မြန်မာရွှေ့ပြောင်းအလုပ်သမား (၅ဝ) ခန့် ထိုင်းနယ်စပ်တွင် ဖမ်းဆီးခံရ

 728

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂ဝ
ထိုင်းနိုင်ငံ Sai Yok ဒေသကိုတရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ရန်ကြိုးပမ်းသည့် မြန်မာနိုင်ငံသား (၄၇) ဦးနှင့် လမ်းပြ(၄)ဦးကို ယနေ့ (စက်တင်ဘာလ ၂ဝ ရက်) နံနက်ပိုင်းက ဖမ်းမိခဲ့ကြောင်း ထိုင်းနယ်စပ်ခြားစောင့်တပ်ဖွဲ့အကြီးအကဲရဲမှူးကြီး Yuthana Meecharoen ကပြောသည်ဟု ဘန်ကောက်ပို့သတင်းဖော်ပြချက်အရသိရသည်။Bong Ti မြို့ Thai Muang ကျေးရွာရှိ ဗလီနားက သစ်ပင်များကြားတွင်ပုန်းနေသည့် အဆိုပါရွှေ့ပြောင်းမြန်မာအ လုပ်သမားများကို ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းထားသည့် ကင်းလှည့်အဖွဲ့က နံနက် (၆) နာရီတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနက် အမျိုးသမီး (၁၉)ဦး နှင့် အမျိုးသား(၂၈)ဦးပါဝင်ကြောင်း၊ ၎င်းတို့ကိုမြန်မာနိုင်ငံ ထားဝယ်မြို့ နှင့် ပဲခူးမြို့တို့မှအမျိုးသားလမ်းပြလေးဦးက ထိုင်းနယ်စပ်ကို ဦး ဆောင်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ရဲမှူးကြီး Yuthana Meecharoen ကပြောသည်။ အဆိုပါ ရွှေ့ပြောင်းအ လုပ်သမားအုပ်စုသည် နယ်စပ်ဒေသမှ Sai Yok ဒေသကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက် ၎င်းတို့အလုပ်လုပ်ကိုင်ရန်စီစဉ်ထားသည့် ဘန်ကောက်မြို့ နှင့် နာခွန်ပတ်တန်မြို့များကိုသွားရန် ကားစောင့်နေချိန်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများက ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့်ရရန် အလုပ်ပွဲစားအား တစ်ဦးလျှင် ဘတ် (၁၄ဝဝဝ) နှင့် (၂၅ဝဝဝ) ကြားပေးခဲ့ရကြောင်း ဝန်ခံထွက်ဆိုထားသည်။ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့သည် ဖမ်းမိခဲ့သူများကို ဥပဒေအရအသေးစိတ်စုံစမ်းစစ်ဆေးနိုင်ရန် Sai Yok ရဲစခန်းကို လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်လများကလည်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် မြန်မာရွှေ့ ပြောင်းလုပ်သားအများအပြားကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများဖော်ပြချက်အရသိရသည်။
#NPNews

Related news

© 2021. All rights reserved.