ပြည်တွင်းမှာတည်ဆောက်ထားတဲ့ ရေငုပ်ထောက်ပံ့ရေးသင်္ဘောကို အိန္ဒိယရေတပ် စတင်တာဝန်ပေးအပ်

 76

Pika (NP News) - ဒီဇင်ဘာ ၁၇

အိန္ဒိယအစိုးရဟာ ပြည်တွင်းမှာ တည်ဆောက်ထားတဲ့ရေငုပ်ပရောဂျက်တွေအတွက် တည်ဆောက်ထားတဲ့ ထောက်ပံ့ရေးသင်္ဘောတစ်စီးကို ၎င်းရဲ့ရေတပ်ရေယာဉ်စုမှာ ထည့်သွင်းတာဝန်ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။

အိန္ဒိယရေတပ်ဟာ ကမ်းရိုးတန်းရေပြင်တွေမှာ ရေငုပ်စွမ်းရည်နဲ့ ရေအောက်မှာရှိနေတဲ့ စွမ်းရည်တွေကို မြှင့်တင်ဖို့ အတွက် ပြည်တွင်းမှာဒီဇိုင်းထုတ်ပြီးတည်ဆောက်ထားတဲ့ ရေငုပ်ထောက်ပံ့ရေးသင်္ဘော DSC A20 ကို တာဝန် ပေးအပ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။



အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက “DSC A20 သင်္ဘောဟာ Kolkata မြို့မှာ Titagarh Rail Systems Limited (TRSL) ကုမ္ပဏီက တည်ဆောက်နေတဲ့ရေငုပ်ထောက်ပံ့ရေးသင်္ဘော(၅)စင်းမှာ ဦးဆောင်သင်္ဘောတစ်စီးပဲ ဖြစ်ပါတယ်။ ကမ်းရိုးတန်းရေပြင်တွေမှာ ရေငုပ်ဖို့နဲ့ ရေအောက်မစ်ရှင်အမျိုးမျိုးအတွက် ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ထားတဲ့သင်္ဘောမှာ ဘေးကင်းရေးနဲ့လည်ပတ်မှုဆိုင်ရာထိရောက်မှု အမြင့်ဆုံးစံနှုန်းတွေနဲ့ကိုက်ညီပြီး ခေတ်မီတဲ့ ရေငုပ်စနစ်တွေတပ်ဆင်ထားပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒါ့ပြင် DSC A20 သင်္ဘောဟာ အိန္ဒိယရေတပ်ရဲ့စာရင်းမှာ အဓိကလည်ပတ်မှုဆိုင်ရာပိုင်ဆိုင်မှုတစ်ခု ဖြစ်လာနိုင်ဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။ DSC A20 သင်္ဘောကို တာဝန်ပေးအပ်ခြင်းဟာ အိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့ ‘Make in India’ အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ျပည္တြင္းမွာတည္ေဆာက္ထားတဲ့ ေရငုပ္ေထာက္ပံ့ေရးသေဘၤာကို အိႏၵိယေရတပ္ စတင္တာဝန္ေပးအပ္
Pika (NP News) - ဒီဇင္ဘာ ၁၇

အိႏၵိယအစိုးရဟာ ျပည္တြင္းမွာ တည္ေဆာက္ထားတဲ့ေရငုပ္ပေရာဂ်က္ေတြအတြက္ တည္ေဆာက္ထားတဲ့ ေထာက္ပံ့ေရးသေဘၤာတစ္စီးကို ၎ရဲ႕ေရတပ္ေရယာဥ္စုမွာ ထည့္သြင္းတာဝန္ေပးအပ္ခဲ့တယ္လို႔လည္း သိရပါတယ္။

အိႏၵိယေရတပ္ဟာ ကမ္း႐ိုးတန္းေရျပင္ေတြမွာ ေရငုပ္စြမ္းရည္နဲ႔ ေရေအာက္မွာရွိေနတဲ့ စြမ္းရည္ေတြကို ျမႇင့္တင္ဖို႔ အတြက္ ျပည္တြင္းမွာဒီဇိုင္းထုတ္ၿပီးတည္ေဆာက္ထားတဲ့ ေရငုပ္ေထာက္ပံ့ေရးသေဘၤာ DSC A20 ကို တာဝန္ ေပးအပ္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။



အိႏၵိယကာကြယ္ေရးဝန္ႀကီးဌာနက “DSC A20 သေဘၤာဟာ Kolkata ၿမိဳ႕မွာ Titagarh Rail Systems Limited (TRSL) ကုမၸဏီက တည္ေဆာက္ေနတဲ့ေရငုပ္ေထာက္ပံ့ေရးသေဘၤာ(၅)စင္းမွာ ဦးေဆာင္သေဘၤာတစ္စီးပဲ ျဖစ္ပါတယ္။ ကမ္း႐ိုးတန္းေရျပင္ေတြမွာ ေရငုပ္ဖို႔နဲ႔ ေရေအာက္မစ္ရွင္အမ်ိဳးမ်ိဳးအတြက္ ရည္႐ြယ္ခ်က္ရွိရွိ တည္ေဆာက္ထားတဲ့သေဘၤာမွာ ေဘးကင္းေရးနဲ႔လည္ပတ္မႈဆိုင္ရာထိေရာက္မႈ အျမင့္ဆုံးစံႏႈန္းေတြနဲ႔ကိုက္ညီၿပီး ေခတ္မီတဲ့ ေရငုပ္စနစ္ေတြတပ္ဆင္ထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။

ဒါ့ျပင္ DSC A20 သေဘၤာဟာ အိႏၵိယေရတပ္ရဲ႕စာရင္းမွာ အဓိကလည္ပတ္မႈဆိုင္ရာပိုင္ဆိုင္မႈတစ္ခု ျဖစ္လာႏိုင္ဖြယ္ ရွိေနတယ္လို႔လည္း သိရပါတယ္။ DSC A20 သေဘၤာကို တာဝန္ေပးအပ္ျခင္းဟာ အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီရဲ႕ ‘Make in India’ အစီအစဥ္ရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.