စီးပွားရေး တွက်ခြေမကိုက်သဖြင့် အမှတ် (၂) အကြီးစား စက်မှုလုပ်ငန်းအောက်ရှိ စက်ရုံ(၁၃) ရုံရပ်နားထားရဟုဆို

250

သန့်ဇင် (NP News) - မတ်လ ၂၆
စီးပွားရေးတွက်ခြေမကိုက်သဖြင့် အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်းအောက်ရှိ ရပ်နားထား ရသည့် စက်ရုံ(၁၃)ရုံကို ပုဂ္ဂလိကနှင့် အကျိုးတူပူး ပေါင်းရန်လုပ်ဆောင်နေကြောင်း အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်းမှတာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
စက်မှုဝန်ကြီးဌာန၏ အမှတ် (၂)အကြီး စားစက်မှုလုပ်ငန်းအောက်တွင် စက်ရုံပေါင်း (၂၃) ရုံ ရှိပြီး (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင် လည်ပတ်သည့် စက်ရုံ (၉) ရုံနှင့် ရပ်နားထားခဲ့ရသည့်စက်ရုံ (၁၄) ရုံရှိခဲ့ရာ (၂၀၂၅-၂၀၂၆)တွင်မူ လည်ပတ်သည့်စက်ရုံ (၁၀)ရုံနှင့် ရပ်နားစက်ရုံ (၁၃)ရုံရှိခဲ့ကြောင်းသိရ သည်။
အဆိုပါ ရပ်နားစက်ရုံများသည် စီးပွားရေး တွက်ခြေမကိုက်သည့်အတွက် နိုင်ငံပိုင်လုပ်ငန်းမှ ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ရပ် နားခဲ့ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူကဆိုသည်။
“(၂၀၂၁)မှာလည်ပတ်(၉)ရုံနဲ့ ရပ်နား (၁၄) ရုံပေါ့နော်။ ဘာလို့ ရပ်နားထားခဲ့ရလဲဆိုတော့ စီးပွားရေးတွက်ခြေမကိုက်တဲ့အတွက် နိုင်ငံပိုင်အလုပ် လုပ်နေတာကနေရပ်နားပြီးတော့ ပုဂ္ဂလိကနဲ့ အကျိုး တူပူးပေါင်းဆောင်ရွက်ဖို့အတွက် ရပ်လိုက်တာပေါ့ နော်။ စီးပွားရေးတွက်ခြေမကိုက်တဲ့အတွက် ကိုယ့် နိုင်ငံပိုင်အနေနဲ့မလုပ်တော့ဘဲနဲ့ ပုဂ္ဂလိကကုမ္ပဏီ တွေပေါ့နော်။ အဲဒီပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ကျော ထောက်နောက်ခံကလည်း နိုင်ငံခြားကုမ္ပဏီတွေ လည်း ရှိကောင်းရှိမယ်။ ပြည်တွင်းကုမ္ပဏီတွေကတော့ အဓိကပေါ့နော်။ အဲဒီကုမ္ပဏီတွေနဲ့ ငှားဖို့အတွက်ကို ရပ်နားထားခဲ့တာပေါ့နော်”ဟု အထက်ပါတာဝန်ရှိသူ က ပြောသည်။
လက်ရှိ လည်ပတ်နေသည့် စက်ရုံ (၁၀) ရုံမှာ အမှတ်(၂၀) အကြီးစားစက်ရုံ(အတို)၊ ရော်ဘာ ပစ္စည်းစက်ရုံခွဲ(သင်္ဃန်းကျွန်း)၊ အမှတ်(၂၄) အကြီး စားစက်ရုံ(၁)၊ ဆိုလာအလုပ်ရုံ၊ LED မီးသီး အလုပ် ရုံ၊ အမှတ်(၃၁) အကြီးစားစက်ရုံ (သရက်)၊ အမှတ် (၃၂) အကြီးစားစက်ရုံ (ကြံခင်း)၊ မီးခံဘိလပ်မြေပြား ထုတ်လုပ်ရေးဌာန(မှော်ဘီ)၊ အဆင့်မြင့် မီးခံအုတ် ထုတ်လုပ်ရေးဌာန(ကျောက်ဆည်)၊ အမှတ်(၃၆)အကြီးစားစက်ရုံ (ကျောက်ဆည်)နှင့် မှန်ထုတ်ရေး ဌာန (ပုသိမ်)တို့ဖြစ်ကြောင်းသိရသည်။
ထို့ပြင် လက်ရှိတွင် ရပ်နားထားသည့် စက် ရုံ (၁၃)ရုံကို ပုဂ္ဂလိကနှင့်အကျိုးတူပူးပေါင်းဆောင် ရွက်ရန်အတွက် လုပ်ဆောင်နေကြောင်းလည်း ၎င်းက ဆိုသည်။
“အခု ငှားရမ်းဆောင်ရွက်ဖို့လည်း ကြိုး ပမ်းဆောင်ရွက်နေတာပေါ့နော်။ ငှားပြီးတာတွေလည်း ရှိတယ်ပေါ့။ အဲဒီ (၂၀၂၅-၂၀၂၆) မှာ ရပ်နားတာက (၁၃)ရုံ၊ လည်ပတ်တာက (၁၀)ရုံဆိုတော့ ရပ်နား တစ်ရုံက လည်နိုင်သွားပြီပေါ့နော်။ (၁၀) ရုံနဲ့ (၁၃) ရုံ စုစုပေါင်း (၂၃)ရုံရှိတယ်။ အဲဒီ (၂၃)ရုံမှာ အခု အနေမှာ ရပ်နားက(၁၃)ရုံ။ အဲဒီ (၁၃) ရုံမှာ အခု နေမှာ ကျွန်မတို့က ပုဂ္ဂလိကနဲ့ အကျိုးတူပူးပေါင်း သော်လည်းကောင်း ဆောင်ရွက်ဖို့ ကျွန်မတို့ ဆောင် ရွက်နေပါတယ်”ဟု ၎င်းကပြောသည်။
ရပ်နားထားသည့် စက်ရုံ (၁၃)ရုံသည် ရော်ဘာပစ္စည်းစက်ရုံခွဲ(ရွှေဟင်္သာလမ်း)၊ အမှတ် (၂၂) အကြီးစားစက်ရုံ (ဘီးလင်း)၊ အီလက်ထရွန်နစ် ပစ္စည်းနှင့် လျှပ်စစ်မော်တာစက် (SE) ၊ ဓာတ်ခဲအလုပ် ရုံ(တောင်ဒဂုံ)၊ အောက်ဆီဂျင်ဓာတ်ငွေ့နှင့် အက်ဆီ တလင်းဓာတ်ငွေ့အလုပ်ရုံ၊ ခရမ့်ရော်ဘာစက်ရုံ (သံဖြူဇရပ်)၊ အမှတ်(၃၃)အကြီးစားစက်ရုံ (ကျောက်ဆည်)၊ ကျောက်ပြားထုတ်လုပ်ရေးဌာန (စကျင်)၊ အမှတ် (၃၄) အကြီးစားစက်ရုံ(သာယာဝတီ)၊ အုတ်ထုတ်လုပ်ရေးဌာန(တညင်းကုန်း)၊ မီးခံအုတ် ထုတ်လုပ်ရေးဌာန (တညင်းကုန်း)၊ ကြွေထည်ပစ္စည်း ထုတ်လုပ်ရေးဌာန (မော်လမြိုင်)နှင့် အမှတ် (၃၅) အကြီးစားစက်ရုံတို့ဖြစ်ကြောင်းသိရသည်။

Zawgyi Version:
စီးပြားေရး တြက္ေျခမကိုက္သျဖင့္ အမွတ္ (၂) အႀကီးစား စက္မႈလုပ္ငန္းေအာက္ရွိ စက္႐ုံ(၁၃) ႐ုံရပ္နားထားရဟုဆို
သန႔္ဇင္ (NP News) - မတ္လ ၂၆
စီးပြားေရးတြက္ေျခမကိုက္သျဖင့္ အမွတ္ (၂) အႀကီးစားစက္မႈလုပ္ငန္းေအာက္ရွိ ရပ္နားထား ရသည့္ စက္႐ုံ(၁၃)႐ုံကို ပုဂၢလိကႏွင့္ အက်ိဳးတူပူး ေပါင္းရန္လုပ္ေဆာင္ေနေၾကာင္း အမွတ္(၂) အႀကီးစားစက္မႈလုပ္ငန္းမွတာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
စက္မႈဝန္ႀကီးဌာန၏ အမွတ္ (၂)အႀကီး စားစက္မႈလုပ္ငန္းေအာက္တြင္ စက္႐ုံေပါင္း (၂၃) ႐ုံ ရွိၿပီး (၂၀၂၀-၂၀၂၁) ဘ႑ာႏွစ္တြင္ လည္ပတ္သည့္ စက္႐ုံ (၉) ႐ုံႏွင့္ ရပ္နားထားခဲ့ရသည့္စက္႐ုံ (၁၄) ႐ုံရွိခဲ့ရာ (၂၀၂၅-၂၀၂၆)တြင္မူ လည္ပတ္သည့္စက္႐ုံ (၁၀)႐ုံႏွင့္ ရပ္နားစက္႐ုံ (၁၃)႐ုံရွိခဲ့ေၾကာင္းသိရ သည္။
အဆိုပါ ရပ္နားစက္႐ုံမ်ားသည္ စီးပြားေရး တြက္ေျခမကိုက္သည့္အတြက္ ႏိုင္ငံပိုင္လုပ္ငန္းမွ ပုဂၢလိကႏွင့္ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္ရန္ ရပ္ နားခဲ့ျခင္းျဖစ္ေၾကာင္း အထက္ပါတာဝန္ရွိသူကဆိုသည္။
“(၂၀၂၁)မွာလည္ပတ္(၉)႐ုံနဲ႔ ရပ္နား (၁၄) ႐ုံေပါ့ေနာ္။ ဘာလို႔ ရပ္နားထားခဲ့ရလဲဆိုေတာ့ စီးပြားေရးတြက္ေျခမကိုက္တဲ့အတြက္ ႏိုင္ငံပိုင္အလုပ္ လုပ္ေနတာကေနရပ္နားၿပီးေတာ့ ပုဂၢလိကနဲ႔ အက်ိဳး တူပူးေပါင္းေဆာင္႐ြက္ဖို႔အတြက္ ရပ္လိုက္တာေပါ့ ေနာ္။ စီးပြားေရးတြက္ေျခမကိုက္တဲ့အတြက္ ကိုယ့္ ႏိုင္ငံပိုင္အေနနဲ႔မလုပ္ေတာ့ဘဲနဲ႔ ပုဂၢလိကကုမၸဏီ ေတြေပါ့ေနာ္။ အဲဒီပုဂၢလိက ကုမၸဏီေတြရဲ႕ေက်ာ ေထာက္ေနာက္ခံကလည္း ႏိုင္ငံျခားကုမၸဏီေတြ လည္း ရွိေကာင္းရွိမယ္။ ျပည္တြင္းကုမၸဏီေတြကေတာ့ အဓိကေပါ့ေနာ္။ အဲဒီကုမၸဏီေတြနဲ႔ ငွားဖို႔အတြက္ကို ရပ္နားထားခဲ့တာေပါ့ေနာ္”ဟု အထက္ပါတာဝန္ရွိသူ က ေျပာသည္။
လက္ရွိ လည္ပတ္ေနသည့္ စက္႐ုံ (၁၀) ႐ုံမွာ အမွတ္(၂၀) အႀကီးစားစက္႐ုံ(အတို)၊ ေရာ္ဘာ ပစၥည္းစက္႐ုံခြဲ(သဃၤန္းကြၽန္း)၊ အမွတ္(၂၄) အႀကီး စားစက္႐ုံ(၁)၊ ဆိုလာအလုပ္႐ုံ၊ LED မီးသီး အလုပ္ ႐ုံ၊ အမွတ္(၃၁) အႀကီးစားစက္႐ုံ (သရက္)၊ အမွတ္ (၃၂) အႀကီးစားစက္႐ုံ (ႀကံခင္း)၊ မီးခံဘိလပ္ေျမျပား ထုတ္လုပ္ေရးဌာန(ေမွာ္ဘီ)၊ အဆင့္ျမင့္ မီးခံအုတ္ ထုတ္လုပ္ေရးဌာန(ေက်ာက္ဆည္)၊ အမွတ္(၃၆)အႀကီးစားစက္႐ုံ (ေက်ာက္ဆည္)ႏွင့္ မွန္ထုတ္ေရး ဌာန (ပုသိမ္)တို႔ျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ လက္ရွိတြင္ ရပ္နားထားသည့္ စက္ ႐ုံ (၁၃)႐ုံကို ပုဂၢလိကႏွင့္အက်ိဳးတူပူးေပါင္းေဆာင္ ႐ြက္ရန္အတြက္ လုပ္ေဆာင္ေနေၾကာင္းလည္း ၎က ဆိုသည္။
“အခု ငွားရမ္းေဆာင္႐ြက္ဖို႔လည္း ႀကိဳး ပမ္းေဆာင္႐ြက္ေနတာေပါ့ေနာ္။ ငွားၿပီးတာေတြလည္း ရွိတယ္ေပါ့။ အဲဒီ (၂၀၂၅-၂၀၂၆) မွာ ရပ္နားတာက (၁၃)႐ုံ၊ လည္ပတ္တာက (၁၀)႐ုံဆိုေတာ့ ရပ္နား တစ္႐ုံက လည္ႏိုင္သြားၿပီေပါ့ေနာ္။ (၁၀) ႐ုံနဲ႔ (၁၃) ႐ုံ စုစုေပါင္း (၂၃)႐ုံရွိတယ္။ အဲဒီ (၂၃)႐ုံမွာ အခု အေနမွာ ရပ္နားက(၁၃)႐ုံ။ အဲဒီ (၁၃) ႐ုံမွာ အခု ေနမွာ ကြၽန္မတို႔က ပုဂၢလိကနဲ႔ အက်ိဳးတူပူးေပါင္း ေသာ္လည္းေကာင္း ေဆာင္႐ြက္ဖို႔ ကြၽန္မတို႔ ေဆာင္ ႐ြက္ေနပါတယ္”ဟု ၎ကေျပာသည္။
ရပ္နားထားသည့္ စက္႐ုံ (၁၃)႐ုံသည္ ေရာ္ဘာပစၥည္းစက္႐ုံခြဲ(ေ႐ႊဟသၤာလမ္း)၊ အမွတ္ (၂၂) အႀကီးစားစက္႐ုံ (ဘီးလင္း)၊ အီလက္ထ႐ြန္နစ္ ပစၥည္းႏွင့္ လွ်ပ္စစ္ေမာ္တာစက္ (SE) ၊ ဓာတ္ခဲအလုပ္ ႐ုံ(ေတာင္ဒဂုံ)၊ ေအာက္ဆီဂ်င္ဓာတ္ေငြ႕ႏွင့္ အက္ဆီ တလင္းဓာတ္ေငြ႕အလုပ္႐ုံ၊ ခရမ့္ေရာ္ဘာစက္႐ုံ (သံျဖဴဇရပ္)၊ အမွတ္(၃၃)အႀကီးစားစက္႐ုံ (ေက်ာက္ဆည္)၊ ေက်ာက္ျပားထုတ္လုပ္ေရးဌာန (စက်င္)၊ အမွတ္ (၃၄) အႀကီးစားစက္႐ုံ(သာယာဝတီ)၊ အုတ္ထုတ္လုပ္ေရးဌာန(တညင္းကုန္း)၊ မီးခံအုတ္ ထုတ္လုပ္ေရးဌာန (တညင္းကုန္း)၊ ေႂကြထည္ပစၥည္း ထုတ္လုပ္ေရးဌာန (ေမာ္လၿမိဳင္)ႏွင့္ အမွတ္ (၃၅) အႀကီးစားစက္႐ုံတို႔ျဖစ္ေၾကာင္းသိရသည္။