ရနောင်း-ရန်ကုန် တရားမဝင်ကုန်စည် တစ်တန်လျှင် သိန်း (၃၀)နှင့် သိန်း (၇၀) ကြား ပေါက်ဈေး ရှိနေဟုဆို

 90

Pearl (NP News) - မတ် ၂၄

ပြည်ပမှ တရားမဝင်တင်သွင်းလာသည့်ကုန်စည်များ ရနောင်းမှ ရန်ကုန်အရောက်ကို တစ်တန် လျှင် သိန်း (၃၀)နှင့် သိန်း (၇၀) ကြားပေါက်ဈေးရှိနေကြောင်း ကုန်သည်တစ်ဦးက NP News သို့ပြော သည်။
ပြည်ပမှ ကုန်စည်များတင်သွင်းရန် သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် သက်ဆိုင်ရာဌာန များက စိစစ်ကြပ်မတ်ပြီးမှသာ ခွင့်ပြုပေးနေပြီး လိုင်စင်ရရှိရန်မလွယ်ကူသော်လည်း တရားမဝင် ကုန် စည်တင်သွင်းသူများအနေဖြင့် တရားမဝင်ကုန်စည်များကို အလွယ်တကူသယ်ယူ၍ရရှိနေကြောင်း သိရသည်။
“လိုင်စင်တစ်စောင်ကျဖို့ စောင့်ရတာ အကြာကြီး။ မျိုးစုံကြိုးစားရတယ်။ မျိုးစုံလိုက်ရတယ်။ Earning ဖိုးတွေရော၊ လိုင်စင်ခတွေရော အခွန်အခတွေရော အစိုးရကိုပိုက်ဆံပေးပြီးမှ ရပ်တည်ဖို့ လုပ် နေတာ။ ပင်လယ်ရေကြောင်း ကုန်သွယ်လိုင်စင်ရှိတယ်။ ပြီးရင် နယ်စပ်လိုင်စင် (၂)ခုလုံးလျှောက်တယ်။ ရတယ်ဆိုပေမယ့်လည်း သင့်တင့်စွာရတယ်။ ပြီးရင် နိုင်ငံတော်ကလည်း ဦးစားပေး(၁)၊ (၂) တွေ။ ဦးစား ပေးစာရင်းထဲမပါရင် တော်တော်စောင့်ရတယ်။ လိုင်စင်တစ်စောင်ရဖို့ကလည်းမလွယ်ဘူး။ ရပြီဆိုရင် လည်း ကုန်ကျစရိတ်တွေက အမြောက်အမြားပဲ။ ပြီးရင် အစိုးရကိုပေးရတဲ့အခွန်အခတွေရှိတယ်။ ရင်းနှီး မြှုပ်နှံရတာတွေရှိတယ်။ ပစ္စည်းက သွင်းခွင့်ရပြီး သွင်းလာပြီဆိုရင် ကမ္ဘာ့ပေါက်ဈေးကရှိတယ်။ အခုဆို လည်း Cargo Trade Cost တွေက ဈေးကြီးတယ် စသည်ဖြင့် စီးပွားရေးလုပ်ငန်းရှင်တွေ ရင်ဆိုင်နေရတဲ့ အရာပေါ့” ဟုပြောသည်။
ဈေးကွက်အတွင်း တရားဝင်ကုန်စည်နှင့်တရားမဝင်ကုန်စည်တို့ ဈေးနှုန်းကွာဟမှုများကြောင့် ဈေးကွက်ပျက်ကာ တရားဝင်လုပ်ကိုင်သူများ နစ်နာရကြောင်းလည်း ၎င်းကပြောသည်။
“ဆိုတော့ ကျွန်‌တော်တို့က ခက်ခက်ခဲခဲလျှောက်ပြီးသွင်းလာတာတွေကို မှောင်ခိုက ရနောင်း ဘက်ကနေ ရန်ကုန်အရောက်ဆိုရင် (၁) တန်ကို သိန်း (၃၀)နဲ့ သိန်း (၇၀) ကြားပေါက်တယ်။ သူတို့ သွင်း လာတဲ့ ပစ္စည်းတွေကို ယှဉ်ပြီးရောင်းဖို့ဆိုတာ မလွယ်ဘူး။ တော်တော်ဒုက္ခရောက်တယ်။ အဲဒီအခြေ အနေကြီးကို မှောင်ခိုသမားတွေကို မကျေနပ်ဘူး။ အခုရောက်လာပြီဆို မှောင်ခိုတွေချည်းပဲ။ မှောင်ခို တွေရောက်လာပြီဆိုရင် တရားဝင်အခွန်ဆောင်ပြီး သွင်းနေတာတွေကို သူတို့က မှောင်ခိုရနေတာ။ ဈေး ကွက်တွေကပျက်နေပြီ”ဟုပြောသည်။
ထိုသို့ တရားမဝင်တင်သွင်းလာသောကုန်များသည် စားသောက်ကုန်များ၊ လူသုံးကုန်များနှင့် နို့ နှင့်နို့ထွက်ပစ္စည်းများဖြစ်ပြီး အမျိုးအစားအလိုက် ရနောင်းမှရန်ကုန်အရောက်ကို ကျသင့်ငွေ ပေါက်ဈေး များရှိနေပြီး အဆိုပါကုန်စည်များကို နည်းမျိုးစုံဖြင့် သယ်ယူနေခြင်းဖြစ်ကြောင်းလည်းသိရသည်။
“ရနောင်းကနေ ရေလယ်ကိုသယ်တာက ကွန်တိန်နာလိုက်သယ်တာမဟုတ်ပေမယ့် ကွန်တိန် နာတစ်လုံးစာကို သိန်း (၁၂၀) လောက်ပေါက်တယ်။ ကိုယ်တိုင်ကိုယ်ကျ Run တယ်၊ ကိုယ့်အေးဂျင့် လည်းထားတယ်ဆိုရင် (၁၅) သိန်းဆိုရောက်ပြီ။ အေးဂျင့်ကို တစ်ခါတည်းအပ်မယ်ဆိုရင် သိန်း(၃၀)နဲ့ သိန်း (၇၀)၊ (၈၀)ကြားပေါက်တာပေါ့။ Valued Item ဆိုရင် ပိုဈေးများတာပေါ့။ ကုန်တွေကျတော့ စား သောက်ကုန်တွေ၊ အဓိကကတော့ ကန့်သတ်ထားတဲ့စားသောက် ကုန်တွေ။ ဦးစားပေးစာရင်းထဲမပါတဲ့ စားသောက်ကုန်တွေက လိုင်စင်ရဖို့လည်းခက်တယ်။ အဲဒါတွေကို သူတို့နဲ့ယှဉ်ရောင်းဖို့ဆို ပိုဆိုးတာပေါ့။ ရန်ကုန်မှာလည်း လာပို့ပေးတာ။ သူတို့ရဲ့ Warehouse တို့ ဘာတို့ သွားကြည့်လို့မရဘူး။ အပျောက် ရောင်းတာ” ဟု ၎င်းက ပြောသည်။

Zawgyi Version;
ရေနာင္း-ရန္ကုန္ တရားမဝင္ကုန္စည္ တစ္တန္လွ်င္ သိန္း (၃၀)ႏွင့္ သိန္း (၇၀) ၾကား ေပါက္ေဈး ရွိေနဟုဆို
Pearl (NP News) - မတ္ ၂၄
ျပည္ပမွ တရားမဝင္တင္သြင္းလာသည့္ကုန္စည္မ်ား ရေနာင္းမွ ရန္ကုန္အေရာက္ကို တစ္တန္ လွ်င္ သိန္း (၃၀)ႏွင့္ သိန္း (၇၀) ၾကားေပါက္ေဈးရွိေနေၾကာင္း ကုန္သည္တစ္ဦးက NP News သို႔ေျပာ သည္။
ျပည္ပမွ ကုန္စည္မ်ားတင္သြင္းရန္ သြင္းကုန္လိုင္စင္ေလွ်ာက္ထားရာတြင္ သက္ဆိုင္ရာဌာန မ်ားက စိစစ္ၾကပ္မတ္ၿပီးမွသာ ခြင့္ျပဳေပးေနၿပီး လိုင္စင္ရရွိရန္မလြယ္ကူေသာ္လည္း တရားမဝင္ ကုန္ စည္တင္သြင္းသူမ်ားအေနျဖင့္ တရားမဝင္ကုန္စည္မ်ားကို အလြယ္တကူသယ္ယူ၍ရရွိေနေၾကာင္း သိရသည္။
“လိုင္စင္တစ္ေစာင္က်ဖို႔ ေစာင့္ရတာ အၾကာႀကီး။ မ်ိဳးစုံႀကိဳးစားရတယ္။ မ်ိဳးစုံလိုက္ရတယ္။ Earning ဖိုးေတြေရာ၊ လိုင္စင္ခေတြေရာ အခြန္အခေတြေရာ အစိုးရကိုပိုက္ဆံေပးၿပီးမွ ရပ္တည္ဖို႔ လုပ္ ေနတာ။ ပင္လယ္ေရေၾကာင္း ကုန္သြယ္လိုင္စင္ရွိတယ္။ ၿပီးရင္ နယ္စပ္လိုင္စင္ (၂)ခုလုံးေလွ်ာက္တယ္။ ရတယ္ဆိုေပမယ့္လည္း သင့္တင့္စြာရတယ္။ ၿပီးရင္ ႏိုင္ငံေတာ္ကလည္း ဦးစားေပး(၁)၊ (၂) ေတြ။ ဦးစား ေပးစာရင္းထဲမပါရင္ ေတာ္ေတာ္ေစာင့္ရတယ္။ လိုင္စင္တစ္ေစာင္ရဖို႔ကလည္းမလြယ္ဘူး။ ရၿပီဆိုရင္ လည္း ကုန္က်စရိတ္ေတြက အေျမာက္အျမားပဲ။ ၿပီးရင္ အစိုးရကိုေပးရတဲ့အခြန္အခေတြရွိတယ္။ ရင္းႏွီး ျမႇဳပ္ႏွံရတာေတြရွိတယ္။ ပစၥည္းက သြင္းခြင့္ရၿပီး သြင္းလာၿပီဆိုရင္ ကမာၻ႔ေပါက္ေဈးကရွိတယ္။ အခုဆို လည္း Cargo Trade Cost ေတြက ေဈးႀကီးတယ္ စသည္ျဖင့္ စီးပြားေရးလုပ္ငန္းရွင္ေတြ ရင္ဆိုင္ေနရတဲ့ အရာေပါ့” ဟုေျပာသည္။
ေဈးကြက္အတြင္း တရားဝင္ကုန္စည္ႏွင့္တရားမဝင္ကုန္စည္တို႔ ေဈးႏႈန္းကြာဟမႈမ်ားေၾကာင့္ ေဈးကြက္ပ်က္ကာ တရားဝင္လုပ္ကိုင္သူမ်ား နစ္နာရေၾကာင္းလည္း ၎ကေျပာသည္။
“ဆိုေတာ့ ကြၽန္‌ေတာ္တို႔က ခက္ခက္ခဲခဲေလွ်ာက္ၿပီးသြင္းလာတာေတြကို ေမွာင္ခိုက ရေနာင္း ဘက္ကေန ရန္ကုန္အေရာက္ဆိုရင္ (၁) တန္ကို သိန္း (၃၀)နဲ႔ သိန္း (၇၀) ၾကားေပါက္တယ္။ သူတို႔ သြင္း လာတဲ့ ပစၥည္းေတြကို ယွဥ္ၿပီးေရာင္းဖို႔ဆိုတာ မလြယ္ဘူး။ ေတာ္ေတာ္ဒုကၡေရာက္တယ္။ အဲဒီအေျခ အေနႀကီးကို ေမွာင္ခိုသမားေတြကို မေက်နပ္ဘူး။ အခုေရာက္လာၿပီဆို ေမွာင္ခိုေတြခ်ည္းပဲ။ ေမွာင္ခို ေတြေရာက္လာၿပီဆိုရင္ တရားဝင္အခြန္ေဆာင္ၿပီး သြင္းေနတာေတြကို သူတို႔က ေမွာင္ခိုရေနတာ။ ေဈး ကြက္ေတြကပ်က္ေနၿပီ”ဟုေျပာသည္။
ထိုသို႔ တရားမဝင္တင္သြင္းလာေသာကုန္မ်ားသည္ စားေသာက္ကုန္မ်ား၊ လူသုံးကုန္မ်ားႏွင့္ ႏို႔ ႏွင့္ႏို႔ထြက္ပစၥည္းမ်ားျဖစ္ၿပီး အမ်ိဳးအစားအလိုက္ ရေနာင္းမွရန္ကုန္အေရာက္ကို က်သင့္ေငြ ေပါက္ေဈး မ်ားရွိေနၿပီး အဆိုပါကုန္စည္မ်ားကို နည္းမ်ိဳးစုံျဖင့္ သယ္ယူေနျခင္းျဖစ္ေၾကာင္းလည္းသိရသည္။
“ရေနာင္းကေန ေရလယ္ကိုသယ္တာက ကြန္တိန္နာလိုက္သယ္တာမဟုတ္ေပမယ့္ ကြန္တိန္ နာတစ္လုံးစာကို သိန္း (၁၂၀) ေလာက္ေပါက္တယ္။ ကိုယ္တိုင္ကိုယ္က် Run တယ္၊ ကိုယ့္ေအးဂ်င့္ လည္းထားတယ္ဆိုရင္ (၁၅) သိန္းဆိုေရာက္ၿပီ။ ေအးဂ်င့္ကို တစ္ခါတည္းအပ္မယ္ဆိုရင္ သိန္း(၃၀)နဲ႔ သိန္း (၇၀)၊ (၈၀)ၾကားေပါက္တာေပါ့။ Valued Item ဆိုရင္ ပိုေဈးမ်ားတာေပါ့။ ကုန္ေတြက်ေတာ့ စား ေသာက္ကုန္ေတြ၊ အဓိကကေတာ့ ကန႔္သတ္ထားတဲ့စားေသာက္ ကုန္ေတြ။ ဦးစားေပးစာရင္းထဲမပါတဲ့ စားေသာက္ကုန္ေတြက လိုင္စင္ရဖို႔လည္းခက္တယ္။ အဲဒါေတြကို သူတို႔နဲ႔ယွဥ္ေရာင္းဖို႔ဆို ပိုဆိုးတာေပါ့။ ရန္ကုန္မွာလည္း လာပို႔ေပးတာ။ သူတို႔ရဲ႕ Warehouse တို႔ ဘာတို႔ သြားၾကည့္လို႔မရဘူး။ အေပ်ာက္ ေရာင္းတာ” ဟု ၎က ေျပာသည္။

Related news

© 2021. All rights reserved.