“PR စနစ်က ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ကန့်သတ်တဲ့ဘောင်ကို မကျော်လွန်ဘဲလုပ်တဲ့အတွက်ကြောင့် အခြေခံဥပဒေနဲ့ညီတယ်” (အင်တာဗျူး)

 2389

NP News - နိုဝင်ဘာ ၁၅
နစကရဲ့ရွေးကောက်ပွဲကော်မရှင် (UEC) အနေနဲ့လာမယ့်ရွေးကောက်ပွဲကို PR စနစ်နဲ့ကျင်းပသွားဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီစနစ်နဲ့ပတ်သက်ပြီး ပြည်သူတွေသိရှိနိုင်ဖို့အတွက် PRနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့CEC ဦးလှသိန်းနဲ့သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ အန်ကယ် ဦးလှသိန်းမင်္ဂလာပါခင်ဗျာ။ ပထမဆုံးအနေနဲ့ကျွန်တော်တို့ NP News ကိုအင် တာဗျူးဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက UEC က PR နဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲ လုပ်သွားတာတွေ့ရတယ်။ အဲဒီဟာနဲ့ပတ်သက်ပြီး ပထမဆုံး ကျွန်တော် သိချင်တာကတော့ PR ဆိုတာ ဘာလဲနဲ့ တကယ့် PR စစ်စစ်က ဘယ်လိုဟာမျိုးလဲဆိုတာ ရှင်းပြပေးစေလိုပါတယ်။
ဖြေ ။ ။ ကောင်းပါပြီ။ PR ဆိုတာကတော့ အင်္ဂလိပ်လိုဆိုရင်တော့ Proportional Representation လို့ ခေါ်ပါတယ်။ တစ်နည်းအားဖြင့် Proportional ဆိုတာက အချိုးကျပေါ့။ Representation ကတော့ ကိုယ်စားပြု စနစ်ပေါ့။ အချိုးကျကိုယ်စားပြုစနစ်လို့ ဒီလိုဗမာလိုလွယ်လွယ်ဘာသာပြန်လို့ရပါတယ်။ ဆိုလိုချင်တာ အဓိက ပြောရမယ်ဆိုရင်တော့ ရွေးချယ်တင်မြှောက်ရေးစနစ်မှာ မဲဆန္ဒဧရိယာတွေကို ကျယ်ပြန့်စွာသတ်မှတ်ပြီးတော့ မဲဆန္ဒနယ်မှ ရွေးကောက်တင် မြှောက်ရမယ့် ကိုယ်စားလှယ်တွေကို သတ်မှတ်ပေးပြီးတော့ ပါတီအဖွဲ့အစည်း အလိုက် ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်တယ်။အဲဒီလိုဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာပါတီအဖွဲ့အစည်းအလိုက်ရရှိတဲ့ထောက် ခံမဲအပေါ်မူတည်ပြီးတော့ ရွေးကောက်ခံရတဲ့ကိုယ်စားလှယ်ဦးရေကို သတ်မှတ်ပေးတဲ့စနစ်ပဲဖြစ်ပါတယ်။ ဒါတွေကိုက နိုင်ငံရေးပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်သလို တစ်သီးပုဂ္ဂလတွေလည်း ဝင်ရောက် ယှဉ်ပြိုင်နိုင်ပါတယ်။ ဥပမာအားဖြင့် အန်ကယ်ပြောရမယ်ဆိုရင် မဲဆန္ဒနယ်တစ်ခုမှာအရင်ကသတ် မှတ်ထားတာ (၂ဝဝ၈) ရဲ့ ပုဒ်မ (၁ဝ၉) ရဲ့သတ်မှတ်ချက်အရဆိုရင် မြို့နယ်ကို အခြေခံပြီးဆိုရင် မဲဆန္ဒနယ် (၃၃ဝ) ရှိတယ်။ ဒါကို မဲဆန္ဒနယ်တွေကို အရင်တုန်းကတော့ (FPTP) နဲ့ ကျင်းပတာကို (၃၃ဝ) ကို (၃၃ဝ) လို့ သတ်မှတ်တယ်။ အခု ကိုယ်စားပြုစနစ်ကျတော့ မဲဆန္ဒနယ် ကျယ်ပြန့်လာတာ ဖြစ်တဲ့အတွက် အဲ့သလောက်ထိ (၃၃ဝ) သတ်မှတ်မှာ မဟုတ်တော့ဘူး။ (၇ဝ) သတ်မှတ်ချင်မှတ်မယ်၊ (၄ဝ) ကျော် သတ်မှတ်ချင်မှတ်မယ်။ မှတ်ပြီးတော့မှ အဲဒီ မဲဆန္ဒနယ်တစ်ခုအတွင်းမှာရှိတဲ့မြို့ နယ်တွေက အဲဒီမဲဆန္ဒနယ်မှာ ဝင်ပြိုင်ရမှာဖြစ်တယ်။ အဲဒီလိုပြိုင်ပြီးတဲ့အခါ ပါတီအဖွဲ့အစည်းအ လိုက်ရရှိလာတဲ့ ထောက်ခံဆန္ဒမဲ့အပေါ်မူတည်ပြီးတော့ အချိုးကျ အမတ်နေရာကိုပြန်လည်သတ် မှတ်ပေးသွားမှာ ဖြစ်ပါတယ်။ အရင်လို ( Winner Take All ) လို ခေါင်ထိအကုန်စားဆိုတာမျိုး၊ အ နိုင်ရသူ အကုန်ယူဆိုတာမျိုးလို မဟုတ်တော့ဘဲနဲ့သူရတဲ့ဟာအပေါ်မှာ မူတည်ပြီးတော့ အဟောတိကန် နည်းသွားအောင်၊ ပါတီငယ်လေးတွေလည်း နေရာရလာအောင် ဒီလိုအချိုးကျခွဲဝေပေးသွားခြင်း ဖြစ်ပါတယ်။

မေး ။ ။ အဲဒီတော့ UEC က PR စနစ်ကို ရွေးချယ်ဖို့ ဆုံးဖြတ်ပေးထားတယ်လို့ သိထားရပါတယ်။ ဆိုတော့ ဒီ PR စနစ်မှာပြည်သူတွေက မဲပေးမယ်ဆိုရင် အရင်ပုံစံ (FPTP) မှာတော့ ပြည်သူတွေက သူကြိုက်တဲ့ ကိုယ်စားလှယ်ကို သွားပြီးမဲထည့်ပေးလို့ရတယ်။ အခု PR စနစ်မှာကျတော့ အဲဒီလိုလူတစ်ယောက်က ကိုယ်မဲသွားထည့်ပြီးတဲ့နောက် သူထည့်လိုက်တဲ့သူ ရလား၊ မရလားဆိုတာ ရှင်းရှင်းလင်းလင်း သိရနိုင်တဲ့အခြေ အနေရှိလား၊ ဘယ်လိုရှိလဲဆိုတာ သိပါရစေ။
ဖြေ ။ ။ PR စနစ်မှာ အန်ကယ်တို့ မဲပေးနည်းကတော့ ပုံစံ (၃) မျိုးလောက်ရှိတယ်။ ဘယ်လိုရှိလဲဆိုရင် တစ်ချို့က Close List ပေါ့။ Close List ဆိုတာကတော့ ပါတီကို မဲပေးရမယ်။ ဒါပေမယ့် ပါတီမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ List ကို UEC ကို ကြိုပြီးတော့ပေးထားရမယ်။ ပေးထားပြီးရင် UECကနေပြီးတော့အဲဒီပါတီကိုယ်စားလှယ်လောင်းတွေကိုရွေးကောက် ပွဲမတိုင်ခင်မှာ Billboard တွေနဲ့ Vinyl တွေနဲ့ မဲရုံတွေမှာ ကပ်ထားပေးမှာဖြစ်တယ်။ ကပ်ထားပြီးရင် မဲဆန္ဒရှင်တစ်ယောက်က သွားကြည့်လိုက်တဲ့အခါ “ အော် ... ဒီလူက ငါကြိုက်တဲ့လူ၊ ဒီပါတီမှာပါတဲ့လူ၊ ဒီပါတီကိုပေးမယ် ” ဆိုပြီး ပါတီကိုပေးရမှာဖြစ်တယ်။ ဒါက Close List ။ Open List ကျတော့ အရင် (FPTP) လို လူနာမည်ကို မဲပေးရမှာဖြစ်တယ်။ ပေးတဲ့အခါမှာ နောက်မှာပါတီနာမည်ကလည်း အော်တိုမစ်တစ်ပါပြီးသားဖြစ်တယ်။ ဒါကတော့ သိပ်ပြီးထူးထူးခြားခြား ရှင်းပြစရာ မလိုပါဘူး။ နောက် Free List ဆိုတာကတော့ ပါတီလည်း ပေးလို့ရတယ်။ လူကိုလည်း ပေးလို့ရတယ်။ ဒါက တော့အလွန်ကို ဒီဟာနဲ့ပတ်သက်ပြီးတော့ ကျွမ်းကျင်လာမှလုပ်တဲ့ဟာဖြစ်တယ်။ ကမ္ဘာမှာတော့နိုင် ငံနှစ်နိုင်ငံတော့ အဲဒီလိုလုပ်တာတွေ့ရတယ်။ ဒါကြောင့်မို့ အန်လ်ကယ်တို့က UEC ကို အကြံပြုတာကတော့ ပထမ Close List နဲ့ သွားမယ်။ Close List နဲ့သွားလို့ လူတွေက awarenessဖြစ်ပြီဆိုတဲ့အခါကျတော့ ကျန်တာတွေ ဆက်လက် ကျင့်သုံးသွားမှာဖြစ်တယ်။

မေး ။ ။ ကျွန်တော်တို့ မြန်မာပြည်သူတွေက လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်းမှာ သွားခဲ့တာက သူတို့ကြိုက်တဲ့ပါတီ အနိုင်ရရင်ပြီးရော၊ သူတို့ပါတီ မဲအများဆုံးဖြစ်သွားရင်ပြီးရောဆိုပြီး သွားခဲ့ကြတယ်။ ဆိုတော့ အခု PR မှာကျတော့ သူက တစ်ပါတီတည်းချည့် မဟုတ်ဘဲ ပါတီငယ်တွေလည်း အကုန်ရမယ်ဆိုတာ တွေ့ရတယ်။ အဲဒီဟာကို ကျွန်တော့်ကို သေသေချာချာပြန်ပြီးတော့ ရှင်းလင်းတဲ့မက်ဆေ့လေးပေးလို့ရမလားပြည်သူတွေကို။
ဖြေ ။ ။ ရပါတယ်။ PR စနစ်မှာကျတော့ ဒါကတော့ အန်ကယ့်အမြင် ပြောတာနော်။ အန်ကယ်လည်း မဲဆန္ဒရှင်တစ်ဦးအနေနဲ့ပြောရမယ်ဆိုရင် PR စနစ်က တိုင်းပြည်အတွက် အတော်များများမှာ သုံးပါတယ်။ ဘယ်လိုသုံးတယ်ဆိုတာ နောက်ပိုင်းကျရင် အန်ကယ် ရှင်းပြပါ့မယ်။ ဒါကအလွန်ကို သဟဇာတညီညွတ်မျှတတဲ့ သဘောရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေက ရွေးတဲ့အခါကျတော့ ခုနက Close List ဆိုရင် ပါတီကို မဲပေးရမယ်။ ပါတီကိုမဲပေးရတဲ့အခါကျတော့ ကိုယ်ကြိုက်တဲ့ပါတီကိုပေးမယ်။ ကိုယ်မကြိုက်ရင် ပေးစရာမလိုဘူး။ အဲဒီပါတီထဲမှာမှ ဥပမာကိုယ့်ဆွေမျိုးပါရင်ပါမယ်၊ သူ့ဆွေမျိုးပါရင်ပါမယ်၊ အပေါင်းအသင်းပါရင်ပါမယ်။ အဲဒီ ပါတီ List အောက်မှာ ဦီးဖြူ၊ ဦးနီ၊ ဦးမောင် ဘာညာဆိုပြီး ရေးထားမှာ ဖြစ်တယ်။ အဲဒါတွေကြည့်ပြီးတော့မှ ကိုယ်ကြိုက်တဲ့ပါတီကိုယ်ပေး။ ပေးတဲ့အခါမှာ လူကိုပေးလို့မရဘဲ ပါတီကိုပဲပေးရမယ်။ ပါတီကိုမဲပေးတဲ့အခါမှာ ဥပမာ မြို့နယ် (၁ဝ) မြို့နယ် ပေါင်းထားတဲ့ မဲဆန္ဒနယ် တစ်ခုမှာ မဲဆန္ဒ သွားပေးကြမယ်။ အဲဒီလို ပါတီကို ပေးလိုက်တဲ့အခါကျတော့ အဲဒီပါတီတွေ အကုန်လုံးကနေ ရရှိတဲ့ မဲတွေ အကုန်ပေါင်းလိုက်ရင် အဲဒါသည် ခိုင်လုံမဲ အရေအတွက်ဖြစ်သွားမယ်။ ဖြစ်သွားပြီးတော့မှ အဲဒီမှာရှိတဲ့ ထိုင်ခုံနံပတ်၊ မြို့နယ် (၁ဝ) မြို့နယ် ပေါင်းထားတဲ့ အတွက်ကြောင့် ထိုင်ခုံစိက လွှတ်တော်စိက (၁ဝ) နေရာ ဖြစ်မယ်။ ပြည်သူ့ လွှတ်တော်ဆိုရင်။ (၁ဝ) နေရာ ဖြစ်တဲ့အတွက် (၁ဝ) နေရာနဲ့ စားလိုက်ရင် အနည်းဆုံး လွှတ်တော် ထိုင်ခုံစိ တစ်နေရာ ရဖို့အတွက် ခိုင်လုံတဲ့ မဲဆန္ဒအရေအတွက် ထွက်လာလေ့မယ်။ ထွက်လာခဲ့ရင် အဲဒီထွက်လာတဲ့ မဲဆန္ဒအရေအတွက်ပေါ် မူတည်ပြီး တော့မှ (A) ပါတီသည် ဘယ်လောက်ရသလဲ၊ (B) ပါတီ ဘယ်လောက်ရသလဲ၊ (C) ပါတီ ဘယ်လောက်ရသလဲ၊ (D) ပါတီ ဘယ်လောက်ရသလဲ၊ (E) ပါတီ စသဖြင့် အဲဒီပါတီတွေ ဘယ်လောက်ရသလဲ ဆိုတာကို ခုနက ခိုင်လုံမဲ အရေအတွက်တွေ ရေလိုက်ရင် (A) ပါတီသည် လွှတ်တော်တစ်နေရာအတွက် ခိုင်လုံမဲအရေအတွက်ထက် ပိုများပြီ ဆိုရင် သူက နှစ်ဆများနေရင် နှစ်နေရာ သေချာနေပြီ၊ တစ်ဆခွဲပဲရှိရင် တစ်နေရာ ရနေပြီ၊ တစ်ဆပဲရှိတဲ့ သူသည် တစ်နေရာ ရနေပြီ။ အဲဒီလိုဖြစ်သွားမယ်။ ဒါကို တစ်နည်းအားဖြင့် ပြောရရင် အနည်းဆုံးကန့်သတ်ချက်ဖြစ်တယ်။ ဥပမာ ရုရှားဆိုရင် အနိမ့်ဆုံကန့်သတ်ချက်က (၅) ရာခိုင်နှုန်း၊ ခိုင်လုံမဲအရေအတွက်ရဲ့ (၅) ရာခိုင်နှုန်း ရမှသာလျှင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်မယ်ဆိုပြီး သတ်မှတ်ထားတာ။ တစ်ချို့နိုင်ငံတွေဆို (၃) ရာခိုင်နှုန်း၊ နဲနဲပိုပြီး ပါတီငယ်လေးတွေပါ ရစေချင်လို့ (၃) ရာခိုင်နှုန်း။ အဲဒီတော့ (A) ပါတီကနေပြီးတော့ (H) ပါတီထိ စသဖြင့် အဲဒီဟာတွေက အဲဒီလိုသွားတဲ့အခါမှာ သူတို့ရတဲ့ ခိုင်လုံမဲအရေအတွက်ကို တန်းစီချလိုက်ရင် ခုနက အန်ကယ်တို့ အနည်းဆုံး ရရမယ့်ကန့်သတ်ချက်၊ ထိုင်ခုံစိနေရာနဲ့စားလိုက်လို့ ထွက်ပေါ်လာတဲ့ မဲဆန္ဒရှင်တစ်ဦးရဲ့ ရတဲ့ဟာ။ ဒါကို တချို့က (၅%) အနည်းဆုံးရမှ၊ တချို့က(၆%) အနည်းဆုံးရမှ ဒီလိုတွက်ကြတယ်။ အဲဒီလိုတွက်တဲ့ အခါကျတော့ ကျန်တဲ့ပါတီတွေက အဲဒီအတွင်းမဝင်ရင် မဲမရဘူး။ မဲမရပေမယ့် စိုးရိမ်စရာ မရှိဘူး။ ပထမဆုံး တစ်နေရာ ရတဲ့လူကို တစ်နေရာပေးလိုက်မယ်။ ဆယ်ယောက်မှာ ငါးယောက်ပဲရမယ်ဆိုရင် ငါးယောက်ကျန်မယ်။ စိုးရိမ်စရာမရှိဘူး။ လက်ကျန်မဲအများဆုံးသူ ဘယ်သူရှိလဲ၊ အဲဒါတွေကို တန်းစီစားလိုက်ရင် လက်ကျန်မဲ အများဆုံးလူကနေ အနည်းဆုံးလူအထိ ကျန်တဲ့လူတွေ ဆက်ပေးကြခြင်းအားဖြင့် ပါတီတစ်ခုတည်း ကနေ ကြီးစိုးမှုကို မရှိတော့ဘဲနဲ့ ပါတီအားလုံးက သူ့မဲရတဲ့၊ သူ့မဲဆန္ဒရှင်ရဲ့ ဆန္ဒအတိုင်း လွှတ်တော်ကိုယ်စားလှယ် ကို အချိုးကျ ရရှိသွားမှာဖြစ်တယ်။ ဒါကြောင့်မို့ အချိုးကျကိုယ်စားပြုစနစ်ဆိုပြီးတော့ ဒီလို ဆောင်ရွက်လာခြင်း ဖြစ်တယ်။ အဲဒီလိုဆောင်ရွက်လာခြင်းရဲ့ အကျိုးကျေးဇူးကတော့ နိုင်ငံတစ်နိုင်ငံမှာ တစ်ပါတီတည်းကနေ ကြီးစိုးတာ (Winner Take All) လို ခေါင်ထိအကုန်စားလို အကုန်လုံးရတာမျိုး မဟုတ်ဘဲနဲ့ အချိုးကျရသွားတဲ့ အတွက်ကြောင့် လွှတ်တော်ထဲမှာ Balance of Power နဲနဲလေး ချိန်ညှိသွားမယ်လို့ ထင်ပါတယ်။

မေး ။ ။ အဲဒီတော့ ကျွန်တော် ဒီနေရာမှာ ထပ်ပြီးတော့ ရှင်းရှင်းလင်းလင်းပြောရရင်တော့ အရင်တုန်းကဆို မြို့နယ်တစ်ခုမှာ ထားပါတော့ ကိုယ်စားလှယ်က (A) နဲ့ (B) ရှိတယ် ဆိုပါစို့။ မဲဆန္ဒနယ် (၅) သောင်း ရှိတဲ့နေရာမှာ (A) ကိုပေးတဲ့မဲက (၃) သောင်း ရှိပြီးတော့ (B) ကိုပေးတဲ့မဲက(၂) သောင်း မပြည့်ဘူးဆိုရင် (A) က နိုင်ပြီးတော့ (B) ရဲ့ မဲတွေက အလဟသ ဖြစ်သွားတယ်ပေါ့။ ဆိုတော့ အဲဒီဟာကို ကာချင်တဲ့ သဘောမျိုးလို့ ပြောလို့ရလား။
ဖြေ ။ ။ ဒီလိုလည်း ပြောလို့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဥပမာ မြို့နယ်တစ်ခုမှာ ပါတီ (၄) ခု၊ (A)(B)(C)(D) ဝင်ပြိုင်တယ်။ ပါတီတစ်ခုက (၂၅) ရာခိုင်နှုန်းရတယ်။ လူတစ်သိန်းရှိတယ်ဆိုပါစို့။ ခိုင်လုံမဲတစ်သိန်း မှာ (၂၅) ရာခိုင်နှုန်းရတယ်။ နောက်ပါတီတစ်ခုက (၂၄)၊ နောက်ပါတီတစ်ခုက (၂၃)၊ နောက်ပါတီတစ်ခုက (၂ဝ)။ (၄) ယောက်ရမယ်။ (၄)ယောက်ရတဲ့အခါမှာအရင်က Winner Take All ဖြစ်တဲ့အတွက်ကြောင့် (၂၅) ရာခိုင်နှုန်း ရတဲ့လူက လူတစ်သိန်းရဲ့ကိုယ်စား ကိုယ်စားပြုသွားတယ်။ Winner Take All (FPTP) အရ အဲလိုဖြစ်သွားတယ်။ အဲတော့ (၇၅) ရာခိုင်နှုန်းသော လူတွေရဲ့ဆန္ဒက အလကား ဖြစ်သွားတယ်။ ဘာမှလုပ်လို့ မရတော့ဘူး ဖြစ်သွားတယ်။ တကယ်တော့ အဲ့လူကိုကြိုက်တာက (၂၅) ရာခိုင်နှုန်းပဲ ကြိုက်တာ လူတစ်သိန်းမှာ။ သို့သော် သူသည် လူတစ်ရာစာ ကိုယ်စားပြုတဲ့အတွက်ကြောင့် (၇၅) ရာခိုင်နှုန်းသော လူတွေရဲ့ ဆန္ဒသည် အလကားဖြစ်သွာတယ်။ အခုအချိုးကျကိုယ်စားပြုစနစ်ကျတော့ မဲဆန္ဒကို ကျယ်ဝန်းစွာသတ်မှတ်လိုက်ရင် မဲဆန္ဒနယ် တစ်ခုတည်း ပြိုင်တာမဟုတ်ဘဲနဲ့ မဲဆန္ဒနယ်(၁ဝ)ခုကို ပေါင်းပြီးတော့ မဲဆန္ဒနယ် တစ်ခုအဖြစ်၊ အရင်တုန်းကလို မြို့နယ် (၁ဝ) ခုကို ပေါင်းပြီးတော့ မဲဆန္ဒနယ် (၁ဝ) ခု၊လွှတ်တော်ကိုယ်စားလှယ်(၁ဝ)ယောက် ဝင်ပြိုင်ခိုင်းလိုက် ခြင်းအားဖြင့် ခုနကလိုဟာမျိုး ရလာခဲရင် အနည်းဆုံးကန့်သတ်ချက်ရရင်လွှတ် တော်ကိုယ်စားလှယ်ဖြစ်ပြီး ထိုင်းခုံ တစ်နေရာရပြီ။ တစ်နည်းအားဖြင့် ပြောရရင်တော့ ခိုင်လုံမဲဆန္ဒ နယ်အရေအတွက်ကို လွှတ်တော်ကိုယ်စားလှယ်စိ နဲ့ စားလိုက်ရင် ထွက်ပေါ်လာတဲ့ဟာသည် လွှတ် တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ ပြည့်မှီရမယ့် ခိုင်လုံမဲအရေ အတွက် ဖြစ်တယ်။ အဲဒီအရေအ တွက်ကို ကျော်လွန်သွားတဲ့ပါတီကတော့ အလိုလိုရပြီးသားဖြစ်တယ်။ မကျော်လွန်တဲ့ပါတီတွေလည်းစိုးရိမ်စရာမရှိဘူး။ ဘာကြောင့်လည်းဆိုတော့ အဲဒီလူတွေ ပေးသွားပြီးတော့ ဟိုလူတွေကိုပေး လိုက်သည့်တိုင် ဟိုလူတွေရဲ့ ကျန်တဲ့ဆန္ဒမဲကျန်လက်မှတ်သည် ကျန်တဲ့ပါတီတွေရဲ့ဆန္ဒမဲကျန်ထက် နည်းနေပြီဆိုရင် ကျန်တဲ့ပါတီတွေက သူ့ဟာနက်သူတက်လာမှာဖြစ်တယ်။ ဒါမှဘယ်သူ့ကိုကြိုက်တဲ့လူက ဘယ်နှစ်ရာခိုင်နှုန်းရှိတယ် ဆိုတဲ့ ရာခိုင်နှုန်းအချိုးအစားအလိုက် တက်သွားမှာဖြစ်တဲ့အတွက်ကြောင့် အချိုးကျကိုယ်စားပြုစနစ်သည် မြန်မာနိုင်ငံနဲ့ ကိုက်ညီတယ်လို့ အန်ကယ့်အနေနဲ့ ထင်မြင်ယူဆမိပါတယ်။

မေး ။ ။ အန်ကယ်တို့ ပါတီအနေနဲ့ရော UEC မှာ PR စနစ်နဲ့ပတ်သက်ပြီးတော့ PR စနစ်ထဲမှာ ဘယ်လိုပုံစံနဲ့ သွားသင့်တယ်ဆိုတာမျိုး တင်ပြခဲ့တာရှိလဲ။
ဖြေ ။ ။ အန်ကယ်တို့အနေနဲ့ကတော့ ခုန List PR ပေါ့။ List ဆိုတာ ခုန အချိုးကျကိုယ်စားပြုစနစ်ပေါ့။ ကိုယ်စားလှယ်အမည်ပေးထားတယ်။ List PR ပေးထားပြီးတော့ အဲဒီ PR နဲ့ ပြိုင်ဖို့ရယ်၊ နောက်တစ်ခုက အန်ကယ်တို့နိုင်ငံက တခြားနိုင်ငံထက် ထူးခြားတာတစ်ခုက အန်ကယ်တို့နိုင်ငံမှာ ပြည်နယ်နှင့်တိုင်း (၁၄) ခု ရှိတယ်။ အဲဒီအပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေ (၆) ခု ရှိတယ်။ ရှိတော့ (၁၄) ခုရယ် (၆) ခုရယ် ပေါင်းလိုက်ရင် (၂ဝ)။ အဲဒီအပြင် အန်ကယ်တို့ဆီမှာက လူမျိုးစုက (၁၃၅) မျိုးရှိတဲ့အတွက်ကြောင့် ဒေသတွင်းမှာ နေထိုင်တဲ့ လူမျိုးစုတစ်ခုဟာနိုင်ငံရဲ့လူဦးရေရဲ့ (.၁%) ကျော်တယ်ဆိုရင် မဲဆန္ဒနယ်တစ်ခုထူပေးရတယ်။ အဲဒါမျိုးတွေ အကုန်လုံကျတော့ တိုင်းရင်းသားနယ်မြေတွေမှာပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတွေက ရှိတဲ့အတွက်ကြောင့် သူတို့ကျ တော့ သူတို့ကြိုက်တဲ့သူကို သူတို့ရွေးနိုင်ဖို့အတွက် ဒါကတော့ခုနလိုဟာမျိုးပေးရမယ့်ဟာသည် ပြည်နယ်မှာသော်လည်း ကောင်း၊ တိုင်းမှာသော်လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှာသော်လည်းကောင်း အဲ့ဒီလူမျိုး စုတွေရှိရင် အဲဒီအတိုင်းပေးရမှာဖြစ်တယ်။ အဲဒီလိုပေးရမှာဖြစ်တဲ့အတွက်ကြောင့် အဲ့လိုလူနည်းစု ပေးရတဲ့ဟာတွေ၊ တိုင်းရင်းသားလူမျိုးတွေအတွက်ဆိုရင်တော့ သူတို့စိတ်ကြိုက်သူတို့ရွေးချယ်နိုင်အောင် လူအင်အားလည်းနည်းတယ်၊ မြို့နယ်လည်းနည်းတယ်၊ မဲဆန္ဒလည်း နည်းတဲ့အတွက်ကြောင့် သူတို့ပြိုင်တဲ့လူတွေသည် သူတို့စိတ်ကြိုက်၊ သူတို့ဒေသက သူတို့သိတဲ့သူကို မဲပေးနိုင်အောင် သူတို့ရဲ့အရည်အချင်းမီတယ်ဆိုတဲ့သူတွေကို ပေးနိုင်ဖို့အတွက် သူတို့အတွက် (FPTP) Winner Take All ကို လုပ်ပေးထားတယ်။ လုပ်ထားပြီးတော့ အန်ကယ်တို့ လူအများစုနေထိုင်တဲ့ ပြည်နယ်၊ တိုင်း (၁၄)ခုရယ် တိုင်းဒေသကြီးတွေ အကုန်လုံးကိုတော့ အချိုးကျကိုယ်စားပြုစနစ်(PR) နဲ့ ပြိုင်ပါ့မယ်ဆိုပြီးတော့ အန်ကယ်တို့ အဆိုပြုတင်ထားတယ်။

မေး ။ ။ အဲဒီစနစ်ထဲမှာက မဲဆန္ဒနယ်ကိစ္စပေါ့။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုမှာတောက်လျှောက်သွားခဲ့တာက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၃ဝ)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၁၆၈)၊ တပ်မတော်သား ကိုယ်စားလှယ်က (၂၅) ရာခိုင်နှုန်းပေါ့။ ဆိုတော့ အဲဒီအချိုးအစားနဲ့ သွားတာပေါ့။ ဒီ PR မှာကရော အဲဒီထက် ပိုများမှာလား၊ နည်းမှာလား၊ ဒီ (၃၃ဝ) ထဲကိုပဲ PR နဲ့ ထိုးထည့်မှာလား။ ဘယ်လိုပုံစံနဲ့သွားမှာလဲ။
ဖြေ ။ ။ အဲဒါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁ဝ၉)မှာ အတိအကျ ပြဋ္ဌာန်းထားတယ်။ မြို့နယ်ကို အခြေခံ၍ သော်လည်းကောင်း၊ လူဦးရေကို အခြေခံ၍သော်လည်းကောင်း၊ လွှတ်တော်နေရာပြည်သူ့လွှတ်တော်မှာဆို (၃၃ဝ) ထက် မပိုရ၊ အကယ်၍ မြို့နယ်တွေပိုခဲ့လာရင်လည်းနည်းစပ်ရာမြို့ နယ်နဲ့ပေါင်းပြီးတော့ လွှတ်တော်ကိုယ်စား လှယ် အရေအတွက်သည် (၃၃ဝ) ထက် မပိုရလို့ကန့် သတ်ထားတယ်။ အဲတော့ ပုဒ်မ (၁၄၁) မှာလည်း အမျိုးသားလွှတ်တော်ထဲမှာ ပြည်နယ်၊တိုင်းတစ်ခုမှာ (၁၂) ဦးကျ ကိုယ်စားပြုရတဲ့အတွက်ကြောင့် (၁၆၈) ဦးပဲ ရတယ်။ အဲ့(၁၆၈) ဦးပဲ အန်ကယ်တို့က ရွေးပေးရမှာဖြစ်တယ်။ ဒါကြောင့် အန်ကယ်တို့ သွားတဲ့ ဟာသည် တိုင်းဒေသကြီးတွေမှာလည်း မြို့နယ်တစ်ခုကို (၂)ဦးကျ နှုန်းနဲ့ ပါရမယ်။ ကန့်သတ်ပေးပြီးသား ဖြစ်တဲ့အတွက်ကြောင့် အခြေခံဥပဒေရဲ့ ကန့်သတ်တဲ့ဘောင်ကို မကျော်လွန်ဘဲ လုပ်တဲ့အတွက်ကြောင့် အန်ကယ် တို့က အခြေခံဥပဒေနဲ့ ညီတယ်လို့ ပြောလို့ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတာက ဘယ်စနစ်နဲ့ ဘယ်လိုလုပ်ပါလို့ မပါပါဘူး။ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေပုဒ်မ (၁ဝ၉) မှာ မြို့နယ်ကိုအခြေခံ၍ PR စနစ်ဖြင့် ကိုယ်စားလှယ်များ ရွေးချယ်တင်မြှောက်ပါက ဖော်ပြပါမဲဆန္ဒနယ်သတ်မှတ်ကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်မြို့နယ်လျှင်ကိုယ်စားလှယ်တစ်ဦးကျစီ ဖော်ပြသည့်အတိုင်း ရွေးကောက်တင် မြှောက်နိုင်ပါသည်။ ဒါသူ့ရဲ့ ခွင့်ပြုချက်ဥပဒေ။ နောက်တစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ပုဒ်မ (၁၄၁) မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုစီမှကိုယ်စား လှယ်တစ်ဦးချင်းစီပါဝင်စေပြီး သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေများအပါအဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီက ကိုယ်စားလှယ် (၁၂)ဦးကျ ရွေးကောက်တင်မြှောက်သည့် ကိုယ်စား လှယ် (၁၆၈) ဦး တင်မြှောက်ပေးရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ပုဒ်မ (၁၆၁) (က) အရ တိုင်းဒေသကြီးပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တစ်မြို့နယ်လျှင် (၂) ဦးကျစီ မဖြစ်မနေ ရွေးကောက်တင်မြှောက်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေကလွဲလို့ ကျန်တဲ့ဟာတွေ အားလုံးကို အချိုးကျကိုယ်စားပြုစနစ်နဲ့ ဆောင်ရွက်ပြီးတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေတော့ မိမိစိတ်ကြိုက်ရွေးချယ်နိုင်အောင်လို့ (FPTP) စနစ်နဲ့ ဆောင်ရွက်ဖို့ အကြံပြုတင်ပြခဲ့ပါတယ်။

မေး ။ ။ အခုလို PR စနစ် စမယ်လို့ ကြားတဲ့အချိန်မှာ တခြားတစ်ဖက်မှာ အသံတွေထွက်လာတာ ရှိတယ်။ PR စနစ်က လွှတ်တော်ပေါ်မှလုပ်လို့ရတာ၊ လွှတ်တော်ခေါ်မှ လုပ်လို့ရတာ၊ လွှတ်တော်မပါဘဲနဲ့ လုပ်လို့မရဘူးဆိုတာ ပြောတယ်။ တစ်ချိန်တည်းမှာပဲ PR စနစ်ကို ကျင့်သုံးချင်တဲ့ သူတွေက ပြီးခဲ့တဲ့ သက်တမ်းတစ်လျှောက်လုံးမှာ မဲရှုံးတဲ့ပါတီတွေက စုလုပ်တာဆိုတာမျိုး အဲဒီလိုပြောကြတာ တွေ့ရတယ်။ ဒီအပေါ်မှာ အန်ကယ့်အနေနဲ့ ဘာများပြောချင်တာရှိမလဲ။
ဖြေ ။ ။ အန်ကယ့်အနေနဲ့ ပြောချင်တာကတော့ နိုင်ငံတိုင်း၊နိုင်ငံတိုင်းက သူ့ရဲ့ Mother Law ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သွားတာဖြစ်ပါတယ်။ ဖွဲ့စည်းပုံနဲ့အညီ သွားတဲ့အတွက် အခုလိုစာအုပ်ကြီးကိုင်ပြီး ပြောတာကတော့ လက်လွတ်စပါယ်ပြောတယ်ဖြစ်မှာစိုးလို့ပါ။ အတိအကျဖြစ်အောင်လို့ တင်ပြခြင်းဖြစ်ပါတယ်။ အဲတော့ အန်ကယ်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ခွင့်ပြုတာက ပြည်သူ့လွှတ်တော်ကို လွှတ်တော်ဦးရေ (၄၄ဝ) ဦးဖြင့် အောက်ပါတိုင်းဖွဲ့စည်းရမည်။ (က) မှာမြို့ နယ်ကို အခြေခံ၍ လည်းကောင်း၊ လူဦးရေကို အခြေခံ၍ လည်းကောင်း၊ မြို့နယ် (၃၃ဝ) ထက် ပိုမိုလာပါက အသစ်ဖွဲ့စည်းသည့် မြို့နယ်ကို တစ်ဆက်တစ်ဆက်တည်း ဖြစ်သော သင့်လျော်သည့်မြို့ နယ်တစ်ခုနှင့် ပူးပေါင်း၍လည်းကောင်း၊ ဥပဒေနှင့်အညီ မဲဆန္ဒနယ်သတ်မှတ်ပြီး ရွေးကောက်တင် မြှောက်သည့် (၃၃ဝ)ဦးထက်မပိုသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်ရမည်။ အန်ကယ်တို့ လုပ်ပိုင်ခွင့်ရှိတာ ဒါပဲ။ ကျန်တဲ့ဟာ ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနဲ့အညီ ပြင်ဆင်ပေးသည့် (၁၁ဝ) ဦးထက် မပိုသော တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်ရမယ်။ ဒါတွေသည်ဖွဲ့ စည်းပုံအခြေခံဥပဒေအရ သူ့ရဲ့ Right အနေနဲ့ ပေးထားတဲ့အတွက်ကြောင့် သူ့ Right အနေနဲ့ သူ့ဟာသူ ပါဝင်ပြီးသားဖြစ်တယ်။ အန်ကယ်တို့ လုပ်ရမှာက ဥပဒေနဲ့အညီ မဲဆန္ဒနယ် သတ်မှတ်၍ တစ်မြို့ နယ် တစ်ခုသတ်မှတ်ရမယ်လို့ မပါဘူး။ တစ်နိုင်ငံလုံးမှာ တစ်ခုသတ်မှတ်လို့ မပါဘူး။ ဥပမာ အစ္စရေးဆို တစ်နိုင်ငံလုံးမှာ မဲဆန္ဒနယ် တစ်ခုပဲ သတ်မှတ်တယ်။ ကျွန်တော်တို့နိုင်ငံမှာ မဲဆန္ဒနယ်သတ်မှတ် ၍ဆိုတာ ဒီသတ်မှတ်ချက်ကိုလည်း ဘယ်သူက လုပ်ပိုင်ခွင့်ရှိလဲဆိုရင် UEC က လုပ်ပိုင်ခွင့်ရှိတယ်။ PR စနစ်မှာ ကျယ်ဝန်းတဲ့ မဲဆန္ဒနယ်သတ်မှတ်ခြင်းဆိုတာ မြို့နယ် (၁ဝ) ခုလည်း ပါရင်ပါမယ်။ (၈) ခုလည်း ပါရင်ပါမယ်။ (၆) ခုလည်း ပါရင်ပါမယ်။ မဲဆန္ဒနယ် သတ်မှတ်တဲ့ အပေါ်မူတည်ပြီးတော့ အချိုးကျပါသွားမှာ ဖြစ်တယ်။ အဲဒီအထဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်တယ်။ ဒါကြောင့် အန်ကယ်မြင်တာကတော့ တစ်ပါတီတည်းကနေ ခေါင်ထိအကုန်စား၊ အကုန်ယူသွားပြီးတော့ပြီးခဲ့တဲ့ရွေး ကောက်ပွဲနှစ်ခုကို ကြည့်လိုက်မယ်ဆိုရင် ပထမ (၂ဝ၁ဝ) ရွေးကောက်ပွဲ၊ ဒုတိယ ရွေးကောက်ပွဲတွေမှာ တစ်ပါတီတည်းက ယူသွားတဲ့အတွက် တချို့လွှတ်တော်ထဲမှာ အခြေအတင်ဆွေးနွေးရမယ့် ကိစ္စလေးတွေမှာ ကန့်ကွက်တာနဲ့တင် Draft ဖြစ်သွားတာတွေရှိကောင်းရှိပါတယ်။ ဒါတွေကိုလည်း ပြည်သူတွေအားလုံး သိပါတယ်။ အဲဒီတော့ ဒီလိုအချိုးကျ ထည့်လိုက်ခြင်းအားဖြင့် လွှတ်တော်ထဲမှာ Balance of Power ညီသွားမယ့် အခါကျတော့ လူထုအများစုရဲ့ ဆန္ဒနဲ့ ကိုက်ညီတဲ့အရာတွေအားလုံး ပိုပြီးတော့ အဆင်ပြေလာမယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း တစ်ရွာ တစ်ပုဒ်ဆန်းဆိုသလို့ကန့် ကွက်နေရင်လည်း တချို့ဟာတွေ ဆိုရင်လည်း ပြီးမှာမဟုတ်တော့ဘူး။ အဲဒါကြောင့်မလို့ တကယ့်ကို အရည်အချင်းရှိတဲ့လူ။ အရည်အသွေးရှိတဲ့လူ။ လုပ်နိုင်ကိုင်နိုင်တဲ့လူ။ တိုင်းပြည်ချစ်စိတ်ရှိတဲ့လူ။ မျိုး ချစ်စိတ်ရှိတဲ့လူတွေ များများပါသွားပြီဆိုရင်တော့ ဒီ (Proportional) အချိုးကျကိုယ်စားပြုစနစ်သည် အလွန်ကောင်းတဲ့ စနစ်ဖြစ်တယ်ဆိုတာလေး အကြံပြုတင်ပြလိုပါတယ်။

မေး ။ ။ နောက်တစ်ခုက တချို့တွေ အမြဲတမ်းမေးခွန်းထုတ်နေတဲ့ ကိစ္စတစ်ခုရှိတယ်။ PR စနစ် ကျင့်သုံးမယ်ဆိုရင် တပ်မတော်သား (၂၅) ရာခိုင်နှုန်းကရော ဆက်ရှိမှာလား၊ မရှိဘူးလား၊ ဘယ်လိုပုံစံလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိဘူးနဲ့ နောက်တစ်ခုက ပါဖို့သင့်လား၊ မသင့်ဘူးလားဆိုတဲ့နေရာမှာ မပါသင့်ဘူးလို့ ဝိုင်းပြောတာတွေ ရှိတယ်။ ဆိုတော့ ဒီအပေါ်မှာရော ဘယ်လိုမြင်လဲခင်ဗျ။
ဖြေ ။ ။ အန်ကယ့်အမြင်ကတော့ နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ သူ့ရဲ့ Mother Law ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အတိုင်း သွားတာဖြစ်ပါတယ်။ အဲဒီလိုသွားတာဖြစ်တဲ့အတွက်ကြောင့် အဲဒီအောက်မှာပဲ အန်ကယ်တို့က ဒီဟာကို လုပ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီဟာက ဖွဲ့စည်းပုံအခြေခံဥပဒေတိုင်း ဆောင်ရွက်တာဖြစ်တဲ့အတွက်ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ခုနက အန်ကယ်ဖတ်ပြသလို အန်ကယ်တို့ရွေးပေးရမှာက မြို့နယ်ကိုအခြေခံ၍၊ လူဦးရေကိုအခြေခံ၍ (၃၃ဝ) ထက် မပိုသော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ကို အန်ကယ်တို့က ရွေးပေးရမှာ။ အပိုဒ် (ခ)မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနဲ့အညီတင်သွင်းသော တပ်မတော်သားကိုယ်စားလှယ် (၁၁ဝ) ဦးထက် မပိုသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊ (၁၁ဝ) ထက် ပိုပြီးတော့ (၁၅ဝ) မရဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပေးပြီးသားဖြစ်တယ်။ ဒါကို အန်ကယ်တို့ (၉၂.၄၈) ရာခိုင်နှုန်းက ဒါကိုထောက်ခံထားတဲ့ အတွက်ကြောင့် တစ်နိုင်ငံလုံးနီးပါး ထောက်ခံထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တဲ့အတွက်ကြောင့် ဒီအတိုင်းပဲ ဆက်သွားမှာ ဖြစ်ပါတယ်။ ဒီလိုပဲ အန်ကယ် ပြောပါရစေ။

မေး ။ ။ နောက်တစ်ခုကတော့ PR စနစ်ကို ကျွန်တော်တို့နိုင်ငံပဲ ထွင်းဖောက်ပြီးတော့ သုံးနေတာလား။ ဒါမှမဟုတ် အခြားနိုင်ငံတွေကရော သုံးနေလား။ နောက်ပြီးတော့ PR စနစ်ရဲ့ အားနည်းချက်၊ အားသာချက်ကို ပြောပြစေလိုပါတယ်။
ဖြေ ။ ။ အန်ကယ် လေ့လာထားသမျှပေါ့နော်။ နိုင်ငံတွေမှာ အင်ဒိုနီးရှား၊ အားမေနီးယား၊ အဇာဘိုင်ဂျန်၊ ဂျော်ဒီယံ၊ ဂီနီ၊ ဂျပန်၊ ကာဂျစ်စတန်၊ ကိုရီးယား၊ ယူကရိန်းစသဖြင့်ပေါ့လေဒါတွေဟာအချိုး ကျကိုယ်စားပြု စနစ်ကို ကျင့်သုံးတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။ အဲဒီတော့ အန်ကယ်လေ့လာထားတဲ့ နိုင် ငံတွေကို ပြောမယ်ဆိုရင် ဥပမာအစ္စရေးနိုင်ငံအကြောင်းစပြောတာပေါ့။ အစ္စရေးနိုင်ငံမှာဆိုရင်အ နည်းဆုံး ခိုင်လုံမဲအရေအတွက် သတ်မှတ်ချက်က အခြားနိုင်ငံနဲ့ နှိုင်းယှဉ်မယ်ဆိုရင် နည်းတယ်။ ပြီးတော့ အစ္စရေးနိုင်ငံမှာရှိတဲ့ နိုင်ငံရေးပါတီ ငယ်များကို ကိုယ်စားပြုခွင့် ပိုမိုရရှိစေရန် ဆောင်ရွက်ထားခြင်း ဖြစ်တယ်။ ဥပမာ ခုနက အန်ကယ်ပြောတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့အနည်း ဆုံးရရှိရမယ့် မဲအရေအတွက် ခိုင်လုံမဲအရေအတွက် (၂%) (၃%) က ပါတီငယ်လေးတွေကလည်းရနိုင်တယ်။ တချို့ပါတီကြီးတွေကတော့ သူ့ထက်ပိုပြီးအများကြီးရမှာပေါ့။ ရရင်သူကလွှတ်တော်အ မတ်အများကြီးရမယ်။ ဘာလို့ဆိုရင် တစ်နိုင်ငံလုံးမှာ မဲဆန္ဒနယ် တစ်ခုပဲရှိတယ်။ ဒါကြောင့် သူတို့ရဲ့ရည်ရွယ်ချက်က ဘာလည်းဆိုရင် နိုင်ငံရေးပါတီငယ်များကို ကိုယ်စားပြုခွင့် ပိုမိုရဖို့အတွက် ဆောက်ရွက်ပေးခြင်းဖြစ်တယ်။ ဆိုတော့ အဲဒီနိုင်ငံတွေမှာလည်း အဲသလို့ ဆောင်ရွက်တာတွေ့တယ်။ အစ္စ ရေးနိုင်ငံမှာ ဒီကနေ့အထိ ဘယ်လိုတည်မြဲ၊ ခိုင်မြဲနေလဲဆိုတာ သားတို့သိပြီးသားဖြစ်တဲ့အတွက် အန်ကယ် သိပ်ပြီးတော့ မရှင်းပြတော့ပါဘူး။ နောက်တစ်ခါ အန်ကယ်တို့နဲ့ နီးစပ်တဲ့ ကမ္ဘောဒီးယားမှာဆိုရင် ရွေးကောက်ပွဲ စလုပ်ကတည်းက အချိုးကျကိုယ်စားပြုစနစ် Close List ကို အသုံးပြုခဲ့တာဖြစ်တယ်။ ခုနက အန်ကယ်ပြောတဲ့ အထဲမှာလည်း ပါပြီးသားဖြစ်တယ်။ သူတို့ကတော့ အနိမ့်ဆုံးထောက်ခံမဲ ရာခိုင်နှုန်း(ခိုင်လုံမဲအရေအတွက်)က ရုရှားဆို (၅)ရာခိုင်နှုန်းသတ်မှတ်တယ်။ သူတို့ကတော့ သတ်မှတ်ထားခြင်းမရှိဘဲနဲ့ အဲဒီနည်းလမ်းတွေများထဲက ရရှိတဲ့ခိုင်လုံမဲအရေအတွက်ကို လွှတ်တော်အမတ်အရေအတွက်နဲ့ စားလိုက်ရင် လွတ်တော်ထိုင်ခုံတစ်နေရာ အတွက် ရရှိရမယ့် မဲအရေအတွက်ထွက်လာမှာ။ ဒါကိုတော့သူ့နိုင်ငံ၊ သူ့ဥပဒေနဲ့ဆက်လုပ်တာဖြစ်ပါတယ်။ နောက်ပြီး နီပေါနိုင်ငံကိုကြည့်ရင်လည်း အချိုးကျကိုယ်စားပြုစနစ်နဲ့ (FPTP)နှစ်ခုလုံးကို ပြိုင်တူကျင့်သုံးတယ်။ အန်ကယ်တို့ အခုတင်ပြတဲ့အတိုင်းပေါ့။ ဒါ နီပေါနိုင်ငံမှာ ကျင့်သုံးတာဖြစ်တယ်။ ကျင့်သုံးတဲ့အခါမှာ ဘာဖြစ်လဲ ဆိုတော့ သူတို့နိုင်ငံမှာလည်း တိုင်းရင်းသားတွေအများကြီး။ အဲဒီတိုင်းရင်းသားလူမျိုစုတွေကလည်း သူ့လူသူ စိတ်ကြိုက်ရွေးချယ်ခွင့်ရတယ်။ လူအများစု ရောပြွမ်းနေထိုင်တဲ့ နေရာတွေမှာလည်း ကိုယ်စားပြုစနစ်ဖြစ်တဲ့ အတွက်ကြောင့် တစ်သီးပုဂ္ဂလအမတ်တွေလည်း နေရာရမယ်။ ပါတီငယ်လေးတွေလည်း နေရာရမယ်။ တစ်ဦး တစ်ယောက်တည်းကနေပြီးတော့ အနိုင်ရအကုန်ယူဆိုတာမျိုးတွေ မဖြစ်တော့ဘဲနဲ့ တစ်ခုတည်းသော ပါတီက ကြီးစိုးတာမဟုတ်ဘဲနဲ့ အားလုံကနေ ဝိုင်းပြီးတော့ ကိုယ်စားပြုတဲ့စနစ်ကို ကူးပြောင်းသွားတာဖြစ်တယ်။ ဒါကတော့ နီပေါနိုင်ငံဖြစ်တယ်။ ပါကစ္စတန်မှာ ကြည့်မယ်ဆိုရင်လည်း ကိုယ်စားပြုစနစ်ကို ဒီလိုဘဲ ကျင့်သုံးပါတယ်။ ဒီမှာဘာထူးခြားတာတွေ့လည်းဆိုတော့ ဒါကတော့ ဗဟုသုတအဖြစ် အန်ကယ်တင်ပြတာပါ။ သမ္မတအဖြစ်ရွေးချယ်တင်မြှောက်သူသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်။ နိုင်ငံသားဖြစ်သူ၊ မွတ်စလင်ဖြစ်သူ၊ အသက် (၄၅) နှစ် ပြည့်ပြီးသူ။ ဒီတိုင်းပဲ သူ့ရဲ့စာအုပ်ထဲမှာ ရေးထားတာဖြစ်တယ်။ နောက် ဂျာမဏီမှာဆိုရင် လွှတ်တော်နှစ်ရပ်ရှိတယ်။ အထက်လွှတ်တော်မှာဆိုရင် ကိုယ်စားလှယ် ၆၉ ဦးနဲ့ ဖွဲ့စည်းတယ်။ အဲဒါကို တစ်ပြည်လုံးအတိုင်းအတာနဲ့ ရွေးကောက်ခြင်းမဟုတ်ဘဲ ပြည်နယ်အစိုးရက စီစစ်ပြီးတော့ ရွေးကောက်တယ်။ ရွေးကောက်ပြီးတော့ ကျန်တဲ့ အောက်လွှတ်တော်မှာရှိတဲ့ မဲဆန္ဒတွေကို (၄) နှစ်တစ်ကြိမ် ကျင်းပပြီးတော့ လုပ်တဲ့အခါမှာ ကန့်သတ်ချက်အနေနဲ့ကတော့ ခုနက အနိမ့်ဆုံးခိုင်လုံမဲအရေအတွက်ကို (၅) ရာခိုင်နှုန်းရှိဖို့လိုတယ်လို့ သတ်မှတ်ထားတယ်။ ဒါဟာ အချိုးကျကိုယ်စားပြုစနစ်ပဲ။ ကိုယ်စားလှယ်တစ်ဦးရဲ့ အနိမ့်ဆုံး ရရှိရမယ့် အရေအတွက်ပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက ရုရှားမှာဆိုရင် အမတ်နေရာ (၄၅ဝ) ရှိတဲ့နေရာမှာ ထက်ဝက်ဖြစ်တဲ့ (၂၂၅) နေရာကို အချိုးကျကိုယ်စားပြုစနစ် (Close List) နဲ့ ပါတီကို မဲပေးရတာ ဖြစ်တယ်။ ကျန်တဲ့ (၂၂၅) ကိုတော့ (FPTP) နဲ့ ရွေးတယ်။ အဲဒီတော့ အန်ကယ်တို့က အကြံပြုတာကတော့ လူနည်းစုဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနဲ့ တိုင်းရင်းသားဒေသတွေကိုတော့ (FPTP) နဲ့ ခုနက ရုရှားလိုပေါ့။ ရရှားလိုတော့ မဟုတ်ဘူးပေါ့။ ဒါအန်ကယ်တို့ နိုင်ငံအနေအထားအရ အန်ကယ်တို့လုပ်တာဖြစ်တယ်။ ကျန်တဲ့ ပြည်နယ်တိုင်းဒေသကြီး အားလုံကိုတော့ အချိုးကျကိုယ်စားပြစနစ် (Close List) နဲ့ လုပ်ဖို့ အကြံပြုထားတာ ဖြစ်ပါတယ်။

မေး ။ ။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က သတင်းတွေဖတ်ကြည့်တဲ့အခါ တချို့တွေရေးတာတွေ့ရတယ်။ ဘာလဲ ဆိုတော့ အခု PR စနစ်ကို ကျင့်သုံးပြီးရင် တပ်မတော်သား (၂၅) ရာခိုင်နှုန်းက လွှတ်တော်ထဲမှာ ဆက်ရှိမယ်။ နောက်ပြီး တခြားသော တက်လဲတဲ့ပါတီတွေနဲ့ အားလုံးပေါင်းပြီးတော့ သမ္မတလောင်း ရွေးတဲ့အခါကျရင် တပ်မတော်သား (၂၅) ရာခိုင်နှုန်းနဲ့ပေါင်းပြီး ရွေးဖို့လုပ်နေတယ်ဆိုတာမျိုး သတင်းတွေ တွေ့ရတယ်။ ဆိုတော့ PR စနစ်က အဲဒီလိုမျိုး တမင်ကို လမ်းကြောင်းတွန်းပို့တာမျိုးလို့ ပြောလို့ရမလား။ ဘယ်လိုပြောလို့ရလဲ။
ဖြေ ။ ။ PR စနစ်ဆိုတာကတော့ အချိုးကျကိုယ်စားပြုစနစ် ဖြစ်တဲ့အတွက်ကြောင့် လွှတ်တော်ထဲ ရောက်သွားရင် ပါတီတစ်ခုတည်းကနေ ကြီးစိုးပြီးရောက်သွားတာမဟုတ်ဘဲနဲ့ ပါတီစုံကနေရောက်သွားမှာဖြစ်တဲ့အတွက်ကြောင့် တပ်မတော်သား ကိုယ်စားလှယ်က (၂၅) ရာခိုင်နှုန်းရှိမယ်။ သူပေါင်းရမယ့်ဟာတွေသည် ပါတီတစ်ခုတည်းနဲ့ ပေါင်းလို့ရတယ်ဆိုရင်လည်း သူ့အတွက်ကံကောင်းမှာပေါ့။ အဲလိုမဟုတ်ဘဲနဲ့ ဟိုပါတီ၊ ဒီပါတီ၊ ပါတီပေါင်းစုံ မျှခြေအတိုင်း ရသွားမယ်ဆိုရင် လိုက်ပေါင်းဖို့ဆိုတာ အတော်ခက်ပါတယ်။ ဒါမျိုးက မဖြစ်နိုင်ဘူးလား ဆိုတော့ မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး။ ဖြစ်ချင်လည်း ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် သမ္မတရွေးကောက်ပွဲဆိုတာ ပြည်သူ့လွှတ်တော်က သမ္မ တလောင်းတစ်ဦး၊ အမျိုးသားလွှတ်တော်က သမ္မတလောင်းတစ်ဦး၊ တပ်မတော်က သမ္မတလောင်း တစ်ဦး။ တပ်မတော်ကတော့ သူ့ဟာနဲ့သူဆိုတော့ သူ့ဟာနဲ့သူဖြစ်တယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုး သားလွှတ်တော်မှာ ခုနကအန်ကယ်ပြောသလို အချိုးကျဖြစ်သွားမယ်ဆိုရင် သူ့တင်မယ်၊ ငါ့တင်မယ်နဲ့ အဲဒီမှာတင် အခြေအတင်လေးတွေ ဖြစ်သွားမယ်။ ပြီးရင်လည်း အမျိုးသားလွှတ်တော်က တင်ရင်လည်း ဒီလိုပဲ ဖြစ်လာမယ်။ အဲဒီသုံးယောက်ကို ပေါင်းပြီးတော့ သမ္မတရွေးချယ်ရေးအဖွဲ့ကနေအခြေ ခံဥပဒေနဲ့အညီ ရွေးချယ်တဲ့ အခါကျရင်ရော အဲဒီတက်လာတဲ့လူတွေက လက်ခံ၊မခံ။ ရွေးချယ်ရေးအဖွဲ့မှာရော ပါသွားတဲ့လူတွေက ဘယ်သူ တွေ ပါသွားလဲ။ အဲဒီလို အချိုးကျတဲ့အတွက်ကြောင့် အန်ကယ့်အမြင်ပြောရရင် အများစုဆန္ဒနဲ့ ကိုက်ညီတဲ့လူ၊ တကယ်အရည်အချင်းရှိတဲ့လူ၊ နိုင်ငံတော်လည်း တကယ်ချစ်တဲ့လူက သမ္မတဖြစ်လာလေ့မယ်လို့ အန်ကယ်ကတော့ ယုံကြည်ပါတယ်။

မေး ။ ။ အဲဒီတော့ အန်ကယ်တို့ လွန်ခဲ့တဲ့ဆယ်နှစ် အတွေ့အကြုံကိုကြည့်ပြီး ဒီ PR စနစ်ကတော့ နိုင်ငံနဲ့ပိုပြီး ကိုက်ညီမှုရှိမယ်လို့ ပိုပြီးယုံကြည်ထားလား။
ဖြေ ။ ။ အန်ကယ့်အနေနဲ့ပြောရင်တော့ ဒီစနစ်က အန်ကယ်တို့နိုင်ငံနဲ့ ပိုပြီးတော့ ကိုက်ညီတယ်လို့ ယူဆပါတယ်။ ဥပမာ ကျေးရွာတစ်ရွာမှာ လူကြီးရွေးမယ်ဆိုရင် အားလုံးကြိုက်တဲ့လူ မဲဆန္ဒအများဆုံးရတဲ့လူ တစ်ယောက်တည်းကို ရွေးတာမဟုတ်ဘဲနဲ့ မဲဆန္ဒအများဆုံးရတဲ့လူနဲ့ အားလုံးဖွဲ့စည်းပြီးတော့ ရွေးချယ်လိုက်တယ် ဆိုရင် ဒါကြောင့် ဥက္ကဋ္ဌရယ် အဖွဲ့ဝင်တွေရယ်အကုန်ပါဝင်လာမယ်ဆိုရင် အဲဒီကျေးရွာလေး ပိုမိုကောင်းသွားမှာ ဖြစ်သလို ဒီဟာကိုလည်း အဲဒီလိုအဆင်ပြေလေ့မယ်လို့ အန်ကယ်ယူဆမိပါတယ်။

မေး ။ ။ နောက်ဆုံးသုံးသပ်ချက်အနေနဲ့ ကျွန်တော်မေးချင်တာက အခု PR ကို ကျွန်တော့်အနေနဲ့ မြင်လိုက်တာက ပြည်သူ့လွှတ်တော် (၃၃ဝ)၊ အမျိုးသားလွှတ်တော် (၁၆၈) ပေါ့။ အဲဒီလွှတ်တော်နှစ်ရပ်မှာ လူစာရင်းကို မပြောင်းဘဲ ဖွဲ့စည်းပုံနဲ့အညီ PR နဲ့ မဲဆန္ဒနယ်ကို ရွေးချယ်ခိုင်းပြီးတော့ ကိုယ်စားလှယ်တွေကို လွှတ်တော်ထဲ ထည့်သွင်းလိုက်တဲ့ပုံစံမျိုး တွေ့ရတယ်။ ဆိုတော့ ဖွဲ့စည်းပုံကိုလည်း မချိုးဖောက်ဘူး။ လွှတ်တော် ကိုလည်း ခေါ်စရာမလိုဘဲနဲ့ဥပဒေထဲက ရအောင်လုပ်သွားတဲ့သဘောမျိုးတွေ့ရတယ်။
ဖြေ ။ ။ မှန်ပါတယ်။ ဥပဒေအရပေါ့။ ဥပဒေထဲက ရအောင်လုပ်တာမဟုတ်ဘဲနဲ့ဥပဒေဘောင်အတွင်းက လုပ်တဲ့သဘောပေါ့။

မေး ။ ။ အဲဒီစနစ်က အန်ကယ်တို့ပါတီက တင်တာတွေနဲ့ UEC နဲ့က တော်တော်နီးနီးစပ်စပ် သွားတူနေတယ် လို့ တချို့ကပြောနေကြတယ်။ ဆိုတော့ ဘယ်လိုကြောင့် သွားတူနေတယ်လို့ ပြောလို့ရလဲ။
ဖြေ ။ ။ အန်ကယ်တို့ပါတီကလည်း ဒီစနစ်ကို စပြီးကျင့်သုံးမယ်လို့ ဆိုတဲ့အတွက် အချိန်ရတဲ့အတွက် ဒီကျင့်သုံးမယ့် PR စနစ်သည် အန်ကယ်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လို့မရဘူး။ မရတဲ့အတွက် ကြောင့် အဲဒါတွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ။ နောက်ပြီးတော့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ကိုက်ညီမှု ရှိ၊မရှိကို အန်ကယ်တို့ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဥက္ကဋ္ဌ ကိုယ်တိုင် ဆွေးနွေးတယ်။ အဲဒီဆွေးနွေးချက်တွေက ဖွဲ့စည်းပုံမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဒါတွေ၊ဒါတွေ ပြဌာန်းထားပါတယ်။ ကော်မရှင်ဥပဒေမှာလည်း ဒါတွေ၊ ဒါတွေ ပြဌာန်းထားတယ်။ မဲဆန္ဒနယ်သတ်မှတ်ခြင်း၊ ရွေးကောက်ပွဲများ ပြန်လည်ကျင်းပနိုင်ခြင်း၊ မဲဆန္ဒနယ်ဖျက်သိမ်းခြင်း၊ စသဖြင့် ပုဒ်မ (၁၈) အခန်း (၆) မှာ ပါပြီးသား ဖြစ်ပါတယ်။ အဲဒါတွေပြဋ္ဌာန်းထားပါတယ်။ အဲဒါတွေနဲ့ ကိုညီမှု ရှိလား၊မရှိလားဆိုတာ အန်ကယ်တို့က ဆန်းစစ်ပါတယ်။ ဥပဒေနဲ့အညီ ကိုက်ညီမှုရှိမှသာ ခုနက ကမ္ဘာမှာဖြစ်နေတာတွေကို အန်ကယ်ပြောခဲ့တာက အနည်းကျဉ်းပဲ ရှိပါတယ်။ သူ့သက်ဆိုင်ရာအသီးသီးက Subject အလိုက် ဒါတွေကို လေ့လာပြီး ဘယ်နိုင်တွေမှာ ဘယ်လိုတွေလုပ်ထားတယ်၊ ဘယ်လိုအကျိုးပြုတယ်။ ဒီလိုဆိုရင် ကျွန်တော်တို့ပါတီက စည်းရုံးမှုကောင်းလို့ တစ်ပါတီတည်း ချွန်သွားတာနဲ့စာရင် ဘေးကပါတီငယ်လေးတွေလည်း ပါလာအောင်၊ တစ်သီးပုဂ္ဂလတွေလည်း ပါလာအောင်၊ ပညာရှင်တွေလည်းပါလာအောင် ဘယ်လိုလုပ်ရင်အကောင်းဆုံးဖြစ်မလဲ၊ လူထုရဲ့ဆန္ဒကို အများစု ကိုယ်စားပြုနိုင်တဲ့ အမတ်လောင်းတွေဘယ်လိုရွေးမလဲလို့ စဉ်းစားရင်းနဲ့ ဒါဆိုရင်တော့ အချိုးကျ PR စနစ်နဲ့ဆို ပိုကောင်းမယ်။ တိုင်းရင်းသားလူမျိုးတွေကျတော့ သူ့လူသူ တင်မြှောက်နိုင်အောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွေမှာ FPTP နဲ့ လုပ်ပေးရင်ကောင်းမယ်။ ဒီလိုဆိုရင် ဒီလိုလေး Frame ချပြီးတော့ ဒီအပေါ်မှာမူတည်ပြီး ဘယ်နိုင်ငံတွေက ဘယ်လိုမျိုးအကျိုအမြတ်ရှိမလဲ။ ဒို့နိုင်ငံရဲ့ ဖွဲ့စည်းပုံနဲ့ရော ကိုက်ညီမှုရှိသလား၊ ဘယ်လိုအကျိုး အမြတ်ရှိသလဲဆိုတာမျိုး ချင့်ချိန်သုံးသပ်ပြီးတော့မှ ဒါကို တော်တော်လေးအချိန်ယူပြီးတော့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ အတိအကျပြောရရင်တော့ UEC ကနေပြီးတော့ PR တွေ ရှိတယ်ဆိုရင် တင်ပါဆိုပြီးတော့ လာတဲ့အခါမှာ အန်ကယ်တို့က အချိန်ပိုမိုရတဲ့အတွက်ကြောင့် အခြေခံဉပဒေ၊ ကော်မရှင်ဥပဒေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး နိုင်ငံတော်တော်များများကို လေ့လာပြီးတော့မှ အန်ကယ်တို့နဲ့ကိုက်ညီမဲ့ဟာကို ရွေးချယ်ပြီးတော့ Parallel System နဲ့ လုပ်ပါမယ်ဆိုပြီး အဲဒါသည် List PR နဲ့ FPTP ကို ယှဉ်ပြီးတော့ တစ်ရက်ထဲ ကျင်းပနိုင်တဲ့ဟာကို လုပ်မှာဖြစ်တယ်။ ဒါလည်း ဖွဲ့စည်းပုံနဲ့အညီ ဒါကိုရွေးချယ်လိုက်တာဖြစ်ပါတယ်။

မေး ။ ။ နောက်ဆုံးအနေနဲ့ မဲဆန္ဒရှင် ပြည်သူတွေကို ဘာများပြောချင်တာ ရှိမလဲခင်ဗျာ။
ဖြေ ။ ။ မဲဆန္ဒရှင်ပြည်သူတွေကတော့ အန်ကယ့်အနေနဲ့ အကြံပြုတင်ပြတာပေါ့။ PR စနစ်ဆိုတာ တစ်သီး ပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်တဲ့လူရော၊ ပါတီငယ်လေးတွေ (၃) မြို့နယ်ကို အနည်းဆုံး ဝင်ရောက်ယှဉ်ပြိုင်ရမယ်လို့ ကော်မရှင်ကညွှန်ကြားချက်ရှိပါတယ်။ အဲဒီ (၃) မြို့နယ် ဝင်ပြိုင်တဲ့ ပါတီငယ်လေးတွေရော သူတို့ကြိုးစားမယ် ဆိုရင် အနည်းဆုံးရမှတ်ထက် ကျော်လွန်လာမယ်ဆိုရင် တစ်နေရာ သေချာပါတယ်။ အဲဒီလိုပဲ ပါတီကြီးတွေရော အရင်လို အနိုင်ရအကုန်ယူမဟုတ်ဘဲနဲ့ လူထုအားလုံးရဲ့ ဆန္ဒနဲ့ ကိုက်ညီတဲ့ အချိုးကျကိုယ်စားလှယ်ကို ရရှိမယ့် စနစ် ဖြစ်တဲ့အတွက်ကြောင့် ဒီစနစ်က ပြည်သူလူထုအနေနဲ့ ရွေးချယ်သင့်တဲ့ စနစ်ဖြစ်တယ်လို့ အန်ကယ့်အနေနဲ့ ထင်မြင်ယူဆမိပါတယ်။ ဒီစနစ်ကြောင့် လွှတ်တော်ထဲရောက်လာမယ့် ကိုယ်စားအားလုံးသည်လဲ ပါတီကြီးတစ်ခုတည်းက ကြီးစိုတာမဟုတ်ဘဲနဲ့ ပါတီစုံ၊အတတ်ပညာစုံ၊ တစ်သီးပုဂ္ဂလတွေပါ ပါကောင်းပါလာနိုင်တဲ့အတွက်ကြောင့်၊ ပိုမိုပါလာ နိုင်တဲ့အတွက်ကြောင့် အလွန်ကို Balance ဖြစ်တဲ့ လွှတ်တော်တစ်ခု ဖြစ်လာနိုင်တယ်လို့ အန်ကယ့်အနေနဲ့ ထင်မြင်ယူဆမိပါတယ်။

အခုလို အချိန်ပေးဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

zawgyi version
“PR စနစ္က ဖြဲ႕စည္းပုံအေျခခံဥပေဒရဲ႕ကန႔္သတ္တဲ့ေဘာင္ကို မေက်ာ္လြန္ဘဲလုပ္တဲ့အတြက္ေၾကာင့္ အေျခခံဥပေဒနဲ႔ညီတယ္” (အင္တာဗ်ဴး)
NP News - ႏိုဝင္ဘာ ၁၅
နစကရဲ႕ေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) အေနနဲ႔လာမယ့္ေ႐ြးေကာက္ပြဲကို PR စနစ္နဲ႔က်င္းပသြားဖို႔ လုပ္ေဆာင္ေနတာျဖစ္ပါတယ္။ ဒီစနစ္နဲ႔ပတ္သက္ၿပီး ျပည္သူေတြသိရွိႏိုင္ဖို႔အတြက္ PRနဲ႔ပတ္သက္တဲ့ေဆြးေႏြးပြဲကိုတက္ေရာက္ခဲ့တဲ့ ျပည္ခိုင္ၿဖိဳးပါတီရဲ႕CEC ဦးလွသိန္းနဲ႔သီးသန႔္ေတြ႕ဆုံေမးျမန္းထားပါတယ္။

ေမး ။ ။ အန္ကယ္ ဦးလွသိန္းမဂၤလာပါခင္ဗ်ာ။ ပထမဆုံးအေနနဲ႔ကြၽန္ေတာ္တို႔ NP News ကိုအင္ တာဗ်ဴးေျဖေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ လြန္ခဲ့တဲ့ရက္ပိုင္းက UEC က PR နဲ႔ ပတ္သက္ၿပီး ေဆြးေႏြးပြဲ လုပ္သြားတာေတြ႕ရတယ္။ အဲဒီဟာနဲ႔ပတ္သက္ၿပီး ပထမဆုံး ကြၽန္ေတာ္ သိခ်င္တာကေတာ့ PR ဆိုတာ ဘာလဲနဲ႔ တကယ့္ PR စစ္စစ္က ဘယ္လိုဟာမ်ိဳးလဲဆိုတာ ရွင္းျပေပးေစလိုပါတယ္။
ေျဖ ။ ။ ေကာင္းပါၿပီ။ PR ဆိုတာကေတာ့ အဂၤလိပ္လိုဆိုရင္ေတာ့ Proportional Representation လို႔ ေခၚပါတယ္။ တစ္နည္းအားျဖင့္ Proportional ဆိုတာက အခ်ိဳးက်ေပါ့။ Representation ကေတာ့ ကိုယ္စားျပဳ စနစ္ေပါ့။ အခ်ိဳးက်ကိုယ္စားျပဳစနစ္လို႔ ဒီလိုဗမာလိုလြယ္လြယ္ဘာသာျပန္လို႔ရပါတယ္။ ဆိုလိုခ်င္တာ အဓိက ေျပာရမယ္ဆိုရင္ေတာ့ ေ႐ြးခ်ယ္တင္ေျမႇာက္ေရးစနစ္မွာ မဲဆႏၵဧရိယာေတြကို က်ယ္ျပန႔္စြာသတ္မွတ္ၿပီးေတာ့ မဲဆႏၵနယ္မွ ေ႐ြးေကာက္တင္ ေျမႇာက္ရမယ့္ ကိုယ္စားလွယ္ေတြကို သတ္မွတ္ေပးၿပီးေတာ့ ပါတီအဖြဲ႕အစည္း အလိုက္ ဝင္ေရာက္ယွဥ္ၿပိဳင္တာျဖစ္တယ္။အဲဒီလိုဝင္ေရာက္ယွဥ္ၿပိဳင္တဲ့အခါမွာပါတီအဖြဲ႕အစည္းအလိုက္ရရွိတဲ့ေထာက္ ခံမဲအေပၚမူတည္ၿပီးေတာ့ ေ႐ြးေကာက္ခံရတဲ့ကိုယ္စားလွယ္ဦးေရကို သတ္မွတ္ေပးတဲ့စနစ္ပဲျဖစ္ပါတယ္။ ဒါေတြကိုက ႏိုင္ငံေရးပါတီေတြ ဝင္ေရာက္ယွဥ္ၿပိဳင္သလို တစ္သီးပုဂၢလေတြလည္း ဝင္ေရာက္ ယွဥ္ၿပိဳင္ႏိုင္ပါတယ္။ ဥပမာအားျဖင့္ အန္ကယ္ေျပာရမယ္ဆိုရင္ မဲဆႏၵနယ္တစ္ခုမွာအရင္ကသတ္ မွတ္ထားတာ (၂ဝဝ၈) ရဲ႕ ပုဒ္မ (၁ဝ၉) ရဲ႕သတ္မွတ္ခ်က္အရဆိုရင္ ၿမိဳ႕နယ္ကို အေျခခံၿပီးဆိုရင္ မဲဆႏၵနယ္ (၃၃ဝ) ရွိတယ္။ ဒါကို မဲဆႏၵနယ္ေတြကို အရင္တုန္းကေတာ့ (FPTP) နဲ႔ က်င္းပတာကို (၃၃ဝ) ကို (၃၃ဝ) လို႔ သတ္မွတ္တယ္။ အခု ကိုယ္စားျပဳစနစ္က်ေတာ့ မဲဆႏၵနယ္ က်ယ္ျပန႔္လာတာ ျဖစ္တဲ့အတြက္ အဲ့သေလာက္ထိ (၃၃ဝ) သတ္မွတ္မွာ မဟုတ္ေတာ့ဘူး။ (၇ဝ) သတ္မွတ္ခ်င္မွတ္မယ္၊ (၄ဝ) ေက်ာ္ သတ္မွတ္ခ်င္မွတ္မယ္။ မွတ္ၿပီးေတာ့မွ အဲဒီ မဲဆႏၵနယ္တစ္ခုအတြင္းမွာရွိတဲ့ၿမိဳ႕ နယ္ေတြက အဲဒီမဲဆႏၵနယ္မွာ ဝင္ၿပိဳင္ရမွာျဖစ္တယ္။ အဲဒီလိုၿပိဳင္ၿပီးတဲ့အခါ ပါတီအဖြဲ႕အစည္းအ လိုက္ရရွိလာတဲ့ ေထာက္ခံဆႏၵမဲ့အေပၚမူတည္ၿပီးေတာ့ အခ်ိဳးက် အမတ္ေနရာကိုျပန္လည္သတ္ မွတ္ေပးသြားမွာ ျဖစ္ပါတယ္။ အရင္လို ( Winner Take All ) လို ေခါင္ထိအကုန္စားဆိုတာမ်ိဳး၊ အ ႏိုင္ရသူ အကုန္ယူဆိုတာမ်ိဳးလို မဟုတ္ေတာ့ဘဲနဲ႔သူရတဲ့ဟာအေပၚမွာ မူတည္ၿပီးေတာ့ အေဟာတိကန္ နည္းသြားေအာင္၊ ပါတီငယ္ေလးေတြလည္း ေနရာရလာေအာင္ ဒီလိုအခ်ိဳးက်ခြဲေဝေပးသြားျခင္း ျဖစ္ပါတယ္။

ေမး ။ ။ အဲဒီေတာ့ UEC က PR စနစ္ကို ေ႐ြးခ်ယ္ဖို႔ ဆုံးျဖတ္ေပးထားတယ္လို႔ သိထားရပါတယ္။ ဆိုေတာ့ ဒီ PR စနစ္မွာျပည္သူေတြက မဲေပးမယ္ဆိုရင္ အရင္ပုံစံ (FPTP) မွာေတာ့ ျပည္သူေတြက သူႀကိဳက္တဲ့ ကိုယ္စားလွယ္ကို သြားၿပီးမဲထည့္ေပးလို႔ရတယ္။ အခု PR စနစ္မွာက်ေတာ့ အဲဒီလိုလူတစ္ေယာက္က ကိုယ္မဲသြားထည့္ၿပီးတဲ့ေနာက္ သူထည့္လိုက္တဲ့သူ ရလား၊ မရလားဆိုတာ ရွင္းရွင္းလင္းလင္း သိရႏိုင္တဲ့အေျခ အေနရွိလား၊ ဘယ္လိုရွိလဲဆိုတာ သိပါရေစ။
ေျဖ ။ ။ PR စနစ္မွာ အန္ကယ္တို႔ မဲေပးနည္းကေတာ့ ပုံစံ (၃) မ်ိဳးေလာက္ရွိတယ္။ ဘယ္လိုရွိလဲဆိုရင္ တစ္ခ်ိဳ႕က Close List ေပါ့။ Close List ဆိုတာကေတာ့ ပါတီကို မဲေပးရမယ္။ ဒါေပမယ့္ ပါတီမွာ ဝင္ေရာက္ ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္းေတြရဲ႕ List ကို UEC ကို ႀကိဳၿပီးေတာ့ေပးထားရမယ္။ ေပးထားၿပီးရင္ UECကေနၿပီးေတာ့အဲဒီပါတီကိုယ္စားလွယ္ေလာင္းေတြကိုေ႐ြးေကာက္ ပြဲမတိုင္ခင္မွာ Billboard ေတြနဲ႔ Vinyl ေတြနဲ႔ မဲ႐ုံေတြမွာ ကပ္ထားေပးမွာျဖစ္တယ္။ ကပ္ထားၿပီးရင္ မဲဆႏၵရွင္တစ္ေယာက္က သြားၾကည့္လိုက္တဲ့အခါ “ ေအာ္ ... ဒီလူက ငါႀကိဳက္တဲ့လူ၊ ဒီပါတီမွာပါတဲ့လူ၊ ဒီပါတီကိုေပးမယ္ ” ဆိုၿပီး ပါတီကိုေပးရမွာျဖစ္တယ္။ ဒါက Close List ။ Open List က်ေတာ့ အရင္ (FPTP) လို လူနာမည္ကို မဲေပးရမွာျဖစ္တယ္။ ေပးတဲ့အခါမွာ ေနာက္မွာပါတီနာမည္ကလည္း ေအာ္တိုမစ္တစ္ပါၿပီးသားျဖစ္တယ္။ ဒါကေတာ့ သိပ္ၿပီးထူးထူးျခားျခား ရွင္းျပစရာ မလိုပါဘူး။ ေနာက္ Free List ဆိုတာကေတာ့ ပါတီလည္း ေပးလို႔ရတယ္။ လူကိုလည္း ေပးလို႔ရတယ္။ ဒါက ေတာ့အလြန္ကို ဒီဟာနဲ႔ပတ္သက္ၿပီးေတာ့ ကြၽမ္းက်င္လာမွလုပ္တဲ့ဟာျဖစ္တယ္။ ကမာၻမွာေတာ့ႏိုင္ ငံႏွစ္ႏိုင္ငံေတာ့ အဲဒီလိုလုပ္တာေတြ႕ရတယ္။ ဒါေၾကာင့္မို႔ အန္လ္ကယ္တို႔က UEC ကို အႀကံျပဳတာကေတာ့ ပထမ Close List နဲ႔ သြားမယ္။ Close List နဲ႔သြားလို႔ လူေတြက awarenessျဖစ္ၿပီဆိုတဲ့အခါက်ေတာ့ က်န္တာေတြ ဆက္လက္ က်င့္သုံးသြားမွာျဖစ္တယ္။

ေမး ။ ။ ကြၽန္ေတာ္တို႔ ျမန္မာျပည္သူေတြက လြန္ခဲ့တဲ့ဆယ္စုႏွစ္တစ္ခုအတြင္းမွာ သြားခဲ့တာက သူတို႔ႀကိဳက္တဲ့ပါတီ အႏိုင္ရရင္ၿပီးေရာ၊ သူတို႔ပါတီ မဲအမ်ားဆုံးျဖစ္သြားရင္ၿပီးေရာဆိုၿပီး သြားခဲ့ၾကတယ္။ ဆိုေတာ့ အခု PR မွာက်ေတာ့ သူက တစ္ပါတီတည္းခ်ည့္ မဟုတ္ဘဲ ပါတီငယ္ေတြလည္း အကုန္ရမယ္ဆိုတာ ေတြ႕ရတယ္။ အဲဒီဟာကို ကြၽန္ေတာ့္ကို ေသေသခ်ာခ်ာျပန္ၿပီးေတာ့ ရွင္းလင္းတဲ့မက္ေဆ့ေလးေပးလို႔ရမလားျပည္သူေတြကို။
ေျဖ ။ ။ ရပါတယ္။ PR စနစ္မွာက်ေတာ့ ဒါကေတာ့ အန္ကယ့္အျမင္ ေျပာတာေနာ္။ အန္ကယ္လည္း မဲဆႏၵရွင္တစ္ဦးအေနနဲ႔ေျပာရမယ္ဆိုရင္ PR စနစ္က တိုင္းျပည္အတြက္ အေတာ္မ်ားမ်ားမွာ သုံးပါတယ္။ ဘယ္လိုသုံးတယ္ဆိုတာ ေနာက္ပိုင္းက်ရင္ အန္ကယ္ ရွင္းျပပါ့မယ္။ ဒါကအလြန္ကို သဟဇာတညီၫြတ္မွ်တတဲ့ သေဘာရွိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လူေတြက ေ႐ြးတဲ့အခါက်ေတာ့ ခုနက Close List ဆိုရင္ ပါတီကို မဲေပးရမယ္။ ပါတီကိုမဲေပးရတဲ့အခါက်ေတာ့ ကိုယ္ႀကိဳက္တဲ့ပါတီကိုေပးမယ္။ ကိုယ္မႀကိဳက္ရင္ ေပးစရာမလိုဘူး။ အဲဒီပါတီထဲမွာမွ ဥပမာကိုယ့္ေဆြမ်ိဳးပါရင္ပါမယ္၊ သူ႔ေဆြမ်ိဳးပါရင္ပါမယ္၊ အေပါင္းအသင္းပါရင္ပါမယ္။ အဲဒီ ပါတီ List ေအာက္မွာ ဦီးျဖဴ၊ ဦးနီ၊ ဦးေမာင္ ဘာညာဆိုၿပီး ေရးထားမွာ ျဖစ္တယ္။ အဲဒါေတြၾကည့္ၿပီးေတာ့မွ ကိုယ္ႀကိဳက္တဲ့ပါတီကိုယ္ေပး။ ေပးတဲ့အခါမွာ လူကိုေပးလို႔မရဘဲ ပါတီကိုပဲေပးရမယ္။ ပါတီကိုမဲေပးတဲ့အခါမွာ ဥပမာ ၿမိဳ႕နယ္ (၁ဝ) ၿမိဳ႕နယ္ ေပါင္းထားတဲ့ မဲဆႏၵနယ္ တစ္ခုမွာ မဲဆႏၵ သြားေပးၾကမယ္။ အဲဒီလို ပါတီကို ေပးလိုက္တဲ့အခါက်ေတာ့ အဲဒီပါတီေတြ အကုန္လုံးကေန ရရွိတဲ့ မဲေတြ အကုန္ေပါင္းလိုက္ရင္ အဲဒါသည္ ခိုင္လုံမဲ အေရအတြက္ျဖစ္သြားမယ္။ ျဖစ္သြားၿပီးေတာ့မွ အဲဒီမွာရွိတဲ့ ထိုင္ခုံနံပတ္၊ ၿမိဳ႕နယ္ (၁ဝ) ၿမိဳ႕နယ္ ေပါင္းထားတဲ့ အတြက္ေၾကာင့္ ထိုင္ခုံစိက လႊတ္ေတာ္စိက (၁ဝ) ေနရာ ျဖစ္မယ္။ ျပည္သူ႔ လႊတ္ေတာ္ဆိုရင္။ (၁ဝ) ေနရာ ျဖစ္တဲ့အတြက္ (၁ဝ) ေနရာနဲ႔ စားလိုက္ရင္ အနည္းဆုံး လႊတ္ေတာ္ ထိုင္ခုံစိ တစ္ေနရာ ရဖို႔အတြက္ ခိုင္လုံတဲ့ မဲဆႏၵအေရအတြက္ ထြက္လာေလ့မယ္။ ထြက္လာခဲ့ရင္ အဲဒီထြက္လာတဲ့ မဲဆႏၵအေရအတြက္ေပၚ မူတည္ၿပီး ေတာ့မွ (A) ပါတီသည္ ဘယ္ေလာက္ရသလဲ၊ (B) ပါတီ ဘယ္ေလာက္ရသလဲ၊ (C) ပါတီ ဘယ္ေလာက္ရသလဲ၊ (D) ပါတီ ဘယ္ေလာက္ရသလဲ၊ (E) ပါတီ စသျဖင့္ အဲဒီပါတီေတြ ဘယ္ေလာက္ရသလဲ ဆိုတာကို ခုနက ခိုင္လုံမဲ အေရအတြက္ေတြ ေရလိုက္ရင္ (A) ပါတီသည္ လႊတ္ေတာ္တစ္ေနရာအတြက္ ခိုင္လုံမဲအေရအတြက္ထက္ ပိုမ်ားၿပီ ဆိုရင္ သူက ႏွစ္ဆမ်ားေနရင္ ႏွစ္ေနရာ ေသခ်ာေနၿပီ၊ တစ္ဆခြဲပဲရွိရင္ တစ္ေနရာ ရေနၿပီ၊ တစ္ဆပဲရွိတဲ့ သူသည္ တစ္ေနရာ ရေနၿပီ။ အဲဒီလိုျဖစ္သြားမယ္။ ဒါကို တစ္နည္းအားျဖင့္ ေျပာရရင္ အနည္းဆုံးကန႔္သတ္ခ်က္ျဖစ္တယ္။ ဥပမာ ႐ုရွားဆိုရင္ အနိမ့္ဆုံကန႔္သတ္ခ်က္က (၅) ရာခိုင္ႏႈန္း၊ ခိုင္လုံမဲအေရအတြက္ရဲ႕ (၅) ရာခိုင္ႏႈန္း ရမွသာလွ်င္ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္မယ္ဆိုၿပီး သတ္မွတ္ထားတာ။ တစ္ခ်ိဳ႕ႏိုင္ငံေတြဆို (၃) ရာခိုင္ႏႈန္း၊ နဲနဲပိုၿပီး ပါတီငယ္ေလးေတြပါ ရေစခ်င္လို႔ (၃) ရာခိုင္ႏႈန္း။ အဲဒီေတာ့ (A) ပါတီကေနၿပီးေတာ့ (H) ပါတီထိ စသျဖင့္ အဲဒီဟာေတြက အဲဒီလိုသြားတဲ့အခါမွာ သူတို႔ရတဲ့ ခိုင္လုံမဲအေရအတြက္ကို တန္းစီခ်လိုက္ရင္ ခုနက အန္ကယ္တို႔ အနည္းဆုံး ရရမယ့္ကန႔္သတ္ခ်က္၊ ထိုင္ခုံစိေနရာနဲ႔စားလိုက္လို႔ ထြက္ေပၚလာတဲ့ မဲဆႏၵရွင္တစ္ဦးရဲ႕ ရတဲ့ဟာ။ ဒါကို တခ်ိဳ႕က (၅%) အနည္းဆုံးရမွ၊ တခ်ိဳ႕က(၆%) အနည္းဆုံးရမွ ဒီလိုတြက္ၾကတယ္။ အဲဒီလိုတြက္တဲ့ အခါက်ေတာ့ က်န္တဲ့ပါတီေတြက အဲဒီအတြင္းမဝင္ရင္ မဲမရဘူး။ မဲမရေပမယ့္ စိုးရိမ္စရာ မရွိဘူး။ ပထမဆုံး တစ္ေနရာ ရတဲ့လူကို တစ္ေနရာေပးလိုက္မယ္။ ဆယ္ေယာက္မွာ ငါးေယာက္ပဲရမယ္ဆိုရင္ ငါးေယာက္က်န္မယ္။ စိုးရိမ္စရာမရွိဘူး။ လက္က်န္မဲအမ်ားဆုံးသူ ဘယ္သူရွိလဲ၊ အဲဒါေတြကို တန္းစီစားလိုက္ရင္ လက္က်န္မဲ အမ်ားဆုံးလူကေန အနည္းဆုံးလူအထိ က်န္တဲ့လူေတြ ဆက္ေပးၾကျခင္းအားျဖင့္ ပါတီတစ္ခုတည္း ကေန ႀကီးစိုးမႈကို မရွိေတာ့ဘဲနဲ႔ ပါတီအားလုံးက သူ႔မဲရတဲ့၊ သူ႔မဲဆႏၵရွင္ရဲ႕ ဆႏၵအတိုင္း လႊတ္ေတာ္ကိုယ္စားလွယ္ ကို အခ်ိဳးက် ရရွိသြားမွာျဖစ္တယ္။ ဒါေၾကာင့္မို႔ အခ်ိဳးက်ကိုယ္စားျပဳစနစ္ဆိုၿပီးေတာ့ ဒီလို ေဆာင္႐ြက္လာျခင္း ျဖစ္တယ္။ အဲဒီလိုေဆာင္႐ြက္လာျခင္းရဲ႕ အက်ိဳးေက်းဇူးကေတာ့ ႏိုင္ငံတစ္ႏိုင္ငံမွာ တစ္ပါတီတည္းကေန ႀကီးစိုးတာ (Winner Take All) လို ေခါင္ထိအကုန္စားလို အကုန္လုံးရတာမ်ိဳး မဟုတ္ဘဲနဲ႔ အခ်ိဳးက်ရသြားတဲ့ အတြက္ေၾကာင့္ လႊတ္ေတာ္ထဲမွာ Balance of Power နဲနဲေလး ခ်ိန္ညႇိသြားမယ္လို႔ ထင္ပါတယ္။

ေမး ။ ။ အဲဒီေတာ့ ကြၽန္ေတာ္ ဒီေနရာမွာ ထပ္ၿပီးေတာ့ ရွင္းရွင္းလင္းလင္းေျပာရရင္ေတာ့ အရင္တုန္းကဆို ၿမိဳ႕နယ္တစ္ခုမွာ ထားပါေတာ့ ကိုယ္စားလွယ္က (A) နဲ႔ (B) ရွိတယ္ ဆိုပါစို႔။ မဲဆႏၵနယ္ (၅) ေသာင္း ရွိတဲ့ေနရာမွာ (A) ကိုေပးတဲ့မဲက (၃) ေသာင္း ရွိၿပီးေတာ့ (B) ကိုေပးတဲ့မဲက(၂) ေသာင္း မျပည့္ဘူးဆိုရင္ (A) က ႏိုင္ၿပီးေတာ့ (B) ရဲ႕ မဲေတြက အလဟသ ျဖစ္သြားတယ္ေပါ့။ ဆိုေတာ့ အဲဒီဟာကို ကာခ်င္တဲ့ သေဘာမ်ိဳးလို႔ ေျပာလို႔ရလား။
ေျဖ ။ ။ ဒီလိုလည္း ေျပာလို႔ရပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ဥပမာ ၿမိဳ႕နယ္တစ္ခုမွာ ပါတီ (၄) ခု၊ (A)(B)(C)(D) ဝင္ၿပိဳင္တယ္။ ပါတီတစ္ခုက (၂၅) ရာခိုင္ႏႈန္းရတယ္။ လူတစ္သိန္းရွိတယ္ဆိုပါစို႔။ ခိုင္လုံမဲတစ္သိန္း မွာ (၂၅) ရာခိုင္ႏႈန္းရတယ္။ ေနာက္ပါတီတစ္ခုက (၂၄)၊ ေနာက္ပါတီတစ္ခုက (၂၃)၊ ေနာက္ပါတီတစ္ခုက (၂ဝ)။ (၄) ေယာက္ရမယ္။ (၄)ေယာက္ရတဲ့အခါမွာအရင္က Winner Take All ျဖစ္တဲ့အတြက္ေၾကာင့္ (၂၅) ရာခိုင္ႏႈန္း ရတဲ့လူက လူတစ္သိန္းရဲ႕ကိုယ္စား ကိုယ္စားျပဳသြားတယ္။ Winner Take All (FPTP) အရ အဲလိုျဖစ္သြားတယ္။ အဲေတာ့ (၇၅) ရာခိုင္ႏႈန္းေသာ လူေတြရဲ႕ဆႏၵက အလကား ျဖစ္သြားတယ္။ ဘာမွလုပ္လို႔ မရေတာ့ဘူး ျဖစ္သြားတယ္။ တကယ္ေတာ့ အဲ့လူကိုႀကိဳက္တာက (၂၅) ရာခိုင္ႏႈန္းပဲ ႀကိဳက္တာ လူတစ္သိန္းမွာ။ သို႔ေသာ္ သူသည္ လူတစ္ရာစာ ကိုယ္စားျပဳတဲ့အတြက္ေၾကာင့္ (၇၅) ရာခိုင္ႏႈန္းေသာ လူေတြရဲ႕ ဆႏၵသည္ အလကားျဖစ္သြာတယ္။ အခုအခ်ိဳးက်ကိုယ္စားျပဳစနစ္က်ေတာ့ မဲဆႏၵကို က်ယ္ဝန္းစြာသတ္မွတ္လိုက္ရင္ မဲဆႏၵနယ္ တစ္ခုတည္း ၿပိဳင္တာမဟုတ္ဘဲနဲ႔ မဲဆႏၵနယ္(၁ဝ)ခုကို ေပါင္းၿပီးေတာ့ မဲဆႏၵနယ္ တစ္ခုအျဖစ္၊ အရင္တုန္းကလို ၿမိဳ႕နယ္ (၁ဝ) ခုကို ေပါင္းၿပီးေတာ့ မဲဆႏၵနယ္ (၁ဝ) ခု၊လႊတ္ေတာ္ကိုယ္စားလွယ္(၁ဝ)ေယာက္ ဝင္ၿပိဳင္ခိုင္းလိုက္ ျခင္းအားျဖင့္ ခုနကလိုဟာမ်ိဳး ရလာခဲရင္ အနည္းဆုံးကန႔္သတ္ခ်က္ရရင္လႊတ္ ေတာ္ကိုယ္စားလွယ္ျဖစ္ၿပီး ထိုင္းခုံ တစ္ေနရာရၿပီ။ တစ္နည္းအားျဖင့္ ေျပာရရင္ေတာ့ ခိုင္လုံမဲဆႏၵ နယ္အေရအတြက္ကို လႊတ္ေတာ္ကိုယ္စားလွယ္စိ နဲ႔ စားလိုက္ရင္ ထြက္ေပၚလာတဲ့ဟာသည္ လႊတ္ ေတာ္ကိုယ္စားလွယ္တစ္ေယာက္ရဲ႕ ျပည့္မွီရမယ့္ ခိုင္လုံမဲအေရ အတြက္ ျဖစ္တယ္။ အဲဒီအေရအ တြက္ကို ေက်ာ္လြန္သြားတဲ့ပါတီကေတာ့ အလိုလိုရၿပီးသားျဖစ္တယ္။ မေက်ာ္လြန္တဲ့ပါတီေတြလည္းစိုးရိမ္စရာမရွိဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ အဲဒီလူေတြ ေပးသြားၿပီးေတာ့ ဟိုလူေတြကိုေပး လိုက္သည့္တိုင္ ဟိုလူေတြရဲ႕ က်န္တဲ့ဆႏၵမဲက်န္လက္မွတ္သည္ က်န္တဲ့ပါတီေတြရဲ႕ဆႏၵမဲက်န္ထက္ နည္းေနၿပီဆိုရင္ က်န္တဲ့ပါတီေတြက သူ႔ဟာနက္သူတက္လာမွာျဖစ္တယ္။ ဒါမွဘယ္သူ႔ကိုႀကိဳက္တဲ့လူက ဘယ္ႏွစ္ရာခိုင္ႏႈန္းရွိတယ္ ဆိုတဲ့ ရာခိုင္ႏႈန္းအခ်ိဳးအစားအလိုက္ တက္သြားမွာျဖစ္တဲ့အတြက္ေၾကာင့္ အခ်ိဳးက်ကိုယ္စားျပဳစနစ္သည္ ျမန္မာႏိုင္ငံနဲ႔ ကိုက္ညီတယ္လို႔ အန္ကယ့္အေနနဲ႔ ထင္ျမင္ယူဆမိပါတယ္။

ေမး ။ ။ အန္ကယ္တို႔ ပါတီအေနနဲ႔ေရာ UEC မွာ PR စနစ္နဲ႔ပတ္သက္ၿပီးေတာ့ PR စနစ္ထဲမွာ ဘယ္လိုပုံစံနဲ႔ သြားသင့္တယ္ဆိုတာမ်ိဳး တင္ျပခဲ့တာရွိလဲ။
ေျဖ ။ ။ အန္ကယ္တို႔အေနနဲ႔ကေတာ့ ခုန List PR ေပါ့။ List ဆိုတာ ခုန အခ်ိဳးက်ကိုယ္စားျပဳစနစ္ေပါ့။ ကိုယ္စားလွယ္အမည္ေပးထားတယ္။ List PR ေပးထားၿပီးေတာ့ အဲဒီ PR နဲ႔ ၿပိဳင္ဖို႔ရယ္၊ ေနာက္တစ္ခုက အန္ကယ္တို႔ႏိုင္ငံက တျခားႏိုင္ငံထက္ ထူးျခားတာတစ္ခုက အန္ကယ္တို႔ႏိုင္ငံမွာ ျပည္နယ္ႏွင့္တိုင္း (၁၄) ခု ရွိတယ္။ အဲဒီအျပင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသေတြ (၆) ခု ရွိတယ္။ ရွိေတာ့ (၁၄) ခုရယ္ (၆) ခုရယ္ ေပါင္းလိုက္ရင္ (၂ဝ)။ အဲဒီအျပင္ အန္ကယ္တို႔ဆီမွာက လူမ်ိဳးစုက (၁၃၅) မ်ိဳးရွိတဲ့အတြက္ေၾကာင့္ ေဒသတြင္းမွာ ေနထိုင္တဲ့ လူမ်ိဳးစုတစ္ခုဟာႏိုင္ငံရဲ႕လူဦးေရရဲ႕ (.၁%) ေက်ာ္တယ္ဆိုရင္ မဲဆႏၵနယ္တစ္ခုထူေပးရတယ္။ အဲဒါမ်ိဳးေတြ အကုန္လုံက်ေတာ့ တိုင္းရင္းသားနယ္ေျမေတြမွာပဲ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေတြက ရွိတဲ့အတြက္ေၾကာင့္ သူတို႔က် ေတာ့ သူတို႔ႀကိဳက္တဲ့သူကို သူတို႔ေ႐ြးႏိုင္ဖို႔အတြက္ ဒါကေတာ့ခုနလိုဟာမ်ိဳးေပးရမယ့္ဟာသည္ ျပည္နယ္မွာေသာ္လည္း ေကာင္း၊ တိုင္းမွာေသာ္လည္းေကာင္း၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္းမွာေသာ္လည္းေကာင္း အဲ့ဒီလူမ်ိဳး စုေတြရွိရင္ အဲဒီအတိုင္းေပးရမွာျဖစ္တယ္။ အဲဒီလိုေပးရမွာျဖစ္တဲ့အတြက္ေၾကာင့္ အဲ့လိုလူနည္းစု ေပးရတဲ့ဟာေတြ၊ တိုင္းရင္းသားလူမ်ိဳးေတြအတြက္ဆိုရင္ေတာ့ သူတို႔စိတ္ႀကိဳက္သူတို႔ေ႐ြးခ်ယ္ႏိုင္ေအာင္ လူအင္အားလည္းနည္းတယ္၊ ၿမိဳ႕နယ္လည္းနည္းတယ္၊ မဲဆႏၵလည္း နည္းတဲ့အတြက္ေၾကာင့္ သူတို႔ၿပိဳင္တဲ့လူေတြသည္ သူတို႔စိတ္ႀကိဳက္၊ သူတို႔ေဒသက သူတို႔သိတဲ့သူကို မဲေပးႏိုင္ေအာင္ သူတို႔ရဲ႕အရည္အခ်င္းမီတယ္ဆိုတဲ့သူေတြကို ေပးႏိုင္ဖို႔အတြက္ သူတို႔အတြက္ (FPTP) Winner Take All ကို လုပ္ေပးထားတယ္။ လုပ္ထားၿပီးေတာ့ အန္ကယ္တို႔ လူအမ်ားစုေနထိုင္တဲ့ ျပည္နယ္၊ တိုင္း (၁၄)ခုရယ္ တိုင္းေဒသႀကီးေတြ အကုန္လုံးကိုေတာ့ အခ်ိဳးက်ကိုယ္စားျပဳစနစ္(PR) နဲ႔ ၿပိဳင္ပါ့မယ္ဆိုၿပီးေတာ့ အန္ကယ္တို႔ အဆိုျပဳတင္ထားတယ္။

ေမး ။ ။ အဲဒီစနစ္ထဲမွာက မဲဆႏၵနယ္ကိစၥေပါ့။ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္တစ္ခုမွာေတာက္ေလွ်ာက္သြားခဲ့တာက ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ (၃၃ဝ)၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ (၁၆၈)၊ တပ္မေတာ္သား ကိုယ္စားလွယ္က (၂၅) ရာခိုင္ႏႈန္းေပါ့။ ဆိုေတာ့ အဲဒီအခ်ိဳးအစားနဲ႔ သြားတာေပါ့။ ဒီ PR မွာကေရာ အဲဒီထက္ ပိုမ်ားမွာလား၊ နည္းမွာလား၊ ဒီ (၃၃ဝ) ထဲကိုပဲ PR နဲ႔ ထိုးထည့္မွာလား။ ဘယ္လိုပုံစံနဲ႔သြားမွာလဲ။
ေျဖ ။ ။ အဲဒါက ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ (၁ဝ၉)မွာ အတိအက် ျပ႒ာန္းထားတယ္။ ၿမိဳ႕နယ္ကို အေျခခံ၍ ေသာ္လည္းေကာင္း၊ လူဦးေရကို အေျခခံ၍ေသာ္လည္းေကာင္း၊ လႊတ္ေတာ္ေနရာျပည္သူ႔လႊတ္ေတာ္မွာဆို (၃၃ဝ) ထက္ မပိုရ၊ အကယ္၍ ၿမိဳ႕နယ္ေတြပိုခဲ့လာရင္လည္းနည္းစပ္ရာၿမိဳ႕ နယ္နဲ႔ေပါင္းၿပီးေတာ့ လႊတ္ေတာ္ကိုယ္စား လွယ္ အေရအတြက္သည္ (၃၃ဝ) ထက္ မပိုရလို႔ကန႔္ သတ္ထားတယ္။ အဲေတာ့ ပုဒ္မ (၁၄၁) မွာလည္း အမ်ိဳးသားလႊတ္ေတာ္ထဲမွာ ျပည္နယ္၊တိုင္းတစ္ခုမွာ (၁၂) ဦးက် ကိုယ္စားျပဳရတဲ့အတြက္ေၾကာင့္ (၁၆၈) ဦးပဲ ရတယ္။ အဲ့(၁၆၈) ဦးပဲ အန္ကယ္တို႔က ေ႐ြးေပးရမွာျဖစ္တယ္။ ဒါေၾကာင့္ အန္ကယ္တို႔ သြားတဲ့ ဟာသည္ တိုင္းေဒသႀကီးေတြမွာလည္း ၿမိဳ႕နယ္တစ္ခုကို (၂)ဦးက် ႏႈန္းနဲ႔ ပါရမယ္။ ကန႔္သတ္ေပးၿပီးသား ျဖစ္တဲ့အတြက္ေၾကာင့္ အေျခခံဥပေဒရဲ႕ ကန႔္သတ္တဲ့ေဘာင္ကို မေက်ာ္လြန္ဘဲ လုပ္တဲ့အတြက္ေၾကာင့္ အန္ကယ္ တို႔က အေျခခံဥပေဒနဲ႔ ညီတယ္လို႔ ေျပာလို႔ရပါတယ္။ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ ပါတာက ဘယ္စနစ္နဲ႔ ဘယ္လိုလုပ္ပါလို႔ မပါပါဘူး။ ၂ဝဝ၈ ခုႏွစ္ အေျခခံဥပေဒပုဒ္မ (၁ဝ၉) မွာ ၿမိဳ႕နယ္ကိုအေျခခံ၍ PR စနစ္ျဖင့္ ကိုယ္စားလွယ္မ်ား ေ႐ြးခ်ယ္တင္ေျမႇာက္ပါက ေဖာ္ျပပါမဲဆႏၵနယ္သတ္မွတ္ကာ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ တစ္ၿမိဳ႕နယ္လွ်င္ကိုယ္စားလွယ္တစ္ဦးက်စီ ေဖာ္ျပသည့္အတိုင္း ေ႐ြးေကာက္တင္ ေျမႇာက္ႏိုင္ပါသည္။ ဒါသူ႔ရဲ႕ ခြင့္ျပဳခ်က္ဥပေဒ။ ေနာက္တစ္ခုက ဖြဲ႕စည္းပုံအေျခခံဥပေဒ ၂ဝဝ၈ ပုဒ္မ (၁၄၁) မွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း သို႔မဟုတ္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတစ္ခုစီမွကိုယ္စား လွယ္တစ္ဦးခ်င္းစီပါဝင္ေစၿပီး သက္ဆိုင္ရာ ျပည္ေထာင္စုနယ္ေျမမ်ားအပါအဝင္ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္တစ္ခုစီက ကိုယ္စားလွယ္ (၁၂)ဦးက် ေ႐ြးေကာက္တင္ေျမႇာက္သည့္ ကိုယ္စား လွယ္ (၁၆၈) ဦး တင္ေျမႇာက္ေပးရမွာ ျဖစ္ပါတယ္။ ေနာက္တစ္ခုက ပုဒ္မ (၁၆၁) (က) အရ တိုင္းေဒသႀကီးျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ၿမိဳ႕နယ္လွ်င္ (၂) ဦးက်စီ မျဖစ္မေန ေ႐ြးေကာက္တင္ေျမႇာက္ေပးရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသေတြကလြဲလို႔ က်န္တဲ့ဟာေတြ အားလုံးကို အခ်ိဳးက်ကိုယ္စားျပဳစနစ္နဲ႔ ေဆာင္႐ြက္ၿပီးေတာ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသေတြေတာ့ မိမိစိတ္ႀကိဳက္ေ႐ြးခ်ယ္ႏိုင္ေအာင္လို႔ (FPTP) စနစ္နဲ႔ ေဆာင္႐ြက္ဖို႔ အႀကံျပဳတင္ျပခဲ့ပါတယ္။

ေမး ။ ။ အခုလို PR စနစ္ စမယ္လို႔ ၾကားတဲ့အခ်ိန္မွာ တျခားတစ္ဖက္မွာ အသံေတြထြက္လာတာ ရွိတယ္။ PR စနစ္က လႊတ္ေတာ္ေပၚမွလုပ္လို႔ရတာ၊ လႊတ္ေတာ္ေခၚမွ လုပ္လို႔ရတာ၊ လႊတ္ေတာ္မပါဘဲနဲ႔ လုပ္လို႔မရဘူးဆိုတာ ေျပာတယ္။ တစ္ခ်ိန္တည္းမွာပဲ PR စနစ္ကို က်င့္သုံးခ်င္တဲ့ သူေတြက ၿပီးခဲ့တဲ့ သက္တမ္းတစ္ေလွ်ာက္လုံးမွာ မဲရႈံးတဲ့ပါတီေတြက စုလုပ္တာဆိုတာမ်ိဳး အဲဒီလိုေျပာၾကတာ ေတြ႕ရတယ္။ ဒီအေပၚမွာ အန္ကယ့္အေနနဲ႔ ဘာမ်ားေျပာခ်င္တာရွိမလဲ။
ေျဖ ။ ။ အန္ကယ့္အေနနဲ႔ ေျပာခ်င္တာကေတာ့ ႏိုင္ငံတိုင္း၊ႏိုင္ငံတိုင္းက သူ႔ရဲ႕ Mother Law ျဖစ္တဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ သြားတာျဖစ္ပါတယ္။ ဖြဲ႕စည္းပုံနဲ႔အညီ သြားတဲ့အတြက္ အခုလိုစာအုပ္ႀကီးကိုင္ၿပီး ေျပာတာကေတာ့ လက္လြတ္စပါယ္ေျပာတယ္ျဖစ္မွာစိုးလို႔ပါ။ အတိအက်ျဖစ္ေအာင္လို႔ တင္ျပျခင္းျဖစ္ပါတယ္။ အဲေတာ့ အန္ကယ္တို႔ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ ခြင့္ျပဳတာက ျပည္သူ႔လႊတ္ေတာ္ကို လႊတ္ေတာ္ဦးေရ (၄၄ဝ) ဦးျဖင့္ ေအာက္ပါတိုင္းဖြဲ႕စည္းရမည္။ (က) မွာၿမိဳ႕ နယ္ကို အေျခခံ၍ လည္းေကာင္း၊ လူဦးေရကို အေျခခံ၍ လည္းေကာင္း၊ ၿမိဳ႕နယ္ (၃၃ဝ) ထက္ ပိုမိုလာပါက အသစ္ဖြဲ႕စည္းသည့္ ၿမိဳ႕နယ္ကို တစ္ဆက္တစ္ဆက္တည္း ျဖစ္ေသာ သင့္ေလ်ာ္သည့္ၿမိဳ႕ နယ္တစ္ခုႏွင့္ ပူးေပါင္း၍လည္းေကာင္း၊ ဥပေဒႏွင့္အညီ မဲဆႏၵနယ္သတ္မွတ္ၿပီး ေ႐ြးေကာက္တင္ ေျမႇာက္သည့္ (၃၃ဝ)ဦးထက္မပိုေသာ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ျဖစ္ရမည္။ အန္ကယ္တို႔ လုပ္ပိုင္ခြင့္ရွိတာ ဒါပဲ။ က်န္တဲ့ဟာ ကာကြယ္ေရးဦးစီးခ်ဳပ္က ဥပေဒနဲ႔အညီ ျပင္ဆင္ေပးသည့္ (၁၁ဝ) ဦးထက္ မပိုေသာ တပ္မေတာ္သား ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ျဖစ္ရမယ္။ ဒါေတြသည္ဖြဲ႕ စည္းပုံအေျခခံဥပေဒအရ သူ႔ရဲ႕ Right အေနနဲ႔ ေပးထားတဲ့အတြက္ေၾကာင့္ သူ႔ Right အေနနဲ႔ သူ႔ဟာသူ ပါဝင္ၿပီးသားျဖစ္တယ္။ အန္ကယ္တို႔ လုပ္ရမွာက ဥပေဒနဲ႔အညီ မဲဆႏၵနယ္ သတ္မွတ္၍ တစ္ၿမိဳ႕ နယ္ တစ္ခုသတ္မွတ္ရမယ္လို႔ မပါဘူး။ တစ္ႏိုင္ငံလုံးမွာ တစ္ခုသတ္မွတ္လို႔ မပါဘူး။ ဥပမာ အစၥေရးဆို တစ္ႏိုင္ငံလုံးမွာ မဲဆႏၵနယ္ တစ္ခုပဲ သတ္မွတ္တယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ မဲဆႏၵနယ္သတ္မွတ္ ၍ဆိုတာ ဒီသတ္မွတ္ခ်က္ကိုလည္း ဘယ္သူက လုပ္ပိုင္ခြင့္ရွိလဲဆိုရင္ UEC က လုပ္ပိုင္ခြင့္ရွိတယ္။ PR စနစ္မွာ က်ယ္ဝန္းတဲ့ မဲဆႏၵနယ္သတ္မွတ္ျခင္းဆိုတာ ၿမိဳ႕နယ္ (၁ဝ) ခုလည္း ပါရင္ပါမယ္။ (၈) ခုလည္း ပါရင္ပါမယ္။ (၆) ခုလည္း ပါရင္ပါမယ္။ မဲဆႏၵနယ္ သတ္မွတ္တဲ့ အေပၚမူတည္ၿပီးေတာ့ အခ်ိဳးက်ပါသြားမွာ ျဖစ္တယ္။ အဲဒီအထဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္တယ္။ ဒါေၾကာင့္ အန္ကယ္ျမင္တာကေတာ့ တစ္ပါတီတည္းကေန ေခါင္ထိအကုန္စား၊ အကုန္ယူသြားၿပီးေတာ့ၿပီးခဲ့တဲ့ေ႐ြး ေကာက္ပြဲႏွစ္ခုကို ၾကည့္လိုက္မယ္ဆိုရင္ ပထမ (၂ဝ၁ဝ) ေ႐ြးေကာက္ပြဲ၊ ဒုတိယ ေ႐ြးေကာက္ပြဲေတြမွာ တစ္ပါတီတည္းက ယူသြားတဲ့အတြက္ တခ်ိဳ႕လႊတ္ေတာ္ထဲမွာ အေျခအတင္ေဆြးေႏြးရမယ့္ ကိစၥေလးေတြမွာ ကန႔္ကြက္တာနဲ႔တင္ Draft ျဖစ္သြားတာေတြရွိေကာင္းရွိပါတယ္။ ဒါေတြကိုလည္း ျပည္သူေတြအားလုံး သိပါတယ္။ အဲဒီေတာ့ ဒီလိုအခ်ိဳးက် ထည့္လိုက္ျခင္းအားျဖင့္ လႊတ္ေတာ္ထဲမွာ Balance of Power ညီသြားမယ့္ အခါက်ေတာ့ လူထုအမ်ားစုရဲ႕ ဆႏၵနဲ႔ ကိုက္ညီတဲ့အရာေတြအားလုံး ပိုၿပီးေတာ့ အဆင္ေျပလာမယ္လို႔ ထင္ပါတယ္။ ဒါေပမယ့္လည္း တစ္႐ြာ တစ္ပုဒ္ဆန္းဆိုသလို႔ကန႔္ ကြက္ေနရင္လည္း တခ်ိဳ႕ဟာေတြ ဆိုရင္လည္း ၿပီးမွာမဟုတ္ေတာ့ဘူး။ အဲဒါေၾကာင့္မလို႔ တကယ့္ကို အရည္အခ်င္းရွိတဲ့လူ။ အရည္အေသြးရွိတဲ့လူ။ လုပ္ႏိုင္ကိုင္ႏိုင္တဲ့လူ။ တိုင္းျပည္ခ်စ္စိတ္ရွိတဲ့လူ။ မ်ိဳး ခ်စ္စိတ္ရွိတဲ့လူေတြ မ်ားမ်ားပါသြားၿပီဆိုရင္ေတာ့ ဒီ (Proportional) အခ်ိဳးက်ကိုယ္စားျပဳစနစ္သည္ အလြန္ေကာင္းတဲ့ စနစ္ျဖစ္တယ္ဆိုတာေလး အႀကံျပဳတင္ျပလိုပါတယ္။

ေမး ။ ။ ေနာက္တစ္ခုက တခ်ိဳ႕ေတြ အၿမဲတမ္းေမးခြန္းထုတ္ေနတဲ့ ကိစၥတစ္ခုရွိတယ္။ PR စနစ္ က်င့္သုံးမယ္ဆိုရင္ တပ္မေတာ္သား (၂၅) ရာခိုင္ႏႈန္းကေရာ ဆက္ရွိမွာလား၊ မရွိဘူးလား၊ ဘယ္လိုပုံစံလဲဆိုတာ ရွင္းရွင္းလင္းလင္း မသိဘူးနဲ႔ ေနာက္တစ္ခုက ပါဖို႔သင့္လား၊ မသင့္ဘူးလားဆိုတဲ့ေနရာမွာ မပါသင့္ဘူးလို႔ ဝိုင္းေျပာတာေတြ ရွိတယ္။ ဆိုေတာ့ ဒီအေပၚမွာေရာ ဘယ္လိုျမင္လဲခင္ဗ်။
ေျဖ ။ ။ အန္ကယ့္အျမင္ကေတာ့ ႏိုင္ငံတိုင္းႏိုင္ငံတိုင္းမွာ သူ႔ရဲ႕ Mother Law ျဖစ္တဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒ အတိုင္း သြားတာျဖစ္ပါတယ္။ အဲဒီလိုသြားတာျဖစ္တဲ့အတြက္ေၾကာင့္ အဲဒီေအာက္မွာပဲ အန္ကယ္တို႔က ဒီဟာကို လုပ္ရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီဟာက ဖြဲ႕စည္းပုံအေျခခံဥပေဒတိုင္း ေဆာင္႐ြက္တာျဖစ္တဲ့အတြက္ေၾကာင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ ခုနက အန္ကယ္ဖတ္ျပသလို အန္ကယ္တို႔ေ႐ြးေပးရမွာက ၿမိဳ႕နယ္ကိုအေျခခံ၍၊ လူဦးေရကိုအေျခခံ၍ (၃၃ဝ) ထက္ မပိုေသာ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ကို အန္ကယ္တို႔က ေ႐ြးေပးရမွာ။ အပိုဒ္ (ခ)မွာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ဥပေဒနဲ႔အညီတင္သြင္းေသာ တပ္မေတာ္သားကိုယ္စားလွယ္ (၁၁ဝ) ဦးထက္ မပိုေသာ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ (၁၁ဝ) ထက္ ပိုၿပီးေတာ့ (၁၅ဝ) မရဘူး။ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ ေပးၿပီးသားျဖစ္တယ္။ ဒါကို အန္ကယ္တို႔ (၉၂.၄၈) ရာခိုင္ႏႈန္းက ဒါကိုေထာက္ခံထားတဲ့ အတြက္ေၾကာင့္ တစ္ႏိုင္ငံလုံးနီးပါး ေထာက္ခံထားတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒျဖစ္တဲ့အတြက္ေၾကာင့္ ဒီအတိုင္းပဲ ဆက္သြားမွာ ျဖစ္ပါတယ္။ ဒီလိုပဲ အန္ကယ္ ေျပာပါရေစ။

ေမး ။ ။ ေနာက္တစ္ခုကေတာ့ PR စနစ္ကို ကြၽန္ေတာ္တို႔ႏိုင္ငံပဲ ထြင္းေဖာက္ၿပီးေတာ့ သုံးေနတာလား။ ဒါမွမဟုတ္ အျခားႏိုင္ငံေတြကေရာ သုံးေနလား။ ေနာက္ၿပီးေတာ့ PR စနစ္ရဲ႕ အားနည္းခ်က္၊ အားသာခ်က္ကို ေျပာျပေစလိုပါတယ္။
ေျဖ ။ ။ အန္ကယ္ ေလ့လာထားသမွ်ေပါ့ေနာ္။ ႏိုင္ငံေတြမွာ အင္ဒိုနီးရွား၊ အားေမနီးယား၊ အဇာဘိုင္ဂ်န္၊ ေဂ်ာ္ဒီယံ၊ ဂီနီ၊ ဂ်ပန္၊ ကာဂ်စ္စတန္၊ ကိုရီးယား၊ ယူကရိန္းစသျဖင့္ေပါ့ေလဒါေတြဟာအခ်ိဳး က်ကိုယ္စားျပဳ စနစ္ကို က်င့္သုံးတဲ့ႏိုင္ငံေတြ ျဖစ္ပါတယ္။ အဲဒီေတာ့ အန္ကယ္ေလ့လာထားတဲ့ ႏိုင္ ငံေတြကို ေျပာမယ္ဆိုရင္ ဥပမာအစၥေရးႏိုင္ငံအေၾကာင္းစေျပာတာေပါ့။ အစၥေရးႏိုင္ငံမွာဆိုရင္အ နည္းဆုံး ခိုင္လုံမဲအေရအတြက္ သတ္မွတ္ခ်က္က အျခားႏိုင္ငံနဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ နည္းတယ္။ ၿပီးေတာ့ အစၥေရးႏိုင္ငံမွာရွိတဲ့ ႏိုင္ငံေရးပါတီ ငယ္မ်ားကို ကိုယ္စားျပဳခြင့္ ပိုမိုရရွိေစရန္ ေဆာင္႐ြက္ထားျခင္း ျဖစ္တယ္။ ဥပမာ ခုနက အန္ကယ္ေျပာတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ေယာက္ရဲ႕အနည္း ဆုံးရရွိရမယ့္ မဲအေရအတြက္ ခိုင္လုံမဲအေရအတြက္ (၂%) (၃%) က ပါတီငယ္ေလးေတြကလည္းရႏိုင္တယ္။ တခ်ိဳ႕ပါတီႀကီးေတြကေတာ့ သူ႔ထက္ပိုၿပီးအမ်ားႀကီးရမွာေပါ့။ ရရင္သူကလႊတ္ေတာ္အ မတ္အမ်ားႀကီးရမယ္။ ဘာလို႔ဆိုရင္ တစ္ႏိုင္ငံလုံးမွာ မဲဆႏၵနယ္ တစ္ခုပဲရွိတယ္။ ဒါေၾကာင့္ သူတို႔ရဲ႕ရည္႐ြယ္ခ်က္က ဘာလည္းဆိုရင္ ႏိုင္ငံေရးပါတီငယ္မ်ားကို ကိုယ္စားျပဳခြင့္ ပိုမိုရဖို႔အတြက္ ေဆာက္႐ြက္ေပးျခင္းျဖစ္တယ္။ ဆိုေတာ့ အဲဒီႏိုင္ငံေတြမွာလည္း အဲသလို႔ ေဆာင္႐ြက္တာေတြ႕တယ္။ အစၥ ေရးႏိုင္ငံမွာ ဒီကေန႔အထိ ဘယ္လိုတည္ၿမဲ၊ ခိုင္ၿမဲေနလဲဆိုတာ သားတို႔သိၿပီးသားျဖစ္တဲ့အတြက္ အန္ကယ္ သိပ္ၿပီးေတာ့ မရွင္းျပေတာ့ပါဘူး။ ေနာက္တစ္ခါ အန္ကယ္တို႔နဲ႔ နီးစပ္တဲ့ ကေမာၻဒီးယားမွာဆိုရင္ ေ႐ြးေကာက္ပြဲ စလုပ္ကတည္းက အခ်ိဳးက်ကိုယ္စားျပဳစနစ္ Close List ကို အသုံးျပဳခဲ့တာျဖစ္တယ္။ ခုနက အန္ကယ္ေျပာတဲ့ အထဲမွာလည္း ပါၿပီးသားျဖစ္တယ္။ သူတို႔ကေတာ့ အနိမ့္ဆုံးေထာက္ခံမဲ ရာခိုင္ႏႈန္း(ခိုင္လုံမဲအေရအတြက္)က ႐ုရွားဆို (၅)ရာခိုင္ႏႈန္းသတ္မွတ္တယ္။ သူတို႔ကေတာ့ သတ္မွတ္ထားျခင္းမရွိဘဲနဲ႔ အဲဒီနည္းလမ္းေတြမ်ားထဲက ရရွိတဲ့ခိုင္လုံမဲအေရအတြက္ကို လႊတ္ေတာ္အမတ္အေရအတြက္နဲ႔ စားလိုက္ရင္ လြတ္ေတာ္ထိုင္ခုံတစ္ေနရာ အတြက္ ရရွိရမယ့္ မဲအေရအတြက္ထြက္လာမွာ။ ဒါကိုေတာ့သူ႔ႏိုင္ငံ၊ သူ႔ဥပေဒနဲ႔ဆက္လုပ္တာျဖစ္ပါတယ္။ ေနာက္ၿပီး နီေပါႏိုင္ငံကိုၾကည့္ရင္လည္း အခ်ိဳးက်ကိုယ္စားျပဳစနစ္နဲ႔ (FPTP)ႏွစ္ခုလုံးကို ၿပိဳင္တူက်င့္သုံးတယ္။ အန္ကယ္တို႔ အခုတင္ျပတဲ့အတိုင္းေပါ့။ ဒါ နီေပါႏိုင္ငံမွာ က်င့္သုံးတာျဖစ္တယ္။ က်င့္သုံးတဲ့အခါမွာ ဘာျဖစ္လဲ ဆိုေတာ့ သူတို႔ႏိုင္ငံမွာလည္း တိုင္းရင္းသားေတြအမ်ားႀကီး။ အဲဒီတိုင္းရင္းသားလူမ်ိဳစုေတြကလည္း သူ႔လူသူ စိတ္ႀကိဳက္ေ႐ြးခ်ယ္ခြင့္ရတယ္။ လူအမ်ားစု ေရာႁပြမ္းေနထိုင္တဲ့ ေနရာေတြမွာလည္း ကိုယ္စားျပဳစနစ္ျဖစ္တဲ့ အတြက္ေၾကာင့္ တစ္သီးပုဂၢလအမတ္ေတြလည္း ေနရာရမယ္။ ပါတီငယ္ေလးေတြလည္း ေနရာရမယ္။ တစ္ဦး တစ္ေယာက္တည္းကေနၿပီးေတာ့ အႏိုင္ရအကုန္ယူဆိုတာမ်ိဳးေတြ မျဖစ္ေတာ့ဘဲနဲ႔ တစ္ခုတည္းေသာ ပါတီက ႀကီးစိုးတာမဟုတ္ဘဲနဲ႔ အားလုံကေန ဝိုင္းၿပီးေတာ့ ကိုယ္စားျပဳတဲ့စနစ္ကို ကူးေျပာင္းသြားတာျဖစ္တယ္။ ဒါကေတာ့ နီေပါႏိုင္ငံျဖစ္တယ္။ ပါကစၥတန္မွာ ၾကည့္မယ္ဆိုရင္လည္း ကိုယ္စားျပဳစနစ္ကို ဒီလိုဘဲ က်င့္သုံးပါတယ္။ ဒီမွာဘာထူးျခားတာေတြ႕လည္းဆိုေတာ့ ဒါကေတာ့ ဗဟုသုတအျဖစ္ အန္ကယ္တင္ျပတာပါ။ သမၼတအျဖစ္ေ႐ြးခ်ယ္တင္ေျမႇာက္သူသည္ ေအာက္ပါအရည္အခ်င္းမ်ားႏွင့္ ျပည့္စုံရမည္။ ႏိုင္ငံသားျဖစ္သူ၊ မြတ္စလင္ျဖစ္သူ၊ အသက္ (၄၅) ႏွစ္ ျပည့္ၿပီးသူ။ ဒီတိုင္းပဲ သူ႔ရဲ႕စာအုပ္ထဲမွာ ေရးထားတာျဖစ္တယ္။ ေနာက္ ဂ်ာမဏီမွာဆိုရင္ လႊတ္ေတာ္ႏွစ္ရပ္ရွိတယ္။ အထက္လႊတ္ေတာ္မွာဆိုရင္ ကိုယ္စားလွယ္ ၆၉ ဦးနဲ႔ ဖြဲ႕စည္းတယ္။ အဲဒါကို တစ္ျပည္လုံးအတိုင္းအတာနဲ႔ ေ႐ြးေကာက္ျခင္းမဟုတ္ဘဲ ျပည္နယ္အစိုးရက စီစစ္ၿပီးေတာ့ ေ႐ြးေကာက္တယ္။ ေ႐ြးေကာက္ၿပီးေတာ့ က်န္တဲ့ ေအာက္လႊတ္ေတာ္မွာရွိတဲ့ မဲဆႏၵေတြကို (၄) ႏွစ္တစ္ႀကိမ္ က်င္းပၿပီးေတာ့ လုပ္တဲ့အခါမွာ ကန႔္သတ္ခ်က္အေနနဲ႔ကေတာ့ ခုနက အနိမ့္ဆုံးခိုင္လုံမဲအေရအတြက္ကို (၅) ရာခိုင္ႏႈန္းရွိဖို႔လိုတယ္လို႔ သတ္မွတ္ထားတယ္။ ဒါဟာ အခ်ိဳးက်ကိုယ္စားျပဳစနစ္ပဲ။ ကိုယ္စားလွယ္တစ္ဦးရဲ႕ အနိမ့္ဆုံး ရရွိရမယ့္ အေရအတြက္ပဲ ျဖစ္ပါတယ္။ ေနာက္တစ္ခုက ႐ုရွားမွာဆိုရင္ အမတ္ေနရာ (၄၅ဝ) ရွိတဲ့ေနရာမွာ ထက္ဝက္ျဖစ္တဲ့ (၂၂၅) ေနရာကို အခ်ိဳးက်ကိုယ္စားျပဳစနစ္ (Close List) နဲ႔ ပါတီကို မဲေပးရတာ ျဖစ္တယ္။ က်န္တဲ့ (၂၂၅) ကိုေတာ့ (FPTP) နဲ႔ ေ႐ြးတယ္။ အဲဒီေတာ့ အန္ကယ္တို႔က အႀကံျပဳတာကေတာ့ လူနည္းစုျဖစ္တဲ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရနဲ႔ တိုင္းရင္းသားေဒသေတြကိုေတာ့ (FPTP) နဲ႔ ခုနက ႐ုရွားလိုေပါ့။ ရရွားလိုေတာ့ မဟုတ္ဘူးေပါ့။ ဒါအန္ကယ္တို႔ ႏိုင္ငံအေနအထားအရ အန္ကယ္တို႔လုပ္တာျဖစ္တယ္။ က်န္တဲ့ ျပည္နယ္တိုင္းေဒသႀကီး အားလုံကိုေတာ့ အခ်ိဳးက်ကိုယ္စားျပစနစ္ (Close List) နဲ႔ လုပ္ဖို႔ အႀကံျပဳထားတာ ျဖစ္ပါတယ္။

ေမး ။ ။ လြန္ခဲ့တဲ့ ႏွစ္ရက္ေလာက္က သတင္းေတြဖတ္ၾကည့္တဲ့အခါ တခ်ိဳ႕ေတြေရးတာေတြ႕ရတယ္။ ဘာလဲ ဆိုေတာ့ အခု PR စနစ္ကို က်င့္သုံးၿပီးရင္ တပ္မေတာ္သား (၂၅) ရာခိုင္ႏႈန္းက လႊတ္ေတာ္ထဲမွာ ဆက္ရွိမယ္။ ေနာက္ၿပီး တျခားေသာ တက္လဲတဲ့ပါတီေတြနဲ႔ အားလုံးေပါင္းၿပီးေတာ့ သမၼတေလာင္း ေ႐ြးတဲ့အခါက်ရင္ တပ္မေတာ္သား (၂၅) ရာခိုင္ႏႈန္းနဲ႔ေပါင္းၿပီး ေ႐ြးဖို႔လုပ္ေနတယ္ဆိုတာမ်ိဳး သတင္းေတြ ေတြ႕ရတယ္။ ဆိုေတာ့ PR စနစ္က အဲဒီလိုမ်ိဳး တမင္ကို လမ္းေၾကာင္းတြန္းပို႔တာမ်ိဳးလို႔ ေျပာလို႔ရမလား။ ဘယ္လိုေျပာလို႔ရလဲ။
ေျဖ ။ ။ PR စနစ္ဆိုတာကေတာ့ အခ်ိဳးက်ကိုယ္စားျပဳစနစ္ ျဖစ္တဲ့အတြက္ေၾကာင့္ လႊတ္ေတာ္ထဲ ေရာက္သြားရင္ ပါတီတစ္ခုတည္းကေန ႀကီးစိုးၿပီးေရာက္သြားတာမဟုတ္ဘဲနဲ႔ ပါတီစုံကေနေရာက္သြားမွာျဖစ္တဲ့အတြက္ေၾကာင့္ တပ္မေတာ္သား ကိုယ္စားလွယ္က (၂၅) ရာခိုင္ႏႈန္းရွိမယ္။ သူေပါင္းရမယ့္ဟာေတြသည္ ပါတီတစ္ခုတည္းနဲ႔ ေပါင္းလို႔ရတယ္ဆိုရင္လည္း သူ႔အတြက္ကံေကာင္းမွာေပါ့။ အဲလိုမဟုတ္ဘဲနဲ႔ ဟိုပါတီ၊ ဒီပါတီ၊ ပါတီေပါင္းစုံ မွ်ေျခအတိုင္း ရသြားမယ္ဆိုရင္ လိုက္ေပါင္းဖို႔ဆိုတာ အေတာ္ခက္ပါတယ္။ ဒါမ်ိဳးက မျဖစ္ႏိုင္ဘူးလား ဆိုေတာ့ မျဖစ္ႏိုင္ဘူးလို႔ ေျပာလို႔မရဘူး။ ျဖစ္ခ်င္လည္း ျဖစ္သြားႏိုင္တယ္။ ဒါေပမယ့္ သမၼတေ႐ြးေကာက္ပြဲဆိုတာ ျပည္သူ႔လႊတ္ေတာ္က သမၼ တေလာင္းတစ္ဦး၊ အမ်ိဳးသားလႊတ္ေတာ္က သမၼတေလာင္းတစ္ဦး၊ တပ္မေတာ္က သမၼတေလာင္း တစ္ဦး။ တပ္မေတာ္ကေတာ့ သူ႔ဟာနဲ႔သူဆိုေတာ့ သူ႔ဟာနဲ႔သူျဖစ္တယ္။ ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳး သားလႊတ္ေတာ္မွာ ခုနကအန္ကယ္ေျပာသလို အခ်ိဳးက်ျဖစ္သြားမယ္ဆိုရင္ သူ႔တင္မယ္၊ ငါ့တင္မယ္နဲ႔ အဲဒီမွာတင္ အေျခအတင္ေလးေတြ ျဖစ္သြားမယ္။ ၿပီးရင္လည္း အမ်ိဳးသားလႊတ္ေတာ္က တင္ရင္လည္း ဒီလိုပဲ ျဖစ္လာမယ္။ အဲဒီသုံးေယာက္ကို ေပါင္းၿပီးေတာ့ သမၼတေ႐ြးခ်ယ္ေရးအဖြဲ႕ကေနအေျခ ခံဥပေဒနဲ႔အညီ ေ႐ြးခ်ယ္တဲ့ အခါက်ရင္ေရာ အဲဒီတက္လာတဲ့လူေတြက လက္ခံ၊မခံ။ ေ႐ြးခ်ယ္ေရးအဖြဲ႕မွာေရာ ပါသြားတဲ့လူေတြက ဘယ္သူ ေတြ ပါသြားလဲ။ အဲဒီလို အခ်ိဳးက်တဲ့အတြက္ေၾကာင့္ အန္ကယ့္အျမင္ေျပာရရင္ အမ်ားစုဆႏၵနဲ႔ ကိုက္ညီတဲ့လူ၊ တကယ္အရည္အခ်င္းရွိတဲ့လူ၊ ႏိုင္ငံေတာ္လည္း တကယ္ခ်စ္တဲ့လူက သမၼတျဖစ္လာေလ့မယ္လို႔ အန္ကယ္ကေတာ့ ယုံၾကည္ပါတယ္။

ေမး ။ ။ အဲဒီေတာ့ အန္ကယ္တို႔ လြန္ခဲ့တဲ့ဆယ္ႏွစ္ အေတြ႕အႀကဳံကိုၾကည့္ၿပီး ဒီ PR စနစ္ကေတာ့ ႏိုင္ငံနဲ႔ပိုၿပီး ကိုက္ညီမႈရွိမယ္လို႔ ပိုၿပီးယုံၾကည္ထားလား။
ေျဖ ။ ။ အန္ကယ့္အေနနဲ႔ေျပာရင္ေတာ့ ဒီစနစ္က အန္ကယ္တို႔ႏိုင္ငံနဲ႔ ပိုၿပီးေတာ့ ကိုက္ညီတယ္လို႔ ယူဆပါတယ္။ ဥပမာ ေက်း႐ြာတစ္႐ြာမွာ လူႀကီးေ႐ြးမယ္ဆိုရင္ အားလုံးႀကိဳက္တဲ့လူ မဲဆႏၵအမ်ားဆုံးရတဲ့လူ တစ္ေယာက္တည္းကို ေ႐ြးတာမဟုတ္ဘဲနဲ႔ မဲဆႏၵအမ်ားဆုံးရတဲ့လူနဲ႔ အားလုံးဖြဲ႕စည္းၿပီးေတာ့ ေ႐ြးခ်ယ္လိုက္တယ္ ဆိုရင္ ဒါေၾကာင့္ ဥကၠ႒ရယ္ အဖြဲ႕ဝင္ေတြရယ္အကုန္ပါဝင္လာမယ္ဆိုရင္ အဲဒီေက်း႐ြာေလး ပိုမိုေကာင္းသြားမွာ ျဖစ္သလို ဒီဟာကိုလည္း အဲဒီလိုအဆင္ေျပေလ့မယ္လို႔ အန္ကယ္ယူဆမိပါတယ္။

ေမး ။ ။ ေနာက္ဆုံးသုံးသပ္ခ်က္အေနနဲ႔ ကြၽန္ေတာ္ေမးခ်င္တာက အခု PR ကို ကြၽန္ေတာ့္အေနနဲ႔ ျမင္လိုက္တာက ျပည္သူ႔လႊတ္ေတာ္ (၃၃ဝ)၊ အမ်ိဳးသားလႊတ္ေတာ္ (၁၆၈) ေပါ့။ အဲဒီလႊတ္ေတာ္ႏွစ္ရပ္မွာ လူစာရင္းကို မေျပာင္းဘဲ ဖြဲ႕စည္းပုံနဲ႔အညီ PR နဲ႔ မဲဆႏၵနယ္ကို ေ႐ြးခ်ယ္ခိုင္းၿပီးေတာ့ ကိုယ္စားလွယ္ေတြကို လႊတ္ေတာ္ထဲ ထည့္သြင္းလိုက္တဲ့ပုံစံမ်ိဳး ေတြ႕ရတယ္။ ဆိုေတာ့ ဖြဲ႕စည္းပုံကိုလည္း မခ်ိဳးေဖာက္ဘူး။ လႊတ္ေတာ္ ကိုလည္း ေခၚစရာမလိုဘဲနဲ႔ဥပေဒထဲက ရေအာင္လုပ္သြားတဲ့သေဘာမ်ိဳးေတြ႕ရတယ္။
ေျဖ ။ ။ မွန္ပါတယ္။ ဥပေဒအရေပါ့။ ဥပေဒထဲက ရေအာင္လုပ္တာမဟုတ္ဘဲနဲ႔ဥပေဒေဘာင္အတြင္းက လုပ္တဲ့သေဘာေပါ့။

ေမး ။ ။ အဲဒီစနစ္က အန္ကယ္တို႔ပါတီက တင္တာေတြနဲ႔ UEC နဲ႔က ေတာ္ေတာ္နီးနီးစပ္စပ္ သြားတူေနတယ္ လို႔ တခ်ိဳ႕ကေျပာေနၾကတယ္။ ဆိုေတာ့ ဘယ္လိုေၾကာင့္ သြားတူေနတယ္လို႔ ေျပာလို႔ရလဲ။
ေျဖ ။ ။ အန္ကယ္တို႔ပါတီကလည္း ဒီစနစ္ကို စၿပီးက်င့္သုံးမယ္လို႔ ဆိုတဲ့အတြက္ အခ်ိန္ရတဲ့အတြက္ ဒီက်င့္သုံးမယ့္ PR စနစ္သည္ အန္ကယ္တို႔ႏိုင္ငံရဲ႕ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ေက်ာ္လို႔မရဘူး။ မရတဲ့အတြက္ ေၾကာင့္ အဲဒါေတြနဲ႔ ကိုက္ညီမႈ ရွိ၊ မရွိ။ ေနာက္ၿပီးေတာ့ ေ႐ြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္ထားတဲ့ ဥပေဒ၊ နည္းဥပေဒေတြနဲ႔ ကိုက္ညီမႈ ရွိ၊မရွိကို အန္ကယ္တို႔ပါတီရဲ႕ ဗဟိုအလုပ္အမႈေဆာင္ အစည္းအေဝးမွာ ဥကၠ႒ ကိုယ္တိုင္ ေဆြးေႏြးတယ္။ အဲဒီေဆြးေႏြးခ်က္ေတြက ဖြဲ႕စည္းပုံမွာ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး ဒါေတြ၊ဒါေတြ ျပဌာန္းထားပါတယ္။ ေကာ္မရွင္ဥပေဒမွာလည္း ဒါေတြ၊ ဒါေတြ ျပဌာန္းထားတယ္။ မဲဆႏၵနယ္သတ္မွတ္ျခင္း၊ ေ႐ြးေကာက္ပြဲမ်ား ျပန္လည္က်င္းပႏိုင္ျခင္း၊ မဲဆႏၵနယ္ဖ်က္သိမ္းျခင္း၊ စသျဖင့္ ပုဒ္မ (၁၈) အခန္း (၆) မွာ ပါၿပီးသား ျဖစ္ပါတယ္။ အဲဒါေတြျပ႒ာန္းထားပါတယ္။ အဲဒါေတြနဲ႔ ကိုညီမႈ ရွိလား၊မရွိလားဆိုတာ အန္ကယ္တို႔က ဆန္းစစ္ပါတယ္။ ဥပေဒနဲ႔အညီ ကိုက္ညီမႈရွိမွသာ ခုနက ကမာၻမွာျဖစ္ေနတာေတြကို အန္ကယ္ေျပာခဲ့တာက အနည္းက်ဥ္းပဲ ရွိပါတယ္။ သူ႔သက္ဆိုင္ရာအသီးသီးက Subject အလိုက္ ဒါေတြကို ေလ့လာၿပီး ဘယ္ႏိုင္ေတြမွာ ဘယ္လိုေတြလုပ္ထားတယ္၊ ဘယ္လိုအက်ိဳးျပဳတယ္။ ဒီလိုဆိုရင္ ကြၽန္ေတာ္တို႔ပါတီက စည္း႐ုံးမႈေကာင္းလို႔ တစ္ပါတီတည္း ခြၽန္သြားတာနဲ႔စာရင္ ေဘးကပါတီငယ္ေလးေတြလည္း ပါလာေအာင္၊ တစ္သီးပုဂၢလေတြလည္း ပါလာေအာင္၊ ပညာရွင္ေတြလည္းပါလာေအာင္ ဘယ္လိုလုပ္ရင္အေကာင္းဆုံးျဖစ္မလဲ၊ လူထုရဲ႕ဆႏၵကို အမ်ားစု ကိုယ္စားျပဳႏိုင္တဲ့ အမတ္ေလာင္းေတြဘယ္လိုေ႐ြးမလဲလို႔ စဥ္းစားရင္းနဲ႔ ဒါဆိုရင္ေတာ့ အခ်ိဳးက် PR စနစ္နဲ႔ဆို ပိုေကာင္းမယ္။ တိုင္းရင္းသားလူမ်ိဳးေတြက်ေတာ့ သူ႔လူသူ တင္ေျမႇာက္ႏိုင္ေအာင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ေတြမွာ FPTP နဲ႔ လုပ္ေပးရင္ေကာင္းမယ္။ ဒီလိုဆိုရင္ ဒီလိုေလး Frame ခ်ၿပီးေတာ့ ဒီအေပၚမွာမူတည္ၿပီး ဘယ္ႏိုင္ငံေတြက ဘယ္လိုမ်ိဳးအက်ိဳအျမတ္ရွိမလဲ။ ဒို႔ႏိုင္ငံရဲ႕ ဖြဲ႕စည္းပုံနဲ႔ေရာ ကိုက္ညီမႈရွိသလား၊ ဘယ္လိုအက်ိဳး အျမတ္ရွိသလဲဆိုတာမ်ိဳး ခ်င့္ခ်ိန္သုံးသပ္ၿပီးေတာ့မွ ဒါကို ေတာ္ေတာ္ေလးအခ်ိန္ယူၿပီးေတာ့ ေဆာင္႐ြက္တာ ျဖစ္ပါတယ္။ အတိအက်ေျပာရရင္ေတာ့ UEC ကေနၿပီးေတာ့ PR ေတြ ရွိတယ္ဆိုရင္ တင္ပါဆိုၿပီးေတာ့ လာတဲ့အခါမွာ အန္ကယ္တို႔က အခ်ိန္ပိုမိုရတဲ့အတြက္ေၾကာင့္ အေျခခံဉပေဒ၊ ေကာ္မရွင္ဥပေဒနဲ႔ တိုက္ဆိုင္စစ္ေဆးၿပီး ႏိုင္ငံေတာ္ေတာ္မ်ားမ်ားကို ေလ့လာၿပီးေတာ့မွ အန္ကယ္တို႔နဲ႔ကိုက္ညီမဲ့ဟာကို ေ႐ြးခ်ယ္ၿပီးေတာ့ Parallel System နဲ႔ လုပ္ပါမယ္ဆိုၿပီး အဲဒါသည္ List PR နဲ႔ FPTP ကို ယွဥ္ၿပီးေတာ့ တစ္ရက္ထဲ က်င္းပႏိုင္တဲ့ဟာကို လုပ္မွာျဖစ္တယ္။ ဒါလည္း ဖြဲ႕စည္းပုံနဲ႔အညီ ဒါကိုေ႐ြးခ်ယ္လိုက္တာျဖစ္ပါတယ္။

ေမး ။ ။ ေနာက္ဆုံးအေနနဲ႔ မဲဆႏၵရွင္ ျပည္သူေတြကို ဘာမ်ားေျပာခ်င္တာ ရွိမလဲခင္ဗ်ာ။
ေျဖ ။ ။ မဲဆႏၵရွင္ျပည္သူေတြကေတာ့ အန္ကယ့္အေနနဲ႔ အႀကံျပဳတင္ျပတာေပါ့။ PR စနစ္ဆိုတာ တစ္သီး ပုဂၢလ ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့လူေရာ၊ ပါတီငယ္ေလးေတြ (၃) ၿမိဳ႕နယ္ကို အနည္းဆုံး ဝင္ေရာက္ယွဥ္ၿပိဳင္ရမယ္လို႔ ေကာ္မရွင္ကၫႊန္ၾကားခ်က္ရွိပါတယ္။ အဲဒီ (၃) ၿမိဳ႕နယ္ ဝင္ၿပိဳင္တဲ့ ပါတီငယ္ေလးေတြေရာ သူတို႔ႀကိဳးစားမယ္ ဆိုရင္ အနည္းဆုံးရမွတ္ထက္ ေက်ာ္လြန္လာမယ္ဆိုရင္ တစ္ေနရာ ေသခ်ာပါတယ္။ အဲဒီလိုပဲ ပါတီႀကီးေတြေရာ အရင္လို အႏိုင္ရအကုန္ယူမဟုတ္ဘဲနဲ႔ လူထုအားလုံးရဲ႕ ဆႏၵနဲ႔ ကိုက္ညီတဲ့ အခ်ိဳးက်ကိုယ္စားလွယ္ကို ရရွိမယ့္ စနစ္ ျဖစ္တဲ့အတြက္ေၾကာင့္ ဒီစနစ္က ျပည္သူလူထုအေနနဲ႔ ေ႐ြးခ်ယ္သင့္တဲ့ စနစ္ျဖစ္တယ္လို႔ အန္ကယ့္အေနနဲ႔ ထင္ျမင္ယူဆမိပါတယ္။ ဒီစနစ္ေၾကာင့္ လႊတ္ေတာ္ထဲေရာက္လာမယ့္ ကိုယ္စားအားလုံးသည္လဲ ပါတီႀကီးတစ္ခုတည္းက ႀကီးစိုတာမဟုတ္ဘဲနဲ႔ ပါတီစုံ၊အတတ္ပညာစုံ၊ တစ္သီးပုဂၢလေတြပါ ပါေကာင္းပါလာႏိုင္တဲ့အတြက္ေၾကာင့္၊ ပိုမိုပါလာ ႏိုင္တဲ့အတြက္ေၾကာင့္ အလြန္ကို Balance ျဖစ္တဲ့ လႊတ္ေတာ္တစ္ခု ျဖစ္လာႏိုင္တယ္လို႔ အန္ကယ့္အေနနဲ႔ ထင္ျမင္ယူဆမိပါတယ္။

အခုလို အခ်ိန္ေပးေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္။

Related news

© 2021. All rights reserved.