ကိုကင်းအများအပြားသယ်ဆောင်လာသည့် သင်္ဘောတစ်စီးကို ပြင်သစ်ရေတပ်ကြားဖြတ်ဟန့်တား

176

Pika (NP News) - ဖေဖော်ဝါရီ ၆
ကာရေဘီယံပင်လယ်ပြင်တွင် ကိုကင်းသယ်ဆောင်လာသည့်လှေတစ်စီးကို ပြင်သစ်ရေတပ်က ကြားဖြတ်ဟန့်တား မှုများ လုပ်ဆောင်ခဲ့ပြီး ဘာဘာဒို့စ်နိုင်ငံအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း ပြင်သစ်လက်နက်ကိုင်တပ်ဖွဲ့ ဝန်ကြီး ကတ်သရင်းဗော်ထရင်က ထုတ်ပြန်ပြောကြားခဲ့သည်။
အမေရိကန် နှင့် အခြားနိုင်ငံများက မူးယစ်ဆေးဝါးမှောင်ခိုကူးသန်းမှုကို တိုက်ဖျက်မှုများအား အရှိန်မြှင့် လုပ်ဆောင်နေချိန်တွင် ယခုကဲ့သို့ ပြင်သစ်ရေတပ်၏ ကြားဖြတ်ဟန့်တားမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
ပြင်သစ်ရေတပ်က ကြားဖြတ်ဟန့်တားမှုများလုပ်ဆောင်ခဲ့သည့် သင်္ဘောပေါ်မှ ကိုကင်း(၆၇၈)ကီလိုဂရမ်ခန့်ကို သိမ်းဆည်းရမိခဲ့ကြောင်း ကတ်သရင်းဗော်ထရင်က ပြောကြားခဲ့သည်။ ကာရေဘီယံ နှင့် လက်တင်အမေရိက ဒေသများတွင် နယ်မြေများကို စောင့်ကြည့်မှုများလုပ်ဆောင်နေသောပြင်သစ်အစိုးရသည် မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့်ပတ်သက်ပြီး ပြင်းထန်သောမူဝါဒတစ်ခုကို မကြာသေးမီလများအတွင်း တွန်းအားပေးလုပ်ဆောင် လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကိုကင်းက ပြင်သစ်နိုင်ငံတွင်းတွင် တရားမဝင်မူးယစ်ဆေးဝါးအဖြစ် ဆေးခြောက်ကို ကျော်တက်သွားခဲ့ သည်ဆိုသည့် အစီရင်ခံစာတစ်စောင်ကို ပြင်သစ်မူးယစ်ဆေးဝါး နှင့် မူးယစ်ဆေးဝါးစွဲလမ်းမှု စောင့်ကြည့်ရေးဌာန က ပြီးခဲ့သည့်ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ လက်တင်အမေရိက၊ ကာရေဘီယံ နှင့် ဥရောပတို့ တွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို တိုက်ဖျက်ရန် ဘက်စုံအစီအစဉ်တစ်ခုကို ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး ဂျင်းနိုရယ်ဘာရော့က စတင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယခုလိုကြားဖြတ်ဖမ်းဆီးမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

Zawgyi Version;
ကိုကင္းအမ်ားအျပားသယ္ေဆာင္လာသည့္ သေဘၤာတစ္စီးကို ျပင္သစ္ေရတပ္ၾကားျဖတ္ဟန႔္တား
Pika (NP News) - ေဖေဖာ္ဝါရီ ၆
ကာေရဘီယံပင္လယ္ျပင္တြင္ ကိုကင္းသယ္ေဆာင္လာသည့္ေလွတစ္စီးကို ျပင္သစ္ေရတပ္က ၾကားျဖတ္ဟန႔္တား မႈမ်ား လုပ္ေဆာင္ခဲ့ၿပီး ဘာဘာဒို႔စ္ႏိုင္ငံအာဏာပိုင္မ်ားထံ လႊဲေျပာင္းေပးခဲ့ေၾကာင္း ျပင္သစ္လက္နက္ကိုင္တပ္ဖြဲ႕ ဝန္ႀကီး ကတ္သရင္းေဗာ္ထရင္က ထုတ္ျပန္ေျပာၾကားခဲ့သည္။
အေမရိကန္ ႏွင့္ အျခားႏိုင္ငံမ်ားက မူးယစ္ေဆးဝါးေမွာင္ခိုကူးသန္းမႈကို တိုက္ဖ်က္မႈမ်ားအား အရွိန္ျမႇင့္ လုပ္ေဆာင္ေနခ်ိန္တြင္ ယခုကဲ့သို႔ ျပင္သစ္ေရတပ္၏ ၾကားျဖတ္ဟန႔္တားမႈမ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
ျပင္သစ္ေရတပ္က ၾကားျဖတ္ဟန႔္တားမႈမ်ားလုပ္ေဆာင္ခဲ့သည့္ သေဘၤာေပၚမွ ကိုကင္း(၆၇၈)ကီလိုဂရမ္ခန႔္ကို သိမ္းဆည္းရမိခဲ့ေၾကာင္း ကတ္သရင္းေဗာ္ထရင္က ေျပာၾကားခဲ့သည္။ ကာေရဘီယံ ႏွင့္ လက္တင္အေမရိက ေဒသမ်ားတြင္ နယ္ေျမမ်ားကို ေစာင့္ၾကည့္မႈမ်ားလုပ္ေဆာင္ေနေသာျပင္သစ္အစိုးရသည္ မူးယစ္ေဆးဝါး ေရာင္းဝယ္မႈႏွင့္ပတ္သက္ၿပီး ျပင္းထန္ေသာမူဝါဒတစ္ခုကို မၾကာေသးမီလမ်ားအတြင္း တြန္းအားေပးလုပ္ေဆာင္ လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ကိုကင္းက ျပင္သစ္ႏိုင္ငံတြင္းတြင္ တရားမဝင္မူးယစ္ေဆးဝါးအျဖစ္ ေဆးေျခာက္ကို ေက်ာ္တက္သြားခဲ့ သည္ဆိုသည့္ အစီရင္ခံစာတစ္ေစာင္ကို ျပင္သစ္မူးယစ္ေဆးဝါး ႏွင့္ မူးယစ္ေဆးဝါးစြဲလမ္းမႈ ေစာင့္ၾကည့္ေရးဌာန က ၿပီးခဲ့သည့္ဒီဇင္ဘာလတြင္ ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။ လက္တင္အေမရိက၊ ကာေရဘီယံ ႏွင့္ ဥေရာပတို႔ တြင္ မူးယစ္ေဆးဝါးေရာင္းဝယ္ေဖာက္ကားမႈကို တိုက္ဖ်က္ရန္ ဘက္စုံအစီအစဥ္တစ္ခုကို ျပင္သစ္ႏိုင္ငံျခားေရး ဝန္ႀကီး ဂ်င္းႏိုရယ္ဘာေရာ့က စတင္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ ယခုလိုၾကားျဖတ္ဖမ္းဆီးမႈမ်ား ထြက္ေပၚလာျခင္းျဖစ္သည္။