လာမည့် စက်တင်ဘာလအတွင်း အောက်စီဂျင်လိုအပ်ချက်များကို ပြည့်ဝစွာ ပေးနိုင်တော့မည်ဟု ဆို

907

NP News - သြဂုတ် ၃
လာမည့် စက်တင်ဘာလအတွင်း ပြည်သူ့ဆေးရုံကြီးများ၊ ကျန်းမာရေးဌာနများတွင် အောင်စီဂျင်လိုအပ်ချက်များ ကို ပြည့်ဝစွာဆောင်ရွက်ပေးနိုင်တော့မည်ဟု စစ်ကောင်စီဥက္ကဋ္ဌက အသိပေးပြောကြားခဲ့သည်။
ပြည်တွင်းတွင် အောင်စီဂျင်ပြတ်လတ်မှုပြဿနာများအား ဖြေရှင်းနိုင်ရန်အတွက် စစ်ကောင်စီဘက်မှ တစ်နိုင်ငံလုံးရှိ အောက်စီဂျင်စက်ရုံများ၊ တပ်မတော်ဆေးရုံများ၊ အရပ်ဘက်ဆေးရုံများတွင်ရှိသော အောက်စီဂျင် စက်ရုံများနှင့် ပုဂ္ဂလိက အောက်စီဂျင်စက်ရံုံများတွင်ပါ အောက်စီဂျင်ထုတ်လုပ်နိုင်မှုကို စဉ်ဆက်မပြတ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
“ အောက်စီဂျင်ကတော့ မရှိမဖြစ်အရေးကြီးလှပါတယ်။ အဲဒီမှာအရေးကြီးတာက အောက်စီဂျင်သုံးစွဲရာမှာ ဆရာဝန်များ၏ ညွှန်ကြားချက်နဲ့သာ သုံးစွဲသင့်ပါတယ်။ ဒါကိုလည်း အချိန်မီဖြည်ဆည်းပေးနိုင်ဖို့ နိုင်ငံတော် အစိုးရအနေနဲ့ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ တပ်မတော် ဆေးရုံ များနဲ့ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများမှာ တိုးချဲ့တပ်ဆင်လျက်ရှိရာမှာ အခုနှစ် စက်တင်ဘာလအတွင်းမှာ ပြည်သူ ဆေးရုံများ၊ ကျန်းမာရေးဌာနများမှ အောက်စီဂျင်လိုအပ်ချက်တွေကို ပြည့်ဝစွာဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီအနေဖြင့် ကိုဗစ်-၁၉ လူနာလက်ခံကုသနိုင်ရေးအတွက် နေရာ(၁၂၇၈) ခုတွင် လူဦးရေ(၃၉ဝဝဝ) ဦးရေ လက်ခံကုသနိုင်စေရန် ပြင်ဆင်ထားရှိကြောင်း သိရသည်။ ထို့ပြင် အရပ်ဘက်အနေဖြင့်လည်း (၁၄၅၃) နေရာတွင် လူဦးရေ(၇၁၅ဝဝ) ဦးအား လက်ခံကုသနိုင်ရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဆိုသည်။
ယင်းအပြင် Community Covid Center များကိုလည်း လိုအပ်ချက်ရှိသလောက် တိုးချဲ့ဖွင့်လှစ်နိုငရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောက်စီဂျင်လိုအပ်မှုကို အချိန်တိုတိုအတွင်း များများနှင့်မြန်မြန်ထုတ်လုပ်နိုင်စေရန် Liquid အောက်စီဂျင်ထုတ်လုပ်နိုင်အောင် ဆောင်ရွက်လျက်ရှိပြီး Liquid အောက်စီဂျင်ကို ရန်ကုန်- မန္တလေး စတဲ့ ကိုဗစ်-၁၉ ဖြစ်ပွားမှုမြင့်မားနေသည့် မြို့ကြီးများတွင် အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း ဆိုသည်။
#NPNews