ဆီးရီးယားမှာ အမေရိကန်ရဲ့တည်ရှိမှုက အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်စေဖို့ ဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်ပြော

 69

Pika (NP News) - ဒီဇင်ဘာ ၁၇

ဆီးရီးယားမှာ အမေရိကန်တပ်ဖွဲ့တွေရှိနေရတဲ့ ရည်ရွယ်ချက်က အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ရာမှာ ကူညီပေးဖို့ဖြစ်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဆီးရီးယားမှာ အမေရိကန်စစ်သားတွေ ဘာကြောင့်ဖြန့်ကျက်ချထားရတာလဲဆိုတဲ့ မေးခွန်းကို တုံ့ပြန်တဲ့အနေနဲ့ ဒေါ်နယ်ထရမ့်က ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က “အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းရေးရရှိလာစေဖို့နဲ့ ဆီးရီးယားက ငြိမ်းချမ်းရေးရဲ့အဓိကအစိတ်အပိုင်းတစ်ခုဖြစ်လာစေဖို့ ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်” လို့ ပြောခဲ့ပါတယ်။

ISIS အကြမ်းဖက်အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ဦးလို့ ယူဆရတဲ့လူတစ်ဦးက အမေရိကန်-ဆီးရီးယား ပူးတွဲကင်းလှည့်မှုကို ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင်နှစ်ဦးနဲ့ အရပ်သားတစ်ဦးတို့ သေဆုံးခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့မှတ်ချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒါ့ပြင် တိုက်ခိုက်မှုဟာ ISIS အကြမ်းဖက်အဖွဲ့က အရင်တုန်းက ထိန်းချုပ်ထားခဲ့ဖူးတဲ့ ရှေးဟောင်း အဆောက်အဦး တွေရှိတဲ့နေရာမှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ လက်နက်ကိုင်အတိုက်အခံအဖွဲ့တွေက ဆီးရီးယားကို နှစ်ရှည်လများကြာအောင် အုပ်ချုပ်ခဲ့တဲ့သမ္မတဘာရှာအာဆတ်ကို ဖြုတ်ချခဲ့ပြီးနောက်ပိုင်း အမေရိကန်တပ်ဖွဲ့တွေ ကို ISIS အကြမ်းဖက်အဖွဲ့က ပထမဆုံးအကြိမ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version:
ဆီးရီးယားမွာ အေမရိကန္ရဲ႕တည္ရွိမႈက အေရွ႕အလယ္ပိုင္းေဒသမွာ ၿငိမ္းခ်မ္းေရးကို ထိန္းသိမ္းႏိုင္ေစဖို႔ ျဖစ္တယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဒီဇင္ဘာ ၁၇

ဆီးရီးယားမွာ အေမရိကန္တပ္ဖြဲ႕ေတြရွိေနရတဲ့ ရည္႐ြယ္ခ်က္က အေရွ႕အလယ္ပိုင္းေဒသမွာ ၿငိမ္းခ်မ္းေရးကို ထိန္းသိမ္းဖို႔ရာမွာ ကူညီေပးဖို႔ျဖစ္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။

ဆီးရီးယားမွာ အေမရိကန္စစ္သားေတြ ဘာေၾကာင့္ျဖန႔္က်က္ခ်ထားရတာလဲဆိုတဲ့ ေမးခြန္းကို တုံ႔ျပန္တဲ့အေနနဲ႔ ေဒၚနယ္ထရမ့္က ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္က “အေရွ႕အလယ္ပိုင္းေဒသမွာ ၿငိမ္းခ်မ္းေရးရရွိလာေစဖို႔နဲ႔ ဆီးရီးယားက ၿငိမ္းခ်မ္းေရးရဲ႕အဓိကအစိတ္အပိုင္းတစ္ခုျဖစ္လာေစဖို႔ ကြၽန္ေတာ္တို႔ ႀကိဳးပမ္းေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။

ISIS အၾကမ္းဖက္အဖြဲ႕ရဲ႕အဖြဲ႕ဝင္တစ္ဦးလို႔ ယူဆရတဲ့လူတစ္ဦးက အေမရိကန္-ဆီးရီးယား ပူးတြဲကင္းလွည့္မႈကို ပစ္ခတ္မႈေတြလုပ္ေဆာင္ခဲ့ၿပီး အေမရိကန္တပ္ဖြဲ႕ဝင္ႏွစ္ဦးနဲ႔ အရပ္သားတစ္ဦးတို႔ ေသဆုံးခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕မွတ္ခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

ဒါ့ျပင္ တိုက္ခိုက္မႈဟာ ISIS အၾကမ္းဖက္အဖြဲ႕က အရင္တုန္းက ထိန္းခ်ဳပ္ထားခဲ့ဖူးတဲ့ ေရွးေဟာင္း အေဆာက္အဦး ေတြရွိတဲ့ေနရာမွာျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္ရဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလမွာ လက္နက္ကိုင္အတိုက္အခံအဖြဲ႕ေတြက ဆီးရီးယားကို ႏွစ္ရွည္လမ်ားၾကာေအာင္ အုပ္ခ်ဳပ္ခဲ့တဲ့သမၼတဘာရွာအာဆတ္ကို ျဖဳတ္ခ်ခဲ့ၿပီးေနာက္ပိုင္း အေမရိကန္တပ္ဖြဲ႕ေတြ ကို ISIS အၾကမ္းဖက္အဖြဲ႕က ပထမဆုံးအႀကိမ္တိုက္ခိုက္မႈ လုပ္ေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.