သုမင်္ဂလာအဆင့်မြင့်ဈေးရှိ ကြော်ငြာဘုတ်နှင့် ဆိုင်ခန်းအချို့ကို တင်ဒါစနစ်ဖြင့် ငှားရမ်းသွားမည်

 173

စော(NP News)- မတ် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ပိုင် သုမင်္ဂလာအဆင့်မြင့် ဈေး(ညံတောဈေး)ရှိ ကြော်ငြာဘုတ်နှင့် ဆိုင်ခန်းအချို့ကို တင်ဒါစနစ်ဖြင့် ငှားရမ်းသွားမည်ဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါငှားရမ်းသွားမည့်အမျိုးအစားများမှာ မြေအောက်ထပ် Basement ကား၊ ဆိုင်ကယ်ရပ်နားခ ကောက်ခံခွင့် လိုင်စင် (၁)နှစ်ငှားရမ်းခအတွက် ငွေကျပ် (၂၉၇၀,၀၀၀၀၀)၊ ဒုတိယထပ် ဆိုင်ခန်း (၂)ခန်း နှင့် တတိယထပ် ဆိုင်ခန်း (၆)ခန်း ငှားရမ်းခြင်း (၁)လငှားရမ်းခ (၁) စတုရန်းပေလျှင် ငွေကျပ် (၂၀၀၀)နှင့် ဘက်စုံသုံးခန်းမ (၈၂၇၅)စတုရန်းပေ ငှားရမ်းခြင်း(၁)နေရာ အတွက် (၁)နှစ် ငှားရမ်းခလျှင် ငွေကျပ် (၁၂၀၀,၀၀၀၀၀)ဖြစ်ကြောင်းသိရသည်။

ထို့ပြင် LED ကြော်ငြာဘုတ်တစ်ခု (၁၆၅'x၂၈') ငှားရမ်းခြင်းအတွက် (၁)နှစ် ငှားရမ်းခလျှင် ငွေကျပ် (၅၀၀,၀၀၀၀၀)၊ စတုတ္ထထပ်ရှိ Language Center (၁၂၂၂)စတုရန်းပေ(၁)နေရာ (၁)နှစ် ငှားရမ်းခအတွက် ငွေကျပ် (၂၉၃,၂၈၀၀၀)နှင့် ပဉ္စမထပ်ရှိ Fitness Center (၁၂၇၄) စတုရန်းပေ (၁)နေရာအတွက် (၁)နှစ် ငှားရမ်းခလျှင် ငွေကျပ် (၃၀၅,၇၆၀၀၀)ဖြစ်ကြောင်း သိရသည်။

တင်ဒါလျှောက်လွှာကို ဧပြီလ (၁)ရက်မှ (၇)ရက်၊ နံနက် (၉)နာရီခွဲမှ နေ့လည် (၃)နာရီအထိ ပြင်ဦးလွင်မြို့ ၊ ပြင်ဦးလွင်မြို့နယ်စည်ပင်သာယာရေးရုံးတွင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လျှောက်လွှာကို ဧပြီလ (၈)ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်ကြောင်းနှင့် ဧပြီလ (၉)ရက်နေ့၊ နံနက် (၁၀)နာရီအချိန်တွင် လေလံရောင်းချသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ သုမင်္ဂလာဈေး (ညံတောဈေး)၏ လုပ်ငန်း၊ ဆိုင်ခန်းနေရာ ငှားရမ်းခြင်းအတွက် လုပ်ငန်းအမျိုးအစားအလိုက် အိတ်ဖွင့်တင်ဒါ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြင်ဦးလွင်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ သတ်မှတ်ချိန်အတွင်း တင်ဒါ လျှောက်လွှာ တင်သွင်းနိုင်ကြောင်းနှင့် အသေးစိတ် အချက်အလက်များ သိရှိလိုပါက လူကိုယ်တိုင်ဖြစ်စေ ၊ ဖုန်းနံပါတ် (09 444038771 ၊09 2216426)သို့ ဆက်သွယ်၍ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

Zawgyi version:

မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕နယ္၊ စည္ပင္သာယာေရးအဖြဲ႕ပိုင္ သုမဂၤလာအဆင့္ျမင့္ ေဈး(ညံေတာေဈး)ရွိ ေၾကာ္ျငာဘုတ္ႏွင့္ ဆိုင္ခန္းအခ်ိဳ႕ကို တင္ဒါစနစ္ျဖင့္ ငွားရမ္းသြားမည္ျဖစ္ေၾကာင္း ျပင္ဦးလြင္ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕ထံမွ သိရသည္။
အဆိုပါငွားရမ္းသြားမည့္အမ်ိဳးအစားမ်ားမွာ ေျမေအာက္ထပ္ Basement ကား၊ ဆိုင္ကယ္ရပ္နားခ ေကာက္ခံခြင့္ လိုင္စင္ (၁)ႏွစ္ငွားရမ္းခအတြက္ ေငြက်ပ္ (၂၉၇၀,၀၀၀၀၀)၊ ဒုတိယထပ္ ဆိုင္ခန္း (၂)ခန္း ႏွင့္ တတိယထပ္ ဆိုင္ခန္း (၆)ခန္း ငွားရမ္းျခင္း (၁)လငွားရမ္းခ (၁) စတုရန္းေပလွ်င္ ေငြက်ပ္ (၂၀၀၀)ႏွင့္ ဘက္စုံသုံးခန္းမ (၈၂၇၅)စတုရန္းေပ ငွားရမ္းျခင္း(၁)ေနရာ အတြက္ (၁)ႏွစ္ ငွားရမ္းခလွ်င္ ေငြက်ပ္ (၁၂၀၀,၀၀၀၀၀)ျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ LED ေၾကာ္ျငာဘုတ္တစ္ခု (၁၆၅'x၂၈') ငွားရမ္းျခင္းအတြက္ (၁)ႏွစ္ ငွားရမ္းခလွ်င္ ေငြက်ပ္ (၅၀၀,၀၀၀၀၀)၊ စတုတၳထပ္ရွိ Language Center (၁၂၂၂)စတုရန္းေပ(၁)ေနရာ (၁)ႏွစ္ ငွားရမ္းခအတြက္ ေငြက်ပ္ (၂၉၃,၂၈၀၀၀)ႏွင့္ ပၪၥမထပ္ရွိ Fitness Center (၁၂၇၄) စတုရန္းေပ (၁)ေနရာအတြက္ (၁)ႏွစ္ ငွားရမ္းခလွ်င္ ေငြက်ပ္ (၃၀၅,၇၆၀၀၀)ျဖစ္ေၾကာင္း သိရသည္။
တင္ဒါေလွ်ာက္လႊာကို ဧၿပီလ (၁)ရက္မွ (၇)ရက္၊ နံနက္ (၉)နာရီခြဲမွ ေန႔လည္ (၃)နာရီအထိ ျပင္ဦးလြင္ၿမိဳ႕ ၊ ျပင္ဦးလြင္ၿမိဳ႕နယ္စည္ပင္သာယာေရး႐ုံးတြင္ ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ေလွ်ာက္လႊာကို ဧၿပီလ (၈)ရက္ေန႔ ေနာက္ဆုံးထား၍ တင္သြင္းရမည္ျဖစ္ေၾကာင္းႏွင့္ ဧၿပီလ (၉)ရက္ေန႔၊ နံနက္ (၁၀)နာရီအခ်ိန္တြင္ ေလလံေရာင္းခ်သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
အဆိုပါ သုမဂၤလာေဈး (ညံေတာေဈး)၏ လုပ္ငန္း၊ ဆိုင္ခန္းေနရာ ငွားရမ္းျခင္းအတြက္ လုပ္ငန္းအမ်ိဳးအစားအလိုက္ အိတ္ဖြင့္တင္ဒါ သတ္မွတ္စည္းကမ္းခ်က္မ်ားႏွင့္အညီ ျပင္ဦးလြင္စည္ပင္သာယာေရးအဖြဲ႕႐ုံးသို႔ သတ္မွတ္ခ်ိန္အတြင္း တင္ဒါ ေလွ်ာက္လႊာ တင္သြင္းႏိုင္ေၾကာင္းႏွင့္ အေသးစိတ္ အခ်က္အလက္မ်ား သိရွိလိုပါက လူကိုယ္တိုင္ျဖစ္ေစ ၊ ဖုန္းနံပါတ္ (09 444038771 ၊09 2216426)သို႔ ဆက္သြယ္၍ျဖစ္ေစ စုံစမ္းေမးျမန္းႏိုင္ေၾကာင္း ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.