Facebook ကုမ္ပဏီက မြန်မာနိုင်ငံ၏အခြေအနေကိုအနီးကပ်စောင့်ကြည့်နေပြီး စည်းကမ်းများချိုးဖောက်သည့် Group များ၊ Page များနှင့် ပိုစ့်များကိုအရေးယူဆောင်ရွက်မည်
1002
ဂျန်ဇက် (NP News)- ဇွန် ၂၃
Facebookကုမ္ပဏီက ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေကိုအနီးကပ်စောင့်ကြည့်နေပြီး ချမှတ်ထားသည့် စည်းကမ်းများချိုးဖောက်သည့် Group များ၊ Page များနှင့် ပိုစ့်များကိုအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ (ဇွန်လ ၂၃ရက်) တွင်ထုတ်ပြန်လိုက်ကြောင်း နိုင်ငံတကာအဖွဲ့စည်းတစ်ခုဖြစ်သည့် International NGO Global Witness က ထုတ်ပြန်လိုက်သည်။
Facebook ကုမ္ပဏီသည် မြန်မာနိုင်ငံတွင်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် စစ်တပ်၏ Page များကို ၎င်းတို့ပလက်ဖောင်းမှပိတ်ပင်ခဲ့သော်လည်း လူအခွင့်ရေးချိုးဖောက်ခံရမှုများကို ဆက်လက်ဖော်ပြနေခဲ့ကြောင်း Global Witness ကပြောသည်။ ထို့ပြင် Facebook သည် ၎င်းတို့မူဝါဒများကိုချိုးဖောက်နေသည့် အကြောင်းရာများ၊ အကြမ်းဖက်မှုများနှင့် သတင်းအမှားများကို အားပေးသည့်ပုံစံမျိုးဖြင့် ဖော်ပြနေခြင်းတွေ့ရကြောင်းပြောသည်။
Global Witness က "အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း Facebookကုမ္ပဏီဟာ ရုပ်ပိုင်းဆိုင် ရာထိခိုက်မှုဖြစ်စေတဲ့သတင်းအချက်လက်များ၊ လူအခွင့်ရေးချိုးဖောက်မှုတွေနဲ့ အာဏသိမ်းခဲ့တဲ့ စစ်တပ်ကိုချီးကျူးရေးသားတဲ့ပိုစ့်တွေ၊ အကြမ်းဖက်ခြိမ်းခြောက်မှုများကို ဖော်ပြတဲ့ပိုစ့်တွေကို ဖော်ပြတဲ့ ပေစ့်ကို Like နဲ့ Viewရအောင်အားပေးခဲ့တယ်" ဟု သတင်းထုတ်ပြန်ခဲ့သည်။
Facebookအနေဖြင့်မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများဖြစ်ပေါ်အောင်ခြိမ်းခြောက်သည့် အ ကြောင်းအရာများနှင့် ကလေးစစ်သားစုဆောင်းမှုများကိုပိတ်ပင်နိုင်ရန် Community Standards ကိုအသစ်ပြန်ရေးဆွဲသင့်ကြောင်း Global Witnessက ပြောသည်။ ထို့ပြင် အမေရိကန်အစိုးရအနေဖြင့် Facebook ကဲ့သို့နာမည်ကျော်နည်းပညာကုမ္ပဏီများနှင့်ပတ်သက်ပြီးစည်းကမ်းတင်းကြပ်မည့်ဥပဒေရေးဆွဲပြဌာန်းသင့်ကြောင်းတိုက်တွန်းခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက်ရက်ပိုင်းအကြာတွင် Facebook ကုမ္ပဏီသည် စစ်အစိုးရဆန့်ကျင်ရေးပေါ်လစီများတင်းကြပ်ခဲ့ပြီး စစ်တပ် နှင့် ဆက်နွယ်သည့်အရာအားလုံးကိုပိတ်ပင်ခဲ့သည့်အပြင်အ ကြမ်းဖက်မှုများဖြစ်စေသည့် အကြောင်းအရာများနှင့် ဖမ်းဆီးခံရမှုများကို အားပေးထောက်ချီးကျူးသည့် အကြောင်းအရာများအား ဖယ်ရှားခဲ့ကြောင်းသိရသည်။
Facebookကုမ္ပဏီ၏ အချက်အလက်သိပ္ပံပညာရှင်ဟောင်းSophie Zhang က"Facebook ကုမ္ပဏီဟာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ၊ ပေါ်လစီတွေကို နှစ်ပေါင်းများစွာကြာ ကောင်းမွန်အောင်လုပ်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာအရေးယူဆောင်ရွက်ဖို့အား နည်းပျက်ကွက်ဆဲဖြစ်တယ်" ဟု ပြောသည်။
#NPNews