အမေရိကန်မှာထက် ဇူကာဘတ်ကို အိပ်ပျက်ညတွေများစေမယ့် ဖေ့စ်ဘွတ်ခ်အပေါ် ဥရောပသားတွေ ဒဏ်ခတ်မယ့် အကြောင်းအရာများ

 1827

ဝတီ (NP News) - နိုဝင်ဘာ ၇
ဖေ့စ်ဘွတ်ခ်ဟာ အမေရိကမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လလုံး အဆင်မပြေခဲ့ပါဘူး။

မီဒီယာတွေက ဖေ့စ်ဘွတ်ခ်ရဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေကို တွင်တွင်ကျယ်ကျယ် ရိုက်နှိပ်ဖော်ပြခဲ့ကြသလို ဖေ့စ်ဘွတ်ခ်ဆိုတဲ့ ဆိုရှယ်မီဒီယာ ကုမ္ပဏီကြီးကို ဖျက်သိမ်းပစ်လိုက်ဖို့ တောင်းဆိုသံ
တွေလည်း ပွက်လောညံနေခဲ့ပါတယ်။ ဖေ့စ်ဘွတ်ခ်ရဲ့ အနာဂတ်အခြေအနေကို သိချင်နေကြတဲ့နည်းပညာလုပ်ငန်းရှင်ကြီးတွေကလည်း နောက်ထပ်အတွင်းရေးဖော်ထုတ်ချက်ကို စောင့်မနေ
ကြတော့ဘဲ ဥရောပမှာ ဖေ့စ်ဘွတ်ခ် ဘယ်လိုစခန်းသွားမလဲဆိုတာကိုပဲ စောင့်ကြည့်နေကြပါတော့တယ်။

ဖရန်ဆက်စ်ဟျူဂန်ဆိုသူက ဖေ့စ်ဘွတ်ခ်ရဲ့ အတွင်းရေး စာရွက်စာတမ်းတွေကို
ဖွင့်ချဖော်ထုတ်လိုက်တာဖြစ်ပြီး အဲဒီစာရွက်စာတမ်းတွေက မီဒီယာတွေမှာ ဟိုးလေးတကျော် ဖြစ်သွားတော့တာပါ။ သူက ပြီးခဲ့တဲ့သီတင်းပတ်မှာ ဗြိတိသျှလွှတ်တော်အမတ်တွေနဲ့ လန်ဒန်မှာတွေ့ဆုံခဲ့ပြီး အင်အားကြီးမားလှတဲ့ ဖေ့စ်ဘွတ်ခ်ကို ဘယ်လိုထိန်းချုပ်မလဲဆိုတာနဲ့ပတ်သက်လို့
အစီအစဉ် တင်ပြခဲ့ပါတယ်။ ယူကေက သူ့ရဲ့ ပထမဦးဆုံး ခြေလှမ်းပါ။ သူက နောက်လာမယ့် သီတင်းပတ်မှာ ဘရပ်စ်ဆယ်လ်ကို သွားပြီး ဥရောပသမဂ္ဂ အမတ်တွေနဲ့ တွေ့ဖို့စီစဉ်ထားပါသေးတယ်။ ပြီးရင် ပြင်သစ်နိုင်ငံ ပါရီမြို့ကိုသွားပြီး အဲဒီက တာဝန်ရှိသူတွေနဲ့ သွားတွေ့ဦးမှာပါ။
အမေရိကမှာတော့ ကွန်ဂရက်စ်လွှတ်တော်နဲ့ စည်းမျဉ်းစည်းကမ်း ထိန်းသိမ်းရေးမှူးတွေက ဖေ့စ်ဘွတ်ခ်အပါအဝင် ဆိုရှယ်မီဒီယာကြီးတွေကို မထိန်းနိုင်၊ မသိမ်းနိုင်ဖြစ်နေပေမယ့် ဥရောပမှာတော့ ဒီလို မဟုတ်ပါဘူး။ ဥရောပမှာတော့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီကြီးဟာ ဖေ့စ်ဘွတ်ခ်မှာပေါ်က စာသားတွေ၊ ဗီဒီယိုတွေအကုန်လုံးနဲ့ပတ်သက်ပြီး နဂိုကမှ
ဖိအားအကြီးအကျယ်အပေးခံနေရတာပါ။ ဖေ့စ်ဘွတ်ခ်ပေါ်က စာသားတွေ၊ ဗီဒီယိုတွေအတွက် ဖေ့စ်ဘွတ်ခ်ဘက်က တာဝန်ခံမှု ရှိလာစေဖို့ ဥရောပက အွန်လိုင်း စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းချုပ်တော့မှာပါ။ ဒီစည်းမျဉ်းစည်းကမ်းတွေကြောင့် ဇူကာဘာ့ဂ်တော့ အိပ်ကောင်းခြင်း အိပ်ရမှာ မဟုတ်တော့ပါဘူး။

ဖေ့စ်ဘွတ်ခ်လို နည်းပညာကုမ္ပဏီကြီးတွေအတွက်တော့ ဥရောပဟာ အကျိုးအမြတ်အများကြီး ရှာပေးနိုင်တဲ့နေရာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီဥရောပကပဲ ဒစ်ဂျစ်တယ်လောကကြီးမှာ ဖြစ်နေတဲ့ ဆိုးဆိုးရွားရွားကိစ္စတွေကို ထိန်းသိမ်းနိုင်ဖို့ နည်းဥပဒေအသစ်တွေ ပေါ်လာအောင် အားသွန်ခွန်စိုက် ဦးဆောင်ဦးရွက် ကြိုးပမ်းနေပါတယ်။ အဲဒီက စည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေးမှူးတွေကလည်း ထိပ်သီး နည်းပညာကုမ္ပဏီကြီးတွေကို လုပ်ငန်းတွေကို လက်ဝါးကြီးအုပ်ထားမှု၊ လျှို့ဝှက်အချက်အလက် ချိုးဖောက်မှုတွေနဲ့ ဒဏ်ငွေ တစ်နင့်တပိုး ချမှတ်တဲ့နေရာမှာ အတွေ့အကြုံဆယ်နှစ်ကျော် ရှိပါတယ်။

ဘရပ်စ်ဆယ်လ်စ်မှာတော့ သုံးစွဲသူတွေကို ထိခိုက်နိုင်တဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က စာသားတွေ၊ ဗီဒီယိုတွေကို ဖေ့စ်ဘွတ်ခ်က ဘယ်လို ကိုင်တွယ်ဖြေရှင်း ထိန်းချုပ်နေတယ်ဆိုတာ ပြင်ပက စာရင်းစစ်တွေ ပုံမှန် ဝင်စစ်ခွင့်ရမယ့် စည်းမျဉ်းတွေကို တာဝန်ရှိသူတွေက လက်စသတ် နေပါပြီ။ ဒါ့အပြင် ဒီစည်းမျဉ်းတွေသာ အသက်ဝင်လာရင် သုံးစွဲသူတွေရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ သုံးစွဲသူတွေ စိတ်ဝင်စားလောက်တဲ့ အကြောင်းအရာတွေ၊ ကြော်ငြာတွေ ပေါ်အောင်လုပ်တဲ့ အယ်လ်ဂိုရစ်သမ်ကိုလည်း ဖေ့စ်ဘွတ်ခ်က ချပြရတော့မှာပါ။ အဲဒီစည်းမျဉ်းတွေကို မလိုက်နာဘူးဆိုရင်တော့ ဖေ့စ်ဘွတ်ခ်ဟာ တစ်နှစ်အကျိုးအမြတ်ထဲက ခြောက်ရာခိုင်နှုန်းအထိ ဒါမှမဟုတ် ဒေါ်လာ ဘီလျံ ဆယ်ဂဏန်းတွေနဲ့ချီအောင် ဒဏ်ရိုက်ခံရနိုင်ပါတယ်။

ဘာလင်နဲ့ လန်ဒန်မှာတော့ အလားတူအဆိုပြုချက်တွေဟာ စာအုပ်ထဲမှာ ရောက်ရင်ရောက် ဒါမှမဟုတ် ပါလီမန်ကို ရောက်နေပါပြီ။ ဖေ့စ်ဘွတ်ပေါ်က ရေးသားချက်တွေ၊ ဗီဒီယိုတွေအတွက် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီကြီးက လက်ရှိထက်ပိုပြီး တာဝန်ခံသင့်တယ်လို့ ဥရောပအမတ်တွေက နှစ်တွေနဲ့ချီ အကြိမ်ကြိမ်နားချလိုက်အပြီးမှာမှ ဘာလင်နဲ့လန်ဒန်က အခုလို သဘောတူ လာတာဖြစ်ပါတယ်။ ဒါကြောင့် တာဝန်ခံမှု ကိစ္စနဲ့ပတ်သက်လာရင် ဖေ့စ်ဘွတ်ခ်က ဘာကြောင့် အမေရိကထက် ဥရောပကိုပဲ ပိုပြီးစိုးရိမ်ပူပန်သင့်သလဲဆိုတာ သေသေချာချာ ကြည့်လိုက်ကြရအောင်ပါ။

(ဖေ့စ်ဘွတ်ခ်ပေါ်က အကြောင်းအရာတွေအတွက် အရေးယူမယ့် ဥပဒေတွေ ပေါ်လာတော့မယ်။)
ဥရောပသမဂ္ဂနဲ့ ယူကေက တာဝန်ရှိသူတွေဟာ ဆိုရှယ်မီဒီယာကြီးတွေကို စည်းမျဉ်းနဲ့ ထိန်းသိမ်းမယ့်ကိစ္စနဲ့ပတ်သက်လာရင် ဝါရှင်တန်မှာလို ပါတီချင်း သဘောထားကွဲနေတာမျိုး မရှိပါဘူး။ သူတို့က ဖေ့စ်ဘွတ်ခ်ပေါ်က စာသားတွေ၊ ဗီဒီယိုတွေအတွက် ဖေ့စ်ဘွတ်ခ်ကို တရားဝင် တာဝန်ယူခိုင်းတော့မှာပါ။ ဒီလို တာဝန် မယူရအောင် ဖေ့စ်ဘွတ်ခ် ရှောင်တိမ်းနေတာ ကြာလှပါပြီ။ ဥရောပသမဂ္ဂက အဆိုပြုချက်တွေ တင်ထားပြီး အဲဒီအဆိုတွေ လာမည့်နှစ်မှာ အပြီးသတ်မယ်လို့ ခန့်မှန်းရပါတယ်။ လက်ရှိမှာတော့ ဥရောပ သမဂ္ဂဟာ ဖေ့စ်ဘွတ်ခ်အပါအဝင် နည်းပညာကုမ္ပဏီကြီးတွေနဲ့ပတ်သက်လာရင် လက်ရှောင်လေ့ရှိပြီး အဲဒီအလေ့အကျင့်ကို ဥရောပသမဂ္ဂကိုယ်တိုင်က ပြင်ချင်နေပါပြီ။ ဒါကြောင့် ဖေ့စ်ဘွတ်ခ်အပါအဝင် နည်းပညာကုမ္ပဏီကြီးတွေကို ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအက်ဥပဒေနဲ့ အရေးယူတာတွေ လုပ်သွားတော့မှာပါ။ အဲဒီစည်းမျဉ်းတွေသာ အသက်ဝင်လာရင် ဖေ့စ်ဘွတ်ခ်ဟာ အမုန်းပွားစေတဲ့ ရေးသားပြောဆိုချက်တွေကို မဖြစ်မနေ ချက်ချင်းပယ်ဖျက်ပေးရတော့မှာပါ။ အဲဒါတွေကို မပယ်ဖျက်ဘူးဆိုရင် ဒဏ်ငွေတနင့်တပိုး ဆောင်ရပါလိမ့်မယ်။ နိုင်ငံရေးသဘောထား ကွဲလွဲစေတဲ့ ပို့စ်တွေဟာ တရားဝင်ပေမယ့် ထိခိုက်နစ်နာမှုရှိစေတဲ့ အကြောင်းအရာတစ်မျိုးပါ။ အဲဒီလိုအကြောင်းအရာမျိုးဆိုရင်တော့ အဲဒါမျိုးတွေ လူတွေအများကြီးဆီ ပျံ့နှံ့ မသွားအောင် ဘယ်လိုထိန်းချုပ်တယ်ဆိုတာကို ပြင်ပစာရင်းစစ်တွေနဲ့ စည်းမျဉ်းစည်းကမ်း ထိန်းသိမ်းရေးမှူးတွေကို ဖေ့စ်ဘွတ်ခ်အပါအဝင် ဆိုရှယ်မီဒီယာကြီးတွေက ကြည့်ခွင့်ပေးရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ဗြိတိသျှအမတ်တွေက ခြေတစ်လှမ်းတောင် သာနေပါသေးတယ်။
အွန်လိုင်းပေါ်တွင် ဘေးကင်းလုံခြုံရေး ဥပဒေကြမ်းလို့ခေါ်တဲ့ စည်းမျဉ်းတွေအတွက် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ မဲခွဲဆုံးဖြတ်မှာဖြစ်ပြီး အဲဒီဥပဒေကြမ်းသာ အတည်ဖြစ်လာရင် ဖေ့စ်ဘွတ်ခ်လိုမျိုး ဆိုရှယ်မီဒီယာကြီးတွေဟာ သုံးစွဲသူတွေကို ကာကွယ်ပေးရမယ့်တာဝန်
ရှိသွားမှာပါ။ တရားဝင်သည်ဖြစ်စေ၊ တရားမဝင်သည်ဖြစ်စေ ထိခိုက်နစ်နာစေတဲ့ အကြောင်းအရာတွေကနေ အွန်လိုင်းသုံးစွဲသူတွေကို ကာကွယ်ပေးရမှာဖြစ်ပါတယ်။ ကမ္ဘာ့ပထမဦးဆုံးအနေနဲ့ ဒီလိုလုပ်သွားဖို့ ဗြိတိသျှအမတ်တွေက ကြိုးပမ်းနေကြတာဖြစ်ပါတယ်။ ဒီဥပဒေကို မလိုက်နာဘူးဆိုရင် အဲဒီကုမ္ပဏီရဲ့ တစ်နှစ်တာ အကျိုးအမြတ်ထဲက ၁၀ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရပါမယ်။ ဒါ့အပြင် အဲဒီကုမ္ပဏီအကြီးအကဲလည်း ထောင်နန်းစံရကိန်း ဆိုက်ဦးမှာပါ။

ဟျူဂန်က ဖေ့စ်ဘွတ်ခ်ကို ဝေဖန်ရုံတင် ဝေဖန်တာ မဟုတ်ဘဲ ဘယ်လိုစည်းမျဉ်းမျိုး ထုတ်သင့်တယ်ဆိုပြီးတော့ပါ အကြံပေးနေတာပါ။ ဖေ့စ်ဘွတ်ခ်ဝန်ထမ်းဟောင်းဖြစ်တဲ့ ဟျူဂန်က အမေရိကန်ဆီးနိတ် ဆပ်ကော်မတီမှာ အောက်တိုဘာလက ထွက်ဆိုတော့ ဖေ့စ်ဘွတ်ခ်က အင်စတက်ဂရမ်မှာ ကလေးတွေကို ဘယ်လိုဘေးဥပဒ်ဖြစ်စေတယ်၊ နိုင်ငံရေးသဘောထားကွဲလွဲစေတဲ့အရာတွေ သူ့ပလက်ဖောင်းတွေပေါ်မှာ
ပျံ့မသွားအောင် မထိန်းချုပ်ဘူးဆိုတဲ့ အချက်တွေကို ထုတ်ဖော်ပြောကြားခဲ့တော့ တစ်နိုင်ငံလုံးက အဲဒါကို စိတ်ဝင်တစား နားထောင်ခဲ့ကြပါတယ်။ ဖေ့စ်ဘွတ်ခ်ကတော့ သူတို့ဘက်က ဘာမှ အမှားမလုပ်ခဲ့ဘူးလို့ ပြောနေတုန်းပါပဲ။ ဒါပေမဲ့ ဒီစကားတွေကိုပဲ ဟျူဂန်လည်း ဥရောပ လွှတ်တော်အမတ်တွေကို ပြောရော ဒီလို မကောင်းတာတွေ ဖေ့စ်ဘွတ်ခ် ဆက်မလုပ်တော့စေဖို့ ဥပဒေအသစ်တွေ ပေါ်လာအောင် သူ အကြံပေးတော့ တစ်ဖက်အမတ်တွေရဲ့ တုံ့ပြန်ချက်ဟာ အမေရိကမှာနဲ့ မတူပါဘူး။

အောက်တိုဘာလ ၂၅ ရက်မှာ သူဟာ ဗြိတိသျှ လွှတ်တော်အမတ်တွေရှေ့
ထွက်ဆိုခဲ့ပြန်ပါတယ်။ အွန်လိုင်းပေါ်မှာ တင်ထားတဲ့ အကြောင်းအရာတွေအတွက် အရေးယူနိုင်မယ့် အဆိုပြုချက်တွေ တင်ထားတာ ရှိပြီး အဲဒီအဆိုပြုချက်တွေကို ဗြိတိသျှ လွှတ်တော်အမတ်တွေက သေသေချာချာ စိစစ်လေ့လာနေကြတာပါ။ ဖေ့စ်ဘွတ်ခ်က သုံးစွဲသူတွေကို ကာကွယ်ပေးဖို့ ဘယ်လိုပျက်ကွက်ခဲ့တယ်ဆိုတဲ့အကြောင်း ဗြိတိသျှ လွှတ်တော်အမတ်တွေက ဟျူဂန်ကို မေးခွန်းတွေ တရစပ်မေးခဲ့ကြပါတယ်။ ပြီးတော့ ဘယ်လို
ဥပဒေမျိုးကမှ သုံးစွဲသူတွေကို ကာကွယ်ပေးနိုင်မလဲဆိုတာနဲ့ ပတ်သက်လို့လည်း သူတို့က ခရေစေ့တွင်းကျ မေးခဲ့ကြပါသေးတယ်။

သူတို့မေးတဲ့အထဲမှာ ယူကေရဲ့ အဆိုပြုချက်ထဲမှာ အွန်လိုင်းက နိုင်ငံရေးကြော်ငြာတွေကို ထိန်းသိမ်းကြပ်မတ်မယ့်အချက်ပါ ထည့်သင့်သလားဆိုတဲ့မေးခွန်း၊ ဆိုရှယ်မီဒီယာကုမ္ပဏီကြီးတွေ စည်းမျဉ်း လိုက်နာစေဖို့အတွက် အဲဒီကုမ္ပဏီကြီးတွေရဲ့ လုပ်ပုံကိုင်ပုံ အချက်အလက်တွေကို ပြင်ပ လေ့လာသူတွေ ဝင်ကြည့်လို့ရမယ့် အကောင်းဆုံးနည်းလမ်းက ဘာလဲဆိုတဲ့ မေးခွန်းလည်း ပါပါတယ်။ နိုဝင်ဘာလ ၈ ရက်မှာ ဘရပ်ဆယ်လ်ကို ဟျူဂန် သွားရမှာဖြစ်ပြီး အဲဒီက
ဥရောပ ပါလီမန်မှာလည်း ဒီလိုမျိုးတွေပဲ အမေးခံရမှာပါပဲ။ နိုဝင်ဘာလ ၁၀ ရက်မှာတော့ သူက ပါရီမြို့ကိုသွားမှာပါ။ ဥရောပနိုင်ငံ ၂၇ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ ဥရောပသမဂ္ဂရဲ့ စည်းမျဉ်းတွေက ဘယ်အထိ သက်ရောက်မှု ရှိသင့်သလဲဆိုတာနဲ့ပတ်သက်လို့ ဥရောပ နိုင်ငံရေးသမားတွေ ဆွေးနွေးငြင်းခုံနေကြတုန်းပါပဲ။ အွန်လိုင်းသုံးစွဲသူတွေကို သူတို့အသက်အရွယ်၊ သူတို့စိတ်ဝင်စားမှုအလိုက်ပစ်မှတ်ထားပြီး ကြော်ငြာတွေပို့နေတာမျိုးကိုပါ စည်းမျဉ်းတွေထဲမှာ တစ်ခါတည်းထည့်ပြီး အပြီးပိတ်ပင်လိုက်ရမလားဆိုတဲ့အချက်ကိုပါ သူတို့တွေ ဆွေးနွေးငြင်းခုံနေကြပါသေးတယ်။ အသေးစိတ်အချက်အလက်တွေမှာ သူတို့တွေ သဘောမတူတာ ရှိနေသေးပေမယ့် အဲဒီ ဥရောပသမဂ္ဂ ဥပဒေကိုတော့ လာမယ့်နွေရာသီမှာ လက်မှတ်ထိုးကြဖို့ တာဝန်ရှိသူတွေကမျှော်လင့်ထားကြပါတယ်။ ဥရောပက လူတွေက သဘောထား ပိုပြင်းထန်တယ်ဆိုတာကို ဟျူဂန် တွေ့ခဲ့ရတယ်။

ဒစ်ဂျစ်တယ်လောကကို ထိန်းသိမ်းကြပ်မတ်တဲ့နေရာမှာ အမေရိကက ဥရောပထက် နောက်ကောက်ကျနေတယ်ဆိုတော့ အွန်လိုင်းက စာသားတွေ၊ ဗီဒီယိုတွေကို ကြပ်မတ်တဲ့နေရာမှာလည်း အလားတူူပဲပေါ့။ ဥရောပသမဂ္ဂရဲ့ privacy စံနှုန်းစံထားကစလို့ ကုမ္ပဏီကြီးတစ်ခုတည်းကပဲ လုပ်ငန်းတွေကို လက်ဝါးကြီးအုပ်ထားတာကို တိုက်ဖျက်တဲ့ ဥပဒေတွေအဆုံး အဲဒီသမဂ္ဂကြီးကပဲ နည်းပညာကုမ္ပဏီကြီးတွေကို
ရင်ဆိုင်လာခဲ့တာ နှစ်ပေါင်း ၁၀ နှစ်ကျော်နေပါပြီ။ အမေရိကမှာ ဒါမျိုးခေတ်မစားလာခင်ကတည်းက ဥရောပသမဂ္ဂက ဂူဂဲလ်လိုမျိုး ဧရာမ ကုမ္ပဏီကြီးကိုတောင် အရေးယူလာခဲ့တာပါ။ ဒါကြောင့်လည်း ဟျူဂန် ဥရောပမှာ ထွက်ဆိုတာနဲ့ အမေရိကမှာ ထွက်ဆိုတာမှာ အနေအထားချင်း မတူတော့တာပါ။ အမေရိကန်လွှတ်တော်အမတ်တွေကတော့
သူတို့နိုင်ငံမှာ ပြဌာန်းထားတဲ့ အွန်လိုင်းစည်းမျဉ်းတွေကို သူတို့ အပြောင်းအလဲလုပ်နိုင်မှာ မဟုတ်ဘူးဆိုတာ သိနေကြတယ်လေ။ ဥရောပမှာတော့ အဲဒီအကြောင်း ဆွေးနွေးပွဲဟာ အမေရိကမှာထက် အနည်းဆုံးငါးနှစ် ခေတ်ရှေ့ပြေးနေပါတယ်။ ဒါကြောင့် ဖေ့စ်ဘွတ်ခ်ကို ထိန်းချုပ်ဖို့ ဘာတွေလုပ်သင့်တယ်ဆိုပြီး ဟျူဂန်က ဥရောပလွှတ်တော်အမတ်တွေကို ပြောပြတဲ့အခါ အမေရိကန်အမတ်တွေနဲ့ဆွေးနွေးတုန်းကလို ရှောရှောရှူရှူ မဖြစ်တော့တာပါ။

အမေရိကန်ဆီးနိတ်လွှတ်တော်မှာ ထွက်ဆိုအပြီး အောက်တိုဘာလမှာ သူဟာ
ဥရောပကော်မရှင်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ ဟျူဂန်ပေးတဲ့
အကြံညာဏ်တွေဟာ သူတို့မျှော်လင့်ထားသလောက် မကောင်းဘူး၊
သူ့အကြံညာဏ်တွေဟာ ဘာမှ ထူးထူးခြားခြားကြီး မဟုတ်ဘူးလို့ အဲဒီကော်မရှင်က အရာရှိသုံးယောက်က အမည်မဖော်ဘဲ ပြောပါတယ်။ တကယ်တော့ သူကသာ အမေရိကမှာ ပြီးခဲ့တဲ့လက ဖေ့စ်ဘွတ်ခ်အတွင်းရေးတွေ ဖွင့်ချခဲ့ပေမယ့် ဥရောပမှာတော့ ဟျူဂန်ဟာ
သူ့အလုပ်ရှင်ဟောင်း မာ့ခ်ဇူကာဘာ့ဂ်အပေါ် ပျော့ပျောင်းလွန်းတယ်၊ ညှာတာလွန်းတယ်လို့ ထင်နေတဲ့လူတွေ ရှိနေပါတယ်။ လန်ဒန်မှာ ပြီးခဲ့တဲ့လက သူ ထွက်ဆိုတော့ ဖေ့စ်ဘွတ်ခ်ကို မကောင်းဆုံးဝါးလို့ ယုံကြည်သလားလို့ ဗြိတိသျှအမတ်တစ်ယောက်က ထပ်ခါတလဲလဲ မေးခဲ့ပါတယ်။ အမုန်းတရားတွေကို မထိန်းချုပ်ဘဲ ဒီအတိုင်း လွှတ်ထားတဲ့
ဖေ့စ်ဘွတ်ခ် အထိနာသွားအောင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အဲဒီအမတ်က အဲဒီလိုမေးတာပါ။ ဒါပေမဲ့ ဟျူဂန်က အဲဒီမေးခွန်းကို မဖြေနိုင်ဘူးလို့ပဲ တုံးတိကြီး ပြောသွားခဲ့ပါတယ်။
ဖေ့စ်ဘွတ်ခ်က သူ့လုပ်ဖော်ကိုင်ဖက်တွေဟာ မှန်ရာ ကန်ရာကို လုပ်ဖို့
ဘာအရင်းအမြစ်မှ မရှိတော့ ခက်ခဲတဲ့အလုပ်ကိုပဲ လုပ်နေရတယ်လို့ သူက
ဆိုပါတယ်။

( Politico သတင်းဌာနကြီး၏ Why Facebook Is More Worried About Europe Than the U.S. ကို ဆီလျှော်သလို ဘာသာပြန်ဆိုပါသည် )

Zawgyi Version
အေမရိကန္မွာထက္ ဇူကာဘတ္ကုိ အိပ္ပ်က္ညေတြမ်ားေစမယ့္ ေဖ့စ္ဘြတ္ခ္အေပၚ ဥေရာပသားေတြ ဒဏ္ခတ္မယ့္ အေၾကာင္းအရာမ်ား
၀တီ (NP News) - ႏုိ၀င္ဘာ ၇
ေဖ့စ္ဘြတ္ခ္ဟာ အေမရိကမွာ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ တစ္လလုံး အဆင္မေျပခဲ့ပါဘူး။
မီဒီယာေတြက ေဖ့စ္ဘြတ္ခ္ရဲ႕ လွ်ိဳ႕ဝွက္စာ႐ြက္စာတမ္းေတြကို တြင္တြင္က်ယ္က်ယ္ ႐ိုက္ႏွိပ္ေဖာ္ျပခဲ့ၾကသလို ေဖ့စ္ဘြတ္ခ္ဆိုတဲ့ ဆိုရွယ္မီဒီယာ ကုမၸဏီႀကီးကို ဖ်က္သိမ္းပစ္လိုက္ဖို႔ ေတာင္းဆိုသံေတြလည္း ပြက္ေလာညံေနခဲ့ပါတယ္။ ေဖ့စ္ဘြတ္ခ္ရဲ႕ အနာဂတ္အေျခအေနကို သိခ်င္ေနၾကတဲ့
နည္းပညာလုပ္ငန္းရွင္ႀကီးေတြကလည္း ေနာက္ထပ္အတြင္းေရးေဖာ္ထုတ္ခ်က္ကို ေစာင့္မေနၾကေတာ့ဘဲ ဥေရာပမွာ ေဖ့စ္ဘြတ္ခ္ ဘယ္လိုစခန္းသြားမလဲဆိုတာကိုပဲ ေစာင့္ၾကည့္ေနၾကပါေတာ့တယ္။

ဖရန္ဆက္စ္ဟ်ဴဂန္ဆိုသူက ေဖ့စ္ဘြတ္ခ္ရဲ႕ အတြင္းေရး စာ႐ြက္စာတမ္းေတြကို
ဖြင့္ခ်ေဖာ္ထုတ္လိုက္တာျဖစ္ၿပီး အဲဒီစာ႐ြက္စာတမ္းေတြက မီဒီယာေတြမွာ ဟိုးေလးတေက်ာ္ ျဖစ္သြားေတာ့တာပါ။ သူက ၿပီးခဲ့တဲ့သီတင္းပတ္မွာ ၿဗိတိသွ်လႊတ္ေတာ္အမတ္ေတြနဲ႔ လန္ဒန္မွာေတြ႕ဆုံခဲ့ၿပီး အင္အားႀကီးမားလွတဲ့ ေဖ့စ္ဘြတ္ခ္ကို ဘယ္လိုထိန္းခ်ဳပ္မလဲဆိုတာနဲ႔ပတ္သက္လို႔ အစီအစဥ္ တင္ျပခဲ့ပါတယ္။ ယူေကက သူ႔ရဲ႕ ပထမဦးဆုံး ေျခလွမ္းပါ။ သူက ေနာက္လာမယ့္
သီတင္းပတ္မွာ ဘရပ္စ္ဆယ္လ္ကို သြားၿပီး ဥေရာပသမဂၢ အမတ္ေတြနဲ႔ ေတြ႕ဖို႔စီစဥ္ထားပါေသးတယ္။ ၿပီးရင္ ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕ကိုသြားၿပီး အဲဒီက တာဝန္ရွိသူေတြနဲ႔ သြားေတြ႕ဦးမွာပါ။
အေမရိကမွာေတာ့ ကြန္ဂရက္စ္လႊတ္ေတာ္နဲ႔ စည္းမ်ဥ္းစည္းကမ္းထိန္းသိမ္းေရးမႉးေတြက
ေဖ့စ္ဘြတ္ခ္အပါအဝင္ ဆိုရွယ္မီဒီယာႀကီးေတြကို မထိန္းႏိုင္၊ မသိမ္းႏိုင္ျဖစ္ေနေပမယ့္
ဥေရာပမွာေတာ့ ဒီလို မဟုတ္ပါဘူး။ ဥေရာပမွာေတာ့ ေဖ့စ္ဘြတ္ခ္ကုမၸဏီႀကီးဟာ
ေဖ့စ္ဘြတ္ခ္မွာေပၚက စာသားေတြ၊ ဗီဒီယိုေတြအကုန္လုံးနဲ႔ပတ္သက္ၿပီး နဂိုကမွ
ဖိအား အႀကီးအက်ယ္အေပးခံေနရတာပါ။ ေဖ့စ္ဘြတ္ခ္ေပၚက စာသားေတြ၊ ဗီဒီယိုေတြ
အတြက္ ေဖ့စ္ဘြတ္ခ္ဘက္က တာဝန္ခံမႈ ရွိလာေစဖို႔ ဥေရာပက အြန္လိုင္း စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ ထိန္းခ်ဳပ္ေတာ့မွာပါ။ ဒီစည္းမ်ဥ္းစည္းကမ္းေတြေၾကာင့္ ဇူကာဘာ့ဂ္ေတာ့ အိပ္ေကာင္းျခင္း အိပ္ရမွာ မဟုတ္ေတာ့ပါဘူး။

ေဖ့စ္ဘြတ္ခ္လို နည္းပညာကုမၸဏီႀကီးေတြအတြက္ေတာ့ ဥေရာပဟာ အက်ိဳးအျမတ္
အမ်ားႀကီး ရွာေပးႏိုင္တဲ့ေနရာ ျဖစ္ပါတယ္။ ဒါေပမဲ့ အဲဒီဥေရာပကပဲ ဒစ္ဂ်စ္တယ္ေလာကႀကီးမွာ
ျဖစ္ေနတဲ့ ဆိုးဆိုး႐ြား႐ြားကိစၥေတြကို ထိန္းသိမ္းႏိုင္ဖို႔ နည္းဥပေဒအသစ္ေတြ ေပၚလာေအာင္
အားသြန္ခြန္စိုက္ ဦးေဆာင္ဦး႐ြက္ ႀကိဳးပမ္းေနပါတယ္။ အဲဒီက စည္းမ်ဥ္းစည္းကမ္းထိန္းသိမ္း
ေရးမႉးေတြကလည္း ထိပ္သီး နည္းပညာကုမၸဏီႀကီးေတြကို လုပ္ငန္းေတြကို
လက္ဝါးႀကီးအုပ္ထားမႈ၊ လွ်ိဳ႕ဝွက္အခ်က္အလက္ ခ်ိဳးေဖာက္မႈေတြနဲ႔ ဒဏ္ေငြ တစ္နင့္တပိုး ခ်မွတ္တဲ့ေနရာမွာ အေတြ႕အႀကဳံဆယ္ႏွစ္ေက်ာ္ ရွိပါတယ္။

ဘရပ္စ္ဆယ္လ္စ္မွာေတာ့ သုံးစြဲသူေတြကို ထိခိုက္ႏိုင္တဲ့ ေဖ့စ္ဘြတ္ခ္ေပၚက စာသားေတြ၊
ဗီဒီယိုေတြကို ေဖ့စ္ဘြတ္ခ္က ဘယ္လို ကိုင္တြယ္ေျဖရွင္းထိန္းခ်ဳပ္ေနတယ္ဆိုတာ ျပင္ပက
စာရင္းစစ္ေတြ ပုံမွန္ ဝင္စစ္ခြင့္ရမယ့္ စည္းမ်ဥ္းေတြကို တာဝန္ရွိသူေတြက လက္စသတ္
ေနပါၿပီ။ ဒါ့အျပင္ ဒီစည္းမ်ဥ္းေတြသာ အသက္ဝင္လာရင္ သုံးစြဲသူေတြရဲ႕ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာမွာ သုံးစြဲသူေတြ စိတ္ဝင္စားေလာက္တဲ့ အေၾကာင္းအရာေတြ၊ ေၾကာ္ျငာေတြ ေပၚေအာင္လုပ္တဲ့ အယ္လ္ဂိုရစ္သမ္ကိုလည္း ေဖ့စ္ဘြတ္ခ္က ခ်ျပရေတာ့မွာပါ။ အဲဒီစည္းမ်ဥ္းေတြကို မလိုက္နာဘူးဆိုရင္ေတာ့ ေဖ့စ္ဘြတ္ခ္ဟာ တစ္ႏွစ္အက်ိဳးအျမတ္ထဲက ေျခာက္ရာခိုင္ႏႈန္းအထိ ဒါမွမဟုတ္ ေဒၚလာ ဘီလ်ံ ဆယ္ဂဏန္းေတြနဲ႔ခ်ီေအာင္ ဒဏ္႐ိုက္ခံရႏိုင္ပါတယ္။

ဘာလင္နဲ႔ လန္ဒန္မွာေတာ့ အလားတူအဆိုျပဳခ်က္ေတြဟာ စာအုပ္ထဲမွာ ေရာက္ရင္ေရာက္ ဒါမွမဟုတ္ ပါလီမန္ကို ေရာက္ေနပါၿပီ။ ေဖ့စ္ဘြတ္ေပၚက ေရးသားခ်က္ေတြ၊ ဗီဒီယိုေတြအတြက္ ေဖ့စ္ဘြတ္ခ္ကုမၸဏီႀကီးက လက္ရွိထက္ပိုၿပီး တာဝန္ခံသင့္တယ္လို႔ ဥေရာပအမတ္ေတြက ႏွစ္ေတြနဲ႔ခ်ီ အႀကိမ္ႀကိမ္နားခ်လိုက္အၿပီးမွာမွ ဘာလင္နဲ႔လန္ဒန္က အခုလို သေဘာတူ လာတာျဖစ္ပါတယ္။ ဒါေၾကာင့္ တာဝန္ခံမႈ ကိစၥနဲ႔ပတ္သက္လာရင္ ေဖ့စ္ဘြတ္ခ္က ဘာေၾကာင့္ အေမရိကထက္ ဥေရာပကိုပဲ ပိုၿပီးစိုးရိမ္ပူပန္သင့္သလဲဆိုတာ
ေသေသခ်ာခ်ာ ၾကည့္လိုက္ၾကရေအာင္ပါ။

ေဖ့စ္ဘြတ္ခ္ေပၚက အေၾကာင္းအရာေတြအတြက္ အေရးယူမယ့္ ဥပေဒေတြ ေပၚလာေတာ့မယ္။
ဥေရာပသမဂၢနဲ႔ ယူေကက တာဝန္ရွိသူေတြဟာ ဆိုရွယ္မီဒီယာႀကီးေတြကို စည္းမ်ဥ္းနဲ႔ ထိန္းသိမ္းမယ့္ကိစၥနဲ႔ပတ္သက္လာရင္ ဝါရွင္တန္မွာလို ပါတီခ်င္း သေဘာထားကြဲေနတာမ်ိဳး မရွိပါဘူး။ သူတို႔က ေဖ့စ္ဘြတ္ခ္ေပၚက စာသားေတြ၊ ဗီဒီယိုေတြအတြက္ ေဖ့စ္ဘြတ္ခ္ကို တရားဝင္ တာဝန္ယူခိုင္းေတာ့မွာပါ။ ဒီလို တာဝန္ မယူရေအာင္ ေဖ့စ္ဘြတ္ခ္ ေရွာင္တိမ္းေနတာ ၾကာလွပါၿပီ။ ဥေရာပသမဂၢက အဆိုျပဳခ်က္ေတြ တင္ထားၿပီး အဲဒီအဆိုေတြ လာမည့္ႏွစ္မွာ အၿပီးသတ္မယ္လို႔ ခန႔္မွန္းရပါတယ္။ လက္ရွိမွာေတာ့ ဥေရာပ သမဂၢဟာ ေဖ့စ္ဘြတ္ခ္အပါအဝင္
နည္းပညာကုမၸဏီႀကီးေတြနဲ႔ပတ္သက္လာရင္ လက္ေရွာင္ေလ့ရွိၿပီး အဲဒီအေလ့အက်င့္ကို ဥေရာပသမဂၢကိုယ္တိုင္က ျပင္ခ်င္ေနပါၿပီ။ ဒါေၾကာင့္ ေဖ့စ္ဘြတ္ခ္အပါအဝင္ နည္းပညာကုမၸဏီႀကီးေတြကို ဒစ္ဂ်စ္တယ္ဝန္ေဆာင္မႈအက္ဥပေဒနဲ႔ အေရးယူတာေတြ လုပ္သြားေတာ့မွာပါ။ အဲဒီစည္းမ်ဥ္းေတြသာ အသက္ဝင္လာရင္ ေဖ့စ္ဘြတ္ခ္ဟာ အမုန္းပြားေစတဲ့ေရးသားေျပာဆိုခ်က္ေတြကို မျဖစ္မေန ခ်က္ခ်င္းပယ္ဖ်က္ေပးရေတာ့မွာပါ။ အဲဒါေတြကို မပယ္ဖ်က္ဘူးဆိုရင္ ဒဏ္ေငြတနင့္တပိုး ေဆာင္ရပါလိမ့္မယ္။ ႏိုင္ငံေရးသေဘာထား ကြဲလြဲေစတဲ့ ပို႔စ္ေတြဟာ တရားဝင္ေပမယ့္ ထိခိုက္နစ္နာမႈရွိေစတဲ့ အေၾကာင္းအရာတစ္မ်ိဳးပါ။ အဲဒီလိုအေၾကာင္းအရာမ်ိဳးဆိုရင္ေတာ့ အဲဒါမ်ိဳးေတြ လူေတြအမ်ားႀကီးဆီ ပ်ံ႕ႏွံ႔ မသြားေအာင္ ဘယ္လိုထိန္းခ်ဳပ္တယ္ဆိုတာကို ျပင္ပစာရင္းစစ္ေတြနဲ႔ စည္းမ်ဥ္းစည္းကမ္း ထိန္းသိမ္းေရးမႉးေတြကို ေဖ့စ္ဘြတ္ခ္အပါအဝင္ ဆိုရွယ္မီဒီယာႀကီးေတြက ၾကည့္ခြင့္ေပးရမွာ ျဖစ္ပါတယ္။

ဒီေနရာမွာ ၿဗိတိသွ်အမတ္ေတြက ေျခတစ္လွမ္းေတာင္ သာေနပါေသးတယ္။
အြန္လိုင္းေပၚတြင္ ေဘးကင္းလုံၿခဳံေရး ဥပေဒၾကမ္းလို႔ေခၚတဲ့ စည္းမ်ဥ္းေတြအတြက္
၂၀၂၁ ခုႏွစ္ ႏွစ္ကုန္ပိုင္းမွာ မဲခြဲဆုံးျဖတ္မွာျဖစ္ၿပီး အဲဒီဥပေဒၾကမ္းသာ အတည္ျဖစ္လာရင္
ေဖ့စ္ဘြတ္ခ္လိုမ်ိဳး ဆိုရွယ္မီဒီယာႀကီးေတြဟာ သုံးစြဲသူေတြကို ကာကြယ္ေပးရမယ့္တာဝန္
ရွိသြားမွာပါ။ တရားဝင္သည္ျဖစ္ေစ၊ တရားမဝင္သည္ျဖစ္ေစ ထိခိုက္နစ္နာေစတဲ့
အေၾကာင္းအရာေတြကေန အြန္လိုင္းသုံးစြဲသူေတြကို ကာကြယ္ေပးရမွာျဖစ္ပါတယ္။ ကမာၻ႔ပထမဦးဆုံးအေနနဲ႔ ဒီလိုလုပ္သြားဖို႔ ၿဗိတိသွ်အမတ္ေတြက ႀကိဳးပမ္းေနၾကတာျဖစ္ပါတယ္။ ဒီဥပေဒကို မလိုက္နာဘူးဆိုရင္ အဲဒီကုမၸဏီရဲ႕ တစ္ႏွစ္တာ အက်ိဳးအျမတ္ထဲက ၁၀ ရာခိုင္ႏႈန္းကို ဒဏ္ေၾကးအျဖစ္ ေပးေဆာင္ရပါမယ္။ ဒါ့အျပင္ အဲဒီကုမၸဏီအႀကီးအကဲလည္း ေထာင္နန္းစံရကိန္း ဆိုက္ဦးမွာပါ။

ဟ်ဴဂန္က ေဖ့စ္ဘြတ္ခ္ကို ေဝဖန္႐ုံတင္ ေဝဖန္တာ မဟုတ္ဘဲ ဘယ္လိုစည္းမ်ဥ္းမ်ိဳး
ထုတ္သင့္တယ္ဆိုၿပီးေတာ့ပါ အႀကံေပးေနတာပါ။ ေဖ့စ္ဘြတ္ခ္ဝန္ထမ္းေဟာင္းျဖစ္တဲ့ ဟ်ဴဂန္က အေမရိကန္ဆီးနိတ္ ဆပ္ေကာ္မတီမွာ ေအာက္တိုဘာလက ထြက္ဆိုေတာ့ ေဖ့စ္ဘြတ္ခ္က အင္စတက္ဂရမ္မွာ ကေလးေတြကို ဘယ္လိုေဘးဥပဒ္ျဖစ္ေစတယ္၊ ႏိုင္ငံေရးသေဘာထားကြဲလြဲေစတဲ့အရာေတြ သူ႔ပလက္ေဖာင္းေတြေပၚမွာ
ပ်ံ႕မသြားေအာင္ မထိန္းခ်ဳပ္ဘူးဆိုတဲ့ အခ်က္ေတြကို ထုတ္ေဖာ္ေျပာၾကားခဲ့ေတာ့ တစ္ႏိုင္ငံလုံးက
အဲဒါကို စိတ္ဝင္တစား နားေထာင္ခဲ့ၾကပါတယ္။ ေဖ့စ္ဘြတ္ခ္ကေတာ့ သူတို႔ဘက္က ဘာမွ
အမွားမလုပ္ခဲ့ဘူးလို႔ ေျပာေနတုန္းပါပဲ။ ဒါေပမဲ့ ဒီစကားေတြကိုပဲ ဟ်ဴဂန္လည္း ဥေရာပ လႊတ္ေတာ္အမတ္ေတြကို ေျပာေရာ ဒီလို မေကာင္းတာေတြ ေဖ့စ္ဘြတ္ခ္ ဆက္မလုပ္ေတာ့ေစဖို႔ ဥပေဒအသစ္ေတြ ေပၚလာေအာင္ သူ အႀကံေပးေတာ့ တစ္ဖက္အမတ္ေတြရဲ႕ တုံ႔ျပန္ခ်က္ဟာ အေမရိကမွာနဲ႔ မတူပါဘူး။

ေအာက္တိုဘာလ ၂၅ ရက္မွာ သူဟာ ၿဗိတိသွ် လႊတ္ေတာ္အမတ္ေတြေရွ႕
ထြက္ဆိုခဲ့ျပန္ပါတယ္။ အြန္လိုင္းေပၚမွာ တင္ထားတဲ့ အေၾကာင္းအရာေတြအတြက္
အေရးယူႏိုင္မယ့္ အဆိုျပဳခ်က္ေတြ တင္ထားတာ ရွိၿပီး အဲဒီအဆိုျပဳခ်က္ေတြကို
ၿဗိတိသွ် လႊတ္ေတာ္အမတ္ေတြက ေသေသခ်ာခ်ာ စိစစ္ေလ့လာေနၾကတာပါ။ ေဖ့စ္ဘြတ္ခ္က
သုံးစြဲသူေတြကို ကာကြယ္ေပးဖို႔ ဘယ္လိုပ်က္ကြက္ခဲ့တယ္ဆိုတဲ့အေၾကာင္း ၿဗိတိသွ်
လႊတ္ေတာ္အမတ္ေတြက ဟ်ဴဂန္ကို ေမးခြန္းေတြ တရစပ္ေမးခဲ့ၾကပါတယ္။ ၿပီးေတာ့ ဘယ္လို
ဥပေဒမ်ိဳးကမွ သုံးစြဲသူေတြကို ကာကြယ္ေပးႏိုင္မလဲဆိုတာနဲ႔ ပတ္သက္လို႔လည္း သူတို႔က
ခေရေစ့တြင္းက် ေမးခဲ့ၾကပါေသးတယ္။

သူတို႔ေမးတဲ့အထဲမွာ ယူေကရဲ႕ အဆိုျပဳခ်က္ထဲမွာ အြန္လိုင္းက ႏိုင္ငံေရးေၾကာ္ျငာေတြကို ထိန္းသိမ္းၾကပ္မတ္မယ့္အခ်က္ပါ ထည့္သင့္သလားဆိုတဲ့ေမးခြန္း၊ ဆိုရွယ္မီဒီယာကုမၸဏီႀကီးေတြ စည္းမ်ဥ္း လိုက္နာေစဖို႔အတြက္ အဲဒီကုမၸဏီႀကီးေတြရဲ႕ လုပ္ပုံကိုင္ပုံ အခ်က္အလက္ေတြကို ျပင္ပ ေလ့လာသူေတြ ဝင္ၾကည့္လို႔ရမယ့္ အေကာင္းဆုံးနည္းလမ္းက ဘာလဲဆိုတဲ့ ေမးခြန္းလည္း ပါပါတယ္။ ႏိုဝင္ဘာလ ၈ ရက္မွာ ဘရပ္ဆယ္လ္ကို ဟ်ဴဂန္ သြားရမွာျဖစ္ၿပီး အဲဒီက
ဥေရာပ ပါလီမန္မွာလည္း ဒီလိုမ်ိဳးေတြပဲ အေမးခံရမွာပါပဲ။ ႏိုဝင္ဘာလ ၁၀ ရက္မွာေတာ့
သူက ပါရီၿမိဳ႕ကိုသြားမွာပါ။ ဥေရာပႏိုင္ငံ ၂၇ ႏိုင္ငံနဲ႔ ဖြဲ႕စည္းထားတဲ့ ဥေရာပသမဂၢရဲ႕ စည္းမ်ဥ္းေတြက ဘယ္အထိ သက္ေရာက္မႈ ရွိသင့္သလဲဆိုတာနဲ႔ပတ္သက္လို႔ ဥေရာပ ႏိုင္ငံေရးသမားေတြ ေဆြးေႏြးျငင္းခုံေနၾကတုန္းပါပဲ။ အြန္လိုင္းသုံးစြဲသူေတြကို သူတို႔အသက္အ႐ြယ္၊ သူတို႔စိတ္ဝင္စားမႈအလိုက္ပစ္မွတ္ထားၿပီး ေၾကာ္ျငာေတြပို႔ေနတာမ်ိဳးကိုပါ စည္းမ်ဥ္းေတြထဲမွာ တစ္ခါတည္းထည့္ၿပီး အၿပီးပိတ္ပင္လိုက္ရမလားဆိုတဲ့အခ်က္ကိုပါ သူတို႔ေတြ ေဆြးေႏြးျငင္းခုံေနၾကပါေသးတယ္။ အေသးစိတ္အခ်က္အလက္ေတြမွာ သူတို႔ေတြ သေဘာမတူတာ ရွိေနေသးေပမယ့္ အဲဒီ ဥေရာပသမဂၢ ဥပေဒကိုေတာ့ လာမယ့္ေႏြရာသီမွာ လက္မွတ္ထိုးၾကဖို႔ တာဝန္ရွိသူေတြကေမွ်ာ္လင့္ထားၾကပါတယ္။ ဥေရာပက လူေတြက သေဘာထား ပိုျပင္းထန္တယ္ဆိုတာကို ဟ်ဴဂန္ ေတြ႕ခဲ့ရတယ္။

ဒစ္ဂ်စ္တယ္ေလာကကို ထိန္းသိမ္းၾကပ္မတ္တဲ့ေနရာမွာ အေမရိကက ဥေရာပထက္ ေနာက္ေကာက္က်ေနတယ္ဆိုေတာ့ အြန္လိုင္းက စာသားေတြ၊ ဗီဒီယိုေတြကို
ၾကပ္မတ္တဲ့ေနရာမွာလည္း အလားတူူပဲေပါ့။ ဥေရာပသမဂၢရဲ႕ privacy စံႏႈန္းစံထားကစလို႔
ကုမၸဏီႀကီးတစ္ခုတည္းကပဲ လုပ္ငန္းေတြကို လက္ဝါးႀကီးအုပ္ထားတာကို
တိုက္ဖ်က္တဲ့ ဥပေဒေတြအဆုံး အဲဒီသမဂၢႀကီးကပဲ နည္းပညာကုမၸဏီႀကီးေတြကို
ရင္ဆိုင္လာခဲ့တာ ႏွစ္ေပါင္း ၁၀ ႏွစ္ေက်ာ္ေနပါၿပီ။ အေမရိကမွာ ဒါမ်ိဳးေခတ္မစား
လာခင္ကတည္းက ဥေရာပသမဂၢက ဂူဂဲလ္လိုမ်ိဳး ဧရာမ ကုမၸဏီႀကီးကိုေတာင္
အေရးယူလာခဲ့တာပါ။ ဒါေၾကာင့္လည္း ဟ်ဴဂန္ ဥေရာပမွာ ထြက္ဆိုတာနဲ႔ အေမရိကမွာ ထြက္ဆိုတာမွာ အေနအထားခ်င္း မတူေတာ့တာပါ။ အေမရိကန္လႊတ္ေတာ္အမတ္ေတြကေတာ့
သူတို႔ႏိုင္ငံမွာ ျပဌာန္းထားတဲ့ အြန္လိုင္းစည္းမ်ဥ္းေတြကို သူတို႔ အေျပာင္းအလဲလုပ္ႏိုင္မွာ မဟုတ္ဘူးဆိုတာ သိေနၾကတယ္ေလ။ ဥေရာပမွာေတာ့ အဲဒီအေၾကာင္း ေဆြးေႏြးပြဲဟာ အေမရိကမွာထက္ အနည္းဆုံးငါးႏွစ္ ေခတ္ေရွ႕ေျပးေနပါတယ္။ ဒါေၾကာင့္ ေဖ့စ္ဘြတ္ခ္ကို ထိန္းခ်ဳပ္ဖို႔ ဘာေတြလုပ္သင့္တယ္ဆိုၿပီး ဟ်ဴဂန္က ဥေရာပလႊတ္ေတာ္အမတ္ေတြကို ေျပာျပတဲ့အခါ အေမရိကန္အမတ္ေတြနဲ႔ေဆြးေႏြးတုန္းကလို ေရွာေရွာရႉရႉ မျဖစ္ေတာ့တာပါ။

အေမရိကန္ဆီးနိတ္လႊတ္ေတာ္မွာ ထြက္ဆိုအၿပီး ေအာက္တိုဘာလမွာ သူဟာ
ဥေရာပေကာ္မရွင္က တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံခဲ့ပါေသးတယ္။ ဟ်ဴဂန္ေပးတဲ့
အႀကံညာဏ္ေတြဟာ သူတို႔ေမွ်ာ္လင့္ထားသေလာက္ မေကာင္းဘူး၊
သူ႔အႀကံညာဏ္ေတြဟာ ဘာမွ ထူးထူးျခားျခားႀကီး မဟုတ္ဘူးလို႔ အဲဒီေကာ္မရွင္က
အရာရွိသုံးေယာက္က အမည္မေဖာ္ဘဲ ေျပာပါတယ္။ တကယ္ေတာ့ သူကသာ အေမရိကမွာ ၿပီးခဲ့တဲ့လက ေဖ့စ္ဘြတ္ခ္အတြင္းေရးေတြ ဖြင့္ခ်ခဲ့ေပမယ့္ ဥေရာပမွာေတာ့ ဟ်ဴဂန္ဟာ
သူ႔အလုပ္ရွင္ေဟာင္း မာ့ခ္ဇူကာဘာ့ဂ္အေပၚ ေပ်ာ့ေပ်ာင္းလြန္းတယ္၊ ညႇာတာလြန္းတယ္လို႔
ထင္ေနတဲ့လူေတြ ရွိေနပါတယ္။ လန္ဒန္မွာ ၿပီးခဲ့တဲ့လက သူ ထြက္ဆိုေတာ့ ေဖ့စ္ဘြတ္ခ္ကို မေကာင္းဆုံးဝါးလို႔ ယုံၾကည္သလားလို႔ ၿဗိတိသွ်အမတ္တစ္ေယာက္က ထပ္ခါတလဲလဲ ေမးခဲ့ပါတယ္။ အမုန္းတရားေတြကို မထိန္းခ်ဳပ္ဘဲ ဒီအတိုင္း လႊတ္ထားတဲ့
ေဖ့စ္ဘြတ္ခ္ အထိနာသြားေအာင္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ အဲဒီအမတ္က အဲဒီလိုေမးတာပါ။
ဒါေပမဲ့ ဟ်ဴဂန္က အဲဒီေမးခြန္းကို မေျဖႏိုင္ဘူးလို႔ပဲ တုံးတိႀကီး ေျပာသြားခဲ့ပါတယ္။
ေဖ့စ္ဘြတ္ခ္က သူ႔လုပ္ေဖာ္ကိုင္ဖက္ေတြဟာ မွန္ရာ ကန္ရာကို လုပ္ဖို႔
ဘာအရင္းအျမစ္မွ မရွိေတာ့ ခက္ခဲတဲ့အလုပ္ကိုပဲ လုပ္ေနရတယ္လို႔ သူက
ဆိုပါတယ္။

( Politico သတင္းဌာနႀကီး၏ Why Facebook Is More Worried About Europe Than the U.S. ကို ဆီေလွ်ာ္သလို ဘာသာျပန္ဆိုပါသည္ )

Related news

© 2021. All rights reserved.