YBS ဆီကားများ ခေါက်ရေပြည့်မီအောင် ပြေးဆွဲနိုင်ရေးအတွက် ညအချိန် သီးသန့် ဆီဖြည့်ပေးသွားမည်

114

စော(NP News)- မတ် ၂၆
ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBS ဆီကားများ ခေါက်ရေပြည့်မီအောင် ပြေးဆွဲနိုင်ရေးအတွက် ညအချိန် သီးသန့် ဆီဖြည့်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောကြားခဲ့သည်။
ရန်ကုန်မြို့ ၊ တာမွေမြို့နယ်၊ မာန်အောင်ရပ်ကွက်ရှိ YRTC ရုံးချုပ်၌ ယနေ့ (မတ်လ ၂၆ရက်)၊ ညနေ (၃)နာရီအချိန်တွင် ပြုလုပ်သော မီဒီယာများတွေ့ဆုံပွဲတွင် အထက်ပါအကြောင်းအရာကို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
YRTC လက်အောက်တွင် ယာဉ်လိုင်းကုမ္ပဏီ (၂၁)ခု၊ ယာဉ်လိုင်းပေါင်း (၁၄၅)လိုင်း၊ ယာဉ်စီးရေ (၅၄၃၈)စီးရှိပြီး CNG အသုံးပြုယာဉ်(၅၀၁၃)စီး၊ Diesel အသုံးပြုယာဉ် (၄၂၃)စီးရှိကြောင်း သိရသည်။
အဆိုပါ ဒီဇယ်အသုံးပြုယာဉ်များအတွက် တစ်နေ့လျှင် ဒီဇယ် (၂၀)လီတာကို တန်းစီဝယ်ယူခြင်းမှ နေ့စဉ် (၄၀)လီတာကို ညဉ့်အချိန်တွင် ဆီဖြည့်ပြီး ခေါက်ရေပြည့်မီအောင် ပြေးဆွဲနိုင်ရေးစီစဉ်ပေးသွားမည်ဖြစ်၍ စီးနင်းသူများအတွက် ယာဉ်စီးရေးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
“ဒီနေ့မှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သီးခြားသူတို့လုပ်ပေးမှာ ကျွန်တော်တို့က (၄၂၃)စီး စာရင်းပေးထားတယ်။ ဒီဇယ်ကားတွေ သီးခြားညအချိန်မှာဖြည့်ပေးမယ်။ ဘယ်အချိန်ဆိုတာလဲတော့ မပြောသေးဘူး။ အဲဒီကားတွေပဲ သီးခြားဖြည့်ပေးမှာ ။ မနက်ဖြန်(မတ် ၂၇ရက်)လောက်ဖြစ်မယ်ထင်တယ်။ အဲဒါကို သူတို့က ဒီဇယ်ဝယ်ပြီးရင် ကြပ်မတ်ဆောင်ရွက်သွားမှာပေါ့။ YTRC စည်းကမ်းထိန်းသိမ်းရေးကသော်လည်းကောင်း Yangon Bus Operator (YBO) Control Center ကသော်လည်းကောင်း လာဝယ်တဲ့ကားတွေ နောက်နေ့မှ တကယ်ပြေးမပြေး နေ့တိုင်း သေချာစစ်ဆေးသွားမှာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။
YBS ယာဉ်များသည် ယာဉ်လမ်းကြောင်းပေါ်မူတည်၍ ယာဉ်ပြေးဆွဲသည့်အခေါက်ရေ ကွဲပြားသော်လည်း ထိုသို့ဆောင်ရွက်ပေးခြင်းကြောင့် ယင်း ဒီဇယ်အသုံးပြုယာဉ်များသည် ခေါက်ရေပြည့်မီအောင် ပြေးဆွဲရမည့်ဖြစ်ပြီး အခြားနေရာများတွင်ပြေးဆွဲပါကလည်း အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် CNG ယာဉ်များကလည်း သတ်မှတ်လမ်းကြောင်းအတိုင်း ပြေးဆွဲခြင်းမရှိဘဲ အခြားကြို/ပို့ ဆောင်ရွက်ပါက CNG ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

Zawgyi Version:
YBS ဆီကားမ်ား ေခါက္ေရျပည့္မီေအာင္ ေျပးဆြဲႏိုင္ေရးအတြက္ ညအခ်ိန္ သီးသန႔္ ဆီျဖည့္ေပးသြားမည္
ေစာ(NP News)- မတ္ ၂၆
ရန္ကုန္ၿမိဳ႕တြင္းေျပးဆြဲေနေသာ YBS ဆီကားမ်ား ေခါက္ေရျပည့္မီေအာင္ ေျပးဆြဲႏိုင္ေရးအတြက္ ညအခ်ိန္ သီးသန႔္ ဆီျဖည့္ေပးသြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိက သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈ ေကာ္မတီ (YRTC) မွ တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မာန္က ေျပာၾကားခဲ့သည္။
ရန္ကုန္ၿမိဳ႕ ၊ တာေမြၿမိဳ႕နယ္၊ မာန္ေအာင္ရပ္ကြက္ရွိ YRTC ႐ုံးခ်ဳပ္၌ ယေန႔ (မတ္လ ၂၆ရက္)၊ ညေန (၃)နာရီအခ်ိန္တြင္ ျပဳလုပ္ေသာ မီဒီယာမ်ားေတြ႕ဆုံပြဲတြင္ အထက္ပါအေၾကာင္းအရာကို ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။
YRTC လက္ေအာက္တြင္ ယာဥ္လိုင္းကုမၸဏီ (၂၁)ခု၊ ယာဥ္လိုင္းေပါင္း (၁၄၅)လိုင္း၊ ယာဥ္စီးေရ (၅၄၃၈)စီးရွိၿပီး CNG အသုံးျပဳယာဥ္(၅၀၁၃)စီး၊ Diesel အသုံးျပဳယာဥ္ (၄၂၃)စီးရွိေၾကာင္း သိရသည္။
အဆိုပါ ဒီဇယ္အသုံးျပဳယာဥ္မ်ားအတြက္ တစ္ေန႔လွ်င္ ဒီဇယ္ (၂၀)လီတာကို တန္းစီဝယ္ယူျခင္းမွ ေန႔စဥ္ (၄၀)လီတာကို ညဥ့္အခ်ိန္တြင္ ဆီျဖည့္ၿပီး ေခါက္ေရျပည့္မီေအာင္ ေျပးဆြဲႏိုင္ေရးစီစဥ္ေပးသြားမည္ျဖစ္၍ စီးနင္းသူမ်ားအတြက္ ယာဥ္စီးေရးတိုးတက္လာမည္ျဖစ္ေၾကာင္း သိရသည္။
“ဒီေန႔မွ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က သီးျခားသူတို႔လုပ္ေပးမွာ ကြၽန္ေတာ္တို႔က (၄၂၃)စီး စာရင္းေပးထားတယ္။ ဒီဇယ္ကားေတြ သီးျခားညအခ်ိန္မွာျဖည့္ေပးမယ္။ ဘယ္အခ်ိန္ဆိုတာလဲေတာ့ မေျပာေသးဘူး။ အဲဒီကားေတြပဲ သီးျခားျဖည့္ေပးမွာ ။ မနက္ျဖန္(မတ္ ၂၇ရက္)ေလာက္ျဖစ္မယ္ထင္တယ္။ အဲဒါကို သူတို႔က ဒီဇယ္ဝယ္ၿပီးရင္ ၾကပ္မတ္ေဆာင္႐ြက္သြားမွာေပါ့။ YTRC စည္းကမ္းထိန္းသိမ္းေရးကေသာ္လည္းေကာင္း Yangon Bus Operator (YBO) Control Center ကေသာ္လည္းေကာင္း လာဝယ္တဲ့ကားေတြ ေနာက္ေန႔မွ တကယ္ေျပးမေျပး ေန႔တိုင္း ေသခ်ာစစ္ေဆးသြားမွာျဖစ္ပါတယ္”ဟု ၎ကေျပာသည္။
YBS ယာဥ္မ်ားသည္ ယာဥ္လမ္းေၾကာင္းေပၚမူတည္၍ ယာဥ္ေျပးဆြဲသည့္အေခါက္ေရ ကြဲျပားေသာ္လည္း ထိုသို႔ေဆာင္႐ြက္ေပးျခင္းေၾကာင့္ ယင္း ဒီဇယ္အသုံးျပဳယာဥ္မ်ားသည္ ေခါက္ေရျပည့္မီေအာင္ ေျပးဆြဲရမည့္ျဖစ္ၿပီး အျခားေနရာမ်ားတြင္ေျပးဆြဲပါကလည္း အေရးယူျခင္းခံရမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ CNG ယာဥ္မ်ားကလည္း သတ္မွတ္လမ္းေၾကာင္းအတိုင္း ေျပးဆြဲျခင္းမရွိဘဲ အျခားႀကိဳ/ပို႔ ေဆာင္႐ြက္ပါက CNG ပိတ္သိမ္းသြားမည္ ျဖစ္ေၾကာင္း ၎ကဆိုသည္။