ဂန္ထဝင်တေးသံရှင် စည်သူဒေါ်တင်တင်မြ၏ အသက် (၉၀) ပြည့် အထိမ်းအမှတ် ဂီတ‌ဖျော်ဖြေပွဲကို ဧပြီလ အတွင်း ကျင်းပပြုလုပ်မည်

 232

Pearl (NP News) - မတ် ၂၆
ဂန္ထဝင်တေးသံရှင် စည်သူဒေါ်တင်တင်မြ၏ အသက် (၉၀) ပြည့် နဝရတ် ရတု အထိမ်းအမှတ် ဂီတ‌ဖျော်ဖြေပွဲကို လာမည့် ဧပြီလ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂီတ‌ဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ အမျိုးသားပြဇာတ်ရုံ ၌ လာမည့် ဧပြီလ ၄ ရက်တွင် ညနေ (၆) နာရီခွဲမှ ည (၁၀) နာရီ ခွဲ အထိ ကျင်းပမည်ဖြစ်ပြီး ဂီတ‌ဖျော်ဖြေပွဲနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယနေ့ (မတ်လ ၂၆ရက်) တွင် ကရဝိတ်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
မွေးနေ့ရှင်ဂန္ထဝင်အဆိုတော်ကြီးစည်သူဒေါ်‌တင်တင်မြနှင့်အတူနာမည်‌ကျော်ရုပ်ရှင်၊သဘင်၊ဂီတပညာရှင်များက အဆိုပါ ဂီတ‌ဖျော်ဖြေပွဲတွင် ဂုဏ်ပြုဖျော်ဖြေသွားကြမည်ဖြစ်ကြောင်းသိရသည်။

Zawgyi Version:
ဂႏၴဝင္ေတးသံရွင္ စည္သူေဒၚတင္တင္ျမ၏ အသက္ (၉၀) ျပည့္ အထိမ္းအမွတ္ ဂီတ‌ေဖ်ာ္ေျဖပြဲကို ဧၿပီလ အတြင္း က်င္းပျပဳလုပ္မည္
Pearl (NP News) - မတ္ ၂၆
ဂႏၴဝင္ေတးသံရွင္ စည္သူေဒၚတင္တင္ျမ၏ အသက္ (၉၀) ျပည့္ နဝရတ္ ရတု အထိမ္းအမွတ္ ဂီတ‌ေဖ်ာ္ေျဖပြဲကို လာမည့္ ဧၿပီလ ၄ ရက္ေန႔တြင္ က်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ဂီတ‌ေဖ်ာ္ေျဖပြဲကို ရန္ကုန္ၿမိဳ႕၊ အမ်ိဳးသားျပဇာတ္႐ုံ ၌ လာမည့္ ဧၿပီလ ၄ ရက္တြင္ ညေန (၆) နာရီခြဲမွ ည (၁၀) နာရီ ခြဲ အထိ က်င္းပမည္ျဖစ္ၿပီး ဂီတ‌ေဖ်ာ္ေျဖပြဲႏွင့္ ပတ္သက္၍ သတင္းစာရွင္းလင္းပြဲကို ယေန႔ (မတ္လ ၂၆ရက္) တြင္ ကရဝိတ္ခန္းမ၌ ျပဳလုပ္ခဲ့ေၾကာင္းသိရသည္။
ေမြးေန႔ရွင္ဂႏၴဝင္အဆိုေတာ္ႀကီးစည္သူေဒၚ‌တင္တင္ျမႏွင့္အတူနာမည္‌ေက်ာ္႐ုပ္ရွင္၊သဘင္၊ဂီတပညာရွင္မ်ားက အဆိုပါ ဂီတ‌ေဖ်ာ္ေျဖပြဲတြင္ ဂုဏ္ျပဳေဖ်ာ္ေျဖသြားၾကမည္ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.