မန္တလေးငလျင်လှုပ်ခတ်မှု တစ်နှစ်ပြည့်ခါနီး ရက်ပိုင်းအလို မအူပင်မြို့တွင် ငလျင်ငယ်များခပ်စိပ်စိပ်လှုပ်မှုများဖြစ်ပွား

264
ပြည့်ဖြိုးပိုင် (မအူပင်)-မတ် - ၂၆
မန္တလေးငလျင်လှုပ်ခတ်မှု တစ်နှစ်ပြည့်ခါနီးရက်ပိုင်းအလို ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် မတ်လ (၂၅)ရက်နေ့ နံနက်ပိုင်းက ငလျင်ငယ်များခပ်စိပ်စိပ်လှုပ်ခတ်မှုများရှိနေကြောင်း ဒေသခံများထံကသိရသည်။
"(၂၅)ရက်နေ့ မနက် (၉)နာရီကျော်လောက်က တစ်ကြိမ်လှုပ်တယ်။ နေ့လည် (၁၁)နာရီကျော်လောက်မှာ တစ်ကြိမ်လှုပ်တယ် ၊ ပထမအကြိမ်လှုပ်တာတော့ တော်တော်လည်းသိသိသာသာခံစားလိုက်ရတယ် ၊ ဒုတိယတစ်ကြိမ်ကတော့အနည်းငယ်လေးဘဲ။ မအူပင်က အရင်ကလည်း အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်ပြီး ကျွန်တော်တို့မြို့က ရွှေဘုန်းမြင့်စေတီတော်က စိန်ဖူးတော်မြေခတာတွေ ၊ အဆောက်အဦပျက်စီးတာတွေ ရှိဘူးတော့ မန္တလေးလို ဖြစ်မှာကို ကြောက်တော့ကြောက်တယ်"ဟု ဒေသခံတစ်ဦးမှ NP News သတင်းဌာနသို့ပြောသည်။
၂၀၂၅ခုနှစ် မတ်လ (၂၈)ရက်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ မန္တလေးနှင့်စစ်ကိုင်မြို့တို့ကိုဗဟိုပြု လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုမှာ လာမည့် မတ်လ (၂၈)ရက်နေ့တွင် တစ်နှစ်ပြည့်မည်ဖြစ်ကြောင်းလည်းသိရသည်။
Photo - ပြည့်ဖြိုးပိုင် (NP News)

Zawgyi Version:
မႏၲေလးငလ်င္လႈပ္ခတ္မႈ တစ္ႏွစ္ျပည့္ခါနီး ရက္ပိုင္းအလို မအူပင္ၿမိဳ႕တြင္ ငလ်င္ငယ္မ်ားခပ္စိတ္စိတ္လႈပ္မႈမ်ားျဖစ္ပြား
ျပည့္ၿဖိဳးပိုင္ (မအူပင္)-မတ္ - ၂၆
မႏၲေလးငလ်င္လႈပ္ခတ္မႈ တစ္ႏွစ္ျပည့္ခါနီးရက္ပိုင္းအလို ဧရာဝတီတိုင္းေဒသႀကီး မအူပင္ၿမိဳ႕တြင္ မတ္လ (၂၅)ရက္ေန႔ နံနက္ပိုင္းက ငလ်င္ငယ္မ်ားခပ္စိတ္စိတ္လႈပ္ခတ္မႈမ်ားရွိေနေၾကာင္း ေဒသခံမ်ားထံကသိရသည္။
"(၂၅)ရက္ေန႔ မနက္ (၉)နာရီေက်ာ္ေလာက္က တစ္ႀကိမ္လႈပ္တယ္။ ေန႔လည္ (၁၁)နာရီေက်ာ္ေလာက္မွာ တစ္ႀကိမ္လႈပ္တယ္ ၊ ပထမအႀကိမ္လႈပ္တာေတာ့ ေတာ္ေတာ္လည္းသိသိသာသာခံစားလိုက္ရတယ္ ၊ ဒုတိယတစ္ႀကိမ္ကေတာ့အနည္းငယ္ေလးဘဲ။ မအူပင္က အရင္ကလည္း အင္အားအသင့္အတင့္ရွိတဲ့ ငလ်င္လႈပ္ခတ္ၿပီး ကြၽန္ေတာ္တို႔ၿမိဳ႕က ေ႐ႊဘုန္းျမင့္ေစတီေတာ္က စိန္ဖူးေတာ္ေျမခတာေတြ ၊ အေဆာက္အဦပ်က္စီးတာေတြ ရွိဘူးေတာ့ မႏၲေလးလို ျဖစ္မွာကို ေၾကာက္ေတာ့ေၾကာက္တယ္"ဟု ေဒသခံတစ္ဦးမွ NP News သတင္းဌာနသို႔ေျပာသည္။
၂၀၂၅ခုႏွစ္ မတ္လ (၂၈)ရက္ေန႔တြင္ ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသ မႏၲေလးႏွင့္စစ္ကိုင္ၿမိဳ႕တို႔ကိုဗဟိုျပဳ လႈပ္ခတ္ခဲ့သည့္ မႏၲေလးငလ်င္ႀကီး လႈပ္ခတ္မႈမွာ လာမည့္ မတ္လ (၂၈)ရက္ေန႔တြင္ တစ္ႏွစ္ျပည့္မည္ျဖစ္ေၾကာင္းလည္းသိရသည္။
Photo - ျပည့္ၿဖိဳးပိုင္ (NP News)