ကမ္ဘာအေးဘုရားလမ်းမပေါ်တွင် ကားပေါ်၌ ယာဉ်မောင်း အမျိုးသားတစ်ဦး ဦးနှောက်သွေးကြောပြတ်၍ သေဆုံးနေ
 391
ထိုက်စံ ( NP News)- မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး ၊ ဗဟန်းမြို့နယ် ၊ ကမ္ဘာအေးဘုရားလမ်းမပေါ်တွင် ကားပေါ်၌ အမျိုးသားတစ်ဦး ဦးနှောက်သွေးကြောပြတ်၍ သေဆုံးနေကြောင်း မေတ္တာအလင်း လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (မတ် ၂၆ ရက်) ၊ နံနက်ပိုင်း (၁၀)နာရီ (၃၀)မိနစ် အချိန်ခန့်က ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းမ၊ မဟာစည်သာသနာ့ရိပ်သာလမ်းထိပ် တွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။
“သူမောင်းတဲ့ ကားပေါ်မှာပဲ သူသေဆုံးနေတာပါ။ ဦးနှောက်သွေးကြောပြတ်တာလို့တော့ ယူဆရတယ်။ လက်ရှိမှာတော့ ရန်ကုန်ဆေးရုံကြီးမှာပို့ထားတယ်။ အခုလက်ရှိကတော့ သူ့ရဲ့ အမျိုးသမီးကိုတော့ ဆက်သွယ်လို့ရပါပြီ” ဟု ၎င်းကပြောသည်။
အဆိုပါသေဆုံးနေသူ ဉီးတင်ထွန်းသည် အသက် (၆၉)နှစ် အရွယ်ရှိပြီး ယာဉ်မောင်း လုပ်ကိုင်သူဖြစ်၍ အဆိုတော်တစ်ဦးလည်း ဖြစ်ရာ အနုပညာနာမည်မှာ ဦးပတ်ထရစ်တင်ထွန်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သေဆုံးသူ၏ရုပ်အလောင်းအား ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲနှင့်မေတ္တာအလင်းလူမှုကူညီရေးအသင်းမှ ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Zawgyi Version:
ကမ္ဘာအေးဘုရားလမ်းမပေါ်တွင် ကားပေါ်၌ ယာဉ်မောင်း အမျိုးသားတစ်ဦး ဦးနှောက်သွေးကြောပျက်၍ သေဆုံးနေ
ထိုက်စံ ( NP News)- မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး ၊ ဗဟန်းမြို့နယ် ၊ ကမ္ဘာအေးဘုရားလမ်းမပေါ်တွင် ကားပေါ်၌ အမျိုးသားတစ်ဦး ဦးနှောက်သွေးကြောပျက်၍ သေဆုံးနေကြောင်း မေတ္တာအလင်း လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (မတ် ၂၆ ရက်) ၊ နံနက်ပိုင်း (၁၀)နာရီ (၃၀)မိနစ် အချိန်ခန့်က ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းမ၊ မဟာစည်သာသနာ့ရိပ်သာလမ်းထိတ် တွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။
Related news
© 2021. All rights reserved.