ယစ်မျိုးဥပဒေပါ အမျိုးသမီးများအရက်ရောင်းခွင့်မရှိသောကိစ္စအပေါ် မြေပြင်တွင် လိုက်နာမှုအားနည်းသည့်အပြင် အမြင်ကွဲလွဲနေ

267

သန့်ဇင် (NP News) - မတ်လ ၂၇
ယစ်မျိုးဥပဒေပါ အမျိုးသမီးများအရက် ရောင်းခွင့်မရှိသောကိစ္စအပေါ် မြေပြင်တွင် လိုက်နာမှု အားနည်းသည့်အပြင် ယင်းဥပဒေပုဒ်မနှင့်ပတ်သက်၍ အမြင်ကွဲလွဲနေကြောင်း NP News က မေးမြန်းထားချက်များအရ သိရသည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင် စီက ဥပဒေအမှတ် (၁၃/၂၀၂၆)အရ မတ်လ (၇) ရက်တွင် အခန်း(၁၈)ခန်းနှင့် ပုဒ်မ (၉၉)ခုပါဝင်သော ယစ်မျိုးဥပဒေကိုပြဋ္ဌာန်းခဲ့ရာ ယင်းဥပဒေပုဒ်မ (၇၂) တွင် ရောင်းချခြင်းဆိုင်ရာ ယစ်မျိုးလိုင်စင်ရရှိသူ မည်သူမျှ အရက်ရောင်းချခြင်းပြုသည့်နေရာတွင် အမျိုး သမီးကိုခိုင်းစေခြင်း သို့မဟုတ် ခိုင်းစေခွင့်ပြုခြင်း မပြုရကြောင်း ပြဋ္ဌာန်းထားသည်။
ယင်းဥပဒေပုဒ်မကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ကျူးလွန်သူ ကို (၆)လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် သိန်း (၅၀)ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်းသိရသည်။
အဆိုပါဥပဒေပြဋ္ဌာန်းပြီးသော်လည်း မြေ ပြင်တွင် လိုက်နာမှုအားနည်းနေကြောင်းတွေ့ရကာ လက်ရှိအချိန်အထိ အရက်ရောင်းချသည့်နေရာတွင် အမျိုးသမီးစားပွဲထိုးများ ရှိနေဆဲဖြစ်သည်။
" ဥပဒေကပြဋ္ဌာန်းပေးမယ့် မြေပြင်မှာက ဥပမာ အရက်ဆိုင်တွေဆိုရင် အမျိုးသမီးစားပွဲထိုး တွေရှိတယ်။ ဘယ်လိုသွားဖြုတ်မလဲ။ ဒီကဏ္ဍမှာက အမျိုးသမီးတွေက တော်တော်များများပါနေတယ်။ ဆိုတော့ မြေပြင်မှာကရှိနေတုန်းပဲ" ဟု သိရှိသူတစ်ဦး ကဆိုသည်။
အချို့ဆိုင်များတွင် ယောကျာ်းလေးဆန် ဆန်ဝတ်ဆင်သော အမျိုးသမီးဝန်ထမ်းများကို မြင် လာရကြောင်း အခြား သိရှိသူတစ်ဦးက ၎င်း မြင်တွေ့ ရသောအခြေအနေကို ပြောပြသည်။
" အဲဒီဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းမှာ Bar နဲ့စားသောက်ဆိုင်တချို့မှာ ဝန်ထမ်းလုပ်နေတဲ့ စားပွဲ ထိုးကောင်မလေးတွေက ယောကျာ်းလေးတီရှပ်အင်္ကျီ နဲ့ ဘောင်းဘီပွပွလေးတွေဝတ်ပြီး ယောကျာ်းလေးပုံစံ ပြောင်းပြီးတော့ ရောင်းနေကြတာတွေ့ရတယ်။ အရက်ဆိုင်တွေမှာလည်း မိန်းကလေးတွေရောင်းနေ တာပဲ" ဟု ၎င်းကပြောသည်။
အဆိုပါ ဥပဒေပုဒ်မ(၇၂)သည် သက်ဆိုင် ရာမှချပေးထားသော အရက်ရောင်းချခြင်းလိုင်စင်ရအရောင်းဆိုင်များနှင့်သာသက်ဆိုင်ပြီး ကျား/မ ခွဲခြားခြင်းနှင့် အမျိုးသမီးများ၏အလုပ်အကိုင် အခွင့် လမ်းကိုပိတ်ပင်သည့်သဘောမျိုးဖြစ်ကြောင်း သုံးသပ်လေ့လာသူတစ်ဦးက ဆိုသည်။
" ဒီဟာက ရောင်းချတဲ့သူတွေနဲ့ပဲဆိုင်တာ။ သက်ဆိုင်ရာကနေချပေးတဲ့ လိုင်စင်ကိုင်ထားတဲ့လူ။ ဥပမာ အေးဂျင့်တွေ၊ အရက်ဆိုင်၊ စားသောက်ဆိုင်၊ နောက်ဆုံး Bar လိုဟာမျိုးအထိပါတယ်။ အဲဒီမှာ လည်း CS 3၊ FL 9၊ FL 12 တို့လိုမျိုးလိုင်စင်တွေလို ပေါ့။ အဲဒီလိုင်စင်ကိုင်ထားတဲ့လူကိုယ်တိုင် ဒီပုဒ်မ ပြဋ္ဌာန်းချက်အရဆိုရင် အမျိုးသမီးဖြစ်လို့မရဘူး။ ဒါ Gender ခွဲတဲ့သဘောမျိုးအထိတောင် သက်ရောက် တယ်။ နောက် ကျယ်ကျယ်ပြန့်ပြန့်ပြောမယ်ဆိုရင် အမျိုးသမီးတွေရဲ့အလုပ်အကိုင်အခွင့်အလမ်းကိုပါ ပိတ်ပင်တဲ့သဘောမျိုးအထိသက်ရောက်နေတယ် " ဟု ၎င်းကပြောသည်။
ထို့ပြင် ယစ်မျိုးဥပဒေအတွင်း ယင်းပုဒ်မထည့်သွင်းပြဋ္ဌာန်းခြင်းကို နိုင်ငံသားတစ်ယောက် အနေဖြင့် နားမလည်နိုင်သော်လည်း လာမည့်လွှတ် တော်အတွင်း အမတ်များအတွက် စာမေးပွဲတစ်ခုဖြစ် လာနိုင်ကြောင်းလည်း ၎င်းကဆိုသည်။
" ဘာကြောင့် ဒီပုဒ်မကိုထည့်သွင်းပြဋ္ဌာန်း ခဲ့တယ်ဆိုတာ နိုင်ငံသားတစ်ယောက်အနေနဲ့ နားမ လည်နိုင်ဘူး။ ဒါပေမဲ့ မကြာပါဘူး။ အခုရွေးကောက် လိုက်တဲ့အမတ်တွေအတွက် အလုပ်တစ်ခုတိုးတာ ပေါ့။ ဒီလူတွေကို တန်းပြီး စာမေးပွဲစစ်လို့ရသွားပြီ။ ဒါပေမဲ့ ပြည်သူကတော့ စောင့်ကြည့်ပြီး အမှတ်ခြစ်ဖို့ လိုတာပေါ့ " ဟု ၎င်းကပြောသည်။
အဆိုပါပုဒ်မနှင့်ပတ်သက်၍ ယင်းကို ထောက်ခံကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက ဆိုသည်။
" ပုဒ်မ(၇၃)မှာပြောတာက ပုဒ်မ(၅၆)၊ (၅၇)၊ (၇၂) ဆိုတော့ (၆)လထက်မပိုတဲ့ ထောင်ဒဏ် နဲ့ ကျပ်သိန်း(၅၀)ထက်မပိုတဲ့ငွေဒဏ် ဒါမှမဟုတ်ရင် ဒဏ်(၂)ရပ်လုံးကို ကျခံရနိုင်တယ်။ ဝန်ထမ်းတွေ လည်းမရောင်းရတော့ဘူး။ ဝန်ထမ်းတွေလည်း ခံစား ပိုင်ခွင့်မရှိတော့ဘူး။ အမျိုးသမီးတွေအတွက် အလုပ် အကိုင်အခွင့်အရေးကို မစဉ်းစားနဲ့လေ။ ဥပဒေကိုပဲ ကြည့်ပြီး အမျိုးသမီးမရောင်းနဲ့ဆိုရင် မရောင်းနဲ့ပေါ့။ အမျိုးသမီးရောင်းချခြင်းအားဖြင့် နောက်ဆက်တွဲရာဇဝတ်မှုတွေဖြစ်တတ်တယ်။ သူတို့ကရောင်းတယ်။ ဝယ်တဲ့လူက ဝယ်ပြီးတော့သောက်သုံးမယ်။ အရက် မူးလာတော့ ထပ်မှာတယ်။ ရောင်းတဲ့အမျိုးသမီးက ထုတ်ပေးတယ်။ အဲဒီမှာ မပြေလည်ဘူး။ ဆွဲလား ရမ်းလားဖြစ်လာမယ်။ အန္တရာယ်တွေများပါတယ်။ နောက်ပြီး အမျိုးသမီးတွေရောင်းဖို့လည်း မသင့် တော်ဘူး။ ဒါကြောင့် ဒီဥပဒေကိုပြဋ္ဌာန်းတဲ့အတွက် ဒီဥပဒေအပေါ်မှာတော့ ဝေဖန်စရာ သိပ်မတွေ့သေး ပါဘူး"ဟု အထက်ပါရှေ့နေက ပြောသည်။

Zawgyi Version;
ယစ္မ်ိဳးဥပေဒပါ အမ်ိဳးသမီးမ်ားအရက္ေရာင္းခြင့္မရွိေသာကိစၥအေပၚ ေျမျပင္တြင္ လိုက္နာမႈအားနည္းသည့္ အျပင္ အျမင္ကြဲလြဲေန
သန႔္ဇင္ (NP News) - မတ္လ ၂၇
ယစ္မ်ိဳးဥပေဒပါ အမ်ိဳးသမီးမ်ားအရက္ ေရာင္းခြင့္မရွိေသာကိစၥအေပၚ ေျမျပင္တြင္ လိုက္နာမႈ အားနည္းသည့္အျပင္ ယင္းဥပေဒပုဒ္မႏွင့္ပတ္သက္၍ အျမင္ကြဲလြဲေနေၾကာင္း NP News က ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္ စီက ဥပေဒအမွတ္ (၁၃/၂၀၂၆)အရ မတ္လ (၇) ရက္တြင္ အခန္း(၁၈)ခန္းႏွင့္ ပုဒ္မ (၉၉)ခုပါဝင္ေသာ ယစ္မ်ိဳးဥပေဒကိုျပ႒ာန္းခဲ့ရာ ယင္းဥပေဒပုဒ္မ (၇၂) တြင္ ေရာင္းခ်ျခင္းဆိုင္ရာ ယစ္မ်ိဳးလိုင္စင္ရရွိသူ မည္သူမွ် အရက္ေရာင္းခ်ျခင္းျပဳသည့္ေနရာတြင္ အမ်ိဳး သမီးကိုခိုင္းေစျခင္း သို႔မဟုတ္ ခိုင္းေစခြင့္ျပဳျခင္း မျပဳရေၾကာင္း ျပ႒ာန္းထားသည္။
ယင္းဥပေဒပုဒ္မကို ေဖာက္ဖ်က္က်ဴးလြန္ ေၾကာင္း ျပစ္မႈထင္ရွားစီရင္ျခင္းခံရလွ်င္ က်ဴးလြန္သူ ကို (၆)လထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ က်ပ္ သိန္း (၅၀)ထက္မပိုေသာ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ ရပ္လုံးျဖစ္ေစ ခ်မွတ္ခံရႏိုင္ေၾကာင္းသိရသည္။
အဆိုပါဥပေဒျပ႒ာန္းၿပီးေသာ္လည္း ေျမ ျပင္တြင္ လိုက္နာမႈအားနည္းေနေၾကာင္းေတြ႕ရကာ လက္ရွိအခ်ိန္အထိ အရက္ေရာင္းခ်သည့္ေနရာတြင္ အမ်ိဳးသမီးစားပြဲထိုးမ်ား ရွိေနဆဲျဖစ္သည္။
" ဥပေဒကျပ႒ာန္းေပးမယ့္ ေျမျပင္မွာက ဥပမာ အရက္ဆိုင္ေတြဆိုရင္ အမ်ိဳးသမီးစားပြဲထိုး ေတြရွိတယ္။ ဘယ္လိုသြားျဖဳတ္မလဲ။ ဒီက႑မွာက အမ်ိဳးသမီးေတြက ေတာ္ေတာ္မ်ားမ်ားပါေနတယ္။ ဆိုေတာ့ ေျမျပင္မွာကရွိေနတုန္းပဲ" ဟု သိရွိသူတစ္ဦး ကဆိုသည္။
အခ်ိဳ႕ဆိုင္မ်ားတြင္ ေယာက်ာ္းေလးဆန္ ဆန္ဝတ္ဆင္ေသာ အမ်ိဳးသမီးဝန္ထမ္းမ်ားကို ျမင္ လာရေၾကာင္း အျခား သိရွိသူတစ္ဦးက ၎ ျမင္ေတြ႕ ရေသာအေျခအေနကို ေျပာျပသည္။
" အဲဒီဥပေဒျပ႒ာန္းၿပီးေနာက္ပိုင္းမွာ Bar နဲ႔စားေသာက္ဆိုင္တခ်ိဳ႕မွာ ဝန္ထမ္းလုပ္ေနတဲ့ စားပြဲ ထိုးေကာင္မေလးေတြက ေယာက်ာ္းေလးတီရွပ္အက်ႌ နဲ႔ ေဘာင္းဘီပြပြေလးေတြဝတ္ၿပီး ေယာက်ာ္းေလးပုံစံ ေျပာင္းၿပီးေတာ့ ေရာင္းေနၾကတာေတြ႕ရတယ္။ အရက္ဆိုင္ေတြမွာလည္း မိန္းကေလးေတြေရာင္းေန တာပဲ" ဟု ၎ကေျပာသည္။
အဆိုပါ ဥပေဒပုဒ္မ(၇၂)သည္ သက္ဆိုင္ ရာမွခ်ေပးထားေသာ အရက္ေရာင္းခ်ျခင္းလိုင္စင္ရအေရာင္းဆိုင္မ်ားႏွင့္သာသက္ဆိုင္ၿပီး က်ား/မ ခြဲျခားျခင္းႏွင့္ အမ်ိဳးသမီးမ်ား၏အလုပ္အကိုင္ အခြင့္ လမ္းကိုပိတ္ပင္သည့္သေဘာမ်ိဳးျဖစ္ေၾကာင္း သုံးသပ္ေလ့လာသူတစ္ဦးက ဆိုသည္။
" ဒီဟာက ေရာင္းခ်တဲ့သူေတြနဲ႔ပဲဆိုင္တာ။ သက္ဆိုင္ရာကေနခ်ေပးတဲ့ လိုင္စင္ကိုင္ထားတဲ့လူ။ ဥပမာ ေအးဂ်င့္ေတြ၊ အရက္ဆိုင္၊ စားေသာက္ဆိုင္၊ ေနာက္ဆုံး Bar လိုဟာမ်ိဳးအထိပါတယ္။ အဲဒီမွာ လည္း CS 3၊ FL 9၊ FL 12 တို႔လိုမ်ိဳးလိုင္စင္ေတြလို ေပါ့။ အဲဒီလိုင္စင္ကိုင္ထားတဲ့လူကိုယ္တိုင္ ဒီပုဒ္မ ျပ႒ာန္းခ်က္အရဆိုရင္ အမ်ိဳးသမီးျဖစ္လို႔မရဘူး။ ဒါ Gender ခြဲတဲ့သေဘာမ်ိဳးအထိေတာင္ သက္ေရာက္ တယ္။ ေနာက္ က်ယ္က်ယ္ျပန႔္ျပန႔္ေျပာမယ္ဆိုရင္ အမ်ိဳးသမီးေတြရဲ႕အလုပ္အကိုင္အခြင့္အလမ္းကိုပါ ပိတ္ပင္တဲ့သေဘာမ်ိဳးအထိသက္ေရာက္ေနတယ္ " ဟု ၎ကေျပာသည္။
ထို႔ျပင္ ယစ္မ်ိဳးဥပေဒအတြင္း ယင္းပုဒ္မထည့္သြင္းျပ႒ာန္းျခင္းကို ႏိုင္ငံသားတစ္ေယာက္ အေနျဖင့္ နားမလည္ႏိုင္ေသာ္လည္း လာမည့္လႊတ္ ေတာ္အတြင္း အမတ္မ်ားအတြက္ စာေမးပြဲတစ္ခုျဖစ္ လာႏိုင္ေၾကာင္းလည္း ၎ကဆိုသည္။
" ဘာေၾကာင့္ ဒီပုဒ္မကိုထည့္သြင္းျပ႒ာန္း ခဲ့တယ္ဆိုတာ ႏိုင္ငံသားတစ္ေယာက္အေနနဲ႔ နားမ လည္ႏိုင္ဘူး။ ဒါေပမဲ့ မၾကာပါဘူး။ အခုေ႐ြးေကာက္ လိုက္တဲ့အမတ္ေတြအတြက္ အလုပ္တစ္ခုတိုးတာ ေပါ့။ ဒီလူေတြကို တန္းၿပီး စာေမးပြဲစစ္လို႔ရသြားၿပီ။ ဒါေပမဲ့ ျပည္သူကေတာ့ ေစာင့္ၾကည့္ၿပီး အမွတ္ျခစ္ဖို႔ လိုတာေပါ့ " ဟု ၎ကေျပာသည္။
အဆိုပါပုဒ္မႏွင့္ပတ္သက္၍ ယင္းကို ေထာက္ခံေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေနတစ္ဦးက ဆိုသည္။
" ပုဒ္မ(၇၃)မွာေျပာတာက ပုဒ္မ(၅၆)၊ (၅၇)၊ (၇၂) ဆိုေတာ့ (၆)လထက္မပိုတဲ့ ေထာင္ဒဏ္ နဲ႔ က်ပ္သိန္း(၅၀)ထက္မပိုတဲ့ေငြဒဏ္ ဒါမွမဟုတ္ရင္ ဒဏ္(၂)ရပ္လုံးကို က်ခံရႏိုင္တယ္။ ဝန္ထမ္းေတြ လည္းမေရာင္းရေတာ့ဘူး။ ဝန္ထမ္းေတြလည္း ခံစား ပိုင္ခြင့္မရွိေတာ့ဘူး။ အမ်ိဳးသမီးေတြအတြက္ အလုပ္ အကိုင္အခြင့္အေရးကို မစဥ္းစားနဲ႔ေလ။ ဥပေဒကိုပဲ ၾကည့္ၿပီး အမ်ိဳးသမီးမေရာင္းနဲ႔ဆိုရင္ မေရာင္းနဲ႔ေပါ့။ အမ်ိဳးသမီးေရာင္းခ်ျခင္းအားျဖင့္ ေနာက္ဆက္တြဲရာဇဝတ္မႈေတြျဖစ္တတ္တယ္။ သူတို႔ကေရာင္းတယ္။ ဝယ္တဲ့လူက ဝယ္ၿပီးေတာ့ေသာက္သုံးမယ္။ အရက္ မူးလာေတာ့ ထပ္မွာတယ္။ ေရာင္းတဲ့အမ်ိဳးသမီးက ထုတ္ေပးတယ္။ အဲဒီမွာ မေျပလည္ဘူး။ ဆြဲလား ရမ္းလားျဖစ္လာမယ္။ အႏၲရာယ္ေတြမ်ားပါတယ္။ ေနာက္ၿပီး အမ်ိဳးသမီးေတြေရာင္းဖို႔လည္း မသင့္ ေတာ္ဘူး။ ဒါေၾကာင့္ ဒီဥပေဒကိုျပ႒ာန္းတဲ့အတြက္ ဒီဥပေဒအေပၚမွာေတာ့ ေဝဖန္စရာ သိပ္မေတြ႕ေသး ပါဘူး"ဟု အထက္ပါေရွ႕ေနက ေျပာသည္။