အာရှပစိဖိတ်ဒေသတွင် ပဋိပက္ခမဖြစ်ပွားစေရန် လုပ်ဆောင်သင့်ဟု အမေရိကန်ကို တရုတ်အစိုးရ ပြော

 110

ဂျန်ဇက် (NP News) - မတ်လ ၂၇

အမေရိကန်နိုင်ငံအနေဖြင့် အာရှပစိဖိတ်ဒေသတွင် ပဋိပက္ခနှင့် စစ်ပွဲဆိုင်ရာ ကမောက်ကမဖြစ်စေရန် လုပ်ဆောင် သင့်ကြောင်း တရုတ်အစိုးရက တိုက်တွန်းပြောဆိုလိုက်သည်။
အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များက ဖိလစ်ပိုင်တွင် လက်နက်စခန်းတစ်ခုတည်ဆောက်ရန် စဉ်းစားမည်ဟု ပြောကြားပြီးနောက် မကြာမီတွင်တရုတ်အစိုးရက အမေရိကန်နိုင်ငံကို ယင်းကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။
အမေရိကန်ဦးဆောင်သောကာကွယ်ရေးအဖွဲ့တစ်ဖွဲ့သည် ဖိလစ်ပိုင်တွင်ခဲယမ်း မီးကျောက်တပ်ဆင်ခြင်း နှင့် ထုတ်လုပ်မှုလိုင်းအသစ်အတွက် ရန်ပုံငွေကို အကဲဖြတ်ရန် ပြီးခဲ့သည့်သီတင်းပတ်က သဘောတူခဲ့ကြောင်း ပူးတွဲကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။
အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား နှင့် ဖိလစ်ပိုင်တို့လည်း ပါဝင်သော အင်ဒို-ပစိဖိတ် စက်မှုပြန်လည်ထူထောင်ရေး မိတ်ဖက်အဖွဲ့ (PIPIR) ၏ အဖွဲ့ဝင် (၁၆) နိုင်ငံမှ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက လက်နက်စက်ရုံတည်ဆောက်ခြင်းသည် ဒေသတွင်း မတည်မငြိမ်ဖြစ်စေပြီး ကြောင်း သတိပေးခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက "အမေရိကန်နှင့်မဟာမိတ်များဟာ ဒေသတွင်း နိုင်ငံများရဲ့ဘုံရည်မှန်းချက်များကို အလေးအနက်ထားလေးစားသင့်ပြီး အုပ်စုလိုက်ထိပ်တိုက်ရင်ဆိုင်မှု၊ ပဋိပက္ခနဲ့ စစ်ပွဲဆိုင်ရာရှုပ်ထွေးမှုများကို အာရှ-ပစိဖိတ်ဒေသထဲကို မထည့်သွင်းသင့်ပါသက်ဆိုင်ရာနိုင်ငံဟာ အဲဒီခဲယမ်း သိုလှောင်ရုံတစ်ခုပြုလုပ်ဖို့ ဆန္ဒရှိပါက ၎င်းကိုယ်တိုင်သာ ပြန်လည်တိုက်ခိုက်လိမ့်မယ်" ဟု ပြောသည်။
ဖိလစ်ပိုင်နိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး ပြီးခဲ့သည့်နှစ်များအတွင်း အငြင်းပွားမှုများဖြစ်ပွားခဲ့ကာ ထိပ်တိုက်တွေ့ဆုံမှုများရှိခဲ့ကြောင်း သိရသည်။
တရုတ်အစိုးရ တောင်တရုတ်ပင်လယ်ကို ၎င်းတို့ပိုင်နက်အဖြစ် ပြောဆိုထားပြီးဖိလစ်ပိုင် အပါအဝင် အာဆီယံနိုင်ငံ အချို့နှင့် ပိုင်နက်နယ်မြေအငြင်းပွားနေကြောင်း သိရသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ဂျီယမ်က တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအကျိုးစီးပွား နှင့် အချုပ်အခြာအာဏာပိုင်နက်များ ဘေးကင်းစေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။

Zawgyi Version;
အာရွပစိဖိတ္ေဒသတြင္ ပဋိပကၡမျဖစ္ပြားေစရန္ လုပ္ေဆာင္သင့္ဟု အေမရိကန္ကို တ႐ုတ္အစိုးရ ေျပာ
ဂ်န္ဇက္ (NP News) - မတ္လ ၂၇
အေမရိကန္ႏိုင္ငံအေနျဖင့္ အာရွပစိဖိတ္ေဒသတြင္ ပဋိပကၡႏွင့္ စစ္ပြဲဆိုင္ရာ ကေမာက္ကမျဖစ္ေစရန္ လုပ္ေဆာင္ သင့္ေၾကာင္း တ႐ုတ္အစိုးရက တိုက္တြန္းေျပာဆိုလိုက္သည္။
အေမရိကန္ႏွင့္ ၎၏ မဟာမိတ္မ်ားက ဖိလစ္ပိုင္တြင္ လက္နက္စခန္းတစ္ခုတည္ေဆာက္ရန္ စဥ္းစားမည္ဟု ေျပာၾကားၿပီးေနာက္ မၾကာမီတြင္တ႐ုတ္အစိုးရက အေမရိကန္ႏိုင္ငံကို ယင္းကဲ့သို႔ သတိေပးခဲ့ျခင္းျဖစ္သည္။
အေမရိကန္ဦးေဆာင္ေသာကာကြယ္ေရးအဖြဲ႕တစ္ဖြဲ႕သည္ ဖိလစ္ပိုင္တြင္ခဲယမ္း မီးေက်ာက္တပ္ဆင္ျခင္း ႏွင့္ ထုတ္လုပ္မႈလိုင္းအသစ္အတြက္ ရန္ပုံေငြကို အကဲျဖတ္ရန္ ၿပီးခဲ့သည့္သီတင္းပတ္က သေဘာတူခဲ့ေၾကာင္း ပူးတြဲေၾကညာခ်က္တစ္ေစာင္တြင္ ေဖာ္ျပထားသည္။
အေမရိကန္၊ ၿဗိတိန္၊ ၾသစေၾတးလ်၊ ဂ်ပန္၊ ေတာင္ကိုရီးယား ႏွင့္ ဖိလစ္ပိုင္တို႔လည္း ပါဝင္ေသာ အင္ဒို-ပစိဖိတ္ စက္မႈျပန္လည္ထူေထာင္ေရး မိတ္ဖက္အဖြဲ႕ (PIPIR) ၏ အဖြဲ႕ဝင္ (၁၆) ႏိုင္ငံမွ ဆုံးျဖတ္ခ်က္ခ်ခဲ့ျခင္းျဖစ္သည္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက လက္နက္စက္႐ုံတည္ေဆာက္ျခင္းသည္ ေဒသတြင္း မတည္မၿငိမ္ျဖစ္ေစၿပီး ေၾကာင္း သတိေပးခဲ့သည္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက "အေမရိကန္ႏွင့္မဟာမိတ္မ်ားဟာ ေဒသတြင္း ႏိုင္ငံမ်ားရဲ႕ဘုံရည္မွန္းခ်က္မ်ားကို အေလးအနက္ထားေလးစားသင့္ၿပီး အုပ္စုလိုက္ထိပ္တိုက္ရင္ဆိုင္မႈ၊ ပဋိပကၡနဲ႔ စစ္ပြဲဆိုင္ရာရႈပ္ေထြးမႈမ်ားကို အာရွ-ပစိဖိတ္ေဒသထဲကို မထည့္သြင္းသင့္ပါသက္ဆိုင္ရာႏိုင္ငံဟာ အဲဒီခဲယမ္း သိုေလွာင္႐ုံတစ္ခုျပဳလုပ္ဖို႔ ဆႏၵရွိပါက ၎ကိုယ္တိုင္သာ ျပန္လည္တိုက္ခိုက္လိမ့္မယ္" ဟု ေျပာသည္။
ဖိလစ္ပိုင္ႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္ ေတာင္တ႐ုတ္ပင္လယ္အေရးႏွင့္ပတ္သက္ၿပီး ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း အျငင္းပြားမႈမ်ားျဖစ္ပြားခဲ့ကာ ထိပ္တိုက္ေတြ႕ဆုံမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။
တ႐ုတ္အစိုးရ ေတာင္တ႐ုတ္ပင္လယ္ကို ၎တို႔ပိုင္နက္အျဖစ္ ေျပာဆိုထားၿပီးဖိလစ္ပိုင္ အပါအဝင္ အာဆီယံႏိုင္ငံ အခ်ိဳ႕ႏွင့္ ပိုင္နက္နယ္ေျမအျငင္းပြားေနေၾကာင္း သိရသည္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ လင္ဂ်ီယမ္က တ႐ုတ္ႏိုင္ငံအေနျဖင့္ ႏိုင္ငံအက်ိဳးစီးပြား ႏွင့္ အခ်ဳပ္အျခာအာဏာပိုင္နက္မ်ား ေဘးကင္းေစရန္ လုပ္ေဆာင္မည္ျဖစ္ေၾကာင္း ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.