လောင်စာဆီပြဿနာအပြီး ရန်ကုန်တွင် အငှားကားစီးသည့်ပုံစံများ ပြောင်းလဲလာ

670

ထိုက်စံ (NP News) - မတ် ၂၈
ရန်ကုန်တိုင်းဒသကြီး ၊ ရန်ကုန်မြို့တွင် လောင်စာဆီပြဿာနာအပြီး အငှားကားစီးသည့် ပုံစံများ ပြောင်းလဲလာ ကြောင်း အငှားယာဉ်မောင်းတစ်ဦးက NP News ကို ပြောသည်။
လက်ရှိ ဆီတန်းစီ ရခြင်း၊ ဆီစျေးနှုန်း မြင့်တက်ခြင်းတို့ကြောင့် အငှားကား စျေးနှုန်းများလည်း ယခင်ထက်မြင့်တက်လျက်ရှိသည်။
“ပိုက်ဆံ အသုံးလျှော့တာလားဘယ်လိုလဲတော့မသိဘူး။ အမှန်တကယ်က တက္ကစီတစ်စီးက ဆန့်သလောက်ပဲ တင်ရမှာလေ။ အခုက အနောက်ဖုံးတွေရောဘာတွေရောစီးကြတော့ နှစ်စီး ငှားရမှာကိုမငှားဘဲနဲ့ တစ်စီးတည်းနဲ့ ပြွတ်သိပ်ပြီးတော့ စီးလာကြတယ်။ သက်သာအောင်ပေါ့” ဟု ၎င်းက NP News သို့ပြောသည်။
ယခင်က ပရိုဘောက်အငှားယာဉ်တစ်စီးတွင် အများဆုံးလူဦးရေ (၅)ယောက်ခန့်သာ စီးနင်းသော်လည်း ယခုအခါ ကုန်ကျစရိတ် သက်သာစေရန်အတွက် စုပေါင်းစီးနင်းသည့်ပုံစံများ ပြောင်းလဲတွေ့ရှိလာကြောင်း သိရသည်။
“ပရိုဘောက်မှာ လူတင်မယ်ဆိုရင် ကားခံနိုင်အားအရ အနည်းဆုံးကတော့ (၉)ယောက်လောက်ရတယ်။ တက္ကစီစီးတဲ့ ပုံစံတွေပြောင်းလာတာပေါ့။ အများကြီးပြောင်းလာတာပေါ့။ အရင်တုန်းကဆိုရင် လူတွေက တက္ကစီစီးရင် အနည်းဆုံး(၃)ယောက် ။ အများဆုံး (၄)ယောက် ရှေ့ကတစ်ယောက်နဲ့ ဆိုရင် (၅)ယောက်ပဲ စီးတာ။ တက္ကစီနောက်တစ်စီး ထပ်ငှားတယ်လေ။ အခုက အဲဒီလိုမဟုတ်တော့ဘူး။ ပြောင်းသွားပြီ။ နောက်တစ်စီးမငှားတော့ဘူး။ ရှိတဲ့ တစ်စီးမှာပဲ ပြွတ်သိပ်ပြီးတော့စီးကြတာမျိုးဖြစ်လာတယ်” ဟု ၎င်းက ပြောသည်။
ငှားရမ်းစီးနင်းကြသည့် ခရီးသည်များသည် ကား(၂)စီးငှားရမ်းရမည့်စရိတ်ကို ကားတစ်စီးတည်းဖြင့်သာ ကုန်ကျစရိတ်သက်သာစေရန်အတွက် ခွဲဝေကျခံခြင်းဖြင့် စုပေါင်းစီးနင်းခြင်းများတွေ့ရှိလာရကြောင်း ၎င်းကပြောသည်။
“ဥပမာပေါ့နော် (၈၀၀၀)ကျတဲ့နေရာကိုတချို့ကျတော့လည်း (၂၀၀၀)လောက်ပိုယူလိုက်ပြီးတော့ ဒီလူတွေအကုန်လိုက်မယ်ပေါ့။ နောက်တစ်စီးငှားရင် နှစ်စီးစာဆိုတော့ (၁၆၀၀၀) ကျမယ်လေ။ ဒီတစ်စီးတည်းဆိုတော့ တချို့ကျတော့လည်း (၁၀၀၀၀) ပေးလိုက်တယ်။ (၈၀၀၀) ကျတဲ့နေရာမှာ။ တချို့ကျတော့လည်း မပေးဘူး။ (၈၀၀၀) နဲ့ပဲ သွားတာပေါ့။ ကျွန်တော်တွေ့မိတာတော့ တချို့ကျတော့လည်း မိသားစုတွေ။ တချို့ကျတော့လည်း သူငယ်ချင်းတွေစုငှားတာပေါ့။ တစ်ယာက်ကို (၁၀၀၀) ဆို(၁၀၀၀) ။ (၂၀၀၀) ဆို(၂၀၀၀) အဲဒီလို စုငှားလိုက်တယ်” ဟု ၎င်းက ဆိုသည်။
ထိုသို့ လူဦးရေများစွာ တင်ဆောင်ခြင်းကြောင့် ယာဉ်မောင်းများအနေဖြင့် ယာဉ်စည်းကမ်းဥပဒေအရ အရေးယူခံရနိုင်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
“ဘယ်လိုဆိုးကျိုးရှိမလဲဆိုတော့။ ကားသမားအတွက်ကတော့ အနာကြီးပဲပေါ့။ ဘာလို့လဲဆို မော်တော်ပီကယ်၊ ယာဉ်ထိန်းရဲတွေက ခွင့်ပြုထားတာက (၄)ယောက် ထက်ပိုမစီးရပေါ့။ အလယ်ခန်း (၃)ယောက် ၊ အရှေ့ခန်းတစ်ယာက် (၄)ယောက်။ Highway ပဲသွားသွား ။ ဘယ်ပဲသွားသွား။ ဒီလို အနောက်ဖုံးတွေ ဒီလိုပြွတ်သိပ်ပြီးစီးရင် မော်တော်ပီကယ်နဲ့ ဆုံရင်တော့ အဖမ်းခံရမှာပေါ့။ အဖမ်းခံရရင်တော့ Customer တွေက ပေးရမှာ မဟုတ်ဘူး။ ကားသမားတွေက ရှင်းရမှာ” ဟု ၎င်းက ပြောသည်။

Zawgyi Version;
ေလာင္စာဆီျပႆနာအၿပီး ရန္ကုန္တြင္ အငွားကားစီးသည့္ပုံစံမ်ား ေျပာင္းလဲလာ
ထိုက္စံ (NP News) - မတ္ ၂၈
ရန္ကုန္တိုင္းဒသႀကီး ၊ ရန္ကုန္ၿမိဳ႕တြင္ ေလာင္စာဆီျပႆာနာအၿပီး အငွားကားစီးသည့္ ပုံစံမ်ား ေျပာင္းလဲလာ ေၾကာင္း အငွားယာဥ္ေမာင္းတစ္ဦးက NP News ကို ေျပာသည္။
လက္ရွိ ဆီတန္းစီ ရျခင္း၊ ဆီေစ်းႏႈန္း ျမင့္တက္ျခင္းတို႔ေၾကာင့္ အငွားကား ေစ်းႏႈန္းမ်ားလည္း ယခင္ထက္ျမင့္တက္လ်က္ရွိသည္။
“ပိုက္ဆံ အသုံးေလွ်ာ့တာလားဘယ္လိုလဲေတာ့မသိဘူး။ အမွန္တကယ္က တကၠစီတစ္စီးက ဆန႔္သေလာက္ပဲ တင္ရမွာေလ။ အခုက အေနာက္ဖုံးေတြေရာဘာေတြေရာစီးၾကေတာ့ ႏွစ္စီး ငွားရမွာကိုမငွားဘဲနဲ႔ တစ္စီးတည္းနဲ႔ ႁပြတ္သိပ္ၿပီးေတာ့ စီးလာၾကတယ္။ သက္သာေအာင္ေပါ့” ဟု ၎က NP News သို႔ေျပာသည္။
ယခင္က ပ႐ိုေဘာက္အငွားယာဥ္တစ္စီးတြင္ အမ်ားဆုံးလူဦးေရ (၅)ေယာက္ခန႔္သာ စီးနင္းေသာ္လည္း ယခုအခါ ကုန္က်စရိတ္ သက္သာေစရန္အတြက္ စုေပါင္းစီးနင္းသည့္ပုံစံမ်ား ေျပာင္းလဲေတြ႕ရွိလာေၾကာင္း သိရသည္။
“ပ႐ိုေဘာက္မွာ လူတင္မယ္ဆိုရင္ ကားခံႏိုင္အားအရ အနည္းဆုံးကေတာ့ (၉)ေယာက္ေလာက္ရတယ္။ တကၠစီစီးတဲ့ ပုံစံေတြေျပာင္းလာတာေပါ့။ အမ်ားႀကီးေျပာင္းလာတာေပါ့။ အရင္တုန္းကဆိုရင္ လူေတြက တကၠစီစီးရင္ အနည္းဆုံး(၃)ေယာက္ ။ အမ်ားဆုံး (၄)ေယာက္ ေရွ႕ကတစ္ေယာက္နဲ႔ ဆိုရင္ (၅)ေယာက္ပဲ စီးတာ။ တကၠစီေနာက္တစ္စီး ထပ္ငွားတယ္ေလ။ အခုက အဲဒီလိုမဟုတ္ေတာ့ဘူး။ ေျပာင္းသြားၿပီ။ ေနာက္တစ္စီးမငွားေတာ့ဘူး။ ရွိတဲ့ တစ္စီးမွာပဲ ႁပြတ္သိပ္ၿပီးေတာ့စီးၾကတာမ်ိဳးျဖစ္လာတယ္” ဟု ၎က ေျပာသည္။
ငွားရမ္းစီးနင္းၾကသည့္ ခရီးသည္မ်ားသည္ ကား(၂)စီးငွားရမ္းရမည့္စရိတ္ကို ကားတစ္စီးတည္းျဖင့္သာ ကုန္က်စရိတ္သက္သာေစရန္အတြက္ ခြဲေဝက်ခံျခင္းျဖင့္ စုေပါင္းစီးနင္းျခင္းမ်ားေတြ႕ရွိလာရေၾကာင္း ၎ကေျပာသည္။
“ဥပမာေပါ့ေနာ္ (၈၀၀၀)က်တဲ့ေနရာကိုတခ်ိဳ႕က်ေတာ့လည္း (၂၀၀၀)ေလာက္ပိုယူလိုက္ၿပီးေတာ့ ဒီလူေတြအကုန္လိုက္မယ္ေပါ့။ ေနာက္တစ္စီးငွားရင္ ႏွစ္စီးစာဆိုေတာ့ (၁၆၀၀၀) က်မယ္ေလ။ ဒီတစ္စီးတည္းဆိုေတာ့ တခ်ိဳ႕က်ေတာ့လည္း (၁၀၀၀၀) ေပးလိုက္တယ္။ (၈၀၀၀) က်တဲ့ေနရာမွာ။ တခ်ိဳ႕က်ေတာ့လည္း မေပးဘူး။ (၈၀၀၀) နဲ႔ပဲ သြားတာေပါ့။ ကြၽန္ေတာ္ေတြ႕မိတာေတာ့ တခ်ိဳ႕က်ေတာ့လည္း မိသားစုေတြ။ တခ်ိဳ႕က်ေတာ့လည္း သူငယ္ခ်င္းေတြစုငွားတာေပါ့။ တစ္ယာက္ကို (၁၀၀၀) ဆို(၁၀၀၀) ။ (၂၀၀၀) ဆို(၂၀၀၀) အဲဒီလို စုငွားလိုက္တယ္” ဟု ၎က ဆိုသည္။
ထိုသို႔ လူဦးေရမ်ားစြာ တင္ေဆာင္ျခင္းေၾကာင့္ ယာဥ္ေမာင္းမ်ားအေနျဖင့္ ယာဥ္စည္းကမ္းဥပေဒအရ အေရးယူခံရႏိုင္ေၾကာင္းလည္း ၎က ဆက္လက္ေျပာသည္။
“ဘယ္လိုဆိုးက်ိဳးရွိမလဲဆိုေတာ့။ ကားသမားအတြက္ကေတာ့ အနာႀကီးပဲေပါ့။ ဘာလို႔လဲဆို ေမာ္ေတာ္ပီကယ္၊ ယာဥ္ထိန္းရဲေတြက ခြင့္ျပဳထားတာက (၄)ေယာက္ ထက္ပိုမစီးရေပါ့။ အလယ္ခန္း (၃)ေယာက္ ၊ အေရွ႕ခန္းတစ္ယာက္ (၄)ေယာက္။ Highway ပဲသြားသြား ။ ဘယ္ပဲသြားသြား။ ဒီလို အေနာက္ဖုံးေတြ ဒီလိုႁပြတ္သိပ္ၿပီးစီးရင္ ေမာ္ေတာ္ပီကယ္နဲ႔ ဆုံရင္ေတာ့ အဖမ္းခံရမွာေပါ့။ အဖမ္းခံရရင္ေတာ့ Customer ေတြက ေပးရမွာ မဟုတ္ဘူး။ ကားသမားေတြက ရွင္းရမွာ” ဟု ၎က ေျပာသည္။