ပခုက္ကူ - မြိုင်လမ်း နှင့် လမ်းဘေးဝဲယာမှ ဘဝများ

598

သုတကျော် (NP News) - မတ်လ ၂၇
" စစ်ဆေးလို့ကိုမပြီးနိုင်ဘူးလို့ ကားပေါ်မှာ တစ် ယောက်ကပြောလို့ အဲဒါ တပ်ဂိတ်မဟုတ်ဘူး နင့်အ မေလင် PDF တွေလို့ပြောလိုက်တာ ရွာလည်းပြန် ရောက်ရော PDF ဆီအတိုင်ခံရတယ်" ဟု မြိုင်မြို့ နယ်မှဒေသခံတစ်ဦးက ရယ်သံစွက်ရင်းပြောပြသည်။ သို့သော် ရယ်သံက အသက်မဝင်လှပေ။ ပခုက္ကူမြို့နှင့် မြိုင်မြို့သည် (၂၇)မိုင်ကျော်ခန့်သာဝေးကွာသည် ဆိုသော်လည်း ယင်းနှစ်မြို့ကြားမှလမ်းပိုင်းသည် မြန် မာနိုင်ငံမှ စိုးရိမ်ရသောလမ်းတစ်လမ်းအဖြစ် စာရင်း ဝင်ဖြစ်လာသည်။ အခြေအနေအဆိုးဆုံးလမ်း မဟုတ် သော်လည်း အကောင်းဆုံးလမ်းဟုကား မဆိုနိုင်ပေ။
မကွေးတိုင်းဒေသကြီးမှ အစည်ကားဆုံးမြို့များ အနက်တစ်မြို့ဖြစ်သော ပခုက္ကူမြို့သည် ဧရာဝတီအ နောက်ဘက်ကမ်းမြို့တော်ဟု တင်စားခေါ်ဝေါ်ခံရခြင်း နှင့်လျော်ညီစွာ စီးပွားရေးကောင်းမွန်သည်။ မြိုင်မြို့ သည်ကား ကြီးမားသောမြို့တစ်မြို့မဟုတ်သည့်တိုင် ယင်းမြို့၏အမည်နာမကို အတော်များများ ကြားဖူးပေ လိမ့်မည်။ မြိုင်မြို့မှ နာမည်ကျော်များထွက်ခဲ့သည့် အနက် အနီးစပ်ဆုံးပြောရလျှင် စာရေးဆရာကြီး မြ သန်းတင့်နှင့် မန္တလေးသိန်းဇော်တို့ကို ပြရပေလိမ့် မည်။ အညာဒေသမှ တည်ငြိမ်သောမြို့တစ်မြို့ဖြစ်ခဲ့ ပြီး လမ်းပန်းဆက်သွယ်ရေးအတွက် အားထားရသော မြို့တစ်မြို့ဖြစ်သည်။
ပခုက္ကူ-မြိုင်လမ်းကို အညာအရပ်နှင့် အကြေ အရပ်ကိုဆက်သွယ်ရာ ပုသိမ် - မုံရွာလမ်းမကြီးက ဖြတ်ထားသည်။ မြို့နှစ်မြို့အကြားဆက်သွယ်ရာ လမ်းဟုဆိုသော်လည်း မြို့ကြီးနှင့်မြို့ငယ်ကို ဆက် သွယ်ထားပြီး ကျေးရွာများကိုချိတ်ဆက်ထားသော အဆိုပါလမ်းသည် လမ်း တိုပင်တိုသော်ငြား သက် ဆိုင်ရာပြည်သူတို့အတွက် အကျိုးကျေးဇူးများ ကြောင်းကား အထူးပင် ပြောရန်လိုလိမ့်မည်မဟုတ် ပေ။
တစ်ဖက်တွင်ပြန်ကြည့်ပါက ပခုက္ကူ - မြိုင်လမ်း သည် များစွာမရှည်လျားသော်လည်း ယင်းလမ်းမှတစ် ဆင့် အခြားလမ်းကွန်ရက်များနှင့် ချိတ်ဆက်ထားပေ ရာ ဒေသတွင်းလမ်းမှသည် တိုင်းဒေသကြီးအဆင့် ကုန်သွယ်နိုင်သော လမ်းတစ်လမ်းဖြစ်လာခဲ့သည်။
" မြိုင်နဲ့ပခုက္ကူကိုဆက်သွယ်ထားတယ်။ မြိုင်က မန္တလေး-မုံရွာလည်း ကားထွက်တယ်။ မြိုင်နဲ့မန္တလေး တိုက်ရိုက်ကားတွေရှိတယ်။ ပခုက္ကူကတော့ ခရိုင်မြို့။ မြိုင်မြို့နယ်ရဲ့ ခရိုင်မြို့လည်းဖြစ်တယ်။ လမ်းပန်း ဆက်သွယ်ရေးကလည်းနီးတယ်။ ပုံမှန်အနေအထား မှာ ဆက်သွယ်ရေးကတော့ပခုက္ကူပဲ"ဟု မြိုင်မြို့နယ် ဒေသခံတစ်ဦးကဆိုသည်။
အဆိုပါဒေသခံပြောသော " ပုံမှန်အနေအ ထား " ဆိုသည်မှာ PDF များရောက်မလာမီကအခြေ အနေဖြစ်ပြီး လက်ရှိတွင်မူ အဆိုပါအနေအထားမျိုး ရှိသည်ဟု ကံသေ ကံမ ပြောမရသောအနေအထား ဖြစ်လာခဲ့သည်။ မြိုင်မြို့သည် ယခုနောက်ပိုင်းတွင် ပိုမို နာမည်ကြီးလာ၏။ ကောင်းသော နာမည်ကြီးခြင်း မျိုးကားမဟုတ်ပါ။
မြိုင်ဟူသောစကားလုံးကို တောနှင့်တွဲဖက်၍ စကားလုံးစပ်အသုံးပြုပါက တောမြိုင် သို့မဟုတ် တောရိပ်မြိုင်ဟုတွဲဖက်လျှင် ယင်းစကားလုံးကိုမြင်သူ တို့စိတ်အတွင်း အေးချမ်းပြီး စိမ်းစိုသည့်အသွင်ကို မြင်နိုင်မည်ဖြစ်သော်လည်း မြိုင်မြို့နယ်တွင်ကား ဒေသခံတို့ရင်တွင်းဝယ် အပူမီးတို့ရှိနေလေသည်။
ပခုက္ကူ - မြိုင်လမ်းထက်တွင် PDF တို့ ရောက် လာခဲ့သည်။ တိုက်ခိုက်မှုများလည်း ဖြစ်လာခဲ့ပြီး ယင်း လမ်းထက်တွင် PDF ဂိတ် (၄)ဂိတ်ခန့်ရှိနေကြောင်း အဆိုပါဒေသခံကဆို၏။ ယခုထက်တိုင် အခြေအနေ တည်ငြိမ်နေသော်လည်း လုံးဝငြိမ်သက်နေသော လမ်းပိုင်းတစ်ခုကားမဟုတ်ပေ။
" မြိုင်မြို့ပေါ်ကလူတွေဆိုရင် ပခုက္ကူဘက် ထွက်ရခက်တာပေါ့။ မြိုင်မြို့ဘက်ကထွက်ရင် PDF ဘက်က စစ်တာ ကြပ်တဲ့သဘောရှိတယ်" ဟု အခြား ဒေသခံတစ်ဦးကဆိုသည်။
ယင်းလမ်းတွင် PDF တို့အနေဖြင့် ယခုထက် တိုင် ဂိတ်ဖွင့်ခြင်းမျိုးရှိနေရာ စစ်ဆေးရေး အမည်ခံ ထားသော်လည်း အမှန်စင်စစ်အားဖြင့် ရည်ရွယ်ချက် မှာ ငွေတောင်းရန်သာဖြစ်ကြောင်း ၎င်းကဆိုသည်။
" ရှောင်လမ်းတွေကပဲ သွားကြတဲ့လူလည်းရှိ တယ်။ လမ်းမကသွားတဲ့သူလည်းရှိတယ်။ ပိုက်ဆံ တောင်းတာပါပဲ။ ပြီးတော့ အစစ်အဆေးတွေပေါ့။ ဝန်ထမ်းတွေဘာတွေဆိုရင်တော့ သတိထားရတာ ပေါ့။ လုံးဝကြီးပိတ်ထားတာတော့ မဟုတ်ဘူး။ သူ့ဟာ နဲ့သူတော့ သွားလာနေကြတယ်" ဟု ၎င်းကဆိုသည်။
ဒေသတွင်း ထွက်ကုန်ပစ္စည်းများကို လွယ်လင့် တကူတင်ပို့နိုင်ခဲ့သောအခြေအနေမှ ပုံစံပြောင်းလာ သည်။ လမ်းပိုင်းတွင် စစ်ဆေးခံရခြင်းနှင့် အလှူငွေ ထည့်ရခြင်းက ဒေသခံတို့၏အမြတ်ကို ပဲ့ပါစေသည်။ ထို့ပြင် အဆိုးဆုံးက စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုဖြစ် သည်။
" အရင်တုန်းက ကျွန်တော်တို့ဒေသကထွက်တဲ့ ပဲစင်းငုံတို့၊ နှမ်း၊ ပဲ၊ ပြောင်း ပခုက္ကူကို အဓိကချ တယ်။ နောက်ကျ ပခုက္ကူက သွားရလာရခက်တော့ မန္တလေး၊ မုံရွာ အဓိကတက်တယ်။ တစ်ခါတလေ ပခုက္ကူတက်ကြတယ်ပြောတယ်"ဟု ၎င်းကဆိုသည်။
PDF များစစ်ဆေးရာတွင် မှတ်ပုံတင်ကိုစစ် သည်။ ဝန်ထမ်းမိသားစု ဟုတ်၊ မဟုတ်ကိုလည်း စစ် ဆေးသည်ဟုဆိုသည်။ သို့သော် PDF များနောက် တွင် ဥပဒေမရှိဟုသိထားသည့်အတွက် စစ်ဆေးမှုများ ကို သာမန်ပြည်သူများပင် မခံယူလိုကြ။
" သွားလို့လာလို့တော့ရနေကြတယ်။ ဒါပေမဲ့ အလိုလိုနေရင်း အကြောက်တရားနဲ့ ခြိမ်းခြောက်ထား တော့ ရွာချင်းဆက်လမ်းတောင်မှ ဟိုရွာနဲ့ဒီရွာ မသွား မလာဘူး။ အိမ်လည်သွားတာတောင် မလုပ်ရဲကြဘူး။ အရင်ကလေ။ အခုမှ နည်းနည်းချောင်လာတာ။ စကားလည်း မှားလို့မရဘူး " ဟု အဆိုပါဒေသခံက ဆိုသည်။
တစ်ဖက်တွင် ခြိမ်းခြောက်မှုလည်းရှိသည်။ သိ သိသာသာခြိမ်းခြောက်ခြင်းထက် ထိုသို့လုပ်လျှင် ဤသို့ဖြစ်မည်ဆိုသည့်ပုံစံမျိုး ပြသခြင်းဖြစ်သည်။ PDF တို့က ဂိတ်ကြေးများအပြင် ကျေးရွာများတွင် လည်း ဆက်ကြေးကောက်၏။ သို့သော် ၎င်းတို့နှင့် ဆက်စပ်သူများ၊ အဖွဲ့ဝင်မိသားစုများမှာ အဆိုပါဆက် ကြေးမှ ကင်းလွတ်ခွင့်ရနေရပြီး ယင်းအချက်ကို ထောက်ပြခြင်းပင် မခံလိုကြပေ။
" တစ်ယောက်ဆို ငါတို့လည်း ဟိုကြေး ဒီကြေး ထည့်ရတာ သက်သာအောင် တော်လှန်ရေးထဲဝင်ပြီး PDF လုပ်ရတာပဲကောင်းပါတယ်ကွာပြောမိတာ ပြောရမလားဆိုပြီး သိန်းဆယ်ချီ ဒဏ်ရိုက်တာ။ သူတို့ အဖွဲ့ဝင်တွေ၊ မိသားစုတွေက ရန်ပုံငွေမထည့်ရဘူး လေ"ဟု ၎င်းကဆိုသည်။
ထို့ပြင် ကားနောက်ဆုတ်ရင်း PDF တို့မွေးထား သည့်ခွေးကိုတိုက်မိသောကြောင့် သိန်းဆယ်ချီ လျော် ကြေးပေးရသောဖြစ်စဉ်မျိုးလည်းရှိခဲ့ဖူးကြောင်း ၎င်းကဆိုသည်။
"နည်းနည်းလေးမှကို အမှားမခံဘူး၊ နည်းနည်း လေးမှကိုအမှားမခံဘူး"ဟု ၎င်းက နှစ်ကြိမ်ထပ်ပြော သည်။
လမ်းပိုင်းတွင် PDF တို့ဂိတ်ရှိနေသေးသည့် တိုင် ကျေးရွာများတွင် အခြေအနေအချို့ ပြောင်းလဲ လာကြောင်း ၎င်းကဆိုသည်။ ယင်း ပြောင်းလဲလာ သောအခြေအနေနှင့်အတူ အကောင်းဘက်ရောက် လိမ့်မည်ဟုလည်း အဆိုပါဒေသခံက မျှော်လင့်နေ သည်။
" အရင်တုန်းက ကလေးတွေ ကျောင်းနေတဲ့ကိစ္စ မှာ ဒီရွာကနေ မြို့ကိုသွား ကျောင်းတက်တယ်လို့ သတင်းကြားရင် ပြန်ခေါ်။ ရွာမှာရှိတဲ့ NUG ဖွင့် ထားတဲ့ကျောင်းမှာတက်ပေါ့။ ပြန်ခေါ်မပေးရင် ပြဿနာရှာတာရှိတယ်။ အခု ဒီနှစ်တော့ အသံတွေ ထွက်နေတာက ကိုယ်နေချင်တဲ့ကျောင်းကို နေခွင့် ပေးပြီကြားနေတယ်" ဟု ၎င်းကဆိုသည်။ တစ်ဖက် တွင်လည်း သန်ခေါင်စာရင်းကိစ္စ၊ မှတ်ပုံတင်ကိစ္စတို့ နှင့်ပတ်သက်၍ ယင်းဒေသဘက်တွင် PDF တို့က ကိုင်တွယ်မှုလျော့လာကြောင်းပြောသည်။
" စောစောတုန်းကဆိုရင် ကလေးတွေ သန်း ခေါင်စာရင်း၊ မှတ်ပုံတင် သွားလုပ်လို့မရဘူးလေ။ အစိုးရနဲ့ အဆက်အသွယ်အလုပ်မခံဘူး။ အခုတော့ သွားလုပ်နေကြတယ်"ဟု ၎င်းကဆိုသည်။
မြိုင်သည် မြို့သာသေးငယ်သော်လည်း ရေနံ ထွက်ရာနေရာရှိသည်။ NUG ထောက်ခံသူများဘက် တွင်ပင် အညာဒူဘိုင်းဟုနာမည်ကျော်ခဲ့သောနေရာ သည် မြိုင်မြို့နယ်အတွင်း တည်ရှိခြင်းဖြစ်သည်။ အညာဒူဘိုင်းတည်းဟူသောနေရာကိုအုပ်ချုပ်သူ ကား ဗိုလ်လက်ယာမည်၏။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ် လကျာ်နှင့်အသက်ထွက်တူ စာလုံးပေါင်းမတူ ဆင်တူ ယိုးမှား နာမည်ရယူထားသူဖြစ်သည်။ ထို့ပြင် မြိုင် တွင် PDF အဖွဲ့ တစ်ဖွဲ့ထက်မနည်းရှိနေ၏။
" PDF ထဲဝင်ဖို့ ဘာညာကွိကွတွေ လုပ်တဲ့အ ချိန်မှာ ဘယ်အဖွဲ့ထဲဝင်လဲဆိုတဲ့အပေါ်မူတည်ပြီး အတည်ဖြစ်သွားတာ။ ရွာက မြိုင်နယ်ထဲမှာရှိပေမယ့် ရွာက PDF ခေါင်းဆောင်က ယင်းမာပင်နယ်က အဖွဲ့နဲ့သွားဆက်ရင် ယင်းမာပင်လက်အောက်ခံ ဖြစ် တယ်ပြောတယ်။ တချို့က ပုလဲလက်အောက်ခံလည်း ဖြစ်တယ်။ တချို့ကလည်း ဗိုလ်နဂါး လက်အောက်ခံ တွေရှိတယ်" ဟု ၎င်းကဆိုသည်။
PDF အဖွဲ့ချင်း ပိုက်ဆံကောက်သည့်အတွက် အငြင်းပွားခြင်းမျိုးလည်းရှိသည်။ တစ်ကျောင်း တစ် ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း ကဲ့သို့ဖြစ်နေသည်။ အွန်လိုင်းထက်တွင် တပ်ဖွဲ့ တစ်ခု ထူထောင်ထားဟန် ပြောနေသော NUG သည် မြေပြင်တွင် ၎င်းတို့တပ် ကိုမနိုင်ကြောင်း အနေအထားများကိုမြင်ရသည်။ ယင်းမှာ မြိုင်နယ်တစ်ခုတည်းတွင်သာ ရှိနေသေး သည်။
" ရွာခံ PDF အပေါ်မူတည်တယ်။ မြိုင်နယ်က ဘယ်သူ့လက်အောက်ခံမှမဟုတ်ဘူး။ အခု ဗိုလ်လက် ယာတို့ဘာတို့တွေဆိုတာ ဘယ်သူ့လက်အောက်ခံမှ မဟုတ်ဘူး။ NUG လည်း သွားအမိန့်ပေးလို့မရဘူး။ ဗိုလ်လက်ယာကလည်း သူ့ဟာနဲ့သူပဲ" ဟု အဆိုပါ ဒေသခံကဆိုသည်။
အချို့ PDF ခေါင်းဆောင်ငယ်များဘက်တွင် လည်း လက်နက်ကိုင်ပြီးနောက်မှ အခြေအနေကို နား လည်သော်လည်း ဆုပ်လည်း စူး၊ စားလည်း ရူး အ ခြေအနေဖြစ်နေကြောင်း ၎င်းကပြောသည်။
" အသိထဲမှာ ဒေသခံခေါင်းဆောင်ပိုင်း လူငယ် တွေရှိတယ်။ ဒါကြီးက ဘာမှဖြစ်မလာဘူးဆိုတာလည်း သူတို့သိတယ်။ မင်း ပြောပါလားဆိုတော့လည်း သူတို့ ပြောမရဘူး။ ဒါကြီးကို စွန့်လွှတ်မလားဆိုတော့လည်း သူတို့ လက်နက်မရှိရင် တခြား လက်နက်ရှိတဲ့ သူတို့ လိုအဖွဲ့တွေက လာအနိုင်ကျင့်မှာစိုးတယ်။ သူတို့က လည်း ဘယ်သူ့ကိုမှမလွှမ်းမိုးဘူး။ သူတို့ကိုလည်း လာမလွှမ်းမိုးနဲ့ အဲဒီလိုအနေအထားနဲ့ ရပ်တည်နေ ကြတာ"ဟု ၎င်းကဆိုသည်။
မြိုင်မြို့နယ်မှပြည်သူတို့ကား ငြိမ်းချမ်းရေးကို လိုလားကြပေမည်။ လက်နက်ကိုင်တို့ ရောက်မလာမီ ကအခြေအနေကို မျှော်လင့်ကြပေမည်။ တစ်ဖက်တွင် လက်နက်ကိုင် PDF တို့ကြားတွင်လည်း " အမယ် ဘုတ်ကယ် သူ့ချည်ခင်လိုရှုပ်တယ် " ဆိုသော စကား အတိုင်း ပိုမိုရှုပ်ထွေးလာနေပြီဖြစ်သည်။

Zawgyi Version;
ပခုကၠဴ - ၿမိဳင္လမ္း ႏွင့္ လမ္းေဘးဝဲယာမွ ဘဝမ်ား
သုတေက်ာ္ (NP News) - မတ္လ ၂၇
" စစ္ေဆးလို႔ကိုမၿပီးႏိုင္ဘူးလို႔ ကားေပၚမွာ တစ္ ေယာက္ကေျပာလို႔ အဲဒါ တပ္ဂိတ္မဟုတ္ဘူး နင့္အ ေမလင္ PDF ေတြလို႔ေျပာလိုက္တာ ႐ြာလည္းျပန္ ေရာက္ေရာ PDF ဆီအတိုင္ခံရတယ္" ဟု ၿမိဳင္ၿမိဳ႕ နယ္မွေဒသခံတစ္ဦးက ရယ္သံစြက္ရင္းေျပာျပသည္။ သို႔ေသာ္ ရယ္သံက အသက္မဝင္လွေပ။ ပခုကၠဴၿမိဳ႕ႏွင့္ ၿမိဳင္ၿမိဳ႕သည္ (၂၇)မိုင္ေက်ာ္ခန႔္သာေဝးကြာသည္ ဆိုေသာ္လည္း ယင္းႏွစ္ၿမိဳ႕ၾကားမွလမ္းပိုင္းသည္ ျမန္ မာႏိုင္ငံမွ စိုးရိမ္ရေသာလမ္းတစ္လမ္းအျဖစ္ စာရင္း ဝင္ျဖစ္လာသည္။ အေျခအေနအဆိုးဆုံးလမ္း မဟုတ္ ေသာ္လည္း အေကာင္းဆုံးလမ္းဟုကား မဆိုႏိုင္ေပ။
မေကြးတိုင္းေဒသႀကီးမွ အစည္ကားဆုံးၿမိဳ႕မ်ား အနက္တစ္ၿမိဳ႕ျဖစ္ေသာ ပခုကၠဴၿမိဳ႕သည္ ဧရာဝတီအ ေနာက္ဘက္ကမ္းၿမိဳ႕ေတာ္ဟု တင္စားေခၚေဝၚခံရျခင္း ႏွင့္ေလ်ာ္ညီစြာ စီးပြားေရးေကာင္းမြန္သည္။ ၿမိဳင္ၿမိဳ႕ သည္ကား ႀကီးမားေသာၿမိဳ႕တစ္ၿမိဳ႕မဟုတ္သည့္တိုင္ ယင္းၿမိဳ႕၏အမည္နာမကို အေတာ္မ်ားမ်ား ၾကားဖူးေပ လိမ့္မည္။ ၿမိဳင္ၿမိဳ႕မွ နာမည္ေက်ာ္မ်ားထြက္ခဲ့သည့္ အနက္ အနီးစပ္ဆုံးေျပာရလွ်င္ စာေရးဆရာႀကီး ျမ သန္းတင့္ႏွင့္ မႏၲေလးသိန္းေဇာ္တို႔ကို ျပရေပလိမ့္ မည္။ အညာေဒသမွ တည္ၿငိမ္ေသာၿမိဳ႕တစ္ၿမိဳ႕ျဖစ္ခဲ့ ၿပီး လမ္းပန္းဆက္သြယ္ေရးအတြက္ အားထားရေသာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည္။
ပခုကၠဴ-ၿမိဳင္လမ္းကို အညာအရပ္ႏွင့္ အေၾက အရပ္ကိုဆက္သြယ္ရာ ပုသိမ္ - မုံ႐ြာလမ္းမႀကီးက ျဖတ္ထားသည္။ ၿမိဳ႕ႏွစ္ၿမိဳ႕အၾကားဆက္သြယ္ရာ လမ္းဟုဆိုေသာ္လည္း ၿမိဳ႕ႀကီးႏွင့္ၿမိဳ႕ငယ္ကို ဆက္ သြယ္ထားၿပီး ေက်း႐ြာမ်ားကိုခ်ိတ္ဆက္ထားေသာ အဆိုပါလမ္းသည္ လမ္း တိုပင္တိုေသာ္ျငား သက္ ဆိုင္ရာျပည္သူတို႔အတြက္ အက်ိဳးေက်းဇူးမ်ား ေၾကာင္းကား အထူးပင္ ေျပာရန္လိုလိမ့္မည္မဟုတ္ ေပ။
တစ္ဖက္တြင္ျပန္ၾကည့္ပါက ပခုကၠဴ - ၿမိဳင္လမ္း သည္ မ်ားစြာမရွည္လ်ားေသာ္လည္း ယင္းလမ္းမွတစ္ ဆင့္ အျခားလမ္းကြန္ရက္မ်ားႏွင့္ ခ်ိတ္ဆက္ထားေပ ရာ ေဒသတြင္းလမ္းမွသည္ တိုင္းေဒသႀကီးအဆင့္ ကုန္သြယ္ႏိုင္ေသာ လမ္းတစ္လမ္းျဖစ္လာခဲ့သည္။
" ၿမိဳင္နဲ႔ပခုကၠဴကိုဆက္သြယ္ထားတယ္။ ၿမိဳင္က မႏၲေလး-မုံ႐ြာလည္း ကားထြက္တယ္။ ၿမိဳင္နဲ႔မႏၲေလး တိုက္႐ိုက္ကားေတြရွိတယ္။ ပခုကၠဴကေတာ့ ခ႐ိုင္ၿမိဳ႕။ ၿမိဳင္ၿမိဳ႕နယ္ရဲ႕ ခ႐ိုင္ၿမိဳ႕လည္းျဖစ္တယ္။ လမ္းပန္း ဆက္သြယ္ေရးကလည္းနီးတယ္။ ပုံမွန္အေနအထား မွာ ဆက္သြယ္ေရးကေတာ့ပခုကၠဴပဲ"ဟု ၿမိဳင္ၿမိဳ႕နယ္ ေဒသခံတစ္ဦးကဆိုသည္။
အဆိုပါေဒသခံေျပာေသာ " ပုံမွန္အေနအ ထား " ဆိုသည္မွာ PDF မ်ားေရာက္မလာမီကအေျခ အေနျဖစ္ၿပီး လက္ရွိတြင္မူ အဆိုပါအေနအထားမ်ိဳး ရွိသည္ဟု ကံေသ ကံမ ေျပာမရေသာအေနအထား ျဖစ္လာခဲ့သည္။ ၿမိဳင္ၿမိဳ႕သည္ ယခုေနာက္ပိုင္းတြင္ ပိုမို နာမည္ႀကီးလာ၏။ ေကာင္းေသာ နာမည္ႀကီးျခင္း မ်ိဳးကားမဟုတ္ပါ။
ၿမိဳင္ဟူေသာစကားလုံးကို ေတာႏွင့္တြဲဖက္၍ စကားလုံးစပ္အသုံးျပဳပါက ေတာၿမိဳင္ သို႔မဟုတ္ ေတာရိပ္ၿမိဳင္ဟုတြဲဖက္လွ်င္ ယင္းစကားလုံးကိုျမင္သူ တို႔စိတ္အတြင္း ေအးခ်မ္းၿပီး စိမ္းစိုသည့္အသြင္ကို ျမင္ႏိုင္မည္ျဖစ္ေသာ္လည္း ၿမိဳင္ၿမိဳ႕နယ္တြင္ကား ေဒသခံတို႔ရင္တြင္းဝယ္ အပူမီးတို႔ရွိေနေလသည္။
ပခုကၠဴ - ၿမိဳင္လမ္းထက္တြင္ PDF တို႔ ေရာက္ လာခဲ့သည္။ တိုက္ခိုက္မႈမ်ားလည္း ျဖစ္လာခဲ့ၿပီး ယင္း လမ္းထက္တြင္ PDF ဂိတ္ (၄)ဂိတ္ခန႔္ရွိေနေၾကာင္း အဆိုပါေဒသခံကဆို၏။ ယခုထက္တိုင္ အေျခအေန တည္ၿငိမ္ေနေသာ္လည္း လုံးဝၿငိမ္သက္ေနေသာ လမ္းပိုင္းတစ္ခုကားမဟုတ္ေပ။
" ၿမိဳင္ၿမိဳ႕ေပၚကလူေတြဆိုရင္ ပခုကၠဴဘက္ ထြက္ရခက္တာေပါ့။ ၿမိဳင္ၿမိဳ႕ဘက္ကထြက္ရင္ PDF ဘက္က စစ္တာ ၾကပ္တဲ့သေဘာရွိတယ္" ဟု အျခား ေဒသခံတစ္ဦးကဆိုသည္။
ယင္းလမ္းတြင္ PDF တို႔အေနျဖင့္ ယခုထက္ တိုင္ ဂိတ္ဖြင့္ျခင္းမ်ိဳးရွိေနရာ စစ္ေဆးေရး အမည္ခံ ထားေသာ္လည္း အမွန္စင္စစ္အားျဖင့္ ရည္႐ြယ္ခ်က္ မွာ ေငြေတာင္းရန္သာျဖစ္ေၾကာင္း ၎ကဆိုသည္။
" ေရွာင္လမ္းေတြကပဲ သြားၾကတဲ့လူလည္းရွိ တယ္။ လမ္းမကသြားတဲ့သူလည္းရွိတယ္။ ပိုက္ဆံ ေတာင္းတာပါပဲ။ ၿပီးေတာ့ အစစ္အေဆးေတြေပါ့။ ဝန္ထမ္းေတြဘာေတြဆိုရင္ေတာ့ သတိထားရတာ ေပါ့။ လုံးဝႀကီးပိတ္ထားတာေတာ့ မဟုတ္ဘူး။ သူ႔ဟာ နဲ႔သူေတာ့ သြားလာေနၾကတယ္" ဟု ၎ကဆိုသည္။
ေဒသတြင္း ထြက္ကုန္ပစၥည္းမ်ားကို လြယ္လင့္ တကူတင္ပို႔ႏိုင္ခဲ့ေသာအေျခအေနမွ ပုံစံေျပာင္းလာ သည္။ လမ္းပိုင္းတြင္ စစ္ေဆးခံရျခင္းႏွင့္ အလႉေငြ ထည့္ရျခင္းက ေဒသခံတို႔၏အျမတ္ကို ပဲ့ပါေစသည္။ ထို႔ျပင္ အဆိုးဆုံးက စိတ္ပိုင္းဆိုင္ရာမလုံၿခဳံမႈျဖစ္ သည္။
" အရင္တုန္းက ကြၽန္ေတာ္တို႔ေဒသကထြက္တဲ့ ပဲစင္းငုံတို႔၊ ႏွမ္း၊ ပဲ၊ ေျပာင္း ပခုကၠဴကို အဓိကခ် တယ္။ ေနာက္က် ပခုကၠဴက သြားရလာရခက္ေတာ့ မႏၲေလး၊ မုံ႐ြာ အဓိကတက္တယ္။ တစ္ခါတေလ ပခုကၠဴတက္ၾကတယ္ေျပာတယ္"ဟု ၎ကဆိုသည္။
PDF မ်ားစစ္ေဆးရာတြင္ မွတ္ပုံတင္ကိုစစ္ သည္။ ဝန္ထမ္းမိသားစု ဟုတ္၊ မဟုတ္ကိုလည္း စစ္ ေဆးသည္ဟုဆိုသည္။ သို႔ေသာ္ PDF မ်ားေနာက္ တြင္ ဥပေဒမရွိဟုသိထားသည့္အတြက္ စစ္ေဆးမႈမ်ား ကို သာမန္ျပည္သူမ်ားပင္ မခံယူလိုၾက။
" သြားလို႔လာလို႔ေတာ့ရေနၾကတယ္။ ဒါေပမဲ့ အလိုလိုေနရင္း အေၾကာက္တရားနဲ႔ ၿခိမ္းေျခာက္ထား ေတာ့ ႐ြာခ်င္းဆက္လမ္းေတာင္မွ ဟို႐ြာနဲ႔ဒီ႐ြာ မသြား မလာဘူး။ အိမ္လည္သြားတာေတာင္ မလုပ္ရဲၾကဘူး။ အရင္ကေလ။ အခုမွ နည္းနည္းေခ်ာင္လာတာ။ စကားလည္း မွားလို႔မရဘူး " ဟု အဆိုပါေဒသခံက ဆိုသည္။
တစ္ဖက္တြင္ ၿခိမ္းေျခာက္မႈလည္းရွိသည္။ သိ သိသာသာၿခိမ္းေျခာက္ျခင္းထက္ ထိုသို႔လုပ္လွ်င္ ဤသို႔ျဖစ္မည္ဆိုသည့္ပုံစံမ်ိဳး ျပသျခင္းျဖစ္သည္။ PDF တို႔က ဂိတ္ေၾကးမ်ားအျပင္ ေက်း႐ြာမ်ားတြင္ လည္း ဆက္ေၾကးေကာက္၏။ သို႔ေသာ္ ၎တို႔ႏွင့္ ဆက္စပ္သူမ်ား၊ အဖြဲ႕ဝင္မိသားစုမ်ားမွာ အဆိုပါဆက္ ေၾကးမွ ကင္းလြတ္ခြင့္ရေနရၿပီး ယင္းအခ်က္ကို ေထာက္ျပျခင္းပင္ မခံလိုၾကေပ။
" တစ္ေယာက္ဆို ငါတို႔လည္း ဟိုေၾကး ဒီေၾကး ထည့္ရတာ သက္သာေအာင္ ေတာ္လွန္ေရးထဲဝင္ၿပီး PDF လုပ္ရတာပဲေကာင္းပါတယ္ကြာေျပာမိတာ ေျပာရမလားဆိုၿပီး သိန္းဆယ္ခ်ီ ဒဏ္႐ိုက္တာ။ သူတို႔ အဖြဲ႕ဝင္ေတြ၊ မိသားစုေတြက ရန္ပုံေငြမထည့္ရဘူး ေလ"ဟု ၎ကဆိုသည္။
ထို႔ျပင္ ကားေနာက္ဆုတ္ရင္း PDF တို႔ေမြးထား သည့္ေခြးကိုတိုက္မိေသာေၾကာင့္ သိန္းဆယ္ခ်ီ ေလ်ာ္ ေၾကးေပးရေသာျဖစ္စဥ္မ်ိဳးလည္းရွိခဲ့ဖူးေၾကာင္း ၎ကဆိုသည္။
"နည္းနည္းေလးမွကို အမွားမခံဘူး၊ နည္းနည္း ေလးမွကိုအမွားမခံဘူး"ဟု ၎က ႏွစ္ႀကိမ္ထပ္ေျပာ သည္။
လမ္းပိုင္းတြင္ PDF တို႔ဂိတ္ရွိေနေသးသည့္ တိုင္ ေက်း႐ြာမ်ားတြင္ အေျခအေနအခ်ိဳ႕ ေျပာင္းလဲ လာေၾကာင္း ၎ကဆိုသည္။ ယင္း ေျပာင္းလဲလာ ေသာအေျခအေနႏွင့္အတူ အေကာင္းဘက္ေရာက္ လိမ့္မည္ဟုလည္း အဆိုပါေဒသခံက ေမွ်ာ္လင့္ေန သည္။
" အရင္တုန္းက ကေလးေတြ ေက်ာင္းေနတဲ့ကိစၥ မွာ ဒီ႐ြာကေန ၿမိဳ႕ကိုသြား ေက်ာင္းတက္တယ္လို႔ သတင္းၾကားရင္ ျပန္ေခၚ။ ႐ြာမွာရွိတဲ့ NUG ဖြင့္ ထားတဲ့ေက်ာင္းမွာတက္ေပါ့။ ျပန္ေခၚမေပးရင္ ျပႆနာရွာတာရွိတယ္။ အခု ဒီႏွစ္ေတာ့ အသံေတြ ထြက္ေနတာက ကိုယ္ေနခ်င္တဲ့ေက်ာင္းကို ေနခြင့္ ေပးၿပီၾကားေနတယ္" ဟု ၎ကဆိုသည္။ တစ္ဖက္ တြင္လည္း သန္ေခါင္စာရင္းကိစၥ၊ မွတ္ပုံတင္ကိစၥတို႔ ႏွင့္ပတ္သက္၍ ယင္းေဒသဘက္တြင္ PDF တို႔က ကိုင္တြယ္မႈေလ်ာ့လာေၾကာင္းေျပာသည္။
" ေစာေစာတုန္းကဆိုရင္ ကေလးေတြ သန္း ေခါင္စာရင္း၊ မွတ္ပုံတင္ သြားလုပ္လို႔မရဘူးေလ။ အစိုးရနဲ႔ အဆက္အသြယ္အလုပ္မခံဘူး။ အခုေတာ့ သြားလုပ္ေနၾကတယ္"ဟု ၎ကဆိုသည္။
ၿမိဳင္သည္ ၿမိဳ႕သာေသးငယ္ေသာ္လည္း ေရနံ ထြက္ရာေနရာရွိသည္။ NUG ေထာက္ခံသူမ်ားဘက္ တြင္ပင္ အညာဒူဘိုင္းဟုနာမည္ေက်ာ္ခဲ့ေသာေနရာ သည္ ၿမိဳင္ၿမိဳ႕နယ္အတြင္း တည္ရွိျခင္းျဖစ္သည္။ အညာဒူဘိုင္းတည္းဟူေသာေနရာကိုအုပ္ခ်ဳပ္သူ ကား ဗိုလ္လက္ယာမည္၏။ ရဲေဘာ္သုံးက်ိပ္ဝင္ ဗိုလ္ လက်ာ္ႏွင့္အသက္ထြက္တူ စာလုံးေပါင္းမတူ ဆင္တူ ယိုးမွား နာမည္ရယူထားသူျဖစ္သည္။ ထို႔ျပင္ ၿမိဳင္ တြင္ PDF အဖြဲ႕ တစ္ဖြဲ႕ထက္မနည္းရွိေန၏။
" PDF ထဲဝင္ဖို႔ ဘာညာကြိကြေတြ လုပ္တဲ့အ ခ်ိန္မွာ ဘယ္အဖြဲ႕ထဲဝင္လဲဆိုတဲ့အေပၚမူတည္ၿပီး အတည္ျဖစ္သြားတာ။ ႐ြာက ၿမိဳင္နယ္ထဲမွာရွိေပမယ့္ ႐ြာက PDF ေခါင္းေဆာင္က ယင္းမာပင္နယ္က အဖြဲ႕နဲ႔သြားဆက္ရင္ ယင္းမာပင္လက္ေအာက္ခံ ျဖစ္ တယ္ေျပာတယ္။ တခ်ိဳ႕က ပုလဲလက္ေအာက္ခံလည္း ျဖစ္တယ္။ တခ်ိဳ႕ကလည္း ဗိုလ္နဂါး လက္ေအာက္ခံ ေတြရွိတယ္" ဟု ၎ကဆိုသည္။
PDF အဖြဲ႕ခ်င္း ပိုက္ဆံေကာက္သည့္အတြက္ အျငင္းပြားျခင္းမ်ိဳးလည္းရွိသည္။ တစ္ေက်ာင္း တစ္ ဂါထာ တစ္႐ြာ တစ္ပုဒ္ဆန္း ကဲ့သို႔ျဖစ္ေနသည္။ အြန္လိုင္းထက္တြင္ တပ္ဖြဲ႕ တစ္ခု ထူေထာင္ထားဟန္ ေျပာေနေသာ NUG သည္ ေျမျပင္တြင္ ၎တို႔တပ္ ကိုမႏိုင္ေၾကာင္း အေနအထားမ်ားကိုျမင္ရသည္။ ယင္းမွာ ၿမိဳင္နယ္တစ္ခုတည္းတြင္သာ ရွိေနေသး သည္။
" ႐ြာခံ PDF အေပၚမူတည္တယ္။ ၿမိဳင္နယ္က ဘယ္သူ႔လက္ေအာက္ခံမွမဟုတ္ဘူး။ အခု ဗိုလ္လက္ ယာတို႔ဘာတို႔ေတြဆိုတာ ဘယ္သူ႔လက္ေအာက္ခံမွ မဟုတ္ဘူး။ NUG လည္း သြားအမိန႔္ေပးလို႔မရဘူး။ ဗိုလ္လက္ယာကလည္း သူ႔ဟာနဲ႔သူပဲ" ဟု အဆိုပါ ေဒသခံကဆိုသည္။
အခ်ိဳ႕ PDF ေခါင္းေဆာင္ငယ္မ်ားဘက္တြင္ လည္း လက္နက္ကိုင္ၿပီးေနာက္မွ အေျခအေနကို နား လည္ေသာ္လည္း ဆုပ္လည္း စူး၊ စားလည္း ႐ူး အ ေျခအေနျဖစ္ေနေၾကာင္း ၎ကေျပာသည္။
" အသိထဲမွာ ေဒသခံေခါင္းေဆာင္ပိုင္း လူငယ္ ေတြရွိတယ္။ ဒါႀကီးက ဘာမွျဖစ္မလာဘူးဆိုတာလည္း သူတို႔သိတယ္။ မင္း ေျပာပါလားဆိုေတာ့လည္း သူတို႔ ေျပာမရဘူး။ ဒါႀကီးကို စြန႔္လႊတ္မလားဆိုေတာ့လည္း သူတို႔ လက္နက္မရွိရင္ တျခား လက္နက္ရွိတဲ့ သူတို႔ လိုအဖြဲ႕ေတြက လာအႏိုင္က်င့္မွာစိုးတယ္။ သူတို႔က လည္း ဘယ္သူ႔ကိုမွမလႊမ္းမိုးဘူး။ သူတို႔ကိုလည္း လာမလႊမ္းမိုးနဲ႔ အဲဒီလိုအေနအထားနဲ႔ ရပ္တည္ေန ၾကတာ"ဟု ၎ကဆိုသည္။
ၿမိဳင္ၿမိဳ႕နယ္မွျပည္သူတို႔ကား ၿငိမ္းခ်မ္းေရးကို လိုလားၾကေပမည္။ လက္နက္ကိုင္တို႔ ေရာက္မလာမီ ကအေျခအေနကို ေမွ်ာ္လင့္ၾကေပမည္။ တစ္ဖက္တြင္ လက္နက္ကိုင္ PDF တို႔ၾကားတြင္လည္း " အမယ္ ဘုတ္ကယ္ သူ႔ခ်ည္ခင္လိုရႈပ္တယ္ " ဆိုေသာ စကား အတိုင္း ပိုမိုရႈပ္ေထြးလာေနၿပီျဖစ္သည္။