UWSA က MNDAA, TNLA, SSPP တို့ကိုတွေ့ဆုံကာ လက်နက်နှင့်ငွေကြေး အကူအညီပေးတော့မည်မဟုတ်ဟု အသိပေး

 13645

ပီယ (NP News) - သြဂုတ် ၂ဝ
UWSA က MNDAA, TNLA, SSPP တို့ကိုတွေ့ဆုံကာ လက်နက်နှင့်ငွေကြေး အကူအညီပေးတော့မည် မဟုတ်ဟု ပြောကြားခဲ့ကြောင်း UWSA ဘက်မှ ထုတ်ပြန်ပြောကြားထားချက်များအရ သိရသည်။
ယင်း တွေ့ဆုံခြင်းကို "ဝ" အထူးဒေသရှိ ပန်ဆန်းမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ UWSA ဘက်က ဗဟိုနိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင် အစိုးရဒုတိယဥက္ကဋ္ဌ၊ ပြည်ပဆက်ဆံရေးဝန်ကြီး Zhao Guoan နှင့် အကြီးတန်းတာဝန်ရှိသူများ တက်ရောက်ပြီး ကျန်လက်နက်ကိုင်(၃)ဖွဲ့ဘက်မှ အကြီးတန်း ကိုယ်စားလှယ်များ တက်သည်ဟု သိရသည်။
ယင်းတွေ့ဆုံပွဲတွင် UWSA ဘက်က တရားဝင်စစ်ရေး ဆုံးဖြတ်ချက်များအား ​အသိပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မည်သည့်လက်နက်နှင့်ကိရိယာကိုမျှ ပံ့ပိုးပေးတော့မည်မဟုတ်ကြောင်း၊ စစ်ရေးအရ လွယ်ကူချောမွေ့စေရေး၊ (သို့) မည်သည့်အဖွဲ့အစည်းကို မည်သည့်အကြောင်းပြချက်၊ အချိန်မရွေး၊ မည်သည့် နေရာ၌ဖြစ်စေ ငွေကြေးအကူအညီပေးမည် မဟုတ်တော့ဟု ဒုတိယ ဥက္ကဋ္ဌ Zhao Guoan က ပြောကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထိုဆုံးဖြတ်ချက်ကိုလည်း အများပြည်သူသို့ တရားဝင်ကြေညာမည်ဖြစ်ပြီး အဖွဲ့အစည်းများအနေဖြင့် လက်နက်နှင့် စက်ကိရိယာများ၊ ငွေကြေးအကူအညီများ (သို့) အခြားထိုကဲ့သို့သောကိစ္စရပ်များကို တောင်းဆိုခြင်းဖြင့် ထပ်မံနှောက်ယှက်ခြင်းမှ ရှောင်ကြဉ်ရန် အဖွဲ့အစည်းများအား တိုက်တွန်းအပ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ ကျန် ၃ ဖွဲ့ က ဆုံးဖြတ်ချက်ကိုနားလည် သဘောပေါက်ကြောင်း ဖော်ပြခဲ့ကြသည်ဟုလည်း ဆိုထားသည်။

Zawgyi Version:
UWSA က MNDAA, TNLA, SSPP တို႔ကိုေတြ႕ဆုံကာ လက္နက္ႏွင့္ေငြေၾကး အကူအညီေပးေတာ့မည္ မဟုတ္ဟု အသိေပး
ပီယ (NP News) - ၾသဂုတ္ ၂ဝ
UWSA က MNDAA, TNLA, SSPP တို႔ကိုေတြ႕ဆုံကာ လက္နက္ႏွင့္ေငြေၾကး အကူအညီေပးေတာ့မည္ မဟုတ္ဟု ေျပာၾကားခဲ့ေၾကာင္း UWSA ဘက္မွ ထုတ္ျပန္ေျပာၾကားထားခ်က္မ်ားအရ သိရသည္။
ယင္း ေတြ႕ဆုံျခင္းကို "ဝ" အထူးေဒသရွိ ပန္ဆန္းၿမိဳ႕တြင္ ျပဳလုပ္ခဲ့ျခင္းျဖစ္ကာ UWSA ဘက္က ဗဟိုႏိုင္ငံေရးဗ်ဴ႐ို အၿမဲတမ္းေကာ္မတီအဖြဲ႕ဝင္ အစိုးရဒုတိယဥကၠ႒၊ ျပည္ပဆက္ဆံေရးဝန္ႀကီး Zhao Guoan ႏွင့္ အႀကီးတန္းတာဝန္ရွိသူမ်ား တက္ေရာက္ၿပီး က်န္လက္နက္ကိုင္(၃)ဖြဲ႕ဘက္မွ အႀကီးတန္း ကိုယ္စားလွယ္မ်ား တက္သည္ဟု သိရသည္။
ယင္းေတြ႕ဆုံပြဲတြင္ UWSA ဘက္က တရားဝင္စစ္ေရး ဆုံးျဖတ္ခ်က္မ်ားအား ​အသိေပးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
မည္သည့္လက္နက္ႏွင့္ကိရိယာကိုမွ် ပံ့ပိုးေပးေတာ့မည္မဟုတ္ေၾကာင္း၊ စစ္ေရးအရ လြယ္ကူေခ်ာေမြ႕ေစေရး၊ (သို႔) မည္သည့္အဖြဲ႕အစည္းကို မည္သည့္အေၾကာင္းျပခ်က္၊ အခ်ိန္မေ႐ြး၊ မည္သည့္ ေနရာ၌ျဖစ္ေစ ေငြေၾကးအကူအညီေပးမည္ မဟုတ္ေတာ့ဟု ဒုတိယ ဥကၠ႒ Zhao Guoan က ေျပာေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထိုဆုံးျဖတ္ခ်က္ကိုလည္း အမ်ားျပည္သူသို႔ တရားဝင္ေၾကညာမည္ျဖစ္ၿပီး အဖြဲ႕အစည္းမ်ားအေနျဖင့္ လက္နက္ႏွင့္ စက္ကိရိယာမ်ား၊ ေငြေၾကးအကူအညီမ်ား (သို႔) အျခားထိုကဲ့သို႔ေသာကိစၥရပ္မ်ားကို ေတာင္းဆိုျခင္းျဖင့္ ထပ္မံေႏွာက္ယွက္ျခင္းမွ ေရွာင္ၾကဥ္ရန္ အဖြဲ႕အစည္းမ်ားအား တိုက္တြန္းအပ္သည္ဟု ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ယင္းႏွင့္ပတ္သက္၍ က်န္ ၃ ဖြဲ႕ က ဆုံးျဖတ္ခ်က္ကိုနားလည္ သေဘာေပါက္ေၾကာင္း ေဖာ္ျပခဲ့ၾကသည္ဟုလည္း ဆိုထားသည္။

Picture

Tha Lwin

21/08/2025 10:12

တိုင် ပြည်အတွက်အပြုသဘောဆောင်တာမှန်သမျှ ထောက်ခံပါ၏

Related news

© 2021. All rights reserved.