အင်ဒိုနီးရှား မီးတောင်ပေါ်ကို ဥက္ကာပျံမှ အစိမ်းရောင်အလင်းတန်းများဖြာထွက်ကျဆင်း
655
ဂျန်ဇက် (NP News) - ဇွန် ၄
အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း ဂျာဗားဒေသရှိ Merapiတောင်ထိပ်ပေါ်တွင် ဖြာထွက်ကျဆင်းခဲ့သည့် အစိမ်းရောင် ရောင်ခြည်အလင်းတန်းသည် ဥက္ကာပျံမှဖြစ်ကြောင်း အင်ဒိုနီးရှားအာဏာပိုင်များက အတိပြုပြောကြားခဲ့သည်။
အဆိုပါ တောင်ထိပ်ပေါ်ရှိ ရောင်ခြည်အလင်းတန်းကျဆင်းဖြာထွက်နေသည့် ဓါတ်ပုံကိုဂူနာတိုအမည်ရှိ ဓါတ်ပုံဆရာကဓါတ်ပုံရိုက်ယူခဲ့ပြီး မေလ ၃၁ ရက်က လူမှုကွန်ရက်၌တင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဓာတ်ပုံသုံးပုံနှင့်အတူ Merapi တောင်ထိပ်ပေါ်ကို ဥက္ကာပျံကျရောက်နေပြီလားဆိုသည့် Caption ရေးထိုးခဲ့ကြောင်း သိရသည်။ အဆိုပါဓာတ်ပုံများသည် လူမှုကွန်ရက်တွင် Like ၂၃၇ဝဝ ရရှိခဲ့သည်။
"ထောင်ထိပ်မှာအလင်းတန်းများဖြာထွက်ကျဆင်းနေချိန်မှာကျွန်တော်ဟာ လေးစက္ကန့်အတွင်း ဓါတ်ပုံ Shutter Speed ဖွင့်ရိုက်ကူးခဲ့တယ်။ အလင်းတန်းဟာအဝိုင်းပုံစံမျိုးရှိနေခဲ့တယ်။ တောင် ထိပ်ပေါ်ရှိတိမ်တွေပေါ်ကို အလင်းတန်းကျဆင်းရာနေရာ တစ်ဝိုက်ဟာ အစိမ်းရောင်တွေဖြစ်လာခဲ့တယ်။ အလင်းတန်းကျဆင်းတဲ့နေရာတစ်ဝိုက်မှာအစိမ်းရောင်တွေဖြစ်လာခဲ့တယ်"ဟု ဓာတ်ပုံ ဆရာကပြောသည်။
ဓါတ်ပုံဆရာဂူနာတိုက မိမိသည်ကောင်းကင်မှ အလင်းတန်းများ စက္ကန့်ပိုင်းအတွင်း ဖြာထွက်ကျ ဆင်းနေချိန်တွင် တောင်ထိပ်နားရှိနေခဲ့ကြောင်း၊ အဆိုပါဓါတ်ပုံကိုတစ်စုံတရာတည်းဖြတ် ပြင်ဆင်ထားခြင်းမျိုးမရှိကြောင်းပြောသည်။ Merapi တောင်သည် အင်ဒိုနီးရှားနိုင်ငံတွင် လှုပ်ရှားမှုအများဆုံးမီး တောင်တစ်ခုဖြစ်ပြီး Magelang နှင့် Sleman မြို့ကြားတွင်တည်ရှိကြောင်းသိရသည်။
#NPNews