လှုပ်ရှားသက်ဝင်လာသည့် လွှတ်တော်နိုင်ငံရေးနှင့် မြန်မာ့အနာဂတ် စိန်ခေါ်မှုများ

 136

အောင်နိုင်သူ (ဇွဲကပင်) (NP News) - မတ် ၂၅

မြန်မာနိုင်ငံတွင် (၅)နှစ်ခန့်ရပ်နားထားခဲ့သည့်လွှတ်တော်နိုင်ငံရေးမှာ မတ်လ (၁၆)ရက်က ပြန် လည်အသက်ဝင်လာပြီဖြစ်ပါသည်။ ပြည်သူ့လွှတ်တော်ခေါ်ယူမှုနှင့်အတူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအ ဖြစ် ဦးခင်ရီအားလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမောင်မောင်အုန်းအားလည်းကောင်း ခန့်အပ်ခဲ့ကြ ပါသည်။ အမျိုးသားလွှတ်တော်ကိုလည်း မတ်လ(၁၈) ရက်တွင်ခေါ်ယူပြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ များကိုခန့်အပ်သွားမည်ဖြစ်သဖြင့် မြန်မာ့လွှတ်တော်သည် ပြန်လည်အသက်ဝင်လာပြီဖြစ်ပါသည်။ လွှတ် တော်နိုင်ငံရေး ပြန်လည်သက်ဝင်လှုပ်ရှားလာမှုနှင့်အတူ ဒီမိုကရေစီစနစ်လည်း ပြန်လည်နိုးထလာပြီဟု ဆိုရမည်ဖြစ်ပါသည်။ လွှတ်တော်နိုင်ငံရေးမှ တစ်ဆင့် မကြာမီအရပ်သားအစိုးရသစ် ရွေးချယ်ခန့်အပ်ပွဲ ကိုလည်း မြင်ကြရတော့မည်ဖြစ်ပါသည်။ ဤ သည်မှာ စာရေးသူ မကြာခဏပြောလေ့ရှိသည့် Global Cuture နှင့်ကိုက်ညီသည့် အစိုးရသစ်တစ်ရပ်ပေါ်ထွန်းလာရေးအတွက် ကနဦးနိုင်ငံရေးလုပ်ငန်းစဉ် လည်းဖြစ်ပါသည်။
အစိုးရတစ်ရပ်ဆိုသည်မှာ မည်သည့်စနစ်ကိုကျင့်သုံးသည်ဆိုခြင်းထက် Civilian government အရပ်သားအစိုးရဖြစ်ရေးကပို၍အရေးကြီးပါသည်။ နိုင်ငံတကာအလယ်တွင် အများစုကနှစ်သက်သဘော ကျသောအစိုးရမှာ အရပ်သားအစိုးရပုံစံမျိုးဖြစ် ပါသည်။ ဥပမာ တရုတ်၊ ရုရှား၊ စင်ကာပူတို့သည် ဒီမိုက ရေစီအစိုးရစစ်စစ်များ မဟုတ်ကြချေ။ Civilian government? Civilian Administration ဖြစ်ခြင်း ကြောင့် နိုင်ငံတကာမှာ မျက်နှာပန်းပွင့်ရခြင်းဖြစ်ပါသည်။ နိုင်ငံတကာက လက်ခံအသိမှတ်ပြုကြသည် ကိုတွေ့ရမည်ဖြစ်သည်။
အစိုးရတစ်ရပ်သည် အရပ်သားအစိုးရဖြစ်မှသာ နိုင်ငံတကာနှင့် ဆက်ဆံရေးအဆင်ပြေမည်ဖြစ် ကြောင်း စင်ကာပူဝန်ကြီးချုပ် လီကွမ်ယုက ဗိုလ်ချုပ်ကြီးခင်ညွန့်ကို အကြံပေးခဲ့သည်ဟု စာအုပ်တစ် အုပ်တွင် ဖတ်မှတ်ဖူးပါသည်။ Civilian government ၊ Civilian Administration များကိုသာ နိုင်ငံ တကာအနေဖြင့် မဖြစ်မနေလက်ခံပေးရသည့် နိုင်ငံရေးမော်ဒယ်၊ နိုင်ငံရေးယဉ်ကျေးမှုတစ်ခုလည်း ဖြစ် ပါသည်။
လက်ရှိတက်လာမည့် မြန်မာနိုင်ငံ၏ အစိုးရသစ်သည် Civilian government ၊ Civilian Admin istration ထက်ပိုအဆင့်မြင့်သော Democrati- cally Elected Government (ဒီမိုကရေစီနည်းကျ ရွေး ကောက်တင်မြှောက်ထားသောအစိုးရ) ပြည်သူ့ဆန္ဒဖြင့်တက်လာမည့်အရပ်သားအစိုးရဖြစ်ပါသည်။ အစိုးရသစ်၏ ဒီမိုကရေစီခရီးလမ်းကိုကြည့်လျှင် (၅) နှစ်နီးပါးခန့် ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရသည်။ နိုင်ငံ တစ်ဝန်း တည်ငြိမ်အေးချမ်းအောင် အပြင်းအထန်ကြိုးပမ်း၍ ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ခဲ့ရ သည်။ နောက်ဆုံးမှာတော့ နိုင်ငံတော်နှင့် ပြည်သူလူထု၏လိုလားချက်နှင့်အညီ စစ်မှန်စည်းကမ်းပြည့်ဝ တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် နိုင်ငံတစ်ဝန်းမှာ ရွေးကောက်ပွဲများကို တပ်မတော်ဦးဆောင်သောအစိုးရက အပိုင်း(၃)ပိုင်းခွဲပြီး ကျင်းပပြုလုပ်ခဲ့ပါသည်။ ရွေးကောက်ပွဲ အပိုင်း (၁)ကို (၂၀၂၅)ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်မှာ မြို့နယ်ပေါင်း (၁၀၂)မြို့နယ်၊ ရွေးကောက်ပွဲအပိုင်း(၂)ကို (၂၀၂၆) ခုနှစ် ဇန်နဝါရီလ(၁၁)ရက်မှာ မြို့နယ်ပေါင်း (၁၀ဝ)မြို့နယ်၊ ရွေးကောက်ပွဲအပိုင်း(၃)ကို (၂၀၂၆) ခုနှစ် ဇန်နဝါရီလ(၂၅)ရက်မှာ မြို့နယ်ပေါင်း (၆၁) မြို့နယ် ဖြင့် စုစုပေါင်း မြို့နယ်(၂၆၃)မြို့နယ်မှာ အောင် မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ဤရွေးကောက်ပွဲမှာ မဲပေးခွင့် ရှိသော ပြည်သူ (၂၄ ဒသမ ၂၂) သန်းကျော်ရှိ သည့်အနက် (၁၃ ဒသမ ၁၄) သန်းကျော်၊ ရာခိုင်နှုန်းအားဖြင့် (၅၅)ရာခိုင်နှုန်းနီးပါး တက်တက်ကြွကြွ လာရောက်မဲပေးခဲ့ကြသည်။ ထို့ကြောင့် ပြည်သူလူထု၏ ဒီမိုကရေ စီလိုအင်ဆန္ဒကို ထင်ရှားစွာပြဆိုနိုင်ခဲ့ သည့်ရွေးကောက် ပွဲဖြစ်ခဲ့သည်ကိုတွေ့ရှိရပါသည်။ ရွေးကောက်ပွဲသည် ဒီမိုကရေစီစနစ်၏ အရေးကြီး ပန်းတိုင်ဖြစ်သည်နှင့် အညီ လုံခြုံမှုရှိစေရေး၊ ပြည်သူလူထုအနေဖြင့် မိမိတို့ဆန္ဒများနှင့်အညီ မဲပေးရွေး ချယ်နိုင်ရေး နိုင်ငံတော်အစိုးရက စီမံဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ထို့ကြောင့် တရားမျှတသည့်ရွေး ကောက်ပွဲအဖြစ် ကမ္ဘာသိကြော် ငြာနိုင်ခဲ့၍လည်း ယခုအခါ လွှတ်တော်နိုင်ငံရေးကို စတင်မြင်တွေ့ခဲ့ရ ပြီးဖြစ်ပါသည်။ ထို့ကြောင့်လည်း တပ်မတော်သည် ယခုဆိုလျှင် (၂၀ဝ၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ နိုင်ငံတော်အာဏာကို အနိုင်ရပါတီထံ ပြန်လည်လွှဲပြောင်းနိုင်ရေးဆောင်ရွက်နေပြီဖြစ်သဖြင့် မကြာမီ အစိုးရသစ်နှင့်အတူ မြန်မာ့အနာဂတ်ကို မြင်တွေ့ရတော့မည်ဖြစ်ပါသည်။
မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတွင် လွှတ်တော်သည် နိုင်ငံတော်၏အာဏာသုံးရပ်ကို ထိန်း ကျောင်းရာတွင် ပြည်သူ့အသံကိုဖော်ဆောင်ရာ၌ အရေးပါခဲ့သည်ကိုတွေ့ရသည်။ ယနေ့ကာလတွင် လည်း ပြန်လည်လှုပ်ရှားသက်ဝင်လာသည့် လွှတ်တော်နိုင်ငံရေးအခင်းအကျင်းသည် မြန်မာ့နိုင်ငံရေး အနာဂတ်အတွက် မျှော်လင့်ချက်အသစ်လား သို့မဟုတ် စိန်ခေါ်မှု အသစ်လားဆိုသည်ကို ပြည်သူလူထု စိတ်ဝင်စားဖြင့် စောင့်ကြည့်နေကြပါသည်။
လွှတ်တော်နှင့်လွှတ်တော်ကိုယ်စားလှယ်များ၏တာဝန်များတွင် ဥပဒေပြုရေးတာဝန် (Legis- lative Task) ၊ အစိုးရကိုထိန်းကျောင်းခြင်းတာဝန် (Over­sight Task)၊ ပြည်သူကိုကိုယ်စားပြုခြင်း တာဝန် (Representative Task) နှင့် ဘဏ္ဍာရေးဆိုင်ရာ တာဝန်(Financial Task) များကို အဓိက ထမ်းဆောင်ရပါသည်။ ဥပဒေပြုရေးတာဝန်အရ နိုင်ငံတော်နှင့်ပြည်သူ့အတွက် အကျိုးရှိမည့် ဥပဒေ အသစ်များကို အဆိုတင်သွင်းခြင်း၊ ခေတ်စနစ်နှင့်မညီတော့သည့် ဥပဒေဟောင်းများကိုပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း၊ ဥပဒေကြမ်းတွေကို စနစ်တကျလေ့လာဆန်းစစ်ပြီး ထောက်ခံခြင်းသို့မဟုတ် ကန့်ကွက်ခြင်းများပြုလုပ်ရမည်ဖြစ်ပါသည်။
ထို့ကြောင့် လှုပ်ရှားသက်ဝင်လာသော မြန်မာ့လွှတ်တော်သည်လည်း ပြည်သူလူထုအတွက် အကျိုးရှိစေမည့်ဥပဒေများကို ပြဋ္ဌာန်းပေးလိမ့်မည်ဟု ပြည်သူများက ယုံကြည်မျှော်လင့်နေကြပြီဖြစ်ပါ သည်။ အစိုးရကိုထိန်းကျောင်းခြင်းတာဝန် (Oversight Task) အရလည်း အုပ်ချုပ်ရေးအာဏာကို အလွဲ သုံးစားမဖြစ်အောင်၊ ဥပဒေများနှင့် လုပ်ဆောင်မှုရှိလာအောင် စောင့်ကြည့်၍ လွှတ်တော်၌ မေးခွန်း မေး မြန်းခြင်းနှင့် အဆိုတင်သွင်းခြင်းဖြင့် ပြည်သူ့အကျိုးကို စောင့်ရှောက်ပေးစေလိုပါသည်။ ပြည်သူကို ကိုယ် စားပြုခြင်းတာဝန် (Representative Task) အရ မိမိကိုရွေးချယ်လိုက်သည့် မဲဆန္ဒရှင်ပြည်သူများ၏ အသံကို လွှတ်တော်ထဲရောက်အောင် ပို့ဆောင်ပေးရမည်ဖြစ်သလို မိမိမဲဆန္ဒနယ်မှပြည်သူများကြုံတွေ့ နေရသည့် အခက်အခဲများကို လွှတ်တော်၌ တင်ပြဆွေးနွေးခြင်းဖြင့် ပြည်သူချစ်သော ပြည်သူ့လွှတ် တော်ကြီးအဖြစ် ပြည်သူကယုံကြည်မျှော်လင့်လျက်ရှိပါသည်။ ထို့ကြောင့် လှုပ်ရှားသက်ဝင်လာသော လွှတ်တော်နှင့်အတူ ပိုမိုကောင်းမွန်သော မြန်မာ့အနာဂတ်ကိုတည်ဆောက်ကြရမည်ဖြစ်ပါသည်။
နိုင်ငံတကာစံနှုန်းအရ အစိုးရတစ်ရပ်၏ တရားဝင်မှုကို လွှတ်တော်မှတစ်ဆင့် တိုင်းတာလေ့ရှိပါ သည်။ ရွေးကောက်ပွဲမှတစ်ဆင့် တက်လာသည့်အရပ်သား ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားသည့် လွှတ်တော်သည် ပြည်သူ့ဆန္ဒကို အစစ်အမှန်ကိုယ်စားပြုနိုင်မှ သာလျှင် ပြည်တွင်းရောပြည်ပကပါ အသိ အမှတ်ပြုသည့်အစိုးရတစ်ရပ် ဖြစ်လာမည်ဖြစ်ပါသည်။ ထို့ကြောင့် မကြာမီတက်လာတော့မည့်အစိုးရ သစ်၏ နိုင်ငံတကာဝင်ဆံ့ရေးနှင့် Legitimacy ဖြစ်စေရေး သည် လွှတ်တော်၏ အခန်းကဏ္ဍအရေးပါ လှပါသည်။
လွှတ်တော်အတွင်း၌ မတူကွဲပြားသည့် နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားကိုယ်စားလှယ်များ စုံစုံလင်လင် ပါဝင်ဆွေးနွေးနိုင်ခြင်းသည် နိုင်ငံရေးအကျပ်အတည်းကို စားပွဲဝိုင်းပေါ်တွင်ဖြေရှင်းနိုင်မည့် စနစ်တစ်ခုဖြစ်၍ လွှတ်တော်နိုင်ငံရေးသည် ယဉ် ကျေးသိမ်မွေ့လှပါသည်။ လွှတ်တော်နိုင်ငံရေး ပြန် လည်အသက်ဝင်လာခြင်းနှင့်အတူ အရပ်သားအစိုးရ အုပ်ချုပ်ရေးသို့ ချောမွေ့စွာအသွင်ကူးပြောင်းနိုင် မည့်အရိပ်လက္ခဏာများကိုမြင်ရသည့်အခါ (၂၀၁၁) ခုနှစ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ ဦးသိန်းစိန်ဆီသို့ ညင်သာစွာကူးပြောင်းနိုင်သည့်ကာလများကို ပြန်လည်အမှတ်ရမိစေပါသည်။
ထိုအချိန်က ညင်သာလွန်းသည့် မြန်မာ့နွေဦးအ ပြောင်းအလဲကို ကတ္တီပါနိုင်ငံရေးဟု တင်စား ကြသလို မြန်မာ့နွေဦးနှင့် အာရပ်နွေဦးကိုလည်း ခိုင်နှိုင်းလေ့ ရှိကြပါသည်။ အာရပ်နွေဦးကမူ မြန်မာ့နွေဦး ကဲ့သို့ မညင်သာခဲ့။ လစ်ဗျားခေါင်းဆောင် ကဒါဖီကျဆုံးမှုနှင့် သွေးထွက်သံယိုပြင်းထန်ခဲ့သည်။ ထိုအချိန် က “အာရပ်နွေဦး” (Arab Spring) လှုပ်ရှားမှုက တော် တော်လေး အရုပ်ဆိုးအကျည်းတန်ခဲ့သလို သွေးထွက်သံယိုမှုများကလည်း တော်တော်လေးပြင်းထန်ခဲ့ပါ သည်။ တူနီးရှားသမ္မတ ဇင်းအယ်လ် အဘီဒင်းဘင်အလီ (Zine El Abidine Ben Ali) အာဏာစွန့်ပြေး ခဲ့ရသည်။ အီဂျစ်သမ္မတ ဟို့စနီမူဘာ ရက် ရာထူးက နုတ်ထွက်ခဲ့ရသည်။ လစ်ဗျားခေါင်းဆောင် ကဒါဖီ အ သတ်ခံရပြီး အစိုးရပြုတ်ကျခဲ့ရ သည်။ ယီမင်တွင် သမ္မတ အလီအဗ္ဗဒူလာဆာလေး (Ali Abdullah Saleh) အာဏာလွှဲပြောင်းပေးခဲ့ ရပါသည်။
သို့သော် အာရပ်နွေဦးနှင့်အပြိုင် မြန်မာ့ဒီမိုကရေစီအသွင်းကူးပြောင်းမှုညင်သာခဲ့၍ နိုင်ငံတကာ က ချီးကျူးခဲ့ကြပါသည်။ ဦးသိန်းစိန်အစိုးရသစ်သည် နိုင်ငံတကာအလယ်တွင် မျက်နှာပန်းပွင့်ခဲ့ရသည်။ နိုင်ငံတကာကလည်း ပိတ်ဆို့မှုအချို့ကို ဖြေလျှာ့ပေးခြင်းနှင့် ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြ သည်။ ထို့ကြောင့် ဦးသိန်းစိန်ခေတ် မြန်မာ့နိုင်ငံရေးသည် ချောမွေ့ခဲ့သည်ဟုဆိုနိုင်ပါသည်။
လွှတ်တော်နိုင်ငံရေး ပြန်လည်နိုးထလာခြင်းသည် ဒီမိုကရေစီခရီးလမ်းအတွက် အားတက်ဖွယ် ရာဖြစ်သော်လည်း အစိုးရသစ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ရှေ့တွင်စောင့်ကြိုနေသည့် စိန်ခေါ်မှု များကလည်း များစွာရှိနေဦးမည်ဖြစ်ပါသည်။ ယခုလွှတ်တော်နှင့်အစိုးရသစ်သည် (၂၀၁၁)ခုနှစ် အကူး အပြောင်းကာလနှင့်မတူညီသည့်အချက်မှာ ယနေ့ကာလတွင် ပိုမိုနက်ရှိုင်းသော ပထဝီနိုင်ငံရေးပဋိပက္ခ များနှင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများက ပိုမိုရှုပ်ထွေးစွာတည်ရှိနေခြင်းကြောင့်ဖြစ်ပါသည်။ ထို့ ပြင် နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှုများ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေး၊ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်အချုပ် အခြာအာဏာကိုခြိမ်းခြောက်လာနေသည့် စစ်ဘုရင်ဝါဒများသည် လွှတ်တော်နှင့်အစိုးရသစ်တို့အား မြန်မာ့အနာဂတ်စိန်ခေါ်မှုများအဖြစ် ဆီးကြို နေမည်ဖြစ်ပါသည်။
မကြာမီတက်လာတော့မည့်အစိုးရသစ်လက်ထက်တွင် ရင်ဆိုင်ရမည့်အကြီးမားဆုံးသော စိန်ခေါ်မှုပြဿနာမှာ ဆုံးရှုံးသွားသောနယ်မြေများ ပြန်လည်ရရှိရေးနှင့် အုပ်ချုပ်ရေးယန္တရား ပြန်လည် စတင်နိုင်ရေးပင်ဖြစ်ပါသည်။ အထူးသဖြင့် ရှမ်းပြည်နယ်မြောက် ပိုင်းနှင့် ရခိုင်ပြည်နယ်များရှိ ယာယီစွန့် လွှတ်လိုက်ရသောနယ်မြေများသည် အစိုးရသစ်၏ အုပ်ချုပ်ရေး (Civilian Administration) အတွက် ကြီးမားသော အတားအဆီးစိန်ခေါ်မှုအဖြစ်တည်ရှိနေမည်ဖြစ်ပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ သည် မြန်မာ-တရုတ် ကုန်သွယ်ရေး၏ အသက်သွေးကြောဖြစ်သလို၊ ရခိုင်ဒေသသည်လည်း အိန္ဒိယ သမုဒ္ဒရာသို့ထွက်ပေါက်ဖြစ်သည့် မဟာဗျူဟာမြောက် ဒေသများဖြစ်ကြပါသည်။
အဆိုပါနယ်မြေများသည် နိုင်ငံတော်၏ စီးပွားရေးနှင့်အချုပ်အခြာအာဏာကို တိုက်ရိုက်အကျိုး သက်ရောက်မှုရှိစေသဖြင့် ဦးစားပေးကိုင်တွယ်ဖြေရှင်းနိုင်ရေး ပြင်ဆင်ထားရမည်ဖြစ်ပါသည်။ အစိုးရ သစ်အနေဖြင့် အဆိုပါစိန်ခေါ်မှုများကို စစ်ရေးနည်း လမ်းသက်သက်ဖြင့်သာမက၊ လွှတ်တော်အတွင်း နိုင်ငံရေးဆွေးနွေးမှုများ၊ ဒေသတွင်း အိမ်နီးချင်းနိုင်ငံ များနှင့် သံတမန်ရေးရာ ညှိနှိုင်းမှုများမှတစ်ဆင့် ပြန်လည်ရယူထိန်းသိမ်းနိုင်ရေးသည်လည်း အနာဂတ် မြန်မာ့နိုင်ငံရေးအတွက် အလွန် အရေးကြီး လှပါသည်။
ထို့ကြောင့် လှုပ်ရှားသက်ဝင်လာသည့် လွှတ်တော်နိုင်ငံရေးနှင့်အတူ မြန်မာ့အနာဂတ်စိန်ခေါ်မှု များကို မြန်မာပြည်သူလူထူအကျိုးစီးပွားကိုရှေးရှုပြီး ကျော်လွှားနိုင်သည့် လွှတ်တော်၊ ကျော်လွှားနိုင် သည့် ပြည်သူလူထုချစ်သောအစိုးရဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးကြပါဟု ဆော်ဩတိုက်တွန်း လိုက်ရပါသည်။

စာကိုး
ဦးရဲထွဋ်၏ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် လက်လွှတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများ
(၂၀၁၀ - ၂၀၁၆)

Zawgyi Version;
လႈပ္ရွားသက္ဝင္လာသည့္ လႊတ္ေတာ္ႏိုင္ငံေရးႏွင့္ ျမန္မာ့အနာဂတ္ စိန္ေခၚမႈမ်ား
ေအာင္ႏိုင္သူ (ဇြဲကပင္) (NP News) - မတ္ ၂၅
ျမန္မာႏိုင္ငံတြင္ (၅)ႏွစ္ခန႔္ရပ္နားထားခဲ့သည့္လႊတ္ေတာ္ႏိုင္ငံေရးမွာ မတ္လ (၁၆)ရက္က ျပန္ လည္အသက္ဝင္လာၿပီျဖစ္ပါသည္။ ျပည္သူ႔လႊတ္ေတာ္ေခၚယူမႈႏွင့္အတူ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒အ ျဖစ္ ဦးခင္ရီအားလည္းေကာင္း၊ ဒုတိယဥကၠ႒အျဖစ္ ဦးေမာင္ေမာင္အုန္းအားလည္းေကာင္း ခန႔္အပ္ခဲ့ၾက ပါသည္။ အမ်ိဳးသားလႊတ္ေတာ္ကိုလည္း မတ္လ(၁၈) ရက္တြင္ေခၚယူၿပီး လႊတ္ေတာ္ဥကၠ႒ႏွင့္ ဒုဥကၠ႒ မ်ားကိုခန႔္အပ္သြားမည္ျဖစ္သျဖင့္ ျမန္မာ့လႊတ္ေတာ္သည္ ျပန္လည္အသက္ဝင္လာၿပီျဖစ္ပါသည္။ လႊတ္ ေတာ္ႏိုင္ငံေရး ျပန္လည္သက္ဝင္လႈပ္ရွားလာမႈႏွင့္အတူ ဒီမိုကေရစီစနစ္လည္း ျပန္လည္ႏိုးထလာၿပီဟု ဆိုရမည္ျဖစ္ပါသည္။ လႊတ္ေတာ္ႏိုင္ငံေရးမွ တစ္ဆင့္ မၾကာမီအရပ္သားအစိုးရသစ္ ေ႐ြးခ်ယ္ခန႔္အပ္ပြဲ ကိုလည္း ျမင္ၾကရေတာ့မည္ျဖစ္ပါသည္။ ဤ သည္မွာ စာေရးသူ မၾကာခဏေျပာေလ့ရွိသည့္ Global Cuture ႏွင့္ကိုက္ညီသည့္ အစိုးရသစ္တစ္ရပ္ေပၚထြန္းလာေရးအတြက္ ကနဦးႏိုင္ငံေရးလုပ္ငန္းစဥ္ လည္းျဖစ္ပါသည္။
အစိုးရတစ္ရပ္ဆိုသည္မွာ မည္သည့္စနစ္ကိုက်င့္သုံးသည္ဆိုျခင္းထက္ Civilian government အရပ္သားအစိုးရျဖစ္ေရးကပို၍အေရးႀကီးပါသည္။ ႏိုင္ငံတကာအလယ္တြင္ အမ်ားစုကႏွစ္သက္သေဘာ က်ေသာအစိုးရမွာ အရပ္သားအစိုးရပုံစံမ်ိဳးျဖစ္ ပါသည္။ ဥပမာ တ႐ုတ္၊ ႐ုရွား၊ စင္ကာပူတို႔သည္ ဒီမိုက ေရစီအစိုးရစစ္စစ္မ်ား မဟုတ္ၾကေခ်။ Civilian government? Civilian Administration ျဖစ္ျခင္း ေၾကာင့္ ႏိုင္ငံတကာမွာ မ်က္ႏွာပန္းပြင့္ရျခင္းျဖစ္ပါသည္။ ႏိုင္ငံတကာက လက္ခံအသိမွတ္ျပဳၾကသည္ ကိုေတြ႕ရမည္ျဖစ္သည္။
အစိုးရတစ္ရပ္သည္ အရပ္သားအစိုးရျဖစ္မွသာ ႏိုင္ငံတကာႏွင့္ ဆက္ဆံေရးအဆင္ေျပမည္ျဖစ္ ေၾကာင္း စင္ကာပူဝန္ႀကီးခ်ဳပ္ လီကြမ္ယုက ဗိုလ္ခ်ဳပ္ႀကီးခင္ၫြန႔္ကို အႀကံေပးခဲ့သည္ဟု စာအုပ္တစ္ အုပ္တြင္ ဖတ္မွတ္ဖူးပါသည္။ Civilian government ၊ Civilian Administration မ်ားကိုသာ ႏိုင္ငံ တကာအေနျဖင့္ မျဖစ္မေနလက္ခံေပးရသည့္ ႏိုင္ငံေရးေမာ္ဒယ္၊ ႏိုင္ငံေရးယဥ္ေက်းမႈတစ္ခုလည္း ျဖစ္ ပါသည္။
လက္ရွိတက္လာမည့္ ျမန္မာႏိုင္ငံ၏ အစိုးရသစ္သည္ Civilian government ၊ Civilian Admin istration ထက္ပိုအဆင့္ျမင့္ေသာ Democrati- cally Elected Government (ဒီမိုကေရစီနည္းက် ေ႐ြး ေကာက္တင္ေျမႇာက္ထားေသာအစိုးရ) ျပည္သူ႔ဆႏၵျဖင့္တက္လာမည့္အရပ္သားအစိုးရျဖစ္ပါသည္။ အစိုးရသစ္၏ ဒီမိုကေရစီခရီးလမ္းကိုၾကည့္လွ်င္ (၅) ႏွစ္နီးပါးခန႔္ ခက္ခက္ခဲခဲျဖတ္သန္းခဲ့ရသည္။ ႏိုင္ငံ တစ္ဝန္း တည္ၿငိမ္ေအးခ်မ္းေအာင္ အျပင္းအထန္ႀကိဳးပမ္း၍ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရး ျပင္ဆင္ခဲ့ရ သည္။ ေနာက္ဆုံးမွာေတာ့ ႏိုင္ငံေတာ္ႏွင့္ ျပည္သူလူထု၏လိုလားခ်က္ႏွင့္အညီ စစ္မွန္စည္းကမ္းျပည့္ဝ တဲ့ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးအတြက္ ႏိုင္ငံတစ္ဝန္းမွာ ေ႐ြးေကာက္ပြဲမ်ားကို တပ္မေတာ္ဦးေဆာင္ေသာအစိုးရက အပိုင္း(၃)ပိုင္းခြဲၿပီး က်င္းပျပဳလုပ္ခဲ့ပါသည္။ ေ႐ြးေကာက္ပြဲ အပိုင္း (၁)ကို (၂၀၂၅)ခုႏွစ္ ဒီဇင္ဘာလ(၂၈)ရက္မွာ ၿမိဳ႕နယ္ေပါင္း (၁၀၂)ၿမိဳ႕နယ္၊ ေ႐ြးေကာက္ပြဲအပိုင္း(၂)ကို (၂၀၂၆) ခုႏွစ္ ဇန္နဝါရီလ(၁၁)ရက္မွာ ၿမိဳ႕နယ္ေပါင္း (၁၀ဝ)ၿမိဳ႕နယ္၊ ေ႐ြးေကာက္ပြဲအပိုင္း(၃)ကို (၂၀၂၆) ခုႏွစ္ ဇန္နဝါရီလ(၂၅)ရက္မွာ ၿမိဳ႕နယ္ေပါင္း (၆၁) ၿမိဳ႕နယ္ ျဖင့္ စုစုေပါင္း ၿမိဳ႕နယ္(၂၆၃)ၿမိဳ႕နယ္မွာ ေအာင္ ျမင္စြာ က်င္းပႏိုင္ခဲ့ပါသည္။ ဤေ႐ြးေကာက္ပြဲမွာ မဲေပးခြင့္ ရွိေသာ ျပည္သူ (၂၄ ဒသမ ၂၂) သန္းေက်ာ္ရွိ သည့္အနက္ (၁၃ ဒသမ ၁၄) သန္းေက်ာ္၊ ရာခိုင္ႏႈန္းအားျဖင့္ (၅၅)ရာခိုင္ႏႈန္းနီးပါး တက္တက္ႂကြႂကြ လာေရာက္မဲေပးခဲ့ၾကသည္။ ထို႔ေၾကာင့္ ျပည္သူလူထု၏ ဒီမိုကေရ စီလိုအင္ဆႏၵကို ထင္ရွားစြာျပဆိုႏိုင္ခဲ့ သည့္ေ႐ြးေကာက္ ပြဲျဖစ္ခဲ့သည္ကိုေတြ႕ရွိရပါသည္။ ေ႐ြးေကာက္ပြဲသည္ ဒီမိုကေရစီစနစ္၏ အေရးႀကီး ပန္းတိုင္ျဖစ္သည္ႏွင့္ အညီ လုံၿခဳံမႈရွိေစေရး၊ ျပည္သူလူထုအေနျဖင့္ မိမိတို႔ဆႏၵမ်ားႏွင့္အညီ မဲေပးေ႐ြး ခ်ယ္ႏိုင္ေရး ႏိုင္ငံေတာ္အစိုးရက စီမံေဆာင္႐ြက္ေပးႏိုင္ခဲ့ပါသည္။ ထို႔ေၾကာင့္ တရားမွ်တသည့္ေ႐ြး ေကာက္ပြဲအျဖစ္ ကမာၻသိေၾကာ္ ျငာႏိုင္ခဲ့၍လည္း ယခုအခါ လႊတ္ေတာ္ႏိုင္ငံေရးကို စတင္ျမင္ေတြ႕ခဲ့ရ ၿပီးျဖစ္ပါသည္။ ထို႔ေၾကာင့္လည္း တပ္မေတာ္သည္ ယခုဆိုလွ်င္ (၂၀ဝ၈)ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ႏွင့္အညီ ႏိုင္ငံေတာ္အာဏာကို အႏိုင္ရပါတီထံ ျပန္လည္လႊဲေျပာင္းႏိုင္ေရးေဆာင္႐ြက္ေနၿပီျဖစ္သျဖင့္ မၾကာမီ အစိုးရသစ္ႏွင့္အတူ ျမန္မာ့အနာဂတ္ကို ျမင္ေတြ႕ရေတာ့မည္ျဖစ္ပါသည္။
ျမန္မာ့ႏိုင္ငံေရးသမိုင္းေၾကာင္းတြင္ လႊတ္ေတာ္သည္ ႏိုင္ငံေတာ္၏အာဏာသုံးရပ္ကို ထိန္း ေက်ာင္းရာတြင္ ျပည္သူ႔အသံကိုေဖာ္ေဆာင္ရာ၌ အေရးပါခဲ့သည္ကိုေတြ႕ရသည္။ ယေန႔ကာလတြင္ လည္း ျပန္လည္လႈပ္ရွားသက္ဝင္လာသည့္ လႊတ္ေတာ္ႏိုင္ငံေရးအခင္းအက်င္းသည္ ျမန္မာ့ႏိုင္ငံေရး အနာဂတ္အတြက္ ေမွ်ာ္လင့္ခ်က္အသစ္လား သို႔မဟုတ္ စိန္ေခၚမႈ အသစ္လားဆိုသည္ကို ျပည္သူလူထု စိတ္ဝင္စားျဖင့္ ေစာင့္ၾကည့္ေနၾကပါသည္။
လႊတ္ေတာ္ႏွင့္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏တာဝန္မ်ားတြင္ ဥပေဒျပဳေရးတာဝန္ (Legis- lative Task) ၊ အစိုးရကိုထိန္းေက်ာင္းျခင္းတာဝန္ (Over­sight Task)၊ ျပည္သူကိုကိုယ္စားျပဳျခင္း တာဝန္ (Representative Task) ႏွင့္ ဘ႑ာေရးဆိုင္ရာ တာဝန္(Financial Task) မ်ားကို အဓိက ထမ္းေဆာင္ရပါသည္။ ဥပေဒျပဳေရးတာဝန္အရ ႏိုင္ငံေတာ္ႏွင့္ျပည္သူ႔အတြက္ အက်ိဳးရွိမည့္ ဥပေဒ အသစ္မ်ားကို အဆိုတင္သြင္းျခင္း၊ ေခတ္စနစ္ႏွင့္မညီေတာ့သည့္ ဥပေဒေဟာင္းမ်ားကိုျပင္ဆင္ျခင္း သို႔မဟုတ္ ပယ္ဖ်က္ျခင္း၊ ဥပေဒၾကမ္းေတြကို စနစ္တက်ေလ့လာဆန္းစစ္ၿပီး ေထာက္ခံျခင္းသို႔မဟုတ္ ကန႔္ကြက္ျခင္းမ်ားျပဳလုပ္ရမည္ျဖစ္ပါသည္။
ထို႔ေၾကာင့္ လႈပ္ရွားသက္ဝင္လာေသာ ျမန္မာ့လႊတ္ေတာ္သည္လည္း ျပည္သူလူထုအတြက္ အက်ိဳးရွိေစမည့္ဥပေဒမ်ားကို ျပ႒ာန္းေပးလိမ့္မည္ဟု ျပည္သူမ်ားက ယုံၾကည္ေမွ်ာ္လင့္ေနၾကၿပီျဖစ္ပါ သည္။ အစိုးရကိုထိန္းေက်ာင္းျခင္းတာဝန္ (Oversight Task) အရလည္း အုပ္ခ်ဳပ္ေရးအာဏာကို အလြဲ သုံးစားမျဖစ္ေအာင္၊ ဥပေဒမ်ားႏွင့္ လုပ္ေဆာင္မႈရွိလာေအာင္ ေစာင့္ၾကည့္၍ လႊတ္ေတာ္၌ ေမးခြန္း ေမး ျမန္းျခင္းႏွင့္ အဆိုတင္သြင္းျခင္းျဖင့္ ျပည္သူ႔အက်ိဳးကို ေစာင့္ေရွာက္ေပးေစလိုပါသည္။ ျပည္သူကို ကိုယ္ စားျပဳျခင္းတာဝန္ (Representative Task) အရ မိမိကိုေ႐ြးခ်ယ္လိုက္သည့္ မဲဆႏၵရွင္ျပည္သူမ်ား၏ အသံကို လႊတ္ေတာ္ထဲေရာက္ေအာင္ ပို႔ေဆာင္ေပးရမည္ျဖစ္သလို မိမိမဲဆႏၵနယ္မွျပည္သူမ်ားႀကဳံေတြ႕ ေနရသည့္ အခက္အခဲမ်ားကို လႊတ္ေတာ္၌ တင္ျပေဆြးေႏြးျခင္းျဖင့္ ျပည္သူခ်စ္ေသာ ျပည္သူ႔လႊတ္ ေတာ္ႀကီးအျဖစ္ ျပည္သူကယုံၾကည္ေမွ်ာ္လင့္လ်က္ရွိပါသည္။ ထို႔ေၾကာင့္ လႈပ္ရွားသက္ဝင္လာေသာ လႊတ္ေတာ္ႏွင့္အတူ ပိုမိုေကာင္းမြန္ေသာ ျမန္မာ့အနာဂတ္ကိုတည္ေဆာက္ၾကရမည္ျဖစ္ပါသည္။
ႏိုင္ငံတကာစံႏႈန္းအရ အစိုးရတစ္ရပ္၏ တရားဝင္မႈကို လႊတ္ေတာ္မွတစ္ဆင့္ တိုင္းတာေလ့ရွိပါ သည္။ ေ႐ြးေကာက္ပြဲမွတစ္ဆင့္ တက္လာသည့္အရပ္သား ကိုယ္စားလွယ္မ်ားျဖင့္ဖြဲ႕စည္းထားသည့္ လႊတ္ေတာ္သည္ ျပည္သူ႔ဆႏၵကို အစစ္အမွန္ကိုယ္စားျပဳႏိုင္မွ သာလွ်င္ ျပည္တြင္းေရာျပည္ပကပါ အသိ အမွတ္ျပဳသည့္အစိုးရတစ္ရပ္ ျဖစ္လာမည္ျဖစ္ပါသည္။ ထို႔ေၾကာင့္ မၾကာမီတက္လာေတာ့မည့္အစိုးရ သစ္၏ ႏိုင္ငံတကာဝင္ဆံ့ေရးႏွင့္ Legitimacy ျဖစ္ေစေရး သည္ လႊတ္ေတာ္၏ အခန္းက႑အေရးပါ လွပါသည္။
လႊတ္ေတာ္အတြင္း၌ မတူကြဲျပားသည့္ ႏိုင္ငံေရးအင္အားစုမ်ား၊ တိုင္းရင္းသားကိုယ္စားလွယ္မ်ား စုံစုံလင္လင္ ပါဝင္ေဆြးေႏြးႏိုင္ျခင္းသည္ ႏိုင္ငံေရးအက်ပ္အတည္းကို စားပြဲဝိုင္းေပၚတြင္ေျဖရွင္းႏိုင္မည့္ စနစ္တစ္ခုျဖစ္၍ လႊတ္ေတာ္ႏိုင္ငံေရးသည္ ယဥ္ ေက်းသိမ္ေမြ႕လွပါသည္။ လႊတ္ေတာ္ႏိုင္ငံေရး ျပန္ လည္အသက္ဝင္လာျခင္းႏွင့္အတူ အရပ္သားအစိုးရ အုပ္ခ်ဳပ္ေရးသို႔ ေခ်ာေမြ႕စြာအသြင္ကူးေျပာင္းႏိုင္ မည့္အရိပ္လကၡဏာမ်ားကိုျမင္ရသည့္အခါ (၂၀၁၁) ခုႏွစ္က ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊမွ ဦးသိန္းစိန္ဆီသို႔ ညင္သာစြာကူးေျပာင္းႏိုင္သည့္ကာလမ်ားကို ျပန္လည္အမွတ္ရမိေစပါသည္။
ထိုအခ်ိန္က ညင္သာလြန္းသည့္ ျမန္မာ့ေႏြဦးအ ေျပာင္းအလဲကို ကတၱီပါႏိုင္ငံေရးဟု တင္စား ၾကသလို ျမန္မာ့ေႏြဦးႏွင့္ အာရပ္ေႏြဦးကိုလည္း ခိုင္ႏႈိင္းေလ့ ရွိၾကပါသည္။ အာရပ္ေႏြဦးကမူ ျမန္မာ့ေႏြဦး ကဲ့သို႔ မညင္သာခဲ့။ လစ္ဗ်ားေခါင္းေဆာင္ ကဒါဖီက်ဆုံးမႈႏွင့္ ေသြးထြက္သံယိုျပင္းထန္ခဲ့သည္။ ထိုအခ်ိန္ က “အာရပ္ေႏြဦး” (Arab Spring) လႈပ္ရွားမႈက ေတာ္ ေတာ္ေလး အ႐ုပ္ဆိုးအက်ည္းတန္ခဲ့သလို ေသြးထြက္သံယိုမႈမ်ားကလည္း ေတာ္ေတာ္ေလးျပင္းထန္ခဲ့ပါ သည္။ တူနီးရွားသမၼတ ဇင္းအယ္လ္ အဘီဒင္းဘင္အလီ (Zine El Abidine Ben Ali) အာဏာစြန႔္ေျပး ခဲ့ရသည္။ အီဂ်စ္သမၼတ ဟို႔စနီမူဘာ ရက္ ရာထူးက ႏုတ္ထြက္ခဲ့ရသည္။ လစ္ဗ်ားေခါင္းေဆာင္ ကဒါဖီ အ သတ္ခံရၿပီး အစိုးရျပဳတ္က်ခဲ့ရ သည္။ ယီမင္တြင္ သမၼတ အလီအဗၺဒူလာဆာေလး (Ali Abdullah Saleh) အာဏာလႊဲေျပာင္းေပးခဲ့ ရပါသည္။
သို႔ေသာ္ အာရပ္ေႏြဦးႏွင့္အၿပိဳင္ ျမန္မာ့ဒီမိုကေရစီအသြင္းကူးေျပာင္းမႈညင္သာခဲ့၍ ႏိုင္ငံတကာ က ခ်ီးက်ဴးခဲ့ၾကပါသည္။ ဦးသိန္းစိန္အစိုးရသစ္သည္ ႏိုင္ငံတကာအလယ္တြင္ မ်က္ႏွာပန္းပြင့္ခဲ့ရသည္။ ႏိုင္ငံတကာကလည္း ပိတ္ဆို႔မႈအခ်ိဳ႕ကို ေျဖလွ်ာ့ေပးျခင္းႏွင့္ ဖြင့္လွစ္ေပးျခင္းတို႔ကို ေဆာင္႐ြက္ေပးခဲ့ၾက သည္။ ထို႔ေၾကာင့္ ဦးသိန္းစိန္ေခတ္ ျမန္မာ့ႏိုင္ငံေရးသည္ ေခ်ာေမြ႕ခဲ့သည္ဟုဆိုႏိုင္ပါသည္။
လႊတ္ေတာ္ႏိုင္ငံေရး ျပန္လည္ႏိုးထလာျခင္းသည္ ဒီမိုကေရစီခရီးလမ္းအတြက္ အားတက္ဖြယ္ ရာျဖစ္ေသာ္လည္း အစိုးရသစ္ႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏ေရွ႕တြင္ေစာင့္ႀကိဳေနသည့္ စိန္ေခၚမႈ မ်ားကလည္း မ်ားစြာရွိေနဦးမည္ျဖစ္ပါသည္။ ယခုလႊတ္ေတာ္ႏွင့္အစိုးရသစ္သည္ (၂၀၁၁)ခုႏွစ္ အကူး အေျပာင္းကာလႏွင့္မတူညီသည့္အခ်က္မွာ ယေန႔ကာလတြင္ ပိုမိုနက္ရႈိင္းေသာ ပထဝီႏိုင္ငံေရးပဋိပကၡ မ်ားႏွင့္ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡမ်ားက ပိုမိုရႈပ္ေထြးစြာတည္ရွိေနျခင္းေၾကာင့္ျဖစ္ပါသည္။ ထို႔ ျပင္ ႏိုင္ငံတကာ၏ စီးပြားေရးပိတ္ဆို႔မႈမ်ား၊ ျပည္တြင္းၿငိမ္းခ်မ္းေရးႏွင့္ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္း ေရး၊ ဖက္ဒရယ္ျပည္ေထာင္စုစနစ္ တည္ေဆာက္ေရး၊ ျပည္သူလူထု၏ လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳးတိုးတက္ ေရး၊ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ႏိုင္ငံေတာ္အခ်ဳပ္ အျခာအာဏာကိုၿခိမ္းေျခာက္လာေနသည့္ စစ္ဘုရင္ဝါဒမ်ားသည္ လႊတ္ေတာ္ႏွင့္အစိုးရသစ္တို႔အား ျမန္မာ့အနာဂတ္စိန္ေခၚမႈမ်ားအျဖစ္ ဆီးႀကိဳ ေနမည္ျဖစ္ပါသည္။
မၾကာမီတက္လာေတာ့မည့္အစိုးရသစ္လက္ထက္တြင္ ရင္ဆိုင္ရမည့္အႀကီးမားဆုံးေသာ စိန္ေခၚမႈျပႆနာမွာ ဆုံးရႈံးသြားေသာနယ္ေျမမ်ား ျပန္လည္ရရွိေရးႏွင့္ အုပ္ခ်ဳပ္ေရးယႏၲရား ျပန္လည္ စတင္ႏိုင္ေရးပင္ျဖစ္ပါသည္။ အထူးသျဖင့္ ရွမ္းျပည္နယ္ေျမာက္ ပိုင္းႏွင့္ ရခိုင္ျပည္နယ္မ်ားရွိ ယာယီစြန႔္ လႊတ္လိုက္ရေသာနယ္ေျမမ်ားသည္ အစိုးရသစ္၏ အုပ္ခ်ဳပ္ေရး (Civilian Administration) အတြက္ ႀကီးမားေသာ အတားအဆီးစိန္ေခၚမႈအျဖစ္တည္ရွိေနမည္ျဖစ္ပါသည္။ ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသ သည္ ျမန္မာ-တ႐ုတ္ ကုန္သြယ္ေရး၏ အသက္ေသြးေၾကာျဖစ္သလို၊ ရခိုင္ေဒသသည္လည္း အိႏၵိယ သမုဒၵရာသို႔ထြက္ေပါက္ျဖစ္သည့္ မဟာဗ်ဴဟာေျမာက္ ေဒသမ်ားျဖစ္ၾကပါသည္။
အဆိုပါနယ္ေျမမ်ားသည္ ႏိုင္ငံေတာ္၏ စီးပြားေရးႏွင့္အခ်ဳပ္အျခာအာဏာကို တိုက္႐ိုက္အက်ိဳး သက္ေရာက္မႈရွိေစသျဖင့္ ဦးစားေပးကိုင္တြယ္ေျဖရွင္းႏိုင္ေရး ျပင္ဆင္ထားရမည္ျဖစ္ပါသည္။ အစိုးရ သစ္အေနျဖင့္ အဆိုပါစိန္ေခၚမႈမ်ားကို စစ္ေရးနည္း လမ္းသက္သက္ျဖင့္သာမက၊ လႊတ္ေတာ္အတြင္း ႏိုင္ငံေရးေဆြးေႏြးမႈမ်ား၊ ေဒသတြင္း အိမ္နီးခ်င္းႏိုင္ငံ မ်ားႏွင့္ သံတမန္ေရးရာ ညႇိႏႈိင္းမႈမ်ားမွတစ္ဆင့္ ျပန္လည္ရယူထိန္းသိမ္းႏိုင္ေရးသည္လည္း အနာဂတ္ ျမန္မာ့ႏိုင္ငံေရးအတြက္ အလြန္ အေရးႀကီး လွပါသည္။
ထို႔ေၾကာင့္ လႈပ္ရွားသက္ဝင္လာသည့္ လႊတ္ေတာ္ႏိုင္ငံေရးႏွင့္အတူ ျမန္မာ့အနာဂတ္စိန္ေခၚမႈ မ်ားကို ျမန္မာျပည္သူလူထူအက်ိဳးစီးပြားကိုေရွးရႈၿပီး ေက်ာ္လႊားႏိုင္သည့္ လႊတ္ေတာ္၊ ေက်ာ္လႊားႏိုင္ သည့္ ျပည္သူလူထုခ်စ္ေသာအစိုးရျဖစ္ေအာင္ ႀကိဳးစားေဆာင္႐ြက္ေပးၾကပါဟု ေဆာ္ဩတိုက္တြန္း လိုက္ရပါသည္။

စာကိုး
ဦးရဲထြဋ္၏ ျမန္မာ့ႏိုင္ငံေရးျပဳျပင္ေျပာင္းလဲမႈႏွင့္ လက္လႊတ္ဆုံးရႈံးခဲ့ရေသာ အခြင့္အလမ္းမ်ား
(၂၀၁၀ - ၂၀၁၆)

Related news

© 2021. All rights reserved.