ပါကစ္စတန်လက်နက်ပွဲစားများထံမှ လက်နက်ပမာဏအများအပြားကို ကရင်လက်နက်ကိုင်အချို့ ဝယ်စုနေ

114

သုတကျော် (NP News) - ဒီဇင်ဘာ ၁၇
ထိုင်းနယ်စပ် သောင်ရင်းမြစ်မှတစ်ဆင့် အရောင်းအဝယ်လုပ်နေသော ပါကစ္စတန်လက်နက် ပွဲစားများထံမှ လက်နက်ပမာဏအများအပြားဝယ်ယူ စုဆောင်းခဲ့သည့် ကရင်လက်နက်ကိုင်အချို့ရှိ နေကြောင်း ဖြစ်စဉ်နှင့်ပတ်သက်၍သိရှိသူ သတင်း ရင်းမြစ်တစ်ဦးက NP News သို့ ပြောသည်။
မြန်မာနိုင်ငံသို့ လက်နက်မှောင်ခိုဝင်ရောက် သည့်လမ်းကြောင်းများနှင့်ပတ်သက်၍ တရုတ်နိုင်ငံ ဘက်မှဝင်ရောက်သော လက်နက်မှောင်ခိုလမ်း ကြောင်း၊ အိန္ဒိယနိုင်ငံဘက်မှဝင်ရောက်သော လက် နက်မှောင်ခိုလမ်းကြောင်းနှင့် ထိုင်းနိုင်ငံဘက်မှဝင် ရောက်သော လက်နက်မှောင်ခိုလမ်းကြောင်းဟူ၍ ရှိ နေကြောင်းသိရသည်။
ထို့ပြင် KIA နှင့် UWSA ကဲ့သို့ ကိုယ်ပိုင် ထိန်းချုပ်နယ်မြေအတွင်း လက်နက်ထုတ်လုပ်သူများ လည်းရှိနေသည်။ ဖော်ပြပါ ပြည်ပမှဝင်ရောက်သည့် လက်နက်မှောင်ခိုလမ်းကြောင်းသုံးခုအတွက် သက် ဆိုင်ရာနိုင်ငံများက ဖမ်းဆီးခြင်းများရှိနေသော်လည်း မှောင်ခိုဈေးကွက်များမှာ ဆက်လက် ရှိနေဆဲပင်ဖြစ် ပြီး တိုက်ပွဲဖြစ်သောကာလများတွင် လက်နက်ဈေး များပင် ခုန်တက်သွားတတ်သေးကြောင်းသိရသည်။
" ထိုင်း-မြန်မာနယ်စပ်မှာပေါ့နော် ထိုင်း ကနေတစ်ဆင့် ပါကစ္စတန်လက်နက်ပွဲစားတွေဆီက နေ လက်နက်ကို လော့လိုက်ဝယ်လို့ရတယ်။ အဲဒီ ဘက်မှာ လက်နက်ကို လော့လိုက်ဝယ်ပြီး ဖြတ်နိုင်တဲ့ သူတောင်ရှိတယ်။ ဒါကြောင့် အဲဒီဘက်မှာ လက်နက် ရှားသွားတယ်။ အဲဒီလိုဝယ်စုခဲ့တာ။ မုန့်ဝယ်သလိုမျိုး လက်နက်ကိုဝယ်တာ။ ဘတ်ကို အလုံပိတ်ကားနဲ့တင် ပြီးတော့ကိုဝယ်တာ။ ဈေးမပြောနဲ့ ပိုက်ဆံတစ်ခါတည်း ယူ အဲဒီလိုမျိုး"ဟု ဖြစ်စဉ်နှင့်ပတ်သက်၍သိရှိသူ တစ်ဦးကဆိုသည်။
ယင်းသို့ လက်နက်အများအပြားဝယ်ယူ ထားခြင်းနှင့်ပတ်သက်၍ ပမာဏအသေးစိတ်ကိုမသိ ရသော်လည်း ယင်းလက်နက်တို့မှာ လေးလခန့်အထိ ခုခံတိုက်ပွဲဝင်နိုင်သော လက်နက်ပမာဏဖြစ်ကြောင်း ၎င်းကဆိုသည်။
ထို့ပြင် ကရင်ပြည်နယ်အတွင်း CIA က လည်းခြေရှုပ်နေရာ CIA တို့မှ လက်နက်တစ်စုံတစ်ရာ ထောက်ပံ့ခြင်းမျိုးရှိလာပါက တိုက်ပွဲကာလမှာ ပိုမို ရှည်လျားသွားနိုင်ကြောင်းလည်းသိရသည်။ သို့သော် အခြားမေးခွန်းတစ်ခုမှာ ယင်းလက်နက်ပမာဏအများ အပြားကို မည်သည့်နေရာတွင်သိမ်းဆည်းထားသ နည်းဆိုသောအချက်ဖြစ်ပြီး အဆိုပါလက်နက်များကို နယ်စပ်နေရာအနီးက တောတောင်ထူထပ်သော နေရာတွင်ထားဖွယ်ရှိကာ အစောင့်အရှောက်လည်း များမည်မှာသေချာလှသည်။
ယင်းအပြင် အဆိုပါ ထိုင်း-မြန်မာ နယ်စပ် တွင် လက်နက်မှောင်ခိုဈေးကွက်သာမက ကျည်ကာ ပြားပါသည့် စစ်ဘက်သုံးနိုင်သော ကားအမျိုးအစား များကိုပင်ရရှိနိုင်ပြီး ယင်းကားများကို တရားမဝင် တင်သွင်းရောင်းချနေသူများမှာ ပါကစ္စတန်နိုင်ငံသား များပင်ဖြစ်သည်ဟု ၎င်းက အခိုင်အမာဆိုသည်။
" ကားတွေက အမေရိကန်ထုတ် ဘေးမှာ ကျည်ကာပြားပါတယ်။ ရှေ့မှာ ပွိုင့်ဖိုက်တင်လို့ရတယ်။ အဲဒီလိုကားအမျိုးအစားတွေ။ ကုန်သွယ်ရေးကို လုပ် ပေးတာက ပါကစ္စတန်ကကောင်တွေ။ စုထားတဲ့အထဲ မှာ အဲဒါတွေလည်းပါတယ်" ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံအတွင်းက PDF အပါအဝင် လက်နက်ကိုင်အဖွဲ့များကြားတွင် အသေးစား လက် နက်ထုတ်လုပ်ခြင်း၊ လက်နက်ပြင်ဆင်နိုင်ခြင်းအခြေ အနေအထိရှိနေသော်လည်း ၎င်းတို့တွင် အရင်းအ မြစ်မလုံလောက်ခြင်းနှင့် နည်းပညာအားနည်းချက် များကြောင့် လက်လုပ်အဖြစ်မှ ကောင်းစွာဖွံ့ဖြိုးခြင်း မရှိပေ။
အဆိုပါ လက်နက်ကိုင်အဖွဲ့များအနက် ကရင်ပြည်နယ်အတွင်းမှ လက်နက်ကိုင်အဖွဲ့များ ကြားတွင်လည်း လက်နက်ပြင်ဆင်ရေးနှင့်ပတ်သက် ၍ဆောင်ရွက်နိုင်ကြောင်းအခြေအနေများကို မြင်ရ သည်။ တစ်ဖက်တွင် မြန်မာနိုင်ငံအတွင်း KIA နှင့် UWSA အဖွဲ့တို့ကိုအားကျသည့် ကရင်ပြည်နယ်မှ ငွေကြေးတောင့်တင်းသော လက်နက်ကိုင် အဖွဲ့အချို့ ကလည်း ကိုယ်ပိုင်လက်နက်စက်ရုံအိပ်မက် မက်လာ ဖွယ်ရှိနေပြီး ယင်းအတွက် အချို့က လုပ်ငန်းစပင် စနေနိုင်သည်။ လက်ရှိအချိန်ထိ ကရင်ပြည်နယ်ထွက် လက်နက်များကို မမြင်ရသေးသော်လည်း စုံစမ်းသိရှိ ရသောအချက်အလက်များအရ လက်နက်ထုတ်ရန် အတွက် ပစ္စည်းအချို့သာလိုအပ်သောအခြေအနေ ရောက်နေသည်ဟုသိရသော်လည်း ယင်းကို သီးခြား အတည်ပြုနေဆဲ ဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက ယာယီသမ္မတ နိုင်ငံ တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဝန် ကြီးချုပ်တို့တွေ့ဆုံစဉ် နှစ်နိုင်ငံနယ်စပ်ဒေသတွင် လက်နက်ခဲယမ်းများ တရားမဝင်ရောင်းချနေမှုများကို နိုင်ငံတော်အဆင့် ပူးပေါင်းထိန်းသိမ်းဆောင်ရွက် နိုင်မည့်အခြေအနေများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။

Zawgyi Version:
ပါကစၥတန္လက္နက္ပြဲစားမ်ားထံမွ လက္နက္ပမာဏအမ်ားအျပားကို ကရင္လက္နက္ကိုင္အခ်ိဳ႕ ဝယ္စုေန
သုတေက်ာ္ (NP News) - ဒီဇင္ဘာလ ၁၇
ထိုင္းနယ္စပ္ ေသာင္ရင္းျမစ္မွတစ္ဆင့္ အေရာင္းအဝယ္လုပ္ေနေသာ ပါကစၥတန္လက္နက္ ပြဲစားမ်ားထံမွ လက္နက္ပမာဏအမ်ားအျပားဝယ္ယူ စုေဆာင္းခဲ့သည့္ ကရင္လက္နက္ကိုင္အခ်ိဳ႕ရွိ ေနေၾကာင္း ျဖစ္စဥ္ႏွင့္ပတ္သက္၍သိရွိသူ သတင္း ရင္းျမစ္တစ္ဦးက NP News သို႔ ေျပာသည္။
ျမန္မာႏိုင္ငံသို႔ လက္နက္ေမွာင္ခိုဝင္ေရာက္ သည့္လမ္းေၾကာင္းမ်ားႏွင့္ပတ္သက္၍ တ႐ုတ္ႏိုင္ငံ ဘက္မွဝင္ေရာက္ေသာ လက္နက္ေမွာင္ခိုလမ္း ေၾကာင္း၊ အိႏၵိယႏိုင္ငံဘက္မွဝင္ေရာက္ေသာ လက္ နက္ေမွာင္ခိုလမ္းေၾကာင္းႏွင့္ ထိုင္းႏိုင္ငံဘက္မွဝင္ ေရာက္ေသာ လက္နက္ေမွာင္ခိုလမ္းေၾကာင္းဟူ၍ ရွိ ေနေၾကာင္းသိရသည္။
ထို႔ျပင္ KIA ႏွင့္ UWSA ကဲ့သို႔ ကိုယ္ပိုင္ ထိန္းခ်ဳပ္နယ္ေျမအတြင္း လက္နက္ထုတ္လုပ္သူမ်ား လည္းရွိေနသည္။ ေဖာ္ျပပါ ျပည္ပမွဝင္ေရာက္သည့္ လက္နက္ေမွာင္ခိုလမ္းေၾကာင္းသုံးခုအတြက္ သက္ ဆိုင္ရာႏိုင္ငံမ်ားက ဖမ္းဆီးျခင္းမ်ားရွိေနေသာ္လည္း ေမွာင္ခိုေဈးကြက္မ်ားမွာ ဆက္လက္ ရွိေနဆဲပင္ျဖစ္ ၿပီး တိုက္ပြဲျဖစ္ေသာကာလမ်ားတြင္ လက္နက္ေဈး မ်ားပင္ ခုန္တက္သြားတတ္ေသးေၾကာင္းသိရသည္။
" ထိုင္း-ျမန္မာနယ္စပ္မွာေပါ့ေနာ္ ထိုင္း ကေနတစ္ဆင့္ ပါကစၥတန္လက္နက္ပြဲစားေတြဆီက ေန လက္နက္ကို ေလာ့လိုက္ဝယ္လို႔ရတယ္။ အဲဒီ ဘက္မွာ လက္နက္ကို ေလာ့လိုက္ဝယ္ၿပီး ျဖတ္ႏိုင္တဲ့ သူေတာင္ရွိတယ္။ ဒါေၾကာင့္ အဲဒီဘက္မွာ လက္နက္ ရွားသြားတယ္။ အဲဒီလိုဝယ္စုခဲ့တာ။ မုန႔္ဝယ္သလိုမ်ိဳး လက္နက္ကိုဝယ္တာ။ ဘတ္ကို အလုံပိတ္ကားနဲ႔တင္ ၿပီးေတာ့ကိုဝယ္တာ။ ေဈးမေျပာနဲ႔ ပိုက္ဆံတစ္ခါတည္း ယူ အဲဒီလိုမ်ိဳး"ဟု ျဖစ္စဥ္ႏွင့္ပတ္သက္၍သိရွိသူ တစ္ဦးကဆိုသည္။
ယင္းသို႔ လက္နက္အမ်ားအျပားဝယ္ယူ ထားျခင္းႏွင့္ပတ္သက္၍ ပမာဏအေသးစိတ္ကိုမသိ ရေသာ္လည္း ယင္းလက္နက္တို႔မွာ ေလးလခန႔္အထိ ခုခံတိုက္ပြဲဝင္ႏိုင္ေသာ လက္နက္ပမာဏျဖစ္ေၾကာင္း ၎ကဆိုသည္။
ထို႔ျပင္ ကရင္ျပည္နယ္အတြင္း CIA က လည္းေျခရႈပ္ေနရာ CIA တို႔မွ လက္နက္တစ္စုံတစ္ရာ ေထာက္ပံ့ျခင္းမ်ိဳးရွိလာပါက တိုက္ပြဲကာလမွာ ပိုမို ရွည္လ်ားသြားႏိုင္ေၾကာင္းလည္းသိရသည္။ သို႔ေသာ္ အျခားေမးခြန္းတစ္ခုမွာ ယင္းလက္နက္ပမာဏအမ်ား အျပားကို မည္သည့္ေနရာတြင္သိမ္းဆည္းထားသ နည္းဆိုေသာအခ်က္ျဖစ္ၿပီး အဆိုပါလက္နက္မ်ားကို နယ္စပ္ေနရာအနီးက ေတာေတာင္ထူထပ္ေသာ ေနရာတြင္ထားဖြယ္ရွိကာ အေစာင့္အေရွာက္လည္း မ်ားမည္မွာေသခ်ာလွသည္။
ယင္းအျပင္ အဆိုပါ ထိုင္း-ျမန္မာ နယ္စပ္ တြင္ လက္နက္ေမွာင္ခိုေဈးကြက္သာမက က်ည္ကာ ျပားပါသည့္ စစ္ဘက္သုံးႏိုင္ေသာ ကားအမ်ိဳးအစား မ်ားကိုပင္ရရွိႏိုင္ၿပီး ယင္းကားမ်ားကို တရားမဝင္ တင္သြင္းေရာင္းခ်ေနသူမ်ားမွာ ပါကစၥတန္ႏိုင္ငံသား မ်ားပင္ျဖစ္သည္ဟု ၎က အခိုင္အမာဆိုသည္။
" ကားေတြက အေမရိကန္ထုတ္ ေဘးမွာ က်ည္ကာျပားပါတယ္။ ေရွ႕မွာ ပြိဳင့္ဖိုက္တင္လို႔ရတယ္။ အဲဒီလိုကားအမ်ိဳးအစားေတြ။ ကုန္သြယ္ေရးကို လုပ္ ေပးတာက ပါကစၥတန္ကေကာင္ေတြ။ စုထားတဲ့အထဲ မွာ အဲဒါေတြလည္းပါတယ္" ဟု ၎ကဆိုသည္။
ျမန္မာႏိုင္ငံအတြင္းက PDF အပါအဝင္ လက္နက္ကိုင္အဖြဲ႕မ်ားၾကားတြင္ အေသးစား လက္ နက္ထုတ္လုပ္ျခင္း၊ လက္နက္ျပင္ဆင္ႏိုင္ျခင္းအေျခ အေနအထိရွိေနေသာ္လည္း ၎တို႔တြင္ အရင္းအ ျမစ္မလုံေလာက္ျခင္းႏွင့္ နည္းပညာအားနည္းခ်က္ မ်ားေၾကာင့္ လက္လုပ္အျဖစ္မွ ေကာင္းစြာဖြံ႕ၿဖိဳးျခင္း မရွိေပ။
အဆိုပါ လက္နက္ကိုင္အဖြဲ႕မ်ားအနက္ ကရင္ျပည္နယ္အတြင္းမွ လက္နက္ကိုင္အဖြဲ႕မ်ား ၾကားတြင္လည္း လက္နက္ျပင္ဆင္ေရးႏွင့္ပတ္သက္ ၍ေဆာင္႐ြက္ႏိုင္ေၾကာင္းအေျခအေနမ်ားကို ျမင္ရ သည္။ တစ္ဖက္တြင္ ျမန္မာႏိုင္ငံအတြင္း KIA ႏွင့္ UWSA အဖြဲ႕တို႔ကိုအားက်သည့္ ကရင္ျပည္နယ္မွ ေငြေၾကးေတာင့္တင္းေသာ လက္နက္ကိုင္ အဖြဲ႕အခ်ိဳ႕ ကလည္း ကိုယ္ပိုင္လက္နက္စက္႐ုံအိပ္မက္ မက္လာ ဖြယ္ရွိေနၿပီး ယင္းအတြက္ အခ်ိဳ႕က လုပ္ငန္းစပင္ စေနႏိုင္သည္။ လက္ရွိအခ်ိန္ထိ ကရင္ျပည္နယ္ထြက္ လက္နက္မ်ားကို မျမင္ရေသးေသာ္လည္း စုံစမ္းသိရွိ ရေသာအခ်က္အလက္မ်ားအရ လက္နက္ထုတ္ရန္ အတြက္ ပစၥည္းအခ်ိဳ႕သာလိုအပ္ေသာအေျခအေန ေရာက္ေနသည္ဟုသိရေသာ္လည္း ယင္းကို သီးျခား အတည္ျပဳေနဆဲ ျဖစ္သည္။
ၿပီးခဲ့သည့္ရက္ပိုင္းက ယာယီသမၼတ ႏိုင္ငံ ေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ထိုင္းဝန္ ႀကီးခ်ဳပ္တို႔ေတြ႕ဆုံစဥ္ ႏွစ္ႏိုင္ငံနယ္စပ္ေဒသတြင္ လက္နက္ခဲယမ္းမ်ား တရားမဝင္ေရာင္းခ်ေနမႈမ်ားကို ႏိုင္ငံေတာ္အဆင့္ ပူးေပါင္းထိန္းသိမ္းေဆာင္႐ြက္ ႏိုင္မည့္အေျခအေနမ်ားကိုလည္း ထည့္သြင္းေဆြးေႏြးခဲ့သည္။