“ ငလျင်တစ်နှစ်ပြည့်သွားပြီ၊ အခုထိ ကွန်တိန်နာထဲမှာ နေရသူတွေရှိသေးတယ် ”

237

လက်ရှိ ကမ္ဘာ့အရေးအခင်းပဋိပက္ခအခြေအနေများကြောင့် ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းတို့ ကြုံတွေ့ နေရသော အခက်အခဲများ၊ စက်သုံးဆီချွေတာရေးအတွက် သတ်မှတ်ပြဋ္ဌာန်းလိုက်သော စုံဂဏန်း၊ မဂဏန်း ယာဉ်ထွက်ရက်နှင့်ပတ်သက်၍ ဝါရင့်ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးအား NP News မှ မေးမြန်းထားမှုကို ပြန်လည် ဖော်ပြအပ်ပါသည်။
တွေ့ဆုံမေးမြန်းသူ။ ။ စော
မေး။ ။ အခုလက်ရှိပေါ့နော်။ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေက ဘယ်လောက်အထိ ဈေးတက်သွားပါသလဲ။
ဖြေ။ ။ ဈေးတွေက ဒီကမ္ဘာ့အခင်းအကျင်းမတိုင်ခင် တစ်လလောက်ကနေ တရိပ်ရိပ်တက်လာတာ။ တချို့ ပစ္စည်းတွေဆို (၂၀)ရာခိုင်နှုန်းကနေ(၃၀)ရာခိုင်နှုန်း လောက်တက်လာတာရှိတယ်။ ပစ္စည်းပြတ်တဲ့အပေါ် မူတည်ပြီးတော့ပေါ့။ သွင်း မရတာတွေရော ပစ္စည်း ပြတ်တာတွေရော နဂိုတည်းကလည်း ပါမစ်တွေက ကြပ်ထားတာကို။
မေး။ ။ အခုလက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဘာအခက်အခဲတွေရင်ဆိုင်နေရပါသလဲ။
ဖြေ။ ။ အခုဆိုရင် ငလျင်ဖြစ်တာ တစ်နှစ်ပြည့်ပြီ။ တစ်နှစ်ပြည့်ပြီဆိုတော့ အဲဒီအတိုင်းအတာမှာ ဘယ်လောက်အထိ ပြန်လည်တည်ဆောက်ရေးပြီးပြီလဲ ဆိုတဲ့အပိုင်းရှိတယ်ပေါ့နော်။ အခုထက်ထိလည်း နေပြည်တော်မှာဆိုရင်လည်း တချို့အိမ်တွေ၊ ဌာနဆိုင်ရာရုံးတွေ ပြန်တက်လို့မရတဲ့အခြေအနေတွေရှိ နေသေးတာတွေအများကြီး။ ဝန်ထမ်းအိမ်ရာ တွေရောပဲ။ အဲဒီလိုအခြေအနေရှိတယ်။ မန္တလေးမှာဆိုရင် လည်းဒီလိုပဲ။ ဝန်ထမ်းတွေ အခုထက်ထိ ကွန်တိန်နာထဲမှာ နေနေရတုန်းပဲ။ နောက် အဆောက်အအုံတွေ ပြန်မဆောက်နိုင်တာတွေလည်း အများကြီးကျန်သေးတယ်။ အဲဒီလို ကျန်သေးတဲ့အပေါ်မှာ ဘာကြောင့် ဒီလိုတွေကြာနေလဲဆိုတာမှာ အပိုင်းနှစ်ပိုင်းရှိတာ ပေါ့နော်။ တစ်ပိုင်းကကျတော့ အစိုးရဘတ်ဂျက်ပေါ်မှာ မူတည်တယ်။ နောက်တစ်ပိုင်းကကျတော့ ပုဂ္ဂလိက တွေရဲ့အပိုင်းပေါ့။ ပြန်တည်ဆောက် ရေးမှာ နှစ်ပိုင်းရှိတယ်ပေါ့။ နှစ်ပိုင်းမှာ အစိုးရအပိုင်းမှာ တချို့ဟာတွေက ဘတ်ဂျက်ပေါ်မူတည်ပြီးတော့ အပိုင်းခွဲပြီး ပြန်တည်ဆောက်တာတွေလုပ်တယ်။ ပြန်ပြင်တာလုပ်တဲ့အတွက် သူကကြာတယ်။ နောက်တစ်ခုက ပုဂ္ဂလိက ဟာတွေကျတော့ ပြန်ပြင်ဖို့ဆိုတာ သူတို့ရဲ့ ကိုယ်ပိုင် ဘတ်ဂျက်တို့ အကုန်လုံးပြန်ချိန်ပြီးမှလုပ်ရတာကိုး။ ဒါပေမဲ့ တကယ့်တကယ် အစိုးရဘတ်ဂျက်ချပေးလိုက် တဲ့လုပ်ငန်းတွေတောင်မှ ပြီးသင့်သလောက်မပြီးရတဲ့ အကြောင်း အချက် တွေရှိတယ်။ အဲဒါတွေက ဘာလဲဆိုရင် ပစ္စည်းတင်သွင်းခွင့်တွေမှာ အရမ်းကြန့်ကြာ ပြီးတော့ ကျပ်နေတဲ့ဟာကြောင့် ဥပမာ ဒေါ်လာကို ဆောက်လုပ်ရေး Sector အတွက် ဒီတစ်ခေါက် ဒေါ်လာဘယ်နှသန်းပဲပေးမယ်။ ပစ္စည်းသွင်းဖို့တို့ အဲဒီလိုမျိုး ကန့်သတ်ချက်အရမ်းများတယ်။ နယ်စပ် ကသွင်းတယ်ဆိုရင် နယ်စပ်ပါမစ်တွေပေးတာပဲ ဆောက်လုပ်ရေး ကိုပြောတာပဲရှိတယ်။ ဒါပေမဲ့ Earning ဝယ်ရတာပေါ့။ ဒေါ်လာ ပြန်ဝယ်ရတာရှိတယ်။ ပို့ကုန်တွေရဖို့အတွက်ကို ကိုယ်တိုင် နိုင်ငံခြားကိုမပို့ ထားရင်ဆိုတော့ တကယ်တော့ အဲဒီနယ်စပ်တွေက သွင်းတာတွေက ဈေးပိုကြီးတယ်။ သင်္ဘောနဲ့သွင်းတာ ကသက်သာတယ်။ သိတယ်မလား ဈေးနှုန်းက သယ်ယူပို့ဆောင်တဲ့စရိတ်မှာ သင်္ဘောနဲ့ပို့တဲ့ စရိတ်က အရမ်းသက်သာတယ်။ ဒီနယ်စပ်ကုန်သွယ်ရေး ကြောင့်ဖြစ်တဲ့ဟာသည် ပါမစ်ပေးတယ်လို့ပြောပေမယ့် ဒေါ်လာဘယ်လောက်ဖိုးပဲပေးတာတို့ ကန့်သတ်ချက်အရမ်းများတယ်။ ပါမစ်တော့မြန်တယ်ပြောပေမယ့် ဒီပြည်တွင်းကို ရောက်ဖို့အတွက်က ဈေးပိုကြီးတယ်။ ကားလမ်းတွေနဲ့သယ်ရတာကို ပို့ဆောင်ဆက် သွယ်ရေးမှာ အတွင်းလမ်းနဲ့ သယ်တယ်ဆိုတော့ အဲဒီဟာတွေက ဈေးအရမ်းကြီးတယ်။ ဈေးကြီးတဲ့အခါကျတော့ အခုဘယ်လိုဖြစ်လဲဆိုတော့ နောက်တစ်ခါကျတော့ ပါမစ် ကိုအလုံအလောက်မချပေးတဲ့အခါကျတော့ ခုနကပြောတဲ့ အစိုးရဘတ်ဂျက်တွေနဲ့ ပေးတဲ့ဟာ တွေတောင်မှ ဥပမာ အဓိကသုံးရတဲ့ Chemical ပစ္စည်းတွေရှိတယ်။ ဆောက်လုပ်ရေးမှာသုံးရတဲ့ Chemical ပစ္စည်းတွေရှိတယ်။ နောက်ထပ် ကွန်ကရစ်မှာသုံးရတဲ့ Chemical ပစ္စည်းတွေရှိတယ်။ နောက်ဘိလပ်မြေတို့ပြင်တဲ့ Grouting Cement ဆိုတာရှိတယ်။ Grouting Cement ဆိုတာ ပြိုသွားတဲ့နေရာမှာ ပြန်ထည့်ပြီးပြန်သုံးတဲ့အချိန်မှာ သူက Stress ပိုကောင်းတယ်။ အဲဒီဟာမျိုးမှာသုံးတဲ့ဘိလပ် မြေကို Grouting Cement လို့ခေါ်တယ်။ အဲဒီလို ကွန်ကရစ် မှာသုံးတဲ့ Chemical တွေက အလုံအလောက်သွင်းလို့မရတဲ့အခါကျတော့ ဘယ်လောက်ပဲ မြန်အောင်လုပ်ချင်ချင် လုပ်ငန်းတွေက အောက်ခြေမှာမမြန်ဘူးဖြစ်နေတာပေါ့။ ပစ္စည်းက ဈေးကွက်ထဲ ပြတ်နေတာကိုး။ ငလျင်နဲ့ပတ်သတ်တဲ့ အဆောက် အအုံတွေမှာ ကြန့်ကြာနေရတဲ့ အဓိကအကြောင်းအ ရင်းက ဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့ပစ္စည်းတွေက ဈေးကွက်မှာ အလုံအလောက်မရှိဘူး။ အဆင်သင့်မရှိဘူး ပြတ်နေတယ်။ အဲဒါကို ပြန်ပြင်တဲ့အဖွဲ့အနေနဲ့လည်း အခက်အခဲအများကြီးဖြစ်နေတာတွေ့ရတယ်။ ဥပမာ နေပြည်တော်၊ မန္တလေးတို့လိုနေရာမျိုး မှာ အစိုးရ အဆောက်အအုံ တွေကို ပြိုကျသွားတာ မဟုတ်ဘူး။ ပြန်ပြင်ရတဲ့ဟာတွေမှာတောင် ပြင်ဖို့ဆိုတာ အဲဒီ ဃ့နာငခေူ ပစ္စည်းတွေ အလုံအလောက် မရှိဘဲ ပြင်လို့မရဘူး။
မေး။ ။အဓိကလိုအပ်တဲ့ပစ္စည်းတွေ သွင်းလို့မရတာ ပေါ့။
ဖြေ။ ။ မှန်တယ်။ သူတို့ကိုပြောလိုက်ရင်တော့ ပါမစ် ကပေးနေတယ်တို့၊ နယ်စပ်ကလွယ်တယ်တို့ အဲဒါက စကား အဖြစ်ပဲဖြစ်တာ။ တကယ့်တကယ် အဲဒီပါမစ် တွေရတဲ့လူတွေကကော ဥပမာ Group ရှိတယ်။ ပါ မစ်ရောင်းစားတဲ့ Group အဲဒီထဲမှာဝင်ကြည့်လိုက်ရင် မလိုဘဲနဲ့ ပါမစ်တွေရောင်းနေတဲ့ဟာတွေက အများကြီးရှိတယ်။ အဲဒါတွေက အခွင့် ထူးခံတွေဖြစ်နေတယ်။ တကယ်သုံးမယ့် Market ထဲကို တကယ် ကုမ္ပဏီတွေရောက်မလာဘူး။ နောက်တစ်ခုကကျ တော့ ဒီအဆောက်အအုံတွေသုတ်တဲ့ဆေးတွေ။ ကဲ ဟုတ်ပြီ။ အဆောက်အအုံတွေပြင်ပြီးပြီ၊ ဆေးသုတ်ဖို့ ပစ္စည်းမရှိဘူး။ ပြည်တွင်းမှာထုတ်လုပ်တဲ့စက်ရုံတွေ သူတို့ပေးထားတဲ့ အဲဒီစက်ရုံတွေအတွက် ကုန်ကြမ်းတောင် အလုံအလောက် မရဘူး။ တကယ့်တကယ်က ပုံမှန်အချိန်ထက်စာရင် ဆောက်လုပ်ရေးပစ္စည်းက ငလျင်နောက်ပိုင်းမှာ Market ကြီးက အကြီးကြီးဖြစ်ပြီး လိုအပ်ချက်က အကြီးကြီးဖြစ်သွားပြီ။ ဒါပေမဲ့ လုံလောက်တဲ့ပစ္စည်းမရှိတဲ့အတွက် ငလျင်အတွက်နဲ့ ပတ်သက်တာတွေကြန့်ကြာမယ်။ အိုကေ ငလျင်နဲ့ပတ်သက်တဲ့အဆောက်အအုံတွေက ကြန့်ကြာတယ်တို့၊ ပြင်တာလို တာ တစ်ပိုင်း၊ အဲဒါနဲ့ဆက်စပ်ပြီးတော့ တစ်ပုံစံတည်းပဲ အစိုးရတင်ဒါတွေလုပ်တယ်။ အစိုးရ တင်ဒါတွေမှာက ကာလစည်းကမ်းသတ်မှတ်ချက်က ဘယ်လောက်အတွင်း ပြီးအောင်လုပ်ရမယ်။ ဘယ် ဘတ်ဂျက်ထဲမှာ ပြီးအောင် လုပ်ရမယ်ဆိုတဲ့ သတ်မှတ် ချက်တွေရှိတယ်။ ဒါပေမဲ့ စောနကပြောတဲ့အတိုင်းပဲ ပစ္စည်းတွေက ငလျင်တောင် ပြင်ဖို့မလုံ လောက်ဘူး။ အသစ်ဆောက်တဲ့ဟာတွေအတွက်လည်းမရှိဘူး။ ပစ္စည်းတွေမလုံလောက်တဲ့အခါကျတော့ ဒီ Schedule ထဲကိုဝင်ဖို့ဆိုတာတွေက သူတို့ပေးထားတဲ့ကာ လအတွင်းကိုဝင်ဖို့ဆိုတာ ဘယ်လိုမှမလွယ်ဘူးလေ။ မပြီးနိုင်ဘူး။ မပြီး နိုင်တော့တဲ့ဟာကို ဌာနဆိုင်ရာက လူတွေက မသိဘူးလားဆိုတော့ သိသိကြီးပဲ။ ဒါပေမဲ့ သူတို့သိတာက ဒီဘတ် ဂျက်ထဲမှာပြီးရမယ်။ လူကြီးတွေကို အောက်ခြေကအခြေအနေတွေ ပြန်မတင်ပြ တော့ဘူး။ ဆိုတဲ့အခါကျတော့ တင်ဒါသမားတွေလည်း အကုန်ဒုက္ခရောက်နေတယ်။ တင်ဒါသမားတွေဆို ဈေးကြီးတဲ့ဒဏ်ခံရတာတင်မကဘူး။ ဒီဌာနဆိုင်ရာ တွေရဲ့ ဖိအားပေးတာတွေပါ အကုန်ခံနေရတယ်။ နောက်တစ်ခါ ဒီငလျင်ကြောင့်မို့လို့ လုပ်သားအင်အား ကလည်း တည်ဆောက်ရေးမှာ အရမ်းကိုလိုသွား တယ်။ လိုနေတယ်။ အဲဒီလို လိုနေတဲ့အချိန်မှာမှ စစ်မှုမထမ်းမနေရ ဥပဒေရှိတာတို့၊ ဥပမာ နယ်တွေမှာဆိုလည်း သူတို့ရဲ့ ဘယ်နေ့၊ ဘယ်ရက်ဆိုရင် လူကြီးလမ်းကြောင်းရှိတယ် မသွားရဘူးတို့၊ လူကြီးလမ်း ကြောင်းမို့ ကျောက်ကားတွေမထွက်ရဘူးတို့ ကျောက် မိုင်းတွေမခွဲရဘူးတို့ နောက်ပြီး မြေသယ်ကားတွေ မသွားရဘူးတို့ သဲကား၊ ကျောက်စရစ်ကားတွေမသွား ရဘူးတို့ သတ်မှတ်ချက်တွေရှိလာပြန်ရော။ အဲဒီလို တွေရှိလာတဲ့အခါကျတော့ ဥပမာ အဆိုးဆုံးဆိုရင် မန္တလေးပဲ။ မန္တလေးနဲ့မကွေးကအဆိုးဆုံးပဲ။ မန္တလေး မှာ လူကြီးခရီးစဉ်ရှိတယ်ဆိုတာနဲ့ အဲဒီကားတွေက လုံးဝ အပြင်လမ်းပေါ်မတက်ရဖြစ်သွားရော၊ ဖြစ်သွား တဲ့အခါကျတော့ ဒီအဆောက်အအုံက သူ့အချိန်နဲ့သူ လုပ်နေရတဲ့ဟာကို မထွက်ရဆိုရင် လုပ်ငန်းတွေက အကုန်မရပ်ကုန်ဘူးလား။ ရပ်တယ်။ အဲဒါအစိုးရနဲ့ ပတ်သက်တဲ့တင်ဒါတွေချည်းပဲ။ အဲဒီတင်ဒါတွေ တောင်မှရပ်သွားတယ်။ သူတို့ဥပဒေနဲ့ သူတို့ရဲ့ စည်းကမ်းတွေနဲ့ သူတို့ဘာသာသူတို့လုပ်နေတာ။ ဒါပေမဲ့ ပိတ်တာက တစ်ဖွဲ့၊ သစ်ပင်ခုတ်သလိုပေါ့။ ခုတ်တာ ကတစ်ဖွဲ့၊ ထမ်းတာကတစ်ဖွဲ့ဆိုတဲ့အတိုင်းပဲ။ လူကြီး လမ်းကြောင်းရှိလို့မသွားရဘူးဆိုပြီး ရပ်ရော၊ ရပ်တဲ့အ ခါကျရင် ဒီဘက်မှာ တင်ဒါစည်းမျဉ်းအရက ရက်တွေ တိုးပေးဖို့ကို ဌာနဆိုင်ရာတွေကမတင်ဘဲနဲ့ အတင်းဖိ အားပေးပြီးခိုင်းတယ်။ သတ်မှတ် ရက်ထဲ ပြီးကိုပြီးရ မယ်ဆိုပြီးတော့ အဲဒီတော့ဖြစ်နေတာက ဆောက်လုပ်ရေး Sector ကြီးက ဘယ်လိုဖြစ်နေလဲဆိုတော့ ဒီအ စိုးရနဲ့ပတ်သက်တဲ့တင်ဒါတို့ ငလျင်ပြင်တာတို့ အဲဒီ လိုလုပ်ငန်းတွေကျတော့ ဒီအချိန်ကာလတွေနဲ့ပတ်သက်ပြီး တော့ ဖိအားတွေ အရမ်းများနေတယ်။ အခုဆိုပိုဆိုးတယ်။ အခုဘာဖြစ်လဲဆိုတော့ စုံရက်၊ မရက်ထွက်တာတို့ ၊ နောက်တစ်ခါကျတော့ ဒီစုံရက်၊ မရက်မှာ ထွက်မရတာတို့၊ ဆီခွဲတမ်းနဲ့ရနေတာတို့ တစ်ခါထပ်ပြီး ဆောက်လုပ်ရေး ပစ္စည်းက ဈေးထပ် တက်တယ်။ ဒီဆီဈေးကြောင့်ဆိုတဲ့ဟာပေါ်မှာ ခေါင်း စဉ်တစ်ခုဖြစ်ပြီးတော့ ထပ်ပြီးတော့ ဈေးထပ် တက် ပြန်ရောဆိုတော့ ဆောက်လုပ်ရေး Sector တစ်ခု တည်းမဟုတ်ဘူး။ တခြား Sector တွေမှာလည်း အ ခက်အခဲတွေက အကုန်ဖြစ်မှာပဲ။ လက်ရှိအနေအထား တွေက။ ဒါပေမဲ့ ဆောက်လုပ်ရေး Sector မှာလည်း တော်တော် ထိနေတယ်ဆိုတဲ့အကြောင်းကိုပြောပြတာ။ အထူးသဖြင့် ဒီဟာတွေကြောင့်ဖြစ်လာတဲ့ဟာ တွေကျတော့ တင်ဒါတို့ အစိုးရနဲ့ပတ်သက်တဲ့လုပ်ငန်း တို့လုပ်တဲ့ဟာတွေမှာ အရမ်းကြန့်ကြာတယ်။ နောက် တစ်ခါကျတော့ ကန်ထရိုက် တိုက်တွေဆောက်တယ်။ မြေရှင်တွေနဲ့ အကျိုးတူဆောက်တဲ့လုပ်ငန်းတွေမှာ။ ဒါတွေက အကျိုးသက်ရောက်မှု လာရှိတယ်။ ဘာဖြစ် လို့လဲဆိုတော့ မြေရှင်တွေနဲ့ဆောက်တယ်ဆိုရင် ဘယ်နှနှစ်နဲ့ပြီး အောင်ဆောက်မယ်တို့ စာချုပ်က ကာလတွေနဲ့သွားတာ။ အဲဒီကာလတွေနဲ့သွားတဲ့အခါ ကျတော့ အခုလောလောဆယ် ဘာတွေဒုက္ခရောက် နေလဲဆိုတော့ အဲဒီကာလတွေမီအောင်လုပ်ဖို့ဆိုတာ ဘယ်သူမှ မလွယ်ဘူးဖြစ်နေတယ်။
မေး။ ။ အခုလိုအခက်အခဲတွေက ကမ္ဘာ့အရေးအခင်း စက်သုံးဆီအခက်အခဲမဖြစ်ခင်တည်းကလား။ ဖြစ်ပြီး မှလား။
ဖြေ။ ။ စက်သုံးဆီမဖြစ်ခင်ကတည်းက စဖြစ်နေပြီ။ အလုပ်သမားရှားပါးမှုတို့၊ စောနကပြောသလို လူကြီး လမ်းကြောင်း ရှိလို့ ကားတွေကို လမ်းပေါ်ပေးမတက်တာတို့ ဘယ်နေ့ဘယ်ရက်မလာပါနဲ့ဆိုပြီး လုံခြုံရေး အရလုပ်တာတို့၊ အဲဒီလို ရက်တွေမှာ ဘာဖြစ်လဲဆိုတော့ ကျောက်မိုင်းတွေရှိတယ်။ ကွန်ကရစ်တို့က ကျောက်နဲ့ဖျော်ရတာကို ကျောက်မိုင်း တွေပေးမလုပ် တာတို့ အဲဒီလိုနေ့တွေမှာ မန္တလေးတို့ဆိုရင် တစ်ပတ်တို့၊ နှစ်ပတ်တို့ ပိတ်ပစ်တာနော်။ အဲဒီလိုအခက် အခဲမျိုး တွေလည်းရှိတယ်။ နောက်တစ်ခါ အလုပ်သမားရှား ပါးမှုတွေလည်းရှိနေတယ်။ ငလျင်လှုပ်လိုက်တဲ့အ တွက် ကြောင့်မို့လို့။ အခုဆောက်ရတဲ့ဟာက အများကြီးဖြစ်သွားတာကိုး။ ဖြစ်သွားတဲ့အခါကျတော့ အလုပ်သမားရှားပါး မှုပြဿာနာကလည်း ဖြစ်နေတယ်။ ဆောက်လုပ်ရေးထဲမှာ ပစ္စည်းပြတ်လပ်မှုပြဿနာကလည်း ဈေးကွက်ထဲမှာ အကြီးကြီးဖြစ်နေတယ်။ ဥပမာ ကွန်ကရစ်ဆိုရင်တောင်မှ ခါတိုင်းဆိုရင် ရယ်ဒီ မိတ်ကွန်ကရစ်မှာလိုက်ရုံပဲ လာလုပ် ပေးတယ်။ အဲဒီ ဟာမှာလိုက်ရင်တောင်မှ သူတို့ဆီမှာ ပစ္စည်းပြတ်လပ်လို့ Chemical တွေပြတ်လပ်လို့ဆိုပြီးတော့ လုံလုံ လောက်လောက် Supply မလုပ်နိုင်ဘူး။ သိတယ်မလား ကွန်ကရစ်ကားကြီးနဲ့လာတာလေ။ အဲဒါက ကွန် ကရစ်ဖျော်တဲ့ အချိန်မှာ Chemical တွေထည့်ရတယ်။ အဲဒီ Chemical တွေက သွင်းခွင့်က မရတာတို့၊ ပေးတဲ့ပါမစ်တွေနှောင့် နှေးတာတို့ ဖြစ်တဲ့အခါကျတော့ ပစ္စည်းကဈေးကွက်ထဲမှာမရှိဘူး။ သူတို့လည်း Supply မလုပ်နိုင်ဘူး။ အထူးသဖြင့် စောနကပြော သလိုလေ ငလျင်ကြောင့်လှုပ်တဲ့ဟာတွေမှာ ပြန်ပြင် တဲ့ဟာတွေမှာ အဲဒီ ဃ့နာငခေူ တွေက အရမ်းလိုတာ ဆိုတော့ နိုင်ငံတော်က ဒါတွေကို မြန်မြန်ဖြစ်အောင် ဒီပါမစ်တွေကို လွှတ်ပေးလိုက်လို့မရဘူးလား။ ဒီတိုင်းပဲ။ ဘာဖြစ် လို့လဲဆိုတော့ လူတွေက အလုပ်လုပ်ရ တာကို အရမ်း Stress တွေများပြီး အရမ်း ဒုက္ခတွေ ရောက်နေပြီ။ နိုင်ငံတော်က အဲဒီလိုဖြစ်လို့ ဌာနဆိုင်ရာတွေက သူတိုတင်ဒါတွေကိုလည်း သူတို့ Schedule အတိုင်း မပေးရင် ဘယ်လိုအရေးယူ မယ်ဆိုပြီး သူက လူကြီးတွေကိုဆက်မတင်ဘူး။ ဌာနဆိုင်ရာတွေကိုယ်တိုင်က ဘယ်လိုဖြစ်နေလဲဆိုတော့ ရေဘူးပေါက် တာမလိုချင်ဘူး ရေပါတာပဲလိုချင်တယ်ဆိုတဲ့ပုံစံမျိုး ဌာနဆိုင်ရာ တွေအကုန်လုံးက ဖြစ်နေတယ်။ ဒါတွေက တကယ့် တကယ်ဆိုရင် ဌာနဆိုင်ရာတွေကလည်း နိုင်ငံတော်အ ကြီးအကဲတွေမ သိရင် သိအောင်တင်ပြပေးရမှာ။ လက်ရှိအခြေ အနေဖြစ်နေတဲ့ဟာတွေကို အဲဒီအတွက်ကြောင့်မို့လို့ တချို့ကို ကာလ တိုးမြှင့်ပေးသင့်တယ်။ ဒါတွေ ကိုလည်း ဖြေလျှော့ ပေးသင့်တယ်ဆို တာမျိုး နိုင်ငံတော်ကစဉ်းစားရမှာလေ။ အခု ဆောက်လုပ်ရေးသမားတိုင်းက အရမ်းစိတ်ညစ်၊ စိတ်ဖိစီး ပြီးတော့ အကုန်လုံးက လုပ်နေရတာ ရှုံးမှာကိုကြောက် တာတစ်ကဏ္ဍပေါ့နော်။ စောနကပြောတဲ့ ဒီကာလ တွေကြန့်ကြာ တာဖြစ်လာမှာဆိုတော့ အကုန်လုံးက စိုးရိမ်ပူပန်မှုများစွာနဲ့ အလုပ်လုပ်နေရတာပေါ့။ အခု ဥပမာ ကွန်ကရစ်ဖျော် တဲ့နေရာမေးလိုက်ရင် ကျောက်က ယမ်းတွေရမှ၊ စက်တွေနဲ့ထိုးခွဲပြီး ကြိတ်တယ်ဆို လည်း ဒီဇယ်ရမှ၊ ဆီဝယ်ရမှ။ အခုမှ ပိုဆိုးသွားတာ။ ဒါ နဂိုတည်းကလည်းဖြစ်နေတယ်။ အခုက ပိုဆိုး သွားတာ။
မေး။ ။ ဒီလိုမျိုး ဆောက်လုပ်ရေးသမားတိုင်း ရင်ဆိုင် နေရတဲ့အခက်အခဲနဲ့ပတ်သက်ပြီး ဘာများအကြံပြု ချင်ပါသလဲ။
ဖြေ။ ။ အဓိကကတော့ ဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့ မဖြစ်မနေ ငလျင်မှာလည်း လူတွေ ကွန်တိန်နာထဲ မှာနေရတာ ဘယ်လောက်အဆင်မပြေဘူးလဲ။ ဘယ်လောက်ကြာနေပြီလဲ ဟုတ်တယ်မလား။ အဲဒါတွေကို အဆင်ပြေအောင် ကိုယ့် နိုင်ငံသားတွေ အဆင်ပြေ အောင်လို့တော့ လုပ်သင့်တဲ့ဟာတစ်ခုကတော့ နိုင်ငံတော်အနေနဲ့က ဒီဆောက်လုပ်ရေး ပစ္စည်းတွေက ဒီအချိန်မှာ အရေးပေါ်လိုနေတယ်။ နိုင်နိုင်နင်းနင်း သွင်း ခွင့်ပေးဖို့လိုတယ်။ ပါမစ်မလိုဘဲနဲ့တောင် ဒါတွေ ကို ခွင့်ပြုပေးရမှာ။ ကျွန်တော်ပြောပြမယ်။ ဘယ်လုပ်ငန်းရှင်မှ လက်ထဲမှာ ပုံအောအောင်သွင်းထားပြီးတော့ ဈေးကျ မယ့်အထိကို ဘယ်သူမှခံမှာမဟုတ်ဘူး။ အဲဒီတော့ ဆိုလိုတာက လုပ်ငန်းရှင်တွေက မလိုအပ်ဘဲနဲ့လည်း သွင်းမှာ မဟုတ်ဘူး။ သူတို့လိုအပ်သလောက် ဈေးကွက်မှာရှိတဲ့ဟာကိုရောင်းနိုင်ဖို့အတွက်ကို မည်သူမဆိုသွင်းမှာပဲ။ အဲဒီထက် ကျော်ပြီးသွင်းရင်တော့ သူထိုက်နဲ့သူ့ဒဏ်ခံပေါ့။ ပါမစ်ကို ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ တကယ်အရေး ကြီးတဲ့ပစ္စည်း တွေက ဒီအချိန်မှာ လွယ်လွယ်ကူကူဖြစ်သင့်တယ်။ ဘာဖြစ် လို့လဲဆိုတော့ တစ်နှစ်ပြည့်သွားပြီ။ အခုထိလည်း ကွန်တိန်နာထဲမှာနေရတဲ့လူတွေက အများကြီးကျန်သေးတယ်။ နောက်တစ်ခါကျတော့ ရုံးတွေဆိုလည်း ကွန်တိန် နာရုံးတွေ အများကြီးကျန်သေးတယ်။ ဒါတွေကို မြန်မြန်ဆန်ဆန်ပြင်နိုင်ဖို့ဆိုတာ စောနက ပြောသလို နံပါတ်တစ်က ဆောက်လုပ်ရေးပစ္စည်းက လုံးဝ Free ပါမစ်ဖြစ်ကိုဖြစ်ရမှာ။ နံပါတ်နှစ်ကကျတော့ ဘယ်လိုလုပ်ပေးသင့်လဲဆိုတော့ နိုင်ငံတော်အနေနဲ့ တင်ဒါတွေ ကာလတွေသတ်မှတ်ထားတဲ့ဟာတွေ ဖြေလျှော့သင့်တယ် အခုလို အခင်းအကျင်းမှာ။ ဘာလို့လဲဆိုတော့ အလုပ်သမားတွေက စုံ၊ မနေ့နဲ့ လာရတဲ့လူတွေရှိတယ်။ လာမရတဲ့လူတွေရှိတယ်။ နဂိုက ဆိုဒ် တစ်ဆိုဒ်မှာ လူတစ်ရာဆင်းလို့ရရင် အခု လူ (၅၀)ဆင်းနိုင်ဖို့ဆိုတာမလွယ်တော့ဘူး။ အခုဖြစ်တဲ့ စုံ၊ မပြဿာနာက လည်း အဲဒီလိုမျိုးပဲ။ ဆောက်လုပ်ရေးပစ္စည်းတွေ ဆိုဒ်တွေကိုရောက်ဖို့ဆိုတာ ခါတိုင်းက နေ့တိုင်းရောက်နိုင်တယ် ဆိုပေ မယ့် အခုဆိုရင် ရောက်ဖို့မလွယ်တော့ဘူး။
မေး။ ။ ကားတွေနဲ့ကို ရောက်ဖို့မလွယ်တော့တာလား။ ဘာကြောင့် မလွယ်တာပါသလဲ။
ဖြေ။ ။ ကားတွေနဲ့လာဖို့ဆိုတာ စုံနေ့ထွက်တာရှိတယ်၊ မနေ့ထွက်တာရှိတယ်။ သူတို့ကပြောတာက လုပ်ငန်း သုံးလိုင်စင်ရှိရင် နေ့တိုင်းထွက်လို့ရတယ်။ ဒါပေမဲ့ တကယ့်တကယ်ကျတော့ Material Supply မှာက မရောက်နိုင် တော့ဘူး။ ဆီရဲ့အခက်အခဲလည်း ပါတယ်။ အဲဒီလိုအခက်အခဲတွေ ကြန့်ကြာမှုတွေဖြစ် လာတာမို့လို့ ဒီတည်ဆောက် ရေးကာလတွေကို တိုးပေးတာတို့ ဘတ်ဂျက်နှစ်တွေနဲ့ထည့်ပြီးတော့ ဒီဟာတွေကို နည်းနည်းစဉ်းစားတာကို ဖြေလျှော့ ပေးတာ တို့ ဒါတွေက လုပ်ပေးရတော့မှာ။ ဒါတွေက နိုင်ငံ တော်က ကြိုဖြေလျှော့ပေးရမယ့်ဟာတွေ ကြိုမြင်ရ တော့မှာ။ သူတို့အဆင့်ဆိုတာက ဒါတွေအကုန်မြင်ရတော့မှာ အောက်ခြေမှာ တင်ဒါတွေဒုက္ခရောက်နေပြီ၊ တည်ဆောက်ရေး ဒုက္ခရောက်ကုန်ပြီ။ အဲဒီအတွက် ဒီကာလတွေကိုဖြေလျှော့ရမယ်ဆိုတာကို နိုင်ငံတော်က ဖြေကိုဖြေလျှော့ ပေးသင့်တဲ့ အနေအထား ဖြစ်ကို ဖြစ်သွားပြီ။ အဓိကက အချိန်ကာလကို ဖြေလျှော့ပေး သင့်တယ်။ ပြီးစီးရမယ့်ကာလတွေကို လက်ရှိမှာ အလုပ်သမားရှားပါးမှု စောစောကပြောတဲ့ ပစ္စည်းပြတ် လပ်မှု၊ စောစောကပြောတဲ့ စုံ၊ မနေ့တွေကြောင့် အခက်အခဲဖြစ်တဲ့ကိစ္စတွေ ဘယ်လိုပဲဖြစ်ဖြစ် တင်ဒါ တွေရဲ့ရက်တွေ၊ ပြီးစီးရမယ့်ကာလတွေကို Extend လုပ်ပေး သင့်တယ်။ Budget Year အလိုက်စဉ်း စားတာမဟုတ်ဘဲနဲ့ နည်းနည်းဖြေလျှော့ပေးသင့်တယ်။ Plus ဘယ်လောက် ပေါင်းတယ်တို့ပေါ့။ အဲဒါ မျိုးဖြစ်သင့်တယ်။ နံပါတ်သုံးကတော့ စောစောက ပြောတဲ့ လူကြီးလမ်းကြောင်းတွေရှိတာနဲ့ ပြည်နယ်နဲ့တိုင်းအစိုးရတွေက အရမ်းလုံခြုံရေးရှုထောင့်အရ အကြောက်လွန်ပြီးတော့ အဲဒီရက်တွေဆိုရင် ကားတွေ မတက်ဘူးတို့ ဒီဆောက်လုပ်ရေးနဲ့ပတ်သက် တဲ့ကားတွေ၊ ကွန်ကရစ်ကားတွေ မတက်ရဘူး။ ကျောက်ခွဲတဲ့လုပ်ငန်းတွေ၊ ကျောက်မိုင်းတွေရပ်ရမယ် အဲဒီလိုမျိုး အစိုးရိမ်လွန်ပြီးတော့ လုပ်ငန်းတွေတားတာမျိုးတွေကိုလည်းမလုပ်သင့်ဘူး။ အခုဟာက လူကြီးလမ်းကြောင်းရှိရင် အကုန်ပိတ်ပစ်တာ။ တိုင်းတစ်တိုင်းလုံးပိတ်ပစ်တာတို့၊ မြို့နယ်အားလုံး ပိတ် ပစ်တာတို့ ဖြစ်နေတယ်။ တချို့ တိုင်းနဲ့ပြည်နယ်တွေကျ တော့လည်း ဘယ်လိုဖြစ်လဲဆိုတော့ အလုပ်သမား ရှားပါးမှု ပြဿာနာရှိတယ်။ ပြီးတဲ့အခါကျတော့ အလုပ်သမားပေါတဲ့နေရာကနေပို့ဖို့ ဆိုတာကလည်း လမ်းမှာ မလုံခြုံမှုရှိတယ်။ ဥပမာ စစ်မှုမထမ်းမနေရ ကြောင့် ကားနဲ့လွှတ်လိုက်တယ်။ အဲဒီဟာတွေက အသက်မီတဲ့ကောင်တွေကို ကောက်ပြီး ခေါ်သွားတာ တွေလည်းရှိတယ်။ အဲဒီလိုပဲ တခြား PDF အဖွဲ့ကဲ့ သို့အဖွဲ့တွေကလည်း နှောင့်ယှက်မှာကြောက်ပြီးတော့ တချို့ပြည်နယ်နဲ့တိုင်းတွေကလည်း လုပ်ငန်းတွေရှိ ပေမယ့်လည်း လွှတ်မရတာရှိတယ်။ အဲဒီတော့ လုပ်ငန်းရှင်တွေက ဘာလုပ်ရလဲဆိုတော့ သူ့ပြည်နယ်နဲ့ တိုင်းထဲမှာရှိတဲ့အလုပ်သမားကိုပဲ ပြန်သုံးရတာရှိတယ်။ အဲဒီအချိန်မှာ လုံလောက် တဲ့ Skill Worker တွေမရှိတဲ့အတွက် ကြန့်ကြာမှုတွေရှိတယ်။ အဲဒါမျိုး တွေကိုလည်း တိုင်းဒေသကြီးတွေကနေပြီးတော့ အမှန်တော့ ပြည်နယ်တွေကနေပြီးတော့ နိုင်ငံတော် ကိုတင်ပြသင့်နေပေမယ့် သူတို့က ကြောက်လန့်ပြီး မတင်ပြတဲ့အခါ ကျတော့ အဲဒီမှာ တင်ဒါရထားတဲ့ကုမ္ပဏီတွေ ဒုက္ခရောက်နေတယ်။ အဲဒီလိုဟာမျိုးတွေကို နိုင်ငံတော်ကသိပြီးတော့ ဒါတွေကိုလည်း အမြန်ဆုံးစဉ်းစားဆောင်ရွက်သင့်တယ်ပေါ့နော်။
(ရှေ့တစ်ပတ်ဆက်ရန်)

Zawgyi Version:
“ ငလ်င္တစ္ႏွစ္ျပည့္သြားၿပီ၊ အခုထိ ကြန္တိန္နာထဲမွာ ေနရသူေတြရွိေသးတယ္ ”
လက္ရွိ ကမာၻ႔အေရးအခင္းပဋိပကၡအေျခအေနမ်ားေၾကာင့္ ျပည္တြင္းေဆာက္လုပ္ေရးလုပ္ငန္းတို႔ ႀကဳံေတြ႕ ေနရေသာ အခက္အခဲမ်ား၊ စက္သုံးဆီေခြၽတာေရးအတြက္ သတ္မွတ္ျပ႒ာန္းလိုက္ေသာ စုံဂဏန္း၊ မဂဏန္း ယာဥ္ထြက္ရက္ႏွင့္ပတ္သက္၍ ဝါရင့္ေဆာက္လုပ္ေရးလုပ္ငန္းရွင္တစ္ဦးအား NP News မွ ေမးျမန္းထားမႈကို ျပန္လည္ ေဖာ္ျပအပ္ပါသည္။
ေတြ႕ဆုံေမးျမန္းသူ။ ။ ေစာ
ေမး။ ။ အခုလက္ရွိေပါ့ေနာ္။ ေဆာက္လုပ္ေရးသုံး ပစၥည္းေတြက ဘယ္ေလာက္အထိ ေဈးတက္သြားပါသလဲ။
ေျဖ။ ။ ေဈးေတြက ဒီကမာၻ႔အခင္းအက်င္းမတိုင္ခင္ တစ္လေလာက္ကေန တရိပ္ရိပ္တက္လာတာ။ တခ်ိဳ႕ ပစၥည္းေတြဆို (၂၀)ရာခိုင္ႏႈန္းကေန(၃၀)ရာခိုင္ႏႈန္း ေလာက္တက္လာတာရွိတယ္။ ပစၥည္းျပတ္တဲ့အေပၚ မူတည္ၿပီးေတာ့ေပါ့။ သြင္း မရတာေတြေရာ ပစၥည္း ျပတ္တာေတြေရာ နဂိုတည္းကလည္း ပါမစ္ေတြက ၾကပ္ထားတာကို။
ေမး။ ။ အခုလက္ရွိ ေဆာက္လုပ္ေရးလုပ္ငန္းခြင္မွာ ဘာအခက္အခဲေတြရင္ဆိုင္ေနရပါသလဲ။
ေျဖ။ ။ အခုဆိုရင္ ငလ်င္ျဖစ္တာ တစ္ႏွစ္ျပည့္ၿပီ။ တစ္ႏွစ္ျပည့္ၿပီဆိုေတာ့ အဲဒီအတိုင္းအတာမွာ ဘယ္ေလာက္အထိ ျပန္လည္တည္ေဆာက္ေရးၿပီးၿပီလဲ ဆိုတဲ့အပိုင္းရွိတယ္ေပါ့ေနာ္။ အခုထက္ထိလည္း ေနျပည္ေတာ္မွာဆိုရင္လည္း တခ်ိဳ႕အိမ္ေတြ၊ ဌာနဆိုင္ရာ႐ုံးေတြ ျပန္တက္လို႔မရတဲ့အေျခအေနေတြရွိ ေနေသးတာေတြအမ်ားႀကီး။ ဝန္ထမ္းအိမ္ရာ ေတြေရာပဲ။ အဲဒီလိုအေျခအေနရွိတယ္။ မႏၲေလးမွာဆိုရင္ လည္းဒီလိုပဲ။ ဝန္ထမ္းေတြ အခုထက္ထိ ကြန္တိန္နာထဲမွာ ေနေနရတုန္းပဲ။ ေနာက္ အေဆာက္အအုံေတြ ျပန္မေဆာက္ႏိုင္တာေတြလည္း အမ်ားႀကီးက်န္ေသးတယ္။ အဲဒီလို က်န္ေသးတဲ့အေပၚမွာ ဘာေၾကာင့္ ဒီလိုေတြၾကာေနလဲဆိုတာမွာ အပိုင္းႏွစ္ပိုင္းရွိတာ ေပါ့ေနာ္။ တစ္ပိုင္းကက်ေတာ့ အစိုးရဘတ္ဂ်က္ေပၚမွာ မူတည္တယ္။ ေနာက္တစ္ပိုင္းကက်ေတာ့ ပုဂၢလိက ေတြရဲ႕အပိုင္းေပါ့။ ျပန္တည္ေဆာက္ ေရးမွာ ႏွစ္ပိုင္းရွိတယ္ေပါ့။ ႏွစ္ပိုင္းမွာ အစိုးရအပိုင္းမွာ တခ်ိဳ႕ဟာေတြက ဘတ္ဂ်က္ေပၚမူတည္ၿပီးေတာ့ အပိုင္းခြဲၿပီး ျပန္တည္ေဆာက္တာေတြလုပ္တယ္။ ျပန္ျပင္တာလုပ္တဲ့အတြက္ သူကၾကာတယ္။ ေနာက္တစ္ခုက ပုဂၢလိက ဟာေတြက်ေတာ့ ျပန္ျပင္ဖို႔ဆိုတာ သူတို႔ရဲ႕ ကိုယ္ပိုင္ ဘတ္ဂ်က္တို႔ အကုန္လုံးျပန္ခ်ိန္ၿပီးမွလုပ္ရတာကိုး။ ဒါေပမဲ့ တကယ့္တကယ္ အစိုးရဘတ္ဂ်က္ခ်ေပးလိုက္ တဲ့လုပ္ငန္းေတြေတာင္မွ ၿပီးသင့္သေလာက္မၿပီးရတဲ့ အေၾကာင္း အခ်က္ ေတြရွိတယ္။ အဲဒါေတြက ဘာလဲဆိုရင္ ပစၥည္းတင္သြင္းခြင့္ေတြမွာ အရမ္းၾကန႔္ၾကာ ၿပီးေတာ့ က်ပ္ေနတဲ့ဟာေၾကာင့္ ဥပမာ ေဒၚလာကို ေဆာက္လုပ္ေရး Sector အတြက္ ဒီတစ္ေခါက္ ေဒၚလာဘယ္ႏွသန္းပဲေပးမယ္။ ပစၥည္းသြင္းဖို႔တို႔ အဲဒီလိုမ်ိဳး ကန႔္သတ္ခ်က္အရမ္းမ်ားတယ္။ နယ္စပ္ ကသြင္းတယ္ဆိုရင္ နယ္စပ္ပါမစ္ေတြေပးတာပဲ ေဆာက္လုပ္ေရး ကိုေျပာတာပဲရွိတယ္။ ဒါေပမဲ့ Earning ဝယ္ရတာေပါ့။ ေဒၚလာ ျပန္ဝယ္ရတာရွိတယ္။ ပို႔ကုန္ေတြရဖို႔အတြက္ကို ကိုယ္တိုင္ ႏိုင္ငံျခားကိုမပို႔ ထားရင္ဆိုေတာ့ တကယ္ေတာ့ အဲဒီနယ္စပ္ေတြက သြင္းတာေတြက ေဈးပိုႀကီးတယ္။ သေဘၤာနဲ႔သြင္းတာ ကသက္သာတယ္။ သိတယ္မလား ေဈးႏႈန္းက သယ္ယူပို႔ေဆာင္တဲ့စရိတ္မွာ သေဘၤာနဲ႔ပို႔တဲ့ စရိတ္က အရမ္းသက္သာတယ္။ ဒီနယ္စပ္ကုန္သြယ္ေရး ေၾကာင့္ျဖစ္တဲ့ဟာသည္ ပါမစ္ေပးတယ္လို႔ေျပာေပမယ့္ ေဒၚလာဘယ္ေလာက္ဖိုးပဲေပးတာတို႔ ကန႔္သတ္ခ်က္အရမ္းမ်ားတယ္။ ပါမစ္ေတာ့ျမန္တယ္ေျပာေပမယ့္ ဒီျပည္တြင္းကို ေရာက္ဖို႔အတြက္က ေဈးပိုႀကီးတယ္။ ကားလမ္းေတြနဲ႔သယ္ရတာကို ပို႔ေဆာင္ဆက္ သြယ္ေရးမွာ အတြင္းလမ္းနဲ႔ သယ္တယ္ဆိုေတာ့ အဲဒီဟာေတြက ေဈးအရမ္းႀကီးတယ္။ ေဈးႀကီးတဲ့အခါက်ေတာ့ အခုဘယ္လိုျဖစ္လဲဆိုေတာ့ ေနာက္တစ္ခါက်ေတာ့ ပါမစ္ ကိုအလုံအေလာက္မခ်ေပးတဲ့အခါက်ေတာ့ ခုနကေျပာတဲ့ အစိုးရဘတ္ဂ်က္ေတြနဲ႔ ေပးတဲ့ဟာ ေတြေတာင္မွ ဥပမာ အဓိကသုံးရတဲ့ Chemical ပစၥည္းေတြရွိတယ္။ ေဆာက္လုပ္ေရးမွာသုံးရတဲ့ Chemical ပစၥည္းေတြရွိတယ္။ ေနာက္ထပ္ ကြန္ကရစ္မွာသုံးရတဲ့ Chemical ပစၥည္းေတြရွိတယ္။ ေနာက္ဘိလပ္ေျမတို႔ျပင္တဲ့ Grouting Cement ဆိုတာရွိတယ္။ Grouting Cement ဆိုတာ ၿပိဳသြားတဲ့ေနရာမွာ ျပန္ထည့္ၿပီးျပန္သုံးတဲ့အခ်ိန္မွာ သူက Stress ပိုေကာင္းတယ္။ အဲဒီဟာမ်ိဳးမွာသုံးတဲ့ဘိလပ္ ေျမကို Grouting Cement လို႔ေခၚတယ္။ အဲဒီလို ကြန္ကရစ္ မွာသုံးတဲ့ Chemical ေတြက အလုံအေလာက္သြင္းလို႔မရတဲ့အခါက်ေတာ့ ဘယ္ေလာက္ပဲ ျမန္ေအာင္လုပ္ခ်င္ခ်င္ လုပ္ငန္းေတြက ေအာက္ေျခမွာမျမန္ဘူးျဖစ္ေနတာေပါ့။ ပစၥည္းက ေဈးကြက္ထဲ ျပတ္ေနတာကိုး။ ငလ်င္နဲ႔ပတ္သတ္တဲ့ အေဆာက္ အအုံေတြမွာ ၾကန႔္ၾကာေနရတဲ့ အဓိကအေၾကာင္းအ ရင္းက ေဆာက္လုပ္ေရးနဲ႔ပတ္သက္တဲ့ပစၥည္းေတြက ေဈးကြက္မွာ အလုံအေလာက္မရွိဘူး။ အဆင္သင့္မရွိဘူး ျပတ္ေနတယ္။ အဲဒါကို ျပန္ျပင္တဲ့အဖြဲ႕အေနနဲ႔လည္း အခက္အခဲအမ်ားႀကီးျဖစ္ေနတာေတြ႕ရတယ္။ ဥပမာ ေနျပည္ေတာ္၊ မႏၲေလးတို႔လိုေနရာမ်ိဳး မွာ အစိုးရ အေဆာက္အအုံ ေတြကို ၿပိဳက်သြားတာ မဟုတ္ဘူး။ ျပန္ျပင္ရတဲ့ဟာေတြမွာေတာင္ ျပင္ဖို႔ဆိုတာ အဲဒီ ဃ့နာငေခူ ပစၥည္းေတြ အလုံအေလာက္ မရွိဘဲ ျပင္လို႔မရဘူး။
ေမး။ ။အဓိကလိုအပ္တဲ့ပစၥည္းေတြ သြင္းလို႔မရတာ ေပါ့။
ေျဖ။ ။ မွန္တယ္။ သူတို႔ကိုေျပာလိုက္ရင္ေတာ့ ပါမစ္ ကေပးေနတယ္တို႔၊ နယ္စပ္ကလြယ္တယ္တို႔ အဲဒါက စကား အျဖစ္ပဲျဖစ္တာ။ တကယ့္တကယ္ အဲဒီပါမစ္ ေတြရတဲ့လူေတြကေကာ ဥပမာ Group ရွိတယ္။ ပါ မစ္ေရာင္းစားတဲ့ Group အဲဒီထဲမွာဝင္ၾကည့္လိုက္ရင္ မလိုဘဲနဲ႔ ပါမစ္ေတြေရာင္းေနတဲ့ဟာေတြက အမ်ားႀကီးရွိတယ္။ အဲဒါေတြက အခြင့္ ထူးခံေတြျဖစ္ေနတယ္။ တကယ္သုံးမယ့္ Market ထဲကို တကယ္ ကုမၸဏီေတြေရာက္မလာဘူး။ ေနာက္တစ္ခုကက် ေတာ့ ဒီအေဆာက္အအုံေတြသုတ္တဲ့ေဆးေတြ။ ကဲ ဟုတ္ၿပီ။ အေဆာက္အအုံေတြျပင္ၿပီးၿပီ၊ ေဆးသုတ္ဖို႔ ပစၥည္းမရွိဘူး။ ျပည္တြင္းမွာထုတ္လုပ္တဲ့စက္႐ုံေတြ သူတို႔ေပးထားတဲ့ အဲဒီစက္႐ုံေတြအတြက္ ကုန္ၾကမ္းေတာင္ အလုံအေလာက္ မရဘူး။ တကယ့္တကယ္က ပုံမွန္အခ်ိန္ထက္စာရင္ ေဆာက္လုပ္ေရးပစၥည္းက ငလ်င္ေနာက္ပိုင္းမွာ Market ႀကီးက အႀကီးႀကီးျဖစ္ၿပီး လိုအပ္ခ်က္က အႀကီးႀကီးျဖစ္သြားၿပီ။ ဒါေပမဲ့ လုံေလာက္တဲ့ပစၥည္းမရွိတဲ့အတြက္ ငလ်င္အတြက္နဲ႔ ပတ္သက္တာေတြၾကန႔္ၾကာမယ္။ အိုေက ငလ်င္နဲ႔ပတ္သက္တဲ့အေဆာက္အအုံေတြက ၾကန႔္ၾကာတယ္တို႔၊ ျပင္တာလို တာ တစ္ပိုင္း၊ အဲဒါနဲ႔ဆက္စပ္ၿပီးေတာ့ တစ္ပုံစံတည္းပဲ အစိုးရတင္ဒါေတြလုပ္တယ္။ အစိုးရ တင္ဒါေတြမွာက ကာလစည္းကမ္းသတ္မွတ္ခ်က္က ဘယ္ေလာက္အတြင္း ၿပီးေအာင္လုပ္ရမယ္။ ဘယ္ ဘတ္ဂ်က္ထဲမွာ ၿပီးေအာင္ လုပ္ရမယ္ဆိုတဲ့ သတ္မွတ္ ခ်က္ေတြရွိတယ္။ ဒါေပမဲ့ ေစာနကေျပာတဲ့အတိုင္းပဲ ပစၥည္းေတြက ငလ်င္ေတာင္ ျပင္ဖို႔မလုံ ေလာက္ဘူး။ အသစ္ေဆာက္တဲ့ဟာေတြအတြက္လည္းမရွိဘူး။ ပစၥည္းေတြမလုံေလာက္တဲ့အခါက်ေတာ့ ဒီ Schedule ထဲကိုဝင္ဖို႔ဆိုတာေတြက သူတို႔ေပးထားတဲ့ကာ လအတြင္းကိုဝင္ဖို႔ဆိုတာ ဘယ္လိုမွမလြယ္ဘူးေလ။ မၿပီးႏိုင္ဘူး။ မၿပီး ႏိုင္ေတာ့တဲ့ဟာကို ဌာနဆိုင္ရာက လူေတြက မသိဘူးလားဆိုေတာ့ သိသိႀကီးပဲ။ ဒါေပမဲ့ သူတို႔သိတာက ဒီဘတ္ ဂ်က္ထဲမွာၿပီးရမယ္။ လူႀကီးေတြကို ေအာက္ေျခကအေျခအေနေတြ ျပန္မတင္ျပ ေတာ့ဘူး။ ဆိုတဲ့အခါက်ေတာ့ တင္ဒါသမားေတြလည္း အကုန္ဒုကၡေရာက္ေနတယ္။ တင္ဒါသမားေတြဆို ေဈးႀကီးတဲ့ဒဏ္ခံရတာတင္မကဘူး။ ဒီဌာနဆိုင္ရာ ေတြရဲ႕ ဖိအားေပးတာေတြပါ အကုန္ခံေနရတယ္။ ေနာက္တစ္ခါ ဒီငလ်င္ေၾကာင့္မို႔လို႔ လုပ္သားအင္အား ကလည္း တည္ေဆာက္ေရးမွာ အရမ္းကိုလိုသြား တယ္။ လိုေနတယ္။ အဲဒီလို လိုေနတဲ့အခ်ိန္မွာမွ စစ္မႈမထမ္းမေနရ ဥပေဒရွိတာတို႔၊ ဥပမာ နယ္ေတြမွာဆိုလည္း သူတို႔ရဲ႕ ဘယ္ေန႔၊ ဘယ္ရက္ဆိုရင္ လူႀကီးလမ္းေၾကာင္းရွိတယ္ မသြားရဘူးတို႔၊ လူႀကီးလမ္း ေၾကာင္းမို႔ ေက်ာက္ကားေတြမထြက္ရဘူးတို႔ ေက်ာက္ မိုင္းေတြမခြဲရဘူးတို႔ ေနာက္ၿပီး ေျမသယ္ကားေတြ မသြားရဘူးတို႔ သဲကား၊ ေက်ာက္စရစ္ကားေတြမသြား ရဘူးတို႔ သတ္မွတ္ခ်က္ေတြရွိလာျပန္ေရာ။ အဲဒီလို ေတြရွိလာတဲ့အခါက်ေတာ့ ဥပမာ အဆိုးဆုံးဆိုရင္ မႏၲေလးပဲ။ မႏၲေလးနဲ႔မေကြးကအဆိုးဆုံးပဲ။ မႏၲေလး မွာ လူႀကီးခရီးစဥ္ရွိတယ္ဆိုတာနဲ႔ အဲဒီကားေတြက လုံးဝ အျပင္လမ္းေပၚမတက္ရျဖစ္သြားေရာ၊ ျဖစ္သြား တဲ့အခါက်ေတာ့ ဒီအေဆာက္အအုံက သူ႔အခ်ိန္နဲ႔သူ လုပ္ေနရတဲ့ဟာကို မထြက္ရဆိုရင္ လုပ္ငန္းေတြက အကုန္မရပ္ကုန္ဘူးလား။ ရပ္တယ္။ အဲဒါအစိုးရနဲ႔ ပတ္သက္တဲ့တင္ဒါေတြခ်ည္းပဲ။ အဲဒီတင္ဒါေတြ ေတာင္မွရပ္သြားတယ္။ သူတို႔ဥပေဒနဲ႔ သူတို႔ရဲ႕ စည္းကမ္းေတြနဲ႔ သူတို႔ဘာသာသူတို႔လုပ္ေနတာ။ ဒါေပမဲ့ ပိတ္တာက တစ္ဖြဲ႕၊ သစ္ပင္ခုတ္သလိုေပါ့။ ခုတ္တာ ကတစ္ဖြဲ႕၊ ထမ္းတာကတစ္ဖြဲ႕ဆိုတဲ့အတိုင္းပဲ။ လူႀကီး လမ္းေၾကာင္းရွိလို႔မသြားရဘူးဆိုၿပီး ရပ္ေရာ၊ ရပ္တဲ့အ ခါက်ရင္ ဒီဘက္မွာ တင္ဒါစည္းမ်ဥ္းအရက ရက္ေတြ တိုးေပးဖို႔ကို ဌာနဆိုင္ရာေတြကမတင္ဘဲနဲ႔ အတင္းဖိ အားေပးၿပီးခိုင္းတယ္။ သတ္မွတ္ ရက္ထဲ ၿပီးကိုၿပီးရ မယ္ဆိုၿပီးေတာ့ အဲဒီေတာ့ျဖစ္ေနတာက ေဆာက္လုပ္ေရး Sector ႀကီးက ဘယ္လိုျဖစ္ေနလဲဆိုေတာ့ ဒီအ စိုးရနဲ႔ပတ္သက္တဲ့တင္ဒါတို႔ ငလ်င္ျပင္တာတို႔ အဲဒီ လိုလုပ္ငန္းေတြက်ေတာ့ ဒီအခ်ိန္ကာလေတြနဲ႔ပတ္သက္ၿပီး ေတာ့ ဖိအားေတြ အရမ္းမ်ားေနတယ္။ အခုဆိုပိုဆိုးတယ္။ အခုဘာျဖစ္လဲဆိုေတာ့ စုံရက္၊ မရက္ထြက္တာတို႔ ၊ ေနာက္တစ္ခါက်ေတာ့ ဒီစုံရက္၊ မရက္မွာ ထြက္မရတာတို႔၊ ဆီခြဲတမ္းနဲ႔ရေနတာတို႔ တစ္ခါထပ္ၿပီး ေဆာက္လုပ္ေရး ပစၥည္းက ေဈးထပ္ တက္တယ္။ ဒီဆီေဈးေၾကာင့္ဆိုတဲ့ဟာေပၚမွာ ေခါင္း စဥ္တစ္ခုျဖစ္ၿပီးေတာ့ ထပ္ၿပီးေတာ့ ေဈးထပ္ တက္ ျပန္ေရာဆိုေတာ့ ေဆာက္လုပ္ေရး Sector တစ္ခု တည္းမဟုတ္ဘူး။ တျခား Sector ေတြမွာလည္း အ ခက္အခဲေတြက အကုန္ျဖစ္မွာပဲ။ လက္ရွိအေနအထား ေတြက။ ဒါေပမဲ့ ေဆာက္လုပ္ေရး Sector မွာလည္း ေတာ္ေတာ္ ထိေနတယ္ဆိုတဲ့အေၾကာင္းကိုေျပာျပတာ။ အထူးသျဖင့္ ဒီဟာေတြေၾကာင့္ျဖစ္လာတဲ့ဟာ ေတြက်ေတာ့ တင္ဒါတို႔ အစိုးရနဲ႔ပတ္သက္တဲ့လုပ္ငန္း တို႔လုပ္တဲ့ဟာေတြမွာ အရမ္းၾကန႔္ၾကာတယ္။ ေနာက္ တစ္ခါက်ေတာ့ ကန္ထ႐ိုက္ တိုက္ေတြေဆာက္တယ္။ ေျမရွင္ေတြနဲ႔ အက်ိဳးတူေဆာက္တဲ့လုပ္ငန္းေတြမွာ။ ဒါေတြက အက်ိဳးသက္ေရာက္မႈ လာရွိတယ္။ ဘာျဖစ္ လို႔လဲဆိုေတာ့ ေျမရွင္ေတြနဲ႔ေဆာက္တယ္ဆိုရင္ ဘယ္ႏွႏွစ္နဲ႔ၿပီး ေအာင္ေဆာက္မယ္တို႔ စာခ်ဳပ္က ကာလေတြနဲ႔သြားတာ။ အဲဒီကာလေတြနဲ႔သြားတဲ့အခါ က်ေတာ့ အခုေလာေလာဆယ္ ဘာေတြဒုကၡေရာက္ ေနလဲဆိုေတာ့ အဲဒီကာလေတြမီေအာင္လုပ္ဖို႔ဆိုတာ ဘယ္သူမွ မလြယ္ဘူးျဖစ္ေနတယ္။
ေမး။ ။ အခုလိုအခက္အခဲေတြက ကမာၻ႔အေရးအခင္း စက္သုံးဆီအခက္အခဲမျဖစ္ခင္တည္းကလား။ ျဖစ္ၿပီး မွလား။
ေျဖ။ ။ စက္သုံးဆီမျဖစ္ခင္ကတည္းက စျဖစ္ေနၿပီ။ အလုပ္သမားရွားပါးမႈတို႔၊ ေစာနကေျပာသလို လူႀကီး လမ္းေၾကာင္း ရွိလို႔ ကားေတြကို လမ္းေပၚေပးမတက္တာတို႔ ဘယ္ေန႔ဘယ္ရက္မလာပါနဲ႔ဆိုၿပီး လုံၿခဳံေရး အရလုပ္တာတို႔၊ အဲဒီလို ရက္ေတြမွာ ဘာျဖစ္လဲဆိုေတာ့ ေက်ာက္မိုင္းေတြရွိတယ္။ ကြန္ကရစ္တို႔က ေက်ာက္နဲ႔ေဖ်ာ္ရတာကို ေက်ာက္မိုင္း ေတြေပးမလုပ္ တာတို႔ အဲဒီလိုေန႔ေတြမွာ မႏၲေလးတို႔ဆိုရင္ တစ္ပတ္တို႔၊ ႏွစ္ပတ္တို႔ ပိတ္ပစ္တာေနာ္။ အဲဒီလိုအခက္ အခဲမ်ိဳး ေတြလည္းရွိတယ္။ ေနာက္တစ္ခါ အလုပ္သမားရွား ပါးမႈေတြလည္းရွိေနတယ္။ ငလ်င္လႈပ္လိုက္တဲ့အ တြက္ ေၾကာင့္မို႔လို႔။ အခုေဆာက္ရတဲ့ဟာက အမ်ားႀကီးျဖစ္သြားတာကိုး။ ျဖစ္သြားတဲ့အခါက်ေတာ့ အလုပ္သမားရွားပါး မႈျပႆာနာကလည္း ျဖစ္ေနတယ္။ ေဆာက္လုပ္ေရးထဲမွာ ပစၥည္းျပတ္လပ္မႈျပႆနာကလည္း ေဈးကြက္ထဲမွာ အႀကီးႀကီးျဖစ္ေနတယ္။ ဥပမာ ကြန္ကရစ္ဆိုရင္ေတာင္မွ ခါတိုင္းဆိုရင္ ရယ္ဒီ မိတ္ကြန္ကရစ္မွာလိုက္႐ုံပဲ လာလုပ္ ေပးတယ္။ အဲဒီ ဟာမွာလိုက္ရင္ေတာင္မွ သူတို႔ဆီမွာ ပစၥည္းျပတ္လပ္လို႔ Chemical ေတြျပတ္လပ္လို႔ဆိုၿပီးေတာ့ လုံလုံ ေလာက္ေလာက္ Supply မလုပ္ႏိုင္ဘူး။ သိတယ္မလား ကြန္ကရစ္ကားႀကီးနဲ႔လာတာေလ။ အဲဒါက ကြန္ ကရစ္ေဖ်ာ္တဲ့ အခ်ိန္မွာ Chemical ေတြထည့္ရတယ္။ အဲဒီ Chemical ေတြက သြင္းခြင့္က မရတာတို႔၊ ေပးတဲ့ပါမစ္ေတြေႏွာင့္ ေႏွးတာတို႔ ျဖစ္တဲ့အခါက်ေတာ့ ပစၥည္းကေဈးကြက္ထဲမွာမရွိဘူး။ သူတို႔လည္း Supply မလုပ္ႏိုင္ဘူး။ အထူးသျဖင့္ ေစာနကေျပာ သလိုေလ ငလ်င္ေၾကာင့္လႈပ္တဲ့ဟာေတြမွာ ျပန္ျပင္ တဲ့ဟာေတြမွာ အဲဒီ ဃ့နာငေခူ ေတြက အရမ္းလိုတာ ဆိုေတာ့ ႏိုင္ငံေတာ္က ဒါေတြကို ျမန္ျမန္ျဖစ္ေအာင္ ဒီပါမစ္ေတြကို လႊတ္ေပးလိုက္လို႔မရဘူးလား။ ဒီတိုင္းပဲ။ ဘာျဖစ္ လို႔လဲဆိုေတာ့ လူေတြက အလုပ္လုပ္ရ တာကို အရမ္း Stress ေတြမ်ားၿပီး အရမ္း ဒုကၡေတြ ေရာက္ေနၿပီ။ ႏိုင္ငံေတာ္က အဲဒီလိုျဖစ္လို႔ ဌာနဆိုင္ရာေတြက သူတိုတင္ဒါေတြကိုလည္း သူတို႔ Schedule အတိုင္း မေပးရင္ ဘယ္လိုအေရးယူ မယ္ဆိုၿပီး သူက လူႀကီးေတြကိုဆက္မတင္ဘူး။ ဌာနဆိုင္ရာေတြကိုယ္တိုင္က ဘယ္လိုျဖစ္ေနလဲဆိုေတာ့ ေရဘူးေပါက္ တာမလိုခ်င္ဘူး ေရပါတာပဲလိုခ်င္တယ္ဆိုတဲ့ပုံစံမ်ိဳး ဌာနဆိုင္ရာ ေတြအကုန္လုံးက ျဖစ္ေနတယ္။ ဒါေတြက တကယ့္ တကယ္ဆိုရင္ ဌာနဆိုင္ရာေတြကလည္း ႏိုင္ငံေတာ္အ ႀကီးအကဲေတြမ သိရင္ သိေအာင္တင္ျပေပးရမွာ။ လက္ရွိအေျခ အေနျဖစ္ေနတဲ့ဟာေတြကို အဲဒီအတြက္ေၾကာင့္မို႔လို႔ တခ်ိဳ႕ကို ကာလ တိုးျမႇင့္ေပးသင့္တယ္။ ဒါေတြ ကိုလည္း ေျဖေလွ်ာ့ ေပးသင့္တယ္ဆို တာမ်ိဳး ႏိုင္ငံေတာ္ကစဥ္းစားရမွာေလ။ အခု ေဆာက္လုပ္ေရးသမားတိုင္းက အရမ္းစိတ္ညစ္၊ စိတ္ဖိစီး ၿပီးေတာ့ အကုန္လုံးက လုပ္ေနရတာ ရႈံးမွာကိုေၾကာက္ တာတစ္က႑ေပါ့ေနာ္။ ေစာနကေျပာတဲ့ ဒီကာလ ေတြၾကန႔္ၾကာ တာျဖစ္လာမွာဆိုေတာ့ အကုန္လုံးက စိုးရိမ္ပူပန္မႈမ်ားစြာနဲ႔ အလုပ္လုပ္ေနရတာေပါ့။ အခု ဥပမာ ကြန္ကရစ္ေဖ်ာ္ တဲ့ေနရာေမးလိုက္ရင္ ေက်ာက္က ယမ္းေတြရမွ၊ စက္ေတြနဲ႔ထိုးခြဲၿပီး ႀကိတ္တယ္ဆို လည္း ဒီဇယ္ရမွ၊ ဆီဝယ္ရမွ။ အခုမွ ပိုဆိုးသြားတာ။ ဒါ နဂိုတည္းကလည္းျဖစ္ေနတယ္။ အခုက ပိုဆိုး သြားတာ။
ေမး။ ။ ဒီလိုမ်ိဳး ေဆာက္လုပ္ေရးသမားတိုင္း ရင္ဆိုင္ ေနရတဲ့အခက္အခဲနဲ႔ပတ္သက္ၿပီး ဘာမ်ားအႀကံျပဳ ခ်င္ပါသလဲ။
ေျဖ။ ။ အဓိကကေတာ့ ေဆာက္လုပ္ေရးနဲ႔ပတ္သက္တဲ့ မျဖစ္မေန ငလ်င္မွာလည္း လူေတြ ကြန္တိန္နာထဲ မွာေနရတာ ဘယ္ေလာက္အဆင္မေျပဘူးလဲ။ ဘယ္ေလာက္ၾကာေနၿပီလဲ ဟုတ္တယ္မလား။ အဲဒါေတြကို အဆင္ေျပေအာင္ ကိုယ့္ ႏိုင္ငံသားေတြ အဆင္ေျပ ေအာင္လို႔ေတာ့ လုပ္သင့္တဲ့ဟာတစ္ခုကေတာ့ ႏိုင္ငံေတာ္အေနနဲ႔က ဒီေဆာက္လုပ္ေရး ပစၥည္းေတြက ဒီအခ်ိန္မွာ အေရးေပၚလိုေနတယ္။ ႏိုင္ႏိုင္နင္းနင္း သြင္း ခြင့္ေပးဖို႔လိုတယ္။ ပါမစ္မလိုဘဲနဲ႔ေတာင္ ဒါေတြ ကို ခြင့္ျပဳေပးရမွာ။ ကြၽန္ေတာ္ေျပာျပမယ္။ ဘယ္လုပ္ငန္းရွင္မွ လက္ထဲမွာ ပုံေအာေအာင္သြင္းထားၿပီးေတာ့ ေဈးက် မယ့္အထိကို ဘယ္သူမွခံမွာမဟုတ္ဘူး။ အဲဒီေတာ့ ဆိုလိုတာက လုပ္ငန္းရွင္ေတြက မလိုအပ္ဘဲနဲ႔လည္း သြင္းမွာ မဟုတ္ဘူး။ သူတို႔လိုအပ္သေလာက္ ေဈးကြက္မွာရွိတဲ့ဟာကိုေရာင္းႏိုင္ဖို႔အတြက္ကို မည္သူမဆိုသြင္းမွာပဲ။ အဲဒီထက္ ေက်ာ္ၿပီးသြင္းရင္ေတာ့ သူထိုက္နဲ႔သူ႔ဒဏ္ခံေပါ့။ ပါမစ္ကို ေဆာက္လုပ္ေရးနဲ႔ ပတ္သက္တဲ့ တကယ္အေရး ႀကီးတဲ့ပစၥည္း ေတြက ဒီအခ်ိန္မွာ လြယ္လြယ္ကူကူျဖစ္သင့္တယ္။ ဘာျဖစ္ လို႔လဲဆိုေတာ့ တစ္ႏွစ္ျပည့္သြားၿပီ။ အခုထိလည္း ကြန္တိန္နာထဲမွာေနရတဲ့လူေတြက အမ်ားႀကီးက်န္ေသးတယ္။ ေနာက္တစ္ခါက်ေတာ့ ႐ုံးေတြဆိုလည္း ကြန္တိန္ နာ႐ုံးေတြ အမ်ားႀကီးက်န္ေသးတယ္။ ဒါေတြကို ျမန္ျမန္ဆန္ဆန္ျပင္ႏိုင္ဖို႔ဆိုတာ ေစာနက ေျပာသလို နံပါတ္တစ္က ေဆာက္လုပ္ေရးပစၥည္းက လုံးဝ Free ပါမစ္ျဖစ္ကိုျဖစ္ရမွာ။ နံပါတ္ႏွစ္ကက်ေတာ့ ဘယ္လိုလုပ္ေပးသင့္လဲဆိုေတာ့ ႏိုင္ငံေတာ္အေနနဲ႔ တင္ဒါေတြ ကာလေတြသတ္မွတ္ထားတဲ့ဟာေတြ ေျဖေလွ်ာ့သင့္တယ္ အခုလို အခင္းအက်င္းမွာ။ ဘာလို႔လဲဆိုေတာ့ အလုပ္သမားေတြက စုံ၊ မေန႔နဲ႔ လာရတဲ့လူေတြရွိတယ္။ လာမရတဲ့လူေတြရွိတယ္။ နဂိုက ဆိုဒ္ တစ္ဆိုဒ္မွာ လူတစ္ရာဆင္းလို႔ရရင္ အခု လူ (၅၀)ဆင္းႏိုင္ဖို႔ဆိုတာမလြယ္ေတာ့ဘူး။ အခုျဖစ္တဲ့ စုံ၊ မျပႆာနာက လည္း အဲဒီလိုမ်ိဳးပဲ။ ေဆာက္လုပ္ေရးပစၥည္းေတြ ဆိုဒ္ေတြကိုေရာက္ဖို႔ဆိုတာ ခါတိုင္းက ေန႔တိုင္းေရာက္ႏိုင္တယ္ ဆိုေပ မယ့္ အခုဆိုရင္ ေရာက္ဖို႔မလြယ္ေတာ့ဘူး။
ေမး။ ။ ကားေတြနဲ႔ကို ေရာက္ဖို႔မလြယ္ေတာ့တာလား။ ဘာေၾကာင့္ မလြယ္တာပါသလဲ။
ေျဖ။ ။ ကားေတြနဲ႔လာဖို႔ဆိုတာ စုံေန႔ထြက္တာရွိတယ္၊ မေန႔ထြက္တာရွိတယ္။ သူတို႔ကေျပာတာက လုပ္ငန္း သုံးလိုင္စင္ရွိရင္ ေန႔တိုင္းထြက္လို႔ရတယ္။ ဒါေပမဲ့ တကယ့္တကယ္က်ေတာ့ Material Supply မွာက မေရာက္ႏိုင္ ေတာ့ဘူး။ ဆီရဲ႕အခက္အခဲလည္း ပါတယ္။ အဲဒီလိုအခက္အခဲေတြ ၾကန႔္ၾကာမႈေတြျဖစ္ လာတာမို႔လို႔ ဒီတည္ေဆာက္ ေရးကာလေတြကို တိုးေပးတာတို႔ ဘတ္ဂ်က္ႏွစ္ေတြနဲ႔ထည့္ၿပီးေတာ့ ဒီဟာေတြကို နည္းနည္းစဥ္းစားတာကို ေျဖေလွ်ာ့ ေပးတာ တို႔ ဒါေတြက လုပ္ေပးရေတာ့မွာ။ ဒါေတြက ႏိုင္ငံ ေတာ္က ႀကိဳေျဖေလွ်ာ့ေပးရမယ့္ဟာေတြ ႀကိဳျမင္ရ ေတာ့မွာ။ သူတို႔အဆင့္ဆိုတာက ဒါေတြအကုန္ျမင္ရေတာ့မွာ ေအာက္ေျခမွာ တင္ဒါေတြဒုကၡေရာက္ေနၿပီ၊ တည္ေဆာက္ေရး ဒုကၡေရာက္ကုန္ၿပီ။ အဲဒီအတြက္ ဒီကာလေတြကိုေျဖေလွ်ာ့ရမယ္ဆိုတာကို ႏိုင္ငံေတာ္က ေျဖကိုေျဖေလွ်ာ့ ေပးသင့္တဲ့ အေနအထား ျဖစ္ကို ျဖစ္သြားၿပီ။ အဓိကက အခ်ိန္ကာလကို ေျဖေလွ်ာ့ေပး သင့္တယ္။ ၿပီးစီးရမယ့္ကာလေတြကို လက္ရွိမွာ အလုပ္သမားရွားပါးမႈ ေစာေစာကေျပာတဲ့ ပစၥည္းျပတ္ လပ္မႈ၊ ေစာေစာကေျပာတဲ့ စုံ၊ မေန႔ေတြေၾကာင့္ အခက္အခဲျဖစ္တဲ့ကိစၥေတြ ဘယ္လိုပဲျဖစ္ျဖစ္ တင္ဒါ ေတြရဲ႕ရက္ေတြ၊ ၿပီးစီးရမယ့္ကာလေတြကို Extend လုပ္ေပး သင့္တယ္။ Budget Year အလိုက္စဥ္း စားတာမဟုတ္ဘဲနဲ႔ နည္းနည္းေျဖေလွ်ာ့ေပးသင့္တယ္။ Plus ဘယ္ေလာက္ ေပါင္းတယ္တို႔ေပါ့။ အဲဒါ မ်ိဳးျဖစ္သင့္တယ္။ နံပါတ္သုံးကေတာ့ ေစာေစာက ေျပာတဲ့ လူႀကီးလမ္းေၾကာင္းေတြရွိတာနဲ႔ ျပည္နယ္နဲ႔တိုင္းအစိုးရေတြက အရမ္းလုံၿခဳံေရးရႈေထာင့္အရ အေၾကာက္လြန္ၿပီးေတာ့ အဲဒီရက္ေတြဆိုရင္ ကားေတြ မတက္ဘူးတို႔ ဒီေဆာက္လုပ္ေရးနဲ႔ပတ္သက္ တဲ့ကားေတြ၊ ကြန္ကရစ္ကားေတြ မတက္ရဘူး။ ေက်ာက္ခြဲတဲ့လုပ္ငန္းေတြ၊ ေက်ာက္မိုင္းေတြရပ္ရမယ္ အဲဒီလိုမ်ိဳး အစိုးရိမ္လြန္ၿပီးေတာ့ လုပ္ငန္းေတြတားတာမ်ိဳးေတြကိုလည္းမလုပ္သင့္ဘူး။ အခုဟာက လူႀကီးလမ္းေၾကာင္းရွိရင္ အကုန္ပိတ္ပစ္တာ။ တိုင္းတစ္တိုင္းလုံးပိတ္ပစ္တာတို႔၊ ၿမိဳ႕နယ္အားလုံး ပိတ္ ပစ္တာတို႔ ျဖစ္ေနတယ္။ တခ်ိဳ႕ တိုင္းနဲ႔ျပည္နယ္ေတြက် ေတာ့လည္း ဘယ္လိုျဖစ္လဲဆိုေတာ့ အလုပ္သမား ရွားပါးမႈ ျပႆာနာရွိတယ္။ ၿပီးတဲ့အခါက်ေတာ့ အလုပ္သမားေပါတဲ့ေနရာကေနပို႔ဖို႔ ဆိုတာကလည္း လမ္းမွာ မလုံၿခဳံမႈရွိတယ္။ ဥပမာ စစ္မႈမထမ္းမေနရ ေၾကာင့္ ကားနဲ႔လႊတ္လိုက္တယ္။ အဲဒီဟာေတြက အသက္မီတဲ့ေကာင္ေတြကို ေကာက္ၿပီး ေခၚသြားတာ ေတြလည္းရွိတယ္။ အဲဒီလိုပဲ တျခား PDF အဖြဲ႕ကဲ့ သို႔အဖြဲ႕ေတြကလည္း ေႏွာင့္ယွက္မွာေၾကာက္ၿပီးေတာ့ တခ်ိဳ႕ျပည္နယ္နဲ႔တိုင္းေတြကလည္း လုပ္ငန္းေတြရွိ ေပမယ့္လည္း လႊတ္မရတာရွိတယ္။ အဲဒီေတာ့ လုပ္ငန္းရွင္ေတြက ဘာလုပ္ရလဲဆိုေတာ့ သူ႔ျပည္နယ္နဲ႔ တိုင္းထဲမွာရွိတဲ့အလုပ္သမားကိုပဲ ျပန္သုံးရတာရွိတယ္။ အဲဒီအခ်ိန္မွာ လုံေလာက္ တဲ့ Skill Worker ေတြမရွိတဲ့အတြက္ ၾကန႔္ၾကာမႈေတြရွိတယ္။ အဲဒါမ်ိဳး ေတြကိုလည္း တိုင္းေဒသႀကီးေတြကေနၿပီးေတာ့ အမွန္ေတာ့ ျပည္နယ္ေတြကေနၿပီးေတာ့ ႏိုင္ငံေတာ္ ကိုတင္ျပသင့္ေနေပမယ့္ သူတို႔က ေၾကာက္လန႔္ၿပီး မတင္ျပတဲ့အခါ က်ေတာ့ အဲဒီမွာ တင္ဒါရထားတဲ့ကုမၸဏီေတြ ဒုကၡေရာက္ေနတယ္။ အဲဒီလိုဟာမ်ိဳးေတြကို ႏိုင္ငံေတာ္ကသိၿပီးေတာ့ ဒါေတြကိုလည္း အျမန္ဆုံးစဥ္းစားေဆာင္႐ြက္သင့္တယ္ေပါ့ေနာ္။
(ေရွ႕တစ္ပတ္ဆက္ရန္)