မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တီဘီ၊ တီဘီ/အိပ်ချ်အိုင်ဗွီ၊ ဆေးယဉ်ပါးတီဘီရောဂါအဖြစ် အများဆုံး နိုင်ငံ ၃၀ တွင်ပါဝင်

214

Pearl (NP News) - မတ် ၂၆
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တီဘီ၊ တီဘီ/အိပ်ချ်အိုင်ဗွီ၊ ဆေးယဉ်ပါးတီဘီရောဂါအဖြစ် အများဆုံး နိုင်ငံ ၃၀ တွင်ပါဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပသော ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ်အထိမ်း အမှတ်အခမ်းအနားများ ကျင်းပလျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တီဘီ၊ တီဘီ/အိပ်ချ်အိုင်ဗွီ၊ ဆေးယဉ်ပါးတီဘီရောဂါအဖြစ် အများဆုံး နိုင်ငံ ၃၀ တွင်ပါဝင်ပြီး WHO South East Asia Region တွင် ဒုတိယမြောက် တီဘီလူနာသစ် ဖြစ်ပွားမှုအများ ဆုံးနိုင်ငံဖြစ်သဖြင့် တီဘီလူနာ ရှာဖွေကုသခြင်းကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ရန်လိုအပ်ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။
လက်ရှိတွင် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို National TB Strategic Plan များ ရေးဆွဲပြီး မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ပြီး တီဘီရောဂါရှာဖွေရေးလုပ်ငန်းများတွင် (Double X Strategy) ကို ကျင့်သုံးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် အသက် ရှစ်နှစ်အောက်ကလေးများ၏ ဝမ်းနမူနာစစ်ဆေး၍ တီဘီပိုးရှာဖွေခြင်းနှင့် တီဘီရောဂါမဖြစ်အောင် ကာကွယ်ကုသဆေး (TPT) တိုက်ကျွေးခြင်းကို တိုးချဲ့ဆောင်ရွက်လျက်ရှိ ပြီး တီဘီရောဂါရှာဖွေရာတွင် AI နည်းပညာ (X-ray CAD)ကို အသုံးပြု၍ ရင်ခေါင်းဓာတ်မှန်ဖတ်ခြင်းအပြင် သယ်ဆောင်ရလွယ်ကူပြီး ဘက်ထရီဖြင့် အသုံးပြုနိုင်သော Portable Truenat စက်များကိုလည်း အသုံးပြုနေပြီဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။
ထို့အတူ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို အချိန်နှင့်တစ်ပြေးညီ စီမံခန့်ခွဲနိုင်ရန် Integrated TB e-Surveillance System ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

zawgyi version
ျမန္မာႏိုင္ငံသည္ ကမာၻေပၚတြင္ တီဘီ၊ တီဘီ/အိပ္ခ်္အိုင္ဗြီ၊ ေဆးယဥ္ပါးတီဘီေရာဂါအျဖစ္ အမ်ားဆုံး ႏိုင္ငံ ၃၀ တြင္ပါဝင္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ပါေမာကၡ ေဒါက္တာေအးထြန္းက ၿပီးခဲ့သည့္ရက္ပိုင္းက က်င္းပေသာ ကမာၻ႔တီဘီေရာဂါတိုက္ဖ်က္ေရးေန႔အခမ္းအနားတြင္ ထည့္သြင္းေျပာၾကားခဲ့သည္။
အဆိုပါ အခမ္းအနားတြင္ ကမာၻ႔ႏိုင္ငံအသီးသီးတြင္ ႏွစ္စဥ္အထိမ္း အမွတ္အခမ္းအနားမ်ား က်င္းပလ်က္ရွိေၾကာင္း၊ ျမန္မာႏိုင္ငံသည္ ကမာၻေပၚတြင္ တီဘီ၊ တီဘီ/အိပ္ခ်္အိုင္ဗြီ၊ ေဆးယဥ္ပါးတီဘီေရာဂါအျဖစ္ အမ်ားဆုံး ႏိုင္ငံ ၃၀ တြင္ပါဝင္ၿပီး WHO South East Asia Region တြင္ ဒုတိယေျမာက္ တီဘီလူနာသစ္ ျဖစ္ပြားမႈအမ်ား ဆုံးႏိုင္ငံျဖစ္သျဖင့္ တီဘီလူနာ ရွာေဖြကုသျခင္းကို အရွိန္အဟုန္ျမႇင့္၍ ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း ဒုတိယဝန္ႀကီးက ေျပာသည္။
လက္ရွိတြင္ တီဘီေရာဂါတိုက္ဖ်က္ေရးလုပ္ငန္းမ်ားကို National TB Strategic Plan မ်ား ေရးဆြဲၿပီး မိတ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္း၍ အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိ ၿပီး တီဘီေရာဂါရွာေဖြေရးလုပ္ငန္းမ်ားတြင္ (Double X Strategy) ကို က်င့္သုံးလ်က္ရွိေၾကာင္း သိရသည္။
ထို႔အျပင္ အသက္ ရွစ္ႏွစ္ေအာက္ကေလးမ်ား၏ ဝမ္းနမူနာစစ္ေဆး၍ တီဘီပိုးရွာေဖြျခင္းႏွင့္ တီဘီေရာဂါမျဖစ္ေအာင္ ကာကြယ္ကုသေဆး (TPT) တိုက္ေကြၽးျခင္းကို တိုးခ်ဲ႕ေဆာင္႐ြက္လ်က္ရွိ ၿပီး တီဘီေရာဂါရွာေဖြရာတြင္ AI နည္းပညာ (X-ray CAD)ကို အသုံးျပဳ၍ ရင္ေခါင္းဓာတ္မွန္ဖတ္ျခင္းအျပင္ သယ္ေဆာင္ရလြယ္ကူၿပီး ဘက္ထရီျဖင့္ အသုံးျပဳႏိုင္ေသာ Portable Truenat စက္မ်ားကိုလည္း အသုံးျပဳေနၿပီျဖစ္ေၾကာင္း ဒုတိယဝန္ႀကီးက ေျပာသည္။
ထို႔အတူ တီဘီေရာဂါတိုက္ဖ်က္ေရးလုပ္ငန္းေဆာင္႐ြက္မႈအေျခအေနမ်ားကို အခ်ိန္ႏွင့္တစ္ေျပးညီ စီမံခန႔္ခြဲႏိုင္ရန္ Integrated TB e-Surveillance System ျဖင့္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ လ်က္ရွိေၾကာင္းသိရသည္။