အမေရိကန်ထုတ်စစ်လက်နက်အသစ်တွေနဲ့အတူ အိန္ဒိယနဲ့ တရုတ်တို့ စစ်မက်ပြင်ဆင်နေကြပြီလား

 1152

Htay Oung (NP News) - အောက်တိုဘာ ၃၁
အိန္ဒိယသည် မကြာသေးမီက ၎င်းတို့ ရရှိထားသော အမေရိကန်လုပ် စစ်လက်နက်များကို တရုတ်နှင့် နယ်စပ်တစ်လျှောက် ဖြန့်ကျက်ချထားပြီး ကုန်းတွင်းပိတ် နယ်စပ်ဒေသ၏ ထိုးစစ်သစ်တစ်စိတ်တစ်ပိုင်းအဖြစ် ၎င်း၏ စစ်ရေးစွမ်းရည်ကို မြှင့်တင်လျှက်ရှိသည်ဟု Bloomberg က ရေးသားသည်။

အိန္ဒိယ၏ ၎င်းနိုင်ငံအရှေ့မြောက်၌ စစ်ရေးတည်ဆောက်မှုမှာ တရုတ်က ၎င်းတို့ပိုင်ဆိုင်သည်ဟု ကြေညာထားသော်လည်း နယူးဒေလီက ထိန်းချုပ်ထားသည့် ဘူတန်-တိဗက်တို့နှင့် ထိစပ်နေသော တာဝမ်း ကုန်းမြင့်ကို ဗဟိုပြုထားသည်။ ၁၉၅၉ ခုနှစ်တွင် တိဗက်မှ ဒလိုင်းလားမားသည် တရုတ်စစ်တပ်၏ ထိုးစစ်မှလွတ်မြောက်ရန် အနီးနား တောင်တန်းများကိုဖြတ်ကျော်၍ အိန္ဒိယနိုင်ငံအတွင်းသို့ ပြေးဝင်ခိုလှုံခဲ့သည့်အတွက် စစ်ရေးနှင့် နိုင်ငံရေးအရ အရေးပါသောနေရာလည်းဖြစ်သည်။ သုံးနှစ်အကြာတွင် ထိုဒေသ၌ အိမ်နီးချင်းနှစ်နိုင်ငံတို့အကြား စစ်ပွဲကြီးတစ်ခု အတိအလင်းဖြစ်ပွားခဲ့သည်။ (နှစ်နိုင်ငံနယ်စပ် ၃ နေရာ၌ တစ်လနှင့် တစ်ရက်ကြာမြင့်သော စစ်ပွဲတွင် တရုတ်စစ်သား(၈၀၀၀၀)နှင့် အိန္ဒိယဖက်မှ စစ်သား(၂၂၀၀၀)တို့ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ နှစ်ဖက်အသီးသီးတို့ ထုတ်ပြန်သော ကျဆုံး-သုံ့ပန်း-ပျောက်ဆုံး-ဒဏ်ရာရသူအရေအတွက်မှာ အမျိုးမျိုးကွဲပြားနေပြီး အိန္ဒိယဘက်၌ ပို၍ အထိနာ ပုံရသည်။)

ယခုအခါတွင်မူ တိဗက်အရှေ့ပိုင်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသောဒေသများ၌ အမေရိကန်မှ ထုတ်လုပ်သည့် ချင်းနွတ်ရဟတ်ယာဉ်များ၊ လွန်ပေါ့ပါးလွန် တွဲဆွဲဟောင်ဝစ်ဇာ အမြောက်များ၊ လက်နက်ကြီးများအပြင် ပြည်တွင်း၌ ပြုလုပ်ထားသည့် အသံထက်မြန် ခရုဇ်ဒုံးကျည်များ၊ ခေတ်သစ်စောင့်ကြည့်ရေးစနစ်များဖြင့် အိန္ဒိယတပ်များကို ကျောထောက်နောက်ခံ ပေးမည်ဖြစ်သည်။ ဝါရှင်တန်နှင့် နယူးဒေလီတို့အကြား ကာကွယ်ရေးဆိုင်ရာဆက်ဆံမှုအဖြစ် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း၌ လက်နက်များအားလုံးကို သိမ်းကြုံးဝယ်ယူခဲ့သည်။ တရုတ်၏ "ငါပြောတာသာအမှန်" အယူအဆနှင့်ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာခြင်းနှင့်အတူ အိန္ဒိယမှာ အင်အားပိုမိုတောင့်တင်းလာခဲ့သည်။ နိုင်ငံ၏ ထိုးစစ်ဆင်မှု စွမ်းရည်သစ်များကို မီးမောင်းထိုးပြရန် ပြီးခဲ့သည့်သီတင်းပတ်၌ အိန္ဒိယစစ်တပ်သည် သတင်းထောက်အဖွဲ့တစ်ဖွဲ့ကို ဒေသအတွင်း နေရာအနှံ့ လိုက်လံပို့ဆောင်ပေးခဲ့သည်။ အရှေ့ပိုင်းတပ်မတော်၏ အင်အားခိုင်မာ၍ ခေတ်မီပြည့်ဝပုံ လေကြောင်းပံ့ပိုးမှုနှင့် တိုက်ခိုက်ရေးအထောက်အကူပြုယူနစ်များအပါအဝင် အဖက်ဖက်မှ စုံလင်စွာလည်ပတ်လျှက်ရှိပုံတို့ကို ပြသလိုရင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံးရင်ဆိုင်တွေ့မှုများကြောင့် အိန္ဒိယဖက်မှ တပ်ဖွဲ့ဝင် ၂၀ နှင့် တရုတ်စစ်သား ၄ ဦးထက်မနည်း သေဆုံးခဲ့ကြပြီးနောက် အိန္ဒိယသည် တရုတ်နိုင်ငံနှင့် ထိစပ်နေသော နယ်နိမိတ်တစ်လျှောက် ၎င်း၏ကာကွယ်ရေးကို မြှင့်တင်ရန် အားထုတ်ခဲ့သည်။ မျက်နှာချင်းဆိုင် ထိပ်တိုက်မတွေ့ရေးအတွက် ဆွေးနွေးပွဲများ ပြုလုပ်နေကြသော်လည်း ကက်ရှ်မီးယားအနီး အခြားနယ်စပ်ဒေသရှိ အချက်အချာကျသည့် ပေါက်ကွဲလုနီးနယ်မြေများမှ တပ်များကို ပြန်လည်ရုတ်သိမ်းကြရန် သဘောတူညီမှု မရသေးချေ။

တရုတ်နှင့် ဆွေးနွေးမှု၌ တိုးတက်မှု မရရှိခြင်းနှင့်အတူ အိန္ဒိယ၏တပ်ဖြန့်ချထားမှုများမှာ နိုင်ငံတကာ စစ်ရေးလေ့လာသူများအတွက် စိတ်ပျက်စရာပင်ဖြစ်သည်။ နယ်စပ်ဒေသ၌ အရိုးကွဲမတတ် အေးမြလေ့ရှိသည့် ဟိမဝန္တာတောင်တန်းရာသီဥတုတွင် အိန္ဒိယအတွက် စစ်ရေးစွမ်းရည်နှင့် အခြေခံအဆောက်အအုံများတည်ဆောက်ရန် အမေရိကန်ကဲ့သို့ မိတ်ဖက်နိုင်ငံများထံမှ စက်ကိရိယာပစ္စည်းများ ပိုမိုရရှိရန် လိုအပ်ကြောင်းကိုလည်း ပြသလျှက်ရှိသည်။ ကမ္ဘာ့အရှေ့ပိုင်း စစ်ရေးတင်းမာလျှက်ရှိသော ထိုင်ဝမ်ဧရိယာမှ အနောက်ဖက် မိုင် ၂၈၀၀ ခန့်အကွာ ဟိမဝန္တာမိုးထိတောင်တန်းများ၌ နျူကလီလက်နက်ပိုင်ရှင် အိမ်နီးချင်းနိုင်ငံကြီးနှစ်နိုင်ငံတို့အကြား ရင်ဆိုင်တွေ့မှုမှာ ပိုမိုပြင်းထန်သည်။ " နယ်စပ် စီမံခန့်ခွဲမှုကို ပိုမိုအားကောင်းစေရန် ပေါင်းစပ်စံနှုန်းတစ်ခု " ဟု ပေကျင်းက ရည်ညွှန်းခဲ့သည့် တရုတ်၏နယ်နိမိတ်ဥပဒေသစ်မှာ နှစ်နိုင်ငံအကြား သဘောထားကွဲလွဲမှုကို ပိုမိုနက်ရှိုင်းစေသည်။ ပြီးခဲ့သည့် သီတင်းပတ်တွင် ပေကျင်းက အတည်ပြုခဲ့သည့် ဥပဒေသစ်သည် လက်ရှိ နယ်စပ်တင်းမာမှုများကို ထိခိုက်စေနိုင်ကြောင်း အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာန၏ မှတ်ချက်အား လွန်လွန်ကဲကဲ ထင်ကြေးပေးမှုအဖြစ် တရုတ်က ပယ်ချခဲ့သည်။

လွန်ခဲ့သည့်နှစ်အတွင်း အနည်းဆုံး ၃၀၀၀၀ အင်အားဖြင့် ဖွဲ့စည်းတပ်စွဲထားသည့် အရှေဘက်နယ်စပ်သို့ အိန္ဒိယက တပ်ဖွဲ့ဝင်များ အလုံးအရင်းဖြင့် ထပ်မံဖြည့်တင်းပြီးဖြစ်သည်။ ၁၉၆၂ ခုနှစ် စစ်ပွဲတွင် တာဝမ်ဒေသအား တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က သိမ်းပိုက်လိုက်ပြီး ပြင်ဆင်မှုနည်းပါး၍ ဦးဆောင်မှုညံ့ဖျင်းသော အိန္ဒိယစစ်တပ်က ဆုတ်ခွာပေးလိုက်ရခြင်းနည်းတူ ဟိမဝန္တာတောင်တန်း၌ ခါးသီးသော တိုက်ပွဲတစ်ခု ထပ်မံဖြစ်ပွားမည်ကို ဝန်ကြီးချုပ်နာရင်ဒြာမိုဒီအစိုးရက စိုးရိမ်နေပါသည်။ တာဝမ်နှင့် အောက်ဖက်လွင်ပြင်တို့ကို ဆက်သွယ်ပေးသည့် တစ်ခုတည်းသောလမ်းပေါ်၌ အသုံးမပြုတော့သည့် ကတုတ်ကျင်းများနှင့် စစ်ပွဲ၏ အနိဋ္ဌာရုံတို့ကို ပြသလျှက်ရှိသည့် အဆောက်အအုံများအား မြင်တွေ့နေရဆဲဖြစ်သည်။ အိန္ဒိယအနေဖြင့် ယခုအခါ လိုအပ်ပါက တရုတ်နိုင်ငံအား ထိုးနှက်ရန် ၎င်းဧရိယာအား အသုံးပြုလိုကြောင်း အခြေအနေနှင့် ကျွမ်းဝင်သည့် အကြီးတန်းစစ်ဘက်ဆိုင်ရာ တပ်မှူးတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဘက်သို့ သွယ်တန်းထားသော ဓာတ်ငွေ့ပိုက်လိုင်းနှင့် ရထားလမ်းများရှိပြီး ဘူတန်၊ နီပေါနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဖြတ်သန်းသွားသည့် ကျဉ်းမြောင်းသော စင်္ကြန်သည် မြန်မာနိုင်ငံနယ်ခြားနှင့် အရှေ့မြောက်ဘက်တွင် အားနည်းစွာ ထိစပ်နေလျှက် အိန္ဒိယ၏ ကာကွယ်ရေးအတွက် အရေးပါသောနယ်မြေ ဖြစ်သည်။

အဆိုပါဒေသတွင် တရုတ်တို့၏ စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်လာသည်ကို တန်ပြန်ရန် ထိုဒေသများအလယ်ရှိ တာဝမ်ကုန်းပြင်မြင့်တစ်လျှောက် အိန္ဒိယစစ်တပ်အတွက် ထိုးစစ်ဆင်ရန် အလားအလာကောင်းသည်။ ဟိမဝန္တာတောင်တန်းတစ်လျှောက် အမှန်တကယ်ထိန်းချုပ်မှုမျဉ်း LAC တွင် နှစ်နိုင်ငံအကြား အငြင်းပွားလျှက်ရှိပြီး ၎င်းအရှေ့ဘက်ပိုင်း၌ တရုတ်ကင်းလှည့်မှုများ သိသိသာသာ တိုးလာသည်ဟု အရှေ့ပိုင်းတပ်မတော် ဗိုလ်ချုပ်ကြီး ပန်ဒီက ပြောကြားသည်။ LAC သည် အိန္ဒိယနှင့် တရုတ်တို့၏ ကင်းလှည့်ရာ ဖြစ်နေသည်ဟုဆိုသော်လည်း ပြီးခဲ့သောနှစ် လက်ဒက်အရှေ့ပိုင်းဒေသတွင် နှစ်ဖက်ထိပ်တိုက်တွေ့ကြပြီးနောက် တရုတ်ဖက်ခြမ်းတွင် စစ်ရေးလေ့ကျင့်မှု တိုးမြင့်လာသည်ကို တွေ့ရသည်။ နှစ်နိုင်ငံစလုံးတွင် ဗဟိုအစိုးရတည်ရာနှင့် ဝေးကွာကြပြီး အိန္ဒိယ၌ လုံလောက်သော တပ်ဖွဲ့ဝင်အရေအတွက် ရရှိနိုင်ကြောင်း ဗိုလ်ချုပ်ကြီးက ပြောဆိုသော်လည်း ကိန်းဂဏန်းအတိအကျကိုမူ ဖော်ပြခြင်း မရှိပါ။

တာဝမ်၏တောင်ဘက် ၁၈၆ မိုင်ခန့်အကွာတွင် အခြေစိုက်သည့် အိန္ဒိယတပ်မတော် လေကြောင်းချီတပ်မဟာသည် အသစ်တိုးချဲ့ထားသည့် ထိုးစစ်အစီအစဉ်သစ်တွင် အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း တရုတ်နိုင်ငံရှိ ဂျပန်ဘုရင့်တပ်မတော်အား တိုက်ခိုက်၍ အမျိုးသားရေးတပ်များကို ကူညီရန် ပျံတက်ခဲ့ကြသည့် အမေရိကန် လေကြောင်းချီတပ်များ နည်းတူဖြစ်သည်။ ယခုအခါ အမေရိကန်လုပ် အပေါ့စားဟောင်ဝစ်ဇာများနှင့် စစ်သည်များအား တောင်တန်းများကို ကျော်ဖြတ်၍ လျှပ်တပြက်သယ်ပို့ပေးနိုင်သည့် ချင်းနွတ်ရဟတ်ယာဉ်များကို အိန္ဒိယလေတပ်မတော်တွင် တပ်ဆင်ထားသည်။ ၎င်းတွင် အစ္စရေးလုပ် မောင်းသူမဲ့ လေယာဉ်များလည်းပါရှိပြီး ရန်သူတို့၏လှုပ်ရှားမှုပုံရိပ်များကို နှစ်ဆယ့်လေးနာရီပတ်လုံး အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပေးမည်ဖြစ်သည်။


ချင်းနွတ်ရဟတ်ယာဉ်များသည် ယခုကစားပွဲတွင် ပြောင်းလဲသူဖြစ်သည်။ ယခင်က မရှိခဲ့ဖူးသော ရွေ့လျားနိုင်ရည်နှင့် ထိန်းကျောင်းနိုင်ရည်တို့ကို ပေးစွမ်းပါသည်။ စစ်သည်များနှင့် အမြောက်လက်နက်ကြီးများအား တောင်တန်းတစ်ခုမှ အခြားတောင်တန်းတစ်ခုသို့ လျှင်မြန်စွာ သယ်ဆောင်သွားနိုင်သည်။ ပြင်ဆင်မှုများမှာ စစ်လက်နက်များနှင့် စက်ပစ္စည်းအသစ်များထက် သာလွန်ပါသည်။ အိန္ဒိယ အင်ဂျင်နီယာများသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၃၀၀၀ ခန့်မြင့်သော နေရာ၌ ကမ္ဘာ့အရှည်ဆုံး နှစ်လမ်းသွားဥမင်ကို တူးဖော်လျှက်ရှိပြီး အရေးကြီး တောင်ကြားလမ်း တစ်ခုအောက်တွင် ၁၉၇ မိုင်ခန့်ကွာဝေးသော အငြင်းပွားနယ်စပ်သို့ ဝင်ရောက်နိုင်သည့်အထိ ကွေ့ကောက်သောလမ်းဖြင့် သွယ်တန်းလျက်ရှိသည်။ မဟာဗျူဟာမြောက် ဥမင်တည်ဆောက်ရေးမှာ သတ်မှတ်အချိန်ဇယားထက်စောလျှက် လာမည့်ဇွန်လတွင် စတင်လည်ပတ်နိုင်မည်ဖြစ်သည်။ လောလောဆယ်တွင် ဆီးနှင်းများကို ရှင်းထုတ်ရန် အားသွန်ခွန်စိုက်ကြိုးပမ်းရမည်ဖြစ်ပြီး အချို့သောယာဉ်များပင်လျှင် ဖြတ်ကျော်နိုင်မည်ဖြစ်သည်။ ဥမင်လှိုဏ်ခေါင်းကို အသုံးပြုခြင်းဖြင့် ခရီးသွားလာချိန်ကို နာရီနှင့်ချီကာ လျော့ချပေးနိုင်၍ တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုကို တစ်နှစ်ပတ်လုံး အတားအဆီးမဲ့ ပိုမိုမြန်ဆန်စေလိမ့်မည် ဆို၏။

တပ်ဖွဲ့ဝင်များနှင့် ထောက်ပံ့ရေးပစ္စည်းများအား ရွှေ့ပြောင်းရန်အတွက် အငြင်းပွားနယ်စပ်အနီးတွင် လမ်းသစ်တစ်ခု ဖောက်လုပ်ထားပြီးဖြစ်သည်။ ဘူတန်နိုင်ငံ၏ အရှေ့ဘက်နယ်နိမိတ်တစ်လျှောက် သွယ်တန်းလျှက်ရှိသည့် ဒုတိယမြောက်လမ်းသည်လည်း ပြီးစီးလုနီးပါးရှိပြီး အငြင်းပွားနယ်စပ်အောက်ရှိ လွင်ပြင်များနှင့် ဆက်သွယ်ထားသည်ဖြစ်၍ စစ်ဘက်ဆိုင်ရာ တပ်မှူးများအတွက် ထောက်ပံ့ဖြည့်တင်းရေး အခွင့်အလမ်းများ ပိုမိုရရှိစေသည်။

Zawgyi Version
အေမရိကန္ထုတ္စစ္လက္နက္အသစ္ေတြနဲ႔အတူ အိႏၵိယနဲ႔ တရုတ္တုိ႔ စစ္မက္ျပင္ဆင္ေနၾကျပီလား
Htay Oung (NP News) - ေအာက္တုိဘာ ၃၁

အိႏၵိယသည္ မၾကာေသးမီက ၄င္းတို႔ ရရွိထားေသာ အေမရိကန္လုပ္ စစ္လက္နက္မ်ားကို တ႐ုတ္ႏွင့္ နယ္စပ္တစ္ေလၽွာက္ ျဖန႔္က်က္ခ်ထားျပီး ကုန္းတြင္းပိတ္ နယ္စပ္ေဒသ၏ ထိုးစစ္သစ္တစ္စိတ္တစ္ပိုင္းအျဖစ္ ၄င္း၏ စစ္ေရးစြမ္းရည္ကို ျမွင့္တင္လွ်က္ရွိသည္ဟု Bloomberg က ေရးသားသည္။

အိႏၵိယ၏ ၄င္းႏိုင္ငံအေရွ႕ေျမာက္၌ စစ္ေရးတည္ေဆာက္မႈမွာ တ႐ုတ္က ၄င္းတို႔ပိုင္ဆိုင္သည္ဟု ေၾကညာထားေသာ္လည္း နယူးေဒလီက ထိန္းခ်ဳပ္ထားသည့္ ဘူတန္-တိဗက္တို႔ႏွင့္ ထိစပ္ေနေသာ တာ၀မ္း ကုန္းျမင့္ကို ဗဟိုျပဳထားသည္။ ၁၉၅၉ ခုႏွစ္တြင္ တိဗက္မွ ဒလိုင္းလားမားသည္ တ႐ုတ္စစ္တပ္၏ ထိုးစစ္မွလြတ္ေျမာက္ရန္ အနီးနား ေတာင္တန္းမ်ားကိုျဖတ္ေက်ာ္၍ အိႏၵိယႏိုင္ငံအတြင္းသို႔ ေျပး၀င္ခိုလႈံခဲ့သည့္အတြက္ စစ္ေရးႏွင့္ ႏိုင္ငံေရးအရ အေရးပါေသာေနရာလည္းျဖစ္သည္။ သုံးႏွစ္အၾကာတြင္ ထိုေဒသ၌ အိမ္နီးခ်င္းႏွစ္ႏိုင္ငံတို႔အၾကား စစ္ပြဲၾကီးတစ္ခု အတိအလင္းျဖစ္ပြားခဲ့သည္။ (ႏွစ္ႏိုင္ငံနယ္စပ္ ၃ ေနရာ၌ တစ္လႏွင့္ တစ္ရက္ၾကာျမင့္ေသာ စစ္ပြဲတြင္ တရုတ္စစ္သား(၈၀၀၀၀)ႏွင့္ အိႏၵိယဖက္မွ စစ္သား(၂၂၀၀၀)တို႔ပါ၀င္တိုက္ခိုက္ခဲ့ၾကသည္။ ႏွစ္ဖက္အသီးသီးတို႔ ထုတ္ျပန္ေသာ က်ဆံုး-သံု႔ပန္း-ေပ်ာက္ဆံုး-ဒဏ္ရာရသူအေရအတြက္မွာ အမ်ိဳးမ်ိဳးကြဲျပားေနျပီး အိႏၵိယဘက္၌ ပို၍ အထိနာ ပံုရသည္။)

ယခုအခါတြင္မူ တိဗက္အေရွ႕ပိုင္းႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနေသာေဒသမ်ား၌ အေမရိကန္မွ ထုတ္လုပ္သည့္ ခ်င္းႏြတ္ရဟတ္ယာဥ္မ်ား၊ လြန္ေပါ့ပါးလြန္ တြဲဆြဲေဟာင္၀စ္ဇာ အေျမာက္မ်ား၊ လက္နက္ၾကီးမ်ားအျပင္ ျပည္တြင္း၌ ျပဳလုပ္ထားသည့္ အသံထက္ျမန္ ခ႐ုဇ္ဒုံးက်ည္မ်ား၊ ေခတ္သစ္ေစာင့္ၾကည့္ေရးစနစ္မ်ားျဖင့္ အိႏၵိယတပ္မ်ားကို ေက်ာေထာက္ေနာက္ခံ ေပးမည္ျဖစ္သည္။ ၀ါရွင္တန္ႏွင့္ နယူးေဒလီတို႔အၾကား ကာကြယ္ေရးဆိုင္ရာဆက္ဆံမႈအျဖစ္ လြန္ခဲ့သည့္ ႏွစ္အနည္းငယ္အတြင္း၌ လက္နက္မ်ားအားလုံးကို သိမ္းၾကံဳးဝယ္ယူခဲ့သည္။ တ႐ုတ္၏ "ငါေျပာတာသာအမွန္" အယူအဆႏွင့္ပတ္သက္၍ စိုးရိမ္မႈမ်ား ျမင့္တက္လာျခင္းႏွင့္အတူ အိႏၵိယမွာ အင္အားပိုမိုေတာင့္တင္းလာခဲ့သည္။ နိုင္ငံ၏ ထိုးစစ္ဆင္မႈ စြမ္းရည္သစ္မ်ားကို မီးေမာင္းထိုးျပရန္ ၿပီးခဲ့သည့္သီတင္းပတ္၌ အိႏၵိယစစ္တပ္သည္ သတင္းေထာက္အဖြဲ႔တစ္ဖြဲ႔ကို ေဒသအတြင္း ေနရာအႏွံ့ လိုက္လံပို႔ေဆာင္ေပးခဲ့သည္။ အေရွ႕ပိုင္းတပ္မေတာ္၏ အင္အားခိုင္မာ၍ ေခတ္မီျပည့္၀ပံု ေလေၾကာင္းပံ့ပိုးမႈႏွင့္ တိုက္ခိုက္ေရးအေထာက္အကူျပဳယူနစ္မ်ားအပါအဝင္ အဖက္ဖက္မွ စံုလင္စြာလည္ပတ္လွ်က္ရွိပံုတို႔ကို ျပသလိုရင္းျဖစ္သည္။

ၿပီးခဲ့သည့္ႏွစ္ ဆယ္စုႏွစ္မ်ားအတြင္း အဆိုးရြားဆုံးရင္ဆိုင္ေတြ႔မႈမ်ားေၾကာင့္ အိႏၵိယဖက္မွ တပ္ဖြဲ႔ဝင္ ၂၀ ႏွင့္ တ႐ုတ္စစ္သား ၄ ဦးထက္မနည္း ေသဆုံးခဲ့ၾကၿပီးေနာက္ အိႏၵိယသည္ တ႐ုတ္နိုင္ငံႏွင့္ ထိစပ္ေနေသာ နယ္နိမိတ္တစ္ေလွ်ာက္ ၄င္း၏ကာကြယ္ေရးကို ျမႇင့္တင္ရန္ အားထုတ္ခဲ့သည္။ မ်က္ႏွာခ်င္းဆိုင္ ထိပ္တိုက္မေတြ႔ေရးအတြက္ ေဆြးေႏြးပြဲမ်ား ျပဳလုပ္ေနၾကေသာ္လည္း ကက္ရွ္မီးယားအနီး အျခားနယ္စပ္ေဒသရွိ အခ်က္အခ်ာက်သည့္ ေပါက္ကြဲလုနီးနယ္ေျမမ်ားမွ တပ္မ်ားကို ျပန္လည္႐ုတ္သိမ္းၾကရန္ သေဘာတူညီမႈ မရေသးေခ်။

တ႐ုတ္ႏွင့္ ေဆြးေႏြးမႈ၌ တိုးတက္မႈ မရရွိျခင္းႏွင့္အတူ အိႏၵိယ၏တပ္ျဖန႔္ခ်ထားမႈမ်ားမွာ ႏိုင္ငံတကာ စစ္ေရးေလ့လာသူမ်ားအတြက္ စိတ္ပ်က္စရာပင္ျဖစ္သည္။ နယ္စပ္ေဒသ၌ အရိုးကြဲမတတ္ ေအးျမေလ့ရွိသည့္ ဟိမ၀ႏၱာေတာင္တန္းရာသီဥတုတြင္ အိႏၵိယအတြက္ စစ္ေရးစြမ္းရည္ႏွင့္ အေျခခံအေဆာက္အအံုမ်ားတည္ေဆာက္ရန္ အေမရိကန္ကဲ့သို႔ မိတ္ဖက္ႏိုင္ငံမ်ားထံမွ စက္ကိရိယာပစၥည္းမ်ား ပိုမိုရရွိရန္ လိုအပ္ေၾကာင္းကိုလည္း ျပသလွ်က္ရွိသည္။ ကမၻာ့အေရွ႔ပိုင္း စစ္ေရးတင္းမာလွ်က္ရွိေသာ ထိုင္၀မ္ဧရိယာမွ အေနာက္ဖက္ မိုင္ ၂၈၀၀ ခန္႔အကြာ ဟိမ၀ႏၱာမိုးထိေတာင္တန္းမ်ား၌ ႏ်ဴကလီလက္နက္ပိုင္ရွင္ အိမ္နီးခ်င္းႏိုင္ငံၾကီးႏွစ္ႏိုင္ငံတို႔အၾကား ရင္ဆိုင္ေတြ႔မႈမွာ ပိုမိုျပင္းထန္သည္။ " နယ္စပ္ စီမံခန႔္ခြဲမႈကို ပိုမိုအားေကာင္းေစရန္ ေပါင္းစပ္စံႏႈန္းတစ္ခု " ဟု ေပက်င္းက ရည္ညႊန္းခဲ့သည့္ တ႐ုတ္၏နယ္နိမိတ္ဥပေဒသစ္မွာ ႏွစ္ႏိုင္ငံအၾကား သေဘာထားကြဲလြဲမႈကို ပိုမိုနက္ရႈိင္းေစသည္။ ၿပီးခဲ့သည့္ သီတင္းပတ္တြင္ ေပက်င္းက အတည္ျပဳခဲ့သည့္ ဥပေဒသစ္သည္ လက္ရွိ နယ္စပ္တင္းမာမႈမ်ားကို ထိခိုက္ေစနိုင္ေၾကာင္း အိႏၵိယနိုင္ငံျခားေရး ဝန္ႀကီးဌာန၏ မွတ္ခ်က္အား လြန္လြန္ကဲကဲ ထင္ေၾကးေပးမႈအျဖစ္ တရုတ္က ပယ္ခ်ခဲ့သည္။

လြန္ခဲ့သည့္ႏွစ္အတြင္း အနည္းဆုံး ၃၀၀၀၀ အင္အားျဖင့္ ဖြဲ႕စည္းတပ္စြဲထားသည့္ အေရွဘက္နယ္စပ္သို႔ အိႏၵိယက တပ္ဖြဲ႔ဝင္မ်ား အလံုးအရင္းျဖင့္ ထပ္မံျဖည့္တင္းျပီးျဖစ္သည္။ ၁၉၆၂ ခုႏွစ္ စစ္ပြဲတြင္ တာ၀မ္ေဒသအား တရုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္က သိမ္းပိုက္လိုက္ျပီး ျပင္ဆင္မႈနည္းပါး၍ ဦးေဆာင္မႈညံ့ဖ်င္းေသာ အိႏၵိယစစ္တပ္က ဆုတ္ခြာေပးလိုက္ရျခင္းနည္းတူ ဟိမဝႏၲာေတာင္တန္း၌ ခါးသီးေသာ တိုက္ပြဲတစ္ခု ထပ္မံျဖစ္ပြားမည္ကို ၀န္ၾကီးခ်ဳပ္နာရင္ျဒာမိုဒီအစိုးရက စိုးရိမ္ေနပါသည္။ တာ၀မ္ႏွင့္ ေအာက္ဖက္လြင္ျပင္တို႔ကို ဆက္သြယ္ေပးသည့္ တစ္ခုတည္းေသာလမ္းေပၚ၌ အသုံးမျပဳေတာ့သည့္ ကတုတ္က်င္းမ်ားႏွင့္ စစ္ပြဲ၏ အနိ႒ာရံုတို႔ကို ျပသလွ်က္ရွိသည့္ အေဆာက္အအုံမ်ားအား ျမင္ေတြ႔ေနရဆဲျဖစ္သည္။ အိႏၵိယအေနျဖင့္ ယခုအခါ လိုအပ္ပါက တ႐ုတ္နိုင္ငံအား ထိုးႏွက္ရန္ ၄င္းဧရိယာအား အသုံးျပဳလိုေၾကာင္း အေျခအေနႏွင့္ ကၽြမ္း၀င္သည့္ အႀကီးတန္းစစ္ဘက္ဆိုင္ရာ တပ္မႉးတစ္ဦး၏ ေျပာၾကားခ်က္အရ သိရသည္။ အိႏၵိယနိုင္ငံ၏ အေရွ႕ေျမာက္ဘက္သို႔ သြယ္တန္းထားေသာ ဓာတ္ေငြ႕ပိုက္လိုင္းႏွင့္ ရထားလမ္းမ်ားရွိျပီး ဘူတန္၊ နီေပါႏွင့္ ဘဂၤလားေဒ့ရွ္နိုင္ငံတို႔အၾကား ျဖတ္သန္းသြားသည့္ က်ဥ္းေျမာင္းေသာ စႀကၤန္သည္ ျမန္မာနိုင္ငံနယ္ျခားႏွင့္ အေရွ႕ေျမာက္ဘက္တြင္ အားနည္းစြာ ထိစပ္ေနလွ်က္ အိႏၵိယ၏ ကာကြယ္ေရးအတြက္ အေရးပါေသာနယ္ေျမ ျဖစ္သည္။

အဆိုပါေဒသတြင္ တရုတ္တို႔၏ စစ္ေရးလႈပ္ရွားမႈမ်ား အရွိန္ျမႇင့္လာသည္ကို တန္ျပန္ရန္ ထိုေဒသမ်ားအလယ္ရွိ တာ၀မ္ကုန္းျပင္ျမင့္တစ္ေလွ်ာက္ အိႏၵိယစစ္တပ္အတြက္ ထိုးစစ္ဆင္ရန္ အလားအလာေကာင္းသည္။ ဟိမဝႏၲာေတာင္တန္းတစ္ေလွ်ာက္ အမွန္တကယ္ထိန္းခ်ဳပ္မႈမ်ဥ္း LAC တြင္ ႏွစ္နိုင္ငံအၾကား အျငင္းပြားလွ်က္ရွိျပီး ၄င္းအေရွ႕ဘက္ပိုင္း၌ တ႐ုတ္ကင္းလွည့္မႈမ်ား သိသိသာသာ တိုးလာသည္ဟု အေရွ႔ပိုင္းတပ္မေတာ္ ဗိုလ္ခ်ဳပ္ႀကီး ပန္ဒီက ေျပာၾကားသည္။ LAC သည္ အိႏၵိယႏွင့္ တ႐ုတ္တို႔၏ ကင္းလွည့္ရာ ျဖစ္ေနသည္ဟုဆိုေသာ္လည္း ၿပီးခဲ့ေသာႏွစ္ လက္ဒက္အေရွ႕ပိုင္းေဒသတြင္ ႏွစ္ဖက္ထိပ္တိုက္ေတြ႔ၾကျပီးေနာက္ တရုတ္ဖက္ျခမ္းတြင္ စစ္ေရးေလ့က်င့္မႈ တိုးျမင့္လာသည္ကို ေတြ႔ရသည္။ ႏွစ္ႏိုင္ငံစလံုးတြင္ ဗဟိုအစိုးရတည္ရာႏွင့္ ေ၀းကြာၾကျပီး အိႏၵိယ၌ လုံေလာက္ေသာ တပ္ဖြဲ႕ဝင္အေရအတြက္ ရရွိႏုိင္ေၾကာင္း ဗိုလ္ခ်ဳပ္ၾကီးက ေျပာဆိုေသာ္လည္း ကိန္းဂဏန္းအတိအက်ကိုမူ ေဖာ္ျပျခင္း မရွိပါ။

တာ၀မ္၏ေတာင္ဘက္ ၁၈၆ မိုင္ခန္႔အကြာတြင္ အေျခစိုက္သည့္ အိႏၵိယတပ္မေတာ္ ေလေၾကာင္းခ်ီတပ္မဟာသည္ အသစ္တိုးခ်ဲ႕ထားသည့္ ထိုးစစ္အစီအစဥ္သစ္တြင္ အေရးပါေသာအစိတ္အပိုင္းတစ္ခုျဖစ္သည္။ ဒုတိယကမၻာစစ္အတြင္း တ႐ုတ္နိုင္ငံရွိ ဂ်ပန္ဘုရင့္တပ္မေတာ္အား တိုက္ခိုက္၍ အမ်ိဳးသားေရးတပ္မ်ားကို ကူညီရန္ ပ်ံတက္ခဲ့ၾကသည့္ အေမရိကန္ ေလေၾကာင္းခ်ီတပ္မ်ား နည္းတူျဖစ္သည္။ ယခုအခါ အေမရိကန္လုပ္ အေပါ့စားေဟာင္၀စ္ဇာမ်ားႏွင့္ စစ္သည္မ်ားအား ေတာင္တန္းမ်ားကို ေက်ာ္ျဖတ္၍ လွ်ပ္တျပက္သယ္ပို႔ေပးႏိုင္သည့္ ခ်င္းႏြတ္ရဟတ္ယာဥ္မ်ားကို အိႏၵိယေလတပ္မေတာ္တြင္ တပ္ဆင္ထားသည္။ ၎တြင္ အစၥေရးလုပ္ ေမာင္းသူမဲ့ ေလယာဥ္မ်ားလည္းပါရွိၿပီး ရန္သူတို႔၏လႈပ္ရွားမႈပံုရိပ္မ်ားကို ႏွစ္ဆယ့္ေလးနာရီပတ္လုံး အခ်ိန္ႏွင့္တစ္ေျပးညီ ထုတ္လႊင့္ေပးမည္ျဖစ္သည္။


ခ်င္းႏြတ္ရဟတ္ယာဥ္မ်ားသည္ ယခုကစားပြဲတြင္ ေျပာင္းလဲသူျဖစ္သည္။ ယခင္က မရွိခဲ့ဖူးေသာ ေရြ႔လ်ားနိုင္ရည္ႏွင့္ ထိန္းေက်ာင္းနိုင္ရည္တို႔ကို ေပးစြမ္းပါသည္။ စစ္သည္မ်ားႏွင့္ အေျမာက္လက္နက္ၾကီးမ်ားအား ေတာင္တန္းတစ္ခုမွ အျခားေတာင္တန္းတစ္ခုသို႔ လွ်င္ျမန္စြာ သယ္ေဆာင္သြားႏိုင္သည္။ ျပင္ဆင္မႈမ်ားမွာ စစ္လက္နက္မ်ားႏွင့္ စက္ပစၥည္းအသစ္မ်ားထက္ သာလြန္ပါသည္။ အိႏၵိယ အင္ဂ်င္နီယာမ်ားသည္ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ေပ ၁၃၀၀၀ ခန္႔ျမင့္ေသာ ေနရာ၌ ကမၻာ့အရွည္ဆုံး ႏွစ္လမ္းသြားဥမင္ကို တူးေဖာ္လွ်က္ရွိၿပီး အေရးႀကီး ေတာင္ၾကားလမ္း တစ္ခုေအာက္တြင္ ၁၉၇ မိုင္ခန္႔ကြာေ၀းေသာ အျငင္းပြားနယ္စပ္သို႔ ၀င္ေရာက္ႏိုင္သည့္အထိ ေကြ႕ေကာက္ေသာလမ္းျဖင့္ သြယ္တန္းလ်က္ရွိသည္။ မဟာဗ်ဴဟာေျမာက္ ဥမင္တည္ေဆာက္ေရးမွာ သတ္မွတ္အခ်ိန္ဇယားထက္ေစာလွ်က္ လာမည့္ဇြန္လတြင္ စတင္လည္ပတ္နိုင္မည္ျဖစ္သည္။ ေလာေလာဆယ္တြင္ ဆီးႏွင္းမ်ားကို ရွင္းထုတ္ရန္ အားသြန္ခြန္စိုက္ၾကိဳးပမ္းရမည္ျဖစ္ျပီး အခ်ိဳ႔ေသာယာဥ္မ်ားပင္လွ်င္ ျဖတ္ေက်ာ္နိုင္မည္ျဖစ္သည္။ ဥမင္လိႈဏ္ေခါင္းကို အသံုးျပဳျခင္းျဖင့္ ခရီးသြားလာခ်ိန္ကို နာရီႏွင့္ခ်ီကာ ေလ်ာ့ခ်ေပးႏိုင္၍ တပ္ဖြဲ႕ဝင္မ်ား၏ လႈပ္ရွားမႈကို တစ္ႏွစ္ပတ္လုံး အတားအဆီးမဲ့ ပိုမိုျမန္ဆန္ေစလိမ့္မည္ ဆို၏။

တပ္ဖြဲ႔ဝင္မ်ားႏွင့္ ေထာက္ပံ့ေရးပစၥည္းမ်ားအား ေရႊ႕ေျပာင္းရန္အတြက္ အျငင္းပြားနယ္စပ္အနီးတြင္ လမ္းသစ္တစ္ခု ေဖာက္လုပ္ထားျပီးျဖစ္သည္။ ဘူတန္ႏိုင္ငံ၏ အေရွ႕ဘက္နယ္နိမိတ္တစ္ေလွ်ာက္ သြယ္တန္းလွ်က္ရွိသည့္ ဒုတိယေျမာက္လမ္းသည္လည္း ျပီးစီးလုနီးပါးရွိျပီး အျငင္းပြားနယ္စပ္ေအာက္ရွိ လြင္ျပင္မ်ားႏွင့္ ဆက္သြယ္ထားသည္ျဖစ္၍ စစ္ဘက္ဆိုင္ရာ တပ္မွဴးမ်ားအတြက္ ေထာက္ပံ့ျဖည့္တင္းေရး အခြင့္အလမ္းမ်ား ပိုမိုရရွိေစသည္။

Related news

© 2021. All rights reserved.