတ္ထားျခင္းေၾကာင့္ ကုန္ေဈးႏႈန္းမ်ားထပ္မံျမင့္တက္လာမည္ကို စိုးရိမ္ေနၾက ေၾကာင္း ျပည္သူမ်ားထံမွသိရသည္။
လက္ရွိ ျပ႒ာန္းခ်က္အရ အထူးကုန္စည္ အမ်ိဳးအစားေဖာ္ျပခ်က္တြင္ စီးကရက္အမ်ိဳးမ်ိဳး၊ ေဆး ႐ြက္ႀကီး၊ ဗာဂ်ီးနီးယား ေပါင္းတင္ၿပီးေဆး၊ ေဆးေပါ့လိပ္၊ ေဆးျပင္းလိပ္၊ ေဆးတံေသာက္ေဆး၊ ကြမ္း စားေဆးအမ်ိဳးမ်ိဳး၊ အရက္အမ်ိဳးမ်ိဳး၊ ဘီယာအမ်ိဳးမ်ိဳးႏွင့္ ဝိုင္အမ်ိဳးမ်ိဳးတို႔အေပၚ ေကာက္ခံမည့္အခြန္ကို အဆင့္ဆင့္ တိုးျမႇင့္သတ္မွတ္ထားျခင္းေၾကာင့္ျဖစ္ေၾကာင္းသိရသည္။
“အခုႏွစ္ ဥပေဒသစ္မွာ လူထုၾကား ႐ိုက္ခတ္မႈအရွိဆုံးကေတာ့ အထူးကုန္စည္ခြန္ (Special Goods Tax) က႑ပါပဲ။ စက္သုံးဆီ အခက္အခဲေၾကာင့္ သယ္ယူစရိတ္ေတြ ျမင့္တက္၊ ကုန္ေဈးႏႈန္းေတြ ပိုတက္လာတဲ့အခ်ိန္မွာ အခြန္ေကာက္ေတြ တိုးလာတာကေတာ့ ဒီအခ်ိန္မွာ စားသုံးသူေတြအတြက္ ဆိုး က်ိဳးပိုမ်ားလာႏိုင္တာေပါ့။ အခုလို အခြန္ႏႈန္းထားေတြ အမ်ားႀကီး တိုးျမႇင့္လိုက္တယ္ဆိုတာက ကုန္စည္ စီးဆင္းမႈ ကြင္းဆက္တစ္ေလွ်ာက္ ႐ိုက္ခတ္မႈေတြ ရွိလာႏိုင္ပါတယ္”ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
လက္ရွိ ဥပေဒသစ္တြင္ စီးကရက္ေဈးကြက္အတြက္ အခြန္ႏႈန္းထား သုံးဆင့္ေျပာင္းလဲထားၿပီး အလိပ္ (၂၀) ပါဝင္သည့္ စီးကရက္တစ္ဘူး၏ ေရာင္းေဈးမွာ (၁၀ဝဝ) က်ပ္ေအာက္ျဖစ္ပါက တစ္လိပ္ လွ်င္ (၁၅) က်ပ္ အခြန္ေဆာင္ရမည္ျဖစ္ရာ တစ္ဘူးလွ်င္အခြန္ပါအၿပီး (၁၃၀ဝ)က်ပ္ကုန္က်မည္ ျဖစ္ သည္။
ေရာင္းေဈး (၁၀ဝ၁) က်ပ္မွ (၂၀ဝဝ) က်ပ္ၾကား ရွိေသာ အလယ္အလတ္တန္းစား စီးကရက္ ျဖစ္ ပါက တစ္လိပ္လွ်င္ (၂၈) က်ပ္၊ ေရာင္းေဈး (၂၀ဝ၁) က်ပ္ႏွင့္ အထက္ အဆင့္ျမင့္ စီးကရက္မ်ား အတြက္ တစ္လိပ္လွ်င္ (၃၁) က်ပ္အထိ အခြန္ႏႈန္းထား ျမင့္တက္သြားမွာျဖစ္ၿပီး ေက်းလက္ေဒသ သုံးစြဲမႈမ်ားျပား သည့္ ေဆးေပါ့လိပ္မ်ားမွာ တစ္လိပ္လွ်င္ (၃) က်ပ္ႏႈန္းျဖင့္ အနည္းငယ္သာ အခြန္ေကာက္ခံရန္ သတ္ မွတ္ထားေၾကာင္း သိရသည္ ။
“အရင္က မားဗီးယပ္စ္ လက္ေဟာင္းေဈးက (၅၀ဝဝ) နဲ႔ (၇၀ဝဝ) ပတ္လည္၊ အခုကေတာ့ (ဝ.၃) လက္ေဟာင္းဆိုရင္ တစ္ေယာက္ကို တစ္ဘူးပဲ ေရာင္းတာ။ (၁၂၅၀ဝ)နဲ႔ (၁၅၀ဝဝ) ၾကား ရွိတယ္။ အသစ္ ထုတ္တဲ့ဟာကေတာ့ တစ္ဘူး (၅၀ဝဝ) ပဲ။ ျပည္တြင္းထုတ္ေတြ ေဈးသိပ္မတက္ႏိုင္ေပမယ့္ ျပည္ပက သြင္းတာေတြေတာ့ ေဈးတက္လာႏိုင္တယ္။ ဘီယာအတြက္က်ေတာ့လည္း အခြန္ေကာက္ခံတာ မ်ား တယ္ေျပာရမယ္” ဟု ရန္ကုန္ၿမိဳ႕ခံျပည္သူတစ္ဦးက ေျပာသည္။
ေဆးျပင္းလိပ္၊ေဆးတံေသာက္ေဆးႏွင့္ ကြမ္းစားေဈးအမ်ိဳးမ်ိဳးတို႔ကိုမႈ လက္ရွိကာလေပါက္ေဈး ၏ (၈၀)ရာခိုင္ႏႈန္းအထိ တိုးျမင့္ေကာက္ခံသြားမည္ဟုသိရသည္။
“ကြမ္းစားေဆး ေဈးေတြက အခြန္ မတိုးခင္ကတည္းက ေဈးက အမ်ိဳးအစားအလိုက္ အရင္က ထက္ တစ္ဘူးကို (၄၀ဝဝ) ၊ (၅၀ဝဝ) ဝန္းက်င္ ေဈးတက္ေနၿပီးသားပါ။ ဒီပုံစံအတိုင္းဆိုရင္ေတာ့ ေဈးက ပိုၿပီး အဆင့္ဆင့္ တက္လာဦး မယ္ထင္တယ္။ တခါဝယ္၊ တခါေဈးတက္နဲ႔ အျမတ္က ေဈးအရင္းထဲ ပါရင္းနဲ႔ပဲ ခ်ာလည္ လည္ေနၿပီ။ ပစၥည္းကလည္း အရင္လို လြယ္လြယ္ကူကူလည္း ဝယ္မရေတာ့ဘူး”ဟု ကြမ္းယာဆိုင္ ဖြင့္လွစ္ထားသူတစ္ဦးက ေျပာသည္။
လက္ရွိ ဥပေဒသစ္အရ အရက္ႏွင့္ ဘီယာ ေဈးႏႈန္းမ်ားအေျပာင္းအလဲ ျဖစ္ႏိုင္ေျခရွိေနၿပီး ဘီယာ အမ်ိဳးမ်ိဳးအေပၚ အခြန္ႏႈန္းထားကို (၆၀) ရာခိုင္ႏႈန္းအထိ ျမင့္မားစြာ သတ္မွတ္ထားေၾကာင္း သိရသည္။
အရက္အမ်ိဳးမ်ိဳးကိုမူ တန္ဖိုးအလိုက္ အခြန္ေကာက္ ခံမည္ျဖစ္ၿပီးတစ္လီတာတန္ဖိုး (၇၀ဝ) က်ပ္ေအာက္ ေဈးအသက္သာဆုံး အရက္မ်ားတြင္ တစ္လီတာလွ်င္ (၃၈၇) က်ပ္သတ္မွတ္ထားၿပီးအဆင့္ (၁၄)ဆင့္ခြဲ ကာ တန္ဖိုးအျမင့္ဆုံး(၃၇၄၀၁) က်ပ္ႏွင့္အထက္ တန္ဖိုးျမင့္အရက္မ်ားတြင္တစ္လီတာကို (၆၆၁၃) က်ပ္ အထိ အခြန္ေပးေဆာင္ရမည္ျဖစ္ေၾကာင္း ဥပေဒျပ႒ာန္းခ်က္တြင္ေဖၚျပထားသည္။
ထို႔အတူ ဝိုင္အမ်ိဳးအမ်ိဳးတြင္လည္း အရည္အေသြးႏွင့္ တန္ဖိုးအလိုက္ အဆင့္ (၁၃) ဆင့္ခြဲကာ အခြန္ႏႈန္းထားမ်ား တိုးျမႇင့္ထားၿပီး အနိမ့္ဆုံး တစ္လီတာ (၇၀ဝ)က်ပ္အတြက္အခြန္ (၂၅၀) က်ပ္မွ အျမင့္ ဆုံး တစ္လီတာ တန္ဖိုး(၃၀၁၀၁)က်ပ္၏ (၅၀) ရာခိုင္ႏႈန္းအထိ သတ္မွတ္ထားေၾကာင္း သိရသည္။
“အခြန္တိုးေကာက္၊ ေဈးႏႈန္းေတြ တိုးေရာင္းနဲ႔ ေနာက္ဆုံး ျပည္သူေတြပဲ တိုးၿပီး ဒုကၡေရာက္ရ တာ။ တဖက္မွာ အခြန္ တိုးေကာက္သလို တဖက္မွာ ကုန္ေဈးႏႈန္းက်ဆင္းေအာင္ လုပ္ဖို႔အတြက္ကို လည္း အစိုးရမွာ တာဝန္ရွိပါတယ္။ ဒါက အစိုးရရဲ႕ ေပၚလစီနဲ႔ အမ်ားႀကီး သက္ဆိုင္ေနတာပါ” ဟု ျပည္သူတစ္ဦးက ေျပာသည္။