ဥရောပ ခတ္တိယ ဂျာမန်မင်းဆက်များနဲ့ ရာဇဝင်ထဲကဘိန်းစား စစ်သားများ(၂)
3864
ဥရောပ ခတ္တိယ ဂျာမန်မင်းဆက်များနဲ့ ရာဇဝင်ထဲကဘိန်းစား စစ်သားများ(၂) - သို့မဟုတ်
(နိုင်ငံရေးစနစ် သွပ်သွင်း၍ လူတစ်စုက လူလည်ကျအုပ်ချုပ်ကြသော စနစ်များအကြောင်း)
မဟာ ဗမာ (NP News) - နိုဝင်ဘာ ၂၄
ဥရောပတိုက်မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာနေကြတဲ့ ဂျာမာန်လူမျိုးတွေရဲ့ဇစ်မြစ်ဟာ လူသားသမိုင်းအစပါလို့ ဘယ်သူမှ သေချာမသိပါဘူး။
အခုချိန်အထိ ရှာဖွေထုတ်ဖော်ဆဲပေါ့။ ဓမ္မဟောင်းသမ္မာကျမ်းစာထဲမှာတော့ ကမ္ဘာဖျက်မိုးကြီးရွာပြီး ကပ်ဆေးတုန်းက လှေကြီးဆောက်ပြီး အသက်ရှင်ကျန်ရစ်ခဲ့တဲ့ တမာန်တော် နိုအာ Noah ရဲ့မြစ်တော်သူ အက်ရှ်ခါနက် Ashkhenaz ကနေဆင်းသက်လာတဲ့ လူမျိုးလို့ဖော်ပြထားပြီး ဂရိနဲ့ရောမမှတ်တမ်းတွေမှာ ဘာဘေးရီးယန်းဂျာမာန်နွယ် လူရိုင်းတွေနေတဲ့ Germanic Barbaricum ဆိုတာ ယနေ့ခေတ် နော်ဝေရှိတဲ့ စကင်ဒီနေဗီးယန်းဒေသ၊ ပိုလန်၊ ချက်၊ သြစတြီးယား၊ ဂျာမဏီနိုင်ငံတွေတည်ရှိတဲ့ ဥရောပဒေသဗျ။ ဥရောပတောင်ဘက် မြေထဲပင်လယ်စပ်က ဂရိတို့ရောမအင်ပါယာကြီးတို့ရဲ့ မြောက်ဘက်နယ်ခြားမှာ စစ်တိုက်တော်ပြီး လွတ်လပ်မှုကိုမြတ်နိုးတဲ့ မြင်းစီးလူရိုင်းဂျာမာန်တွေရဲ့ နိုင်ငံငယ်လေးတွေဟာ မွစိတက်အောင်တည်ရှိပြီး အချင်းချင်းတိုက်ခိုက်နေကြတာပေါ့။ မိန်းမနဲ့ကလေးတွေကအစ အတိုက်အခိုက်ကျွမ်းကျင်ပြီး ခန္ဓာကိုယ်ကြီးမားသန်စွမ်းတဲ့ ဂျာမာန်တွေမှာ သက်ဆိုင်ရာမျိုးနွယ်တွေစုအလိုက် ရွေးချယ်တင်ထားတာ(သို့မဟုတ်) အရိုက်အရာဆက်ခံသူ စစ်ဘုရင်တစ်ဦးနဲ့ သူ့အောက်မှာ စစ်ခေါင်းဆောင်တွေ အုပ်ချုပ်ရေးမှူးတွေပါဝင်တဲ့ ဥပဒေပြုလွှတ်တော်နဲ့ဆင်တူတဲ့ the Thing တွေက လွတ်လပ်တဲ့ပြည်သူတွေကိုအုပ်ချုပ်တယ်။ ပြည်သူတွေကတော့ သူ့တို့ထက် တစ်ဆင့်နိမ့်တဲ့ ကျွန်တွေ တိရိစ္ဆာန်တွေကို အုပ်ချုပ်ကြတာပေါ့လေ။ ဂရိမြို့ပြနိုင်ငံတွေ၊ အိန္ဒိယက သာကီဝင်နိုင်ငံတွေ ဗမာပြည်က ပျူမြို့ပြနိုင်ငံငယ်တွေလိုပေါ့။ လူမျိုးတူ နိုင်ငံကွဲကြတော့ ပြည်ပလူမျိုးခြား ဘုံရန်သူနဲ့စစ်မက်ဖြစ်ချိန်မှာတော့ လူမျိုးတူခြင်း မဟာမိတ်ဖွဲ့ တိုက်ခိုက်ကြပေမဲ့ ဘုံရန်သူမရှိတော့တဲ့အခါမှာတော့ ယနေ့ခေတ်မြန်မာနိုင်ငံလိုပဲ အချင်းချင်းတိုက်ခိုက်ဖို့အကြောင်းမျိုးစုံပေါ်လာပြီး အချိန်ကုန်နေကြတာပေါ့။ အဲဒီလို ဂျာမာန်လူရိုင်းတိုင်းပြည်တွေရဲ့တစ်ဝက်ဟာ အဲဒီကာလ ကမ္ဘာ့အင်အားအကြီးဆုံးစူပါပါဝါ ရောမအင်ပါယာကြီးရဲ့သစ္စာခံကိုလိုနီတွေဖြစ်ပြီး ကျန်တစ်ဝက်လောက်ဟာ လွတ်လပ်စွာ ကို့ယ့်ကြမ္မာကိုယ်ဖန်တီးနိုင်တဲ့ လွတ်လပ်သူတွေပေါ့။ အကြမ်းအားဖြင့် ရိုင်းမ်မြစ်ကို နယ်နမိတ်စည်းအဖြစ်သတ်မှတ်ထားတယ်။ ရောမပြည်ရဲ့နိုင်ငံသားဖြစ်မှုဥပဒေအရ သူ့ ကိုလိုနီနိုင်ငံသားတွေကို စစ်မှုထမ်းစေပြီး နိုင်ငံသားအဖြစ်လျောက်ထားခွင့် အဆင့်ဆင့်ပေးတယ်။ စစ်မက်ပြုပြီး လက်ရုံးရည်နဲ့သိမ်းပိုက်တဲ့အပြင် နှလုံးရည်ဖြစ်တဲ့ သူ့နိုင်ငံသားဖြစ်ခွင့် ယဉ်ကျေးမှုစတဲ့နိုင်ငံရေးနည်းလမ်းတွေနဲ့စည်းရုံးပြီး ရောမအင်ပါယာကြီးကိုချဲ့ထွင်ရာမှာ ကိုလိုနီနယ်က စစ်တိုက်တော်တဲ့ဂျာမာန်လူမျိုး စစ်သည်တွေကို ရောမစစ်တပ်ထဲမှာ စစ်မှုထမ်းစေရာကနေ ရောမအင်ပါယာကြီး
ပြိုကွဲဖို့ဖြစ်လာတော့တာပဲ။
ယေရှုခရစ် ၉ နှစ်သားအရွယ်မှာ ယနေ့ခေတ် ဂျာမဏီတောင်ဘက်မှာရှိတဲ့ ကျူတိုဘာ့ တောတန်း Teutoburg Forest ဒေသမှာ ကမ္ဘာ့စူပါရောမစစ်တပ်ကြီးကို ဂျာမာန်လူရိုင်းနွယ် တပ်ပေါင်းစုက တပ်လုံးပြုတ်တိုက်ပစ်လိုက်တယ်။ မတူကွဲပြားတဲ့ ဂျာမာန်လူရိုင်း တိုင်းပြည်တွေရဲ့တပ်ပေါင်းစုကိုဦးဆောင်သူက အာမေးနီးယပ် Arminius ဆိုတဲ့ ဂျာမာန်လူမျိုး ရောမတပ်မတော်အငြိမ်းစားအရာရှိ(ရောမနိုင်ငံသား) ဆိုတော့ အဲဒီကာလ အင်အားအကြီးဆုံး စစ်တပ်ကြီးကို အကြီးမားဆုံးရှုံးနိမ့်သွားအောင် သူတို့သင်ပေးတဲ့စစ်ပညာနဲ့ပဲ ပြန်တိုက်သွားတာပေါ့။ ဗမာဘုရင်မွေးစားထားတဲ့ ယိုးဒယားမင်းသား နရစွမ်(ခေါ်) ဗြနရာဇ် သူ့ယောက်ဖ ဗမာဘုရင်(သူ့နှမဆုပန်ကလျာရဲ့လင်ဘုရင့်နောင်) သင်ပေးထားတဲ့ စစ်ပညာနဲ့ဗမာတပ်ကိုအောင်မြင်စွာ ပြန်တော်လှန်ခဲ့သလိုမျိုးနေမယ်။ ဗမာဆိုတာမျိုးနဲ့ရိုးနဲ့ ဖွန်ကြောင်တာနော။ ဒီစစ်ပွဲဟာ ကမ္ဘာ့နိုင်ငံရေးနဲ့လူ့သမိုင်းကို လှည့်ပြောင်းစေတဲ့ဖြစ်ရပ်ကြီး
တခုဖြစ်ခဲ့တယ်။ ဒါပေမဲ့ စစ်သွေးကြွလူရိုင်းမျိုးနွယ်စရိုက်အတိုင်းပဲ အာမေးနီးယပ် စုစည်းခဲ့တဲ့တပ်ပေါင်းစုဟာလည်း ဘုံရန်သူမရှိတော့တဲ့အခါ (ရောမနိုင်ငံသား ဂျာမာန်စစ်ဗိုလ်) အာမေးနီးယပ်ကို မနာလိုတဲ့ တခြားဂျာမာန်နိုင်ငံရေးသမားတွေက ပြန်လုပ်ကြံသတ်ဖြတ် ပြီးတော့ အချင်းချင်းပြန်ချပြီး ပြိုကွဲသွားတော့တယ်။
အဲဒီလို ရောမစစ်သည်သောင်းချီသေပြီး တပ်လုံးပြုတ်အရှုံးနဲ့ ရင်ဆိုင်ရပြီးနောက်မှာတော့ ဂျာမာန်လူရိုင်းနယ်ကို စစ်တပ်ကြီးနဲ့ချီတက်တိုက်ခိုက်မဲ့ လက်ရုံးနည်းအစား လူရိုင်း
ခေါင်းဆောင်တွေကို နိုင်ငံရေးနည်းနဲ့ရောမဇတ်သွင်းပေးပြီး ရောမပြည်ထောင်စုကြီးရဲ့ အစိပ်အပိုင်းဖြစ်လာအောင်စည်းရုံးနိုင်ခဲ့တယ်။ ရောမယဉ်ကျေးမှုကို ကျင့်သုံးလာတဲ့ ဂျာမာန် တိုင်းရင်းသားလူရိုင်း ဘုရင်ငယ် Romanized Germanic Prince တွေဟာ မိမိတိုင်းပြည် ငယ်လေးတွေရဲ့အပြင်ကို ထွက်ကြည့်မိတော့မှ ကျယ်ပြောလှတဲ့ ရောမပြည်ထောင်စု အင်ပါယာကြီးရဲ့နိုင်ငံသားတွေအဖြစ် တချိန်ချိန်မှာ ရောမအုပ်ချုပ်ရေးယန္တရားမှာ ပါဝင်ခွင့်ရတာကမှ သူတို့ဝါးလုံးခေါင်းလေးထဲမှာ လသာတာထက် ပိုအကျိုးရှိတာ မြင်လာကြတော့ မိမိအချုပ်ချာအာဏာပိုင်ခွင့် sovereigty ထက် ပြည်ထောင်စုတွင်းထဲမှ ကန့်သတ်လွတ်လပ်ခွင့် suzerainty ကိုရွေးချယ်လာကြတယ်။ လွတ်လပ်ရေး
ခေါင်းဆောင်ကြီး အာမေးနီးယပ်ကိုတောင် ပြန်သတ်ကြတဲ့နိုင်ငံရေးလုပ်စားသူ အုပ်စိုးသူလူတန်းစားချင်းကြားမှာ ညီညွတ်ရေးဆိုတာ တည်ဆောက်ရတာသိပ်လွယ်ပေါ့။
ပြည်သူလူထုပေါ်မှာ တက်အုပ်ချုပ်တဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို လုပ်ကိုင်စားသူ
တွေကြားမှာတော့ ရောမဂျာမာန်တို့ အာဏာရှင်စနစ်တို့ ဒီမိုကရေစီတို့ ကွဲပြားမနေဘဲ ကိုယ်ကျိုးစီးပွားတွက်အကျိုးရှိမယ်ဆိုရင် သူတို့အတွက်သေပေးရတဲ့ ပြည်သူ့မျက်နှာ မကြည့်ဘဲ သူတို့လူတန်းစားချင်းညီညွတ်ရေးရသွားတတ်တာ လူ့သဘာဝပါပဲ။
သူတို့ရဲ့လွတ်လပ်ခွင့်ကိုထိပါးလာရင် မိန်းမခလေးပါမကျန် လက်နက်စွဲကိုင်တိုက်ခိုက်တတ်တဲ့ ဂျာမာန်လူရိုင်းစစ်သည်တွေကို ရောမအင်ပါယာနိုင်ငံရေးသမားတွေဟာ hard power ဆိုတဲ့ စစ်ရေးနည်းနဲ့ယှဉ်ပြိုင်မတိုက်တော့ဘဲ သူတို့ရဲ့နိုင်ငံရေးခေါင်းဆောင်တွေကို soft power ခေါ်တဲ့
နိုင်ငံရေးအတွေးအခေါ်တွေနဲ့ ရောမဇာတ်သွင်းစည်းရုံးပြီး နယ်ချဲ့တဲ့စနစ်ကို အောင်မြင်စွာ ကျင့်သုံးလိုက်နိုင်တယ်။ ဒီနေရာမှာ ပြောစရာရှိတာက အဲဒီလွတ်လပ်တယ်ဆိုတဲ့ ဂျာမာန် ပြည်သူတွေဟာ သက်ဆိုင်ရာဂျာမာန်ဘုရင်ငယ်အောက်က အုပ်ချုပ်ခံကျွန်တွေပါပဲ။ သူတို့ရဲ့ ဂျာမာန်ဘုရင်ဟာ သူ့ထက်ကြီးတဲ့ရောမဘုရင်နဲ့အပေးအယူမတဲ့တုန်း လွတ်လပ်ရေးကို ခြိမ်းခြောက်လို့ ပြန်ချရတယ်၊ ဘာညာ အောက်ချေကို မြှောက်ပေးပြီး ဘုရင်ချင်း အဆင်ပြေလို့ ဆရာမွေးတပည့်မွေး ဝေစားမျှစားဖြစ်သွားရင်တော့ ပြည်သူတွေကို တမျိုးလှည့်ပြောပြီး သခင်သစ်အောက်မှာ လွတ်လပ်ရေးပုံစံသစ်ပေးလိုက်တာပေါ့။
အခုလို ကျူတိုဘာ့တောတန်းက စခဲ့တဲ့ ကမ္ဘာ့နိုင်ငံရေးအချိုးအကွေ့ဖြစ်တဲ့ hard power နဲ့ soft power ကိုညီမျှအောင်သုံးပြီး နယ်ချဲ့ပုံကို ယနေ့ခေတ်မှာပြိုကွဲသွားတဲ့ ရောမအင်ပါယာကြီး ရဲ့အရိုက်အရာကိုဆက်ခံတဲ့ အမေရိကန်၊ အင်္ဂလိပ်၊ ရုရှားစတဲ့ ဥရောပသားအင်ပါယာတွေဆီမှာ တွေ့ရမှာပါ။ ပြိုကွဲခဲ့တဲ့ ရွှေခေတ်ရောမနိုင်ငံရဲ့အတွေးအခေါ်တွေ အငွေ့အသက်တွေဟာ ယနေ့ခေတ် ဥရောပသားတွေနဲ့ကမ္ဘာအနှံ့မှာ တွေ့ရမှာပါ။ ဥပမာအလွယ်ပေးရရင် အမေရိကန် လွတ်လပ်ရေးကြေငြာစာတမ်းကို အင်္ဂလန်က Magna Carta စာချုပ်နဲ့အနောက် တိုင်းနိုင်ငံတွေရဲ့
နိုင်ငံတော် တံဆိပ်တွေမှာသုံးတဲ့ လက်တင်ခေါ် ရောမအသုံးအနှုန်းတွေ ကမ္ဘာအနှံ့သုံးနေတဲ့ ရောမအက္ခရာ အေဘီစီတွေ ဥပဒေ ဒသနိကဗေဒ သိပ္ပံပညာတွေမှာ ခန့်ခန့်ထည်ထည်သုံးတဲ့ အင်္ဂလိပ်ပါဋိ ခေါ် ရောမလက်တင်စာတွေ ဥရောပတိုက်နေရာတိုင်းနီးပါးမှာ ပြောနေတဲ့ လက်တင်ဘာသာစကား (ပြင်သစ်၊ စပိန် ၊ ပေါ်တူဂီ၊ အီတလီဘာသာစကားတွေဟာ ရောမ လက်တင်ဘာသာစစ်စစ်ဖြစ်ပြီး အင်္ဂလိပ်၊ ဂျာမာန်၊ စကင်ဒီနေဗီးယန်းဘာသာတွေဟာ လက်တင်ပါဋိပျက်တွေ) စသဖြင့် တွေ့မြင်နိုင်ပါမယ်။ အမေရိကန်အလံက သိမ်းငှက်ကြီးတို့ ဂျာမာန်နိုင်ငံတော်တံဆိပ်နဲ့ နာဇီအလံပေါ်က စင်္ကြာချီ သိမ်းငှက်ကြီး Reichsadler တို့ဟာ ရောမတပ်မတော် အမှတ်တံဆိပ် (legion standard) သိမ်းငှက်ကြီးနဲ့အတူတူဖြစ်နေတာ၊ ရုရှား
နိုင်ငံတော်တံဆိပ်နဲ့ တခြား အရှေ့ဥရောပနိုင်ငံတွေရဲ့သင်္ကေတ ခေါင်းနှစ်လုံး သိမ်းငှက်ကြီးဟာ အရှေ့ရောမ အင်ပါယာ (ယနေ့ခေတ်တူရကီ) ရဲ့အမှတ်အသားဖြစ်နေတာ၊ အင်္ဂလန်ဘုရင့် တံဆိပ်တော်က ခြင်္သေ့ကြီးဟာ ရောမဘုရင် ဆီဇာ (သီဟ) ကို ကိုယ်စားပြုတာတွေဟာ တိုက်ဆိုင်မှုတော့ မဟုတ်ဘူးပေါ့။ ဗမာတွေ ပုဂံခေတ်ကို ရွှေခေတ်လို့သတ်မှတ်ပြီး နောင်လာနောင်သားတွေ တမ်းတနေသလိုမျိုးနေပါမယ်။ မုဆိုးခြုံရွာက အုပ်ကြီးတောင် ပလ္လင်ပေါ်ရောက်လာတော့ ဘိုးလောင်းတော် ဘေးလောင်းတော် ပုဂံမင်းဆက်နဲ့ဆွေမျိုးတွေကို ဖြစ်လို့။
ရောမအင်ပါယာနဲ့ ဘာသာ စာပေယဉ်ကျေးမှု နိုင်ငံရေးအတွေးအခေါ်ဆိုတဲ့ အုပ်စိုးခံလူတန်းစား
အပေါ် ထိန်းချုပ်နည်းတွေမှာ သဘောတူညီမှုရသွားတဲ့ ဂျာမာန်စစ်ဘုရင်ငယ်တွေကတစ်ဆင့် ရောမဇာတ်ဝင်သွားတဲ့ ဂျာမာန်လူမျိုးတွေဟာ ရောမအင်ပါယာကြီးရဲ့ စစ်တပ်တို့ အုပ်ချုပ်ရေး တို့မှာ နေရာရလာကြတယ်။ လက်အောက်ခံ ကိုလိုနီနယ်သားတွေကို ရောမအရံတပ် Auxilia
မှာ အမှုထမ်းစေပြီး စာချုပ်သက်တမ်းပြည့်ရင် နိုင်ငံသားပြုခွင့်ပေးတာမျိုးကို ယနေ့ခေတ် ရောမစကားပြောတဲ့ ရောမအင်ပါယာဟောင်း ပြင်သစ်နိုင်ငံက ဖောရိမ်းလီဂျင်တေပ်မှာ တွေ့နိုင်ပါသေးတယ်။ သတ္တိ ဗျတ္တိကိုအရင်းပြုပြီး စစ်မှုထမ်းရာကနေ ရောမနိုင်ငံသား
ဖြစ်ခွင့်ရသွားတဲ့ ဂျာမာန်တွေဟာ ရောမပြည်ထောင်စုအဆင့် နိုင်ငံရေးရာထူးတွေရလာပြီး အင်ပါယာအနှံ့မှာ အချေချနေထိုင်လာကြတာပေါ့။ ယဉ်ကျေးမှုမြင့်မားပြီး အုပ်ချုပ်ရေး ပညာရေးတွေမှာ ထူးချွန်တဲ့ ရောမ၊ အီတလီ၊ အင်ပါယာကြီးရဲ့ အုပ်ချုပ်ရေးစစ်ရေး ယန္တရားထဲကို သတ္တိရှိပြီး အမိန့်နာခံမှုအားကောင်းတဲ့ ဂျာမာန်တွေ ပါဝင်လာတာကြောင့် ရောမပြည်ကြီးပိုလို့ တိုးတက်ကြွယ်ဝလာတယ်။ ကော့ကေးရှန်း မျက်နှာဖြူ လူမျိုးတူ
ဖြစ်တဲ့အပြင် နတ်ဘုရားမျိုးစုံကို ကိုးကွယ်မှုပါ ဆင်တူတော့ပေါင်းလို့ ပိုအဆင်ပြေတာပေါ့။ ကာယဗလနဲ့ ဉာဏဗလ၊ ဘုန်းနဲ့ လက်ရုံး၊ ယင်နဲ့ယန်၊ အပျော့နဲ့အမာတို့ရဲ့ သဟဇာတညီ balanced ပေါင်းစည်းမှုလို့ ဆိုရပါမယ်။ ဗြဟ္မဏနဲ့ ခတ္တိယပေါင်းစည်းမှုလို့ဆိုရင်လည်း ပို နီးစပ်မလားပါပဲ။ ဗမာတွေနဲ့ ရင်းနှီးနေတဲ့ အဲဒီဝေါဟာရတွေဟာ ဟိန္ဒူအယူအဆပါ။ ဟိန္ဒူ လူ့အဖွဲ့အစည်းထဲမှာ ဗြဟ္မဏဆိုတဲ့ ဘုရားသခင်နဲ့တိုက်ရိုက်ဆက်သွယ်လို့ရတဲ့ ဘုန်းကြီးနဲ့ ပညာရှိ(ဗြဟ္မာ့ခေါင်း) မျိုးရိုး၊ ခတ္တိယဆိုတဲ့ စစ်သား၊ ဘုရင် (ဗြဟ္မာ့လက်ရုံး)မျိုးရိုး၊ ဝသ Vaishya ဆိုတဲ့ ကုန်သည်လယ်သမား လူလတ်တန်းစား (ဗြဟ္မာ့ဝမ်းဗိုက်)မျိုးရိုး၊ သုဒ္ဓဆိုတဲ့ ဆင်းရဲသားလူများစု (ဗြဟ္မာ့ခြေထောက်)မျိုးရိုး ဆိုပြီး ခွဲခြားသတ်မှတ်ထားတယ်။ ရောမ
နိုင်ငံရေးသမား ပညာရှိ ဗြဟ္မဏတွေနဲ့ ဂျာမာန်စစ်သားမျိုး ခတ္တိယ အထက်တန်းလွှာ လူတန်းစားနှစ်မျိုးပေါင်းစပ်မှုလို့ အလွယ်မှတ်ယူလို့ရမှာပေါ့။ အဲဒီခေတ်မှာ နတ်ဘုရားပေါင်းစုံ ကို ကိုးကွယ်ကြတော့ အုပ်ချုပ်သူတွေဟာ သူတို့ဟာသူတို့ ကိုးကွယ်တဲ့နတ်ဘုရားက ဆင်းသက်လာတယ်ဆိုပြီး သာသနာပြုမင်းကြီးတွေ (ဘုရားသခင်နဲ့ဆက်သွယ်နိုင်တဲ့ ဗြဟ္မဏ
ဘုန်းကြီးဘုရင်ရာထူး) အဖြစ် ပြည်သူတွေကို အယုံသွင်းထားတာပေါ့။ ယနေ့ခေတ် မြင်ရတဲ့ ခရစ်ယာန်သာသနာ အချက်အချာ ရောမမြို့သားတွေဟာ ယေရှုခရစ်မွေးဖွားပြီး နှစ်ပေါင်း ၃၀၀ ကျော်(၃၁၂ အေဒီ)အထိ ခရစ်ယာန်ဘာသာကို မကိုးကွယ်သေးဘူး။ ခရစ်တော်ကို
လျို့ဝှက်ကိုးကွယ်ကြရပြီး ခရစ်ယာန်ဘာသာဝင် ကလေးလူကြီးတွေကို အရီနာဆိုတဲ့ သားသတိကွင်းတွေထဲမှာ အရှင်လတ်လတ်ခြင်္သေ့စာကျွေးတာကို ရောမမြို့သားတွေ ယနေ့ခေတ် မန်ယူပွဲအားပေးသလို စုပြုံကြည့်နေကြတုန်း။ ပထမဆုံးသမ္မာကျမ်းစာကိုတောင် ခရစ်တော်မွေးပြီး ၃၃၁ နှစ်ကြာ (လက်ဝါးကပ်တိုင်တင်ခံရပြီး နှစ် ၃၀ဝ ကြာ) မှဂရိဘာသာနဲ့ အုပ်ရေ(၅၀)ပဲထုတ်နိုင်ခဲ့တာဆိုတော့ ကျူတိုဘာ့တောတန်းတိုက်ပွဲပြီးခါစမှာ ရောမနဲ့ ဂျာမာန် လူမျိုးတွေဟာ ယနေ့ ဟိန္ဒူတွေလို နတ်ဘုရားမျိုးစုံကို ကိုးကွယ်ကြပုံတူတူပဲ။
ပထမဆုံး ခရစ်ယာန်ဘာသာကိုးကွယ်တဲ့ ရောမသာသနာပြုမင်း ကွန်စတန်တင်း (ဗုဒ္ဓဘာသာက အာသောကမင်းလို) တောင်အရင်က မစ်ထရက်Mitras ဆိုတဲ့နေနတ်မင်းကို ကိုးကွယ်ခဲ့
သေးတယ်။ စိတ်ဝင်စားဖို့ကောင်းတာက အဲဒီ မစ်ထရက် နေနတ်မင်းရဲ့မွေးနေ့ဟာ ဒီဇင်ဘာ (၅)ရက် ခရစ်စမတ်နေ့ဖြစ်နေတာပါပဲ။ အဲဒီနတ်မင်းကို အီရန်ပါရှားတွေ ကိုးကွယ်ခဲ့တာ ခရစ်တော် မဖွားမြင်ခင် နှစ်ရာပေါင်းများစွာကတည်းကဖြစ်ပြီး ယနေ့အချိန်ထိ ခရစ်တော်ရဲ့ မွေးနေ့အတိအကျကို ခရစ်ယာန်ဂိုဏ်းကွဲအမျိုးမျိုး သဘောတူညီတဲ့နေ့ မရှိသေးဘူးဗျ။ ဥပမာပြောရရင် မက်သရူးနဲ့ လုခ် ရေးခဲ့တဲ့ သမ္မာကျမ်းစာပိုဒ် (Gospels of Matthew and Luke ) တွေထဲလည်း အတိအကျမပါခဲ့ဘူး။ ဂရိနဲ့ ရုရှာ အော်သိုဒေါ့ခရစ်ယာန်တွေက ဇန်နဝါရီလ (၇)ရက်နေ့ကို ခရစ်တော်မွေးနေ့လို့ သတ်မှတ်တယ်။ ရောမ ဧကရာဇ်ရဲ့ မစ်ထရက်နေဘုရား ကနေ ခရစ်တော်ဂျူးဘုရား ကူးပြောင်းကိုးကွယ်တာကြည့်ရင် ဘယ်လိုပဲဘာသာယုံကြည်မှုတွေ
ရှုပ်ထွေးပါစေ အုပ်ချုပ်သူ ဘုရင်လူတန်းစားဆိုတာ သူတို့အာဏာတည်မြဲရေးအတွက် အာမခံ ပိုကောင်းတဲ့ဘာသာအယူဝါဒကို ကူးပြောင်းဖို့ ဝန်မလေးဘူးဆိုတာ မြင်သာပါတယ်။ ပြည်သူ
တွေကိုလည်း သူတို့ကိုးကွယ်တဲ့ဘာသာကို လိုက်ကိုးကွယ်ခိုင်းတာဟာ ကမ္ဘာပေါ်မှာ ဒီနေ့ အင်အားကြီးနေတဲ့ ဘာသာတိုင်းရဲ့သမိုင်းမှာ မြင်နိုင်တယ်။ သာမာန်ပြည်သူတွေ သေပြီးမှ တမလွန်ဘဝမှာ ရမယ့်နိဗ္ဗာန်ဆိုတာမျိုးကို အုပ်စိုးသူ ဘုရင်လူတန်းစားကတော့ သာသနာပြု မင်းကြီးတွေအသွင်နဲ့ လက်ရှိဘဝ မသေခင်မှာ ခံစားနိုင်ကြပါတယ်။ ရောမအင်ပါယာကြီး နတ်ဘုရားကိုးကွယ်မှုကို စွန့်လွှတ်ပြီး ဘာသာပြောင်းသွားတော့ တခြားအုပ်ချုပ်ခံ ဥရောပ တိုက်သားတွေနဲ့အတူ ဂျာမာန်တွေလည်း ခရစ်ယာန်ဘာသာကို ကူးပြောင်းသွားတာ အံ့သြစရာတော့ မဟုတ်ဘူးပေါ့။ ဗြဟ္မဏနွယ် ရောမဘုန်းကြီးဘုရင် နိုင်ငံရေးသမား လူတန်းစားဟာ ခတ္တိယနွယ် ဂျာမန်လူရိုင်းစစ်သားနွယ်တွေကို သူတို့ခေါင်းဆောင်တွေက တစ်ဆင့် အနုနည်းနဲ့ စည်းရုံးသိမ်းသွင်းပြီး ပြည်သူအများစုကြီးဖြစ်တဲ့ ကုန်သည်လူတန်းစား ဝဿနဲ့ အခြေခံလူတန်းစား သုဒ္ဓတွေ ဇာတ်ပျက်ကျွန်တွေကို အဆင့်ဆင့်ဖိနှိပ် အုပ်ချုပ်သွားရာမှာ ဘာသာရေးအပြင် နိုင်ငံသားဖြစ်မှုဆိုတဲ့ နိုင်ငံရေးကိစ္စမှာ ပါဝင်ခွင့် (နိုင်ငံ့ဘဏ္ဏာကို ဝေမျှခံစားခွင့်) ကိုလည်း လက်နက်တစ်ခုအဖြစ် စနစ်တကျကျင့်သုံး သွားပါတယ်။
ယနေ့ ကျင့်သုံးနေတဲ့ နိုင်ငံသားဖြစ်မှု Citizenship ဆိုတာကို လူ့သမိုင်းမှာ ပထမဆုံးစနစ်တကျ အသုံးပြုခဲ့တာ ရောမနိုင်ငံမှာပါ။ သွေး သို့မဟုတ် လူမျိုးကို အခြေခံတဲ့နိုင်ငံသားဖြစ်မှုပုံစံ Jus Sanguin (ဂျာမဏီ၊ တရုတ်၊ ဂျပန်၊ မြန်မာနဲ့အာရှတိုက် တစ်ခုလုံးနီးပါး) မွေးဖွားရာဒေသကို အခြေခံတဲ့နိုင်ငံသားဖြစ်မှုပုံစံ Jus soli (အမေရိကန်၊ သြစတြေလျ၊ ကနေဒါ)တွေဟာ
ရောမခေတ်မှာထဲက အချေပြုခဲ့တာပါ။ သူ့အရင် ဂရိမြို့ပြနိုင်ငံတို့ အလက်ဇန္ဒရားရဲ့ လူ့ကပြား အင်ပါယာတို့ဟာ ရောမလောက် စနစ်မကျခဲ့ဘူး။ အခုခေတ် အမေရိကန်နိုင်ငံသားဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြည်ပနိုင်ငံတခုမှာ ဥပဒေချိုးဖောက်လို့ထောင်ကျ သူကိုစင်းလုံးငှား
လေယာဉ်နဲ့သွားခေါ်ထုတ်နိုင်သလို အဲဒီခေတ်မှာလည်း ရောမနိုင်ငံသားဆိုတာ လူပုံအလည်မှာ
မော်ကြွားစရာပေါ့။ နိုင်ငံသားတစ်ဦးရဲ့ရပိုင်ခွင့် rights နဲ့ နိုင်ငံ့အပေါ်ထားရမယ့် တာဝန် responsibilities ကို တိတိကျကျပြဌာန်းထားတယ်။ ရွေးကောက်ခံပြီး ဥပဒေပြုအမတ်ဖြစ်ခွင့်၊ မဲပေးခွင့်၊ ပေါင်မုန့် အလကားရခွင့်၊ ပုဒ်မ ၅၀၅ လို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ သေဒဏ်ကျရင် ကားစင်ပေါ်မတင်ဘဲ တခြားနည်းနဲ့ စီရင်ခံပိုင်ခွင့်(ယေရှုခရစ်ဟာ ရောမနိုင်ငံသား မဟုတ်လို့ ကားစင်တင်ခံခဲ့ရတာပါ) စတဲ့နိုင်ငံသားအခွင့်အရေးတွေရဖို့ စစ်မှုထမ်းတာဝန်၊ ဥပဒေ
လေးစားလိုက်နာမှု၊ နိုင်ငံပေါ်သစ္စာရှိမှုဆိုတဲ့ တာဝန်ဝတ္တရားတွေကို တွဲယူကြရတယ်။ သွေးကို အခြေခံတဲ့စနစ်နဲ့ မွေးရာဒေသကို အခြေခံတဲ့စနစ်ကို ပေါင်းကျင့်သုံးပြီး ကျွန်ကအစ လူတိုင်းကို
နိုင်ငံသားဖြစ်အောင် ကြိုးစားခွင့်ပေးထားတယ်။ နိုင်ငံသားအတန်းအစားကိုလည်း အမျိုးမျိုး ခွဲခြားသတ်မှတ်ထားတယ်။ မြန်မာပြည်မှာ တိုင်းရင်းသား၊ မွေးရာပါနိုင်ငံသား၊ ပြုနိုင်ငံသား ခွဲသလိုမျိုး ရောမမှာ(၅)မျိုးခွဲထားတယ်။ လက်ရှိအမေရိကန်ပြည်မှာ နိုင်ငံသားချင်းတူတူ ပြုနိုင်ငံသားရဲ့နိုင်ငံသားဖြစ်မှုကို အကြမ်းဖက်မှုနဲ့ပက်သက်ရင် ရုတ်သိမ်းနိုင်ပြီး သမ္မတ ဖြစ်ခွင့်မရှိတော့ မွေးရာပါနိုင်ငံသားထက်တစ်ဆင့်နိမ့်တယ် (ဂျာမာန်လူမျိုး အမေရိကန် စီတီဇင်တူတူ ဒေါ်နယ်ထရမ့်က သမ္မတဖြစ်နိုင်ပြီး အာနိုးက မဖြစ်နိုင်ဘူး) လို့ယူဆလို့ရပြီး၊ မွေးရာပါနိုင်ငံသားချင်းတူတူတောင် ရက်အင်ဒီးယန်းလူနီတိုင်းရင်းသားဆို အခွန်လွတ်ခွင့် နယ်မြေပိုင်ခွင့်စတဲ့ အထူးအခွင့်အရေးတွေ( အိုဘားမားက သမ္မတဖြစ်ပေမယ့် တိုင်းရင်းသား မဟုတ်လို့ မိုဟော့ရက်အင်ဒီးယန်းအခွင့်အရေး မရဘူး)ရတော့ အမေရိကန်မှာလည်း ဗမာပြည်လို နိုင်ငံသား(၃)မျိုး ရှိတယ်လို့ ပြောလို့ရတယ်။
လူ့သမိုင်း စကတည်းက လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံတွေမှာ ဘယ်လိုအုပ်ချုပ်ပုံစံနစ်ကိုသုံးသုံး နိုင်ငံသားဖြစ်မှုဆိုတဲ့ မိသားစုဝင်ဖြစ်ခွင့်ဟာ နိုင်ငံရေးအချုပ်အခြာအာဏာ (သို့) အစိုးရ အာဏာစက်ကို ထိန်းကျာင်းတာဖြစ်တာမို့ အရေးပါတယ်။ လူ့အဖွဲ့အစည်းတိုင်းရဲ့ အခြေခံ ဖြစ်တဲ့ မိသားစုတစ်ခုမှာ မိမိအိမ်တွင်းရေးပြသနာတို့ အမွေဆက်ခံပိုင်ခွင့်တို့မှာ မိသားစုဝင်
တွေပဲ ပြောပိုင်ခွင့်ရှိတာမျိုးပေါ့။ သူစိမ်းတို့ မွေးစားသားသမီးတို့ဟာ သူများအိမ်တွင်းရေး ကိစ္စကို ဝင်စွက်ဖက်ပိုင်ခွင့် အကန့်အသတ်ရှိတယ်။ ရောမခေတ် မတိုင်မီနဲ့ သူ့ခေတ်ပြိုင်
နိုင်ငံတွေမှာ အုပ်စိုးသူလူတစ်ဦး (သို့) လူတစ်စုရဲ့အာဏာစက်သက်ရောက်တဲ့ ဒေသမှာ
မွေးဖွားလာသူတွေဟာ အော်တိုမက်တစ် အဲဒီဒေသအုပ်ချုပ်သူရဲ့သစ္စာကိုခံရပြီး သူတို့ မမွေးခင်ကတည်းက ရှိခဲ့တဲ့ ထုံးတမ်းစဉ်လာတွေ စည်းမျဉ်းဥပဒေတွေကိုလိုက်နာရန် တာဝန်ရှိတဲ့ ကျေးတော်မျိုး ကျွန်တော်မျိုး နိုင်ငံသားတွေဖြစ်သွားရတယ်။ နယ်မြေတိုးချဲ့တဲ့ စစ်ပွဲတွေအပြီးမှာတော့ စစ်ရှုံးသူဟာ စစ်နိုင်သူ ဘုရင်သစ်ရဲ့သစ္စာရေ သောက်ရပြီး နိုင်ငံသား
အသစ်ခံယူလို့ စည်းမျည်းစည်းကမ်းအသစ်တွေကို လိုက်နာရတော့တာပေါ့။ ရတနာပုံ မန္တလေးမြို့က သီပေါမင်းလက်ထက်မွေးလာသူ ဗမာလူမျိုးတစ်ဦးဟာ ဗမာနိုင်ငံသား ဗမာဘုရင့်ကျွန်တော်မျိုးအဖြစ် သီပေါမင်းကိုအခွန်ဘဏ္ဏာဆက်ရပေမဲ့ ၁၈၈၅ မှာ အင်္ဂလိပ် ဘုရင်ကို သီပေါစစ်ရှုံးသွားတော့ ဗြိတိသျှနိုင်ငံသားဖြစ်သွားပြီး အင်္ဂလန်ဘုရင်ကို အခွန်ဆက်သူထုတ်တဲ့ဥပဒေသစ်တွေကို လိုက်နာရတယ်။ စကားစပ်လို့ပြောရရင် ၁၈၈၅ နဲ့ ၁၉၄ဂ ကြား ဗမာပြည်မှာမွေးတဲ့သူတွေဟာ ဗြိတိသျှနိုင်ငံသားတွေဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း ဒေါက်တာဘမော် ဗိုလ်ချုပ်နေဝင်းနဲ့ ယနေ့အသက် ၇၄ နှစ်အထက်ကြီးတဲ့ဗမာတိုင်းဟာ ဗြိတိသျှနိုင်ငံသားတွေအဖြစ် ဗြိတိသျှပတ်စပို့ကို အချိန်အတိုင်းအတာတစ်ခုအထိ ကိုင်ခွင့် ရှိခဲ့သူတွေပါ။ ရောမအင်ပါယာကြီးကတော့ ဒီလိုရှေးရိုးစွဲ ပုံစံကခွဲထွက်ပြီး နိုင်ငံသားဖြစ်မှု နိုင်ငံသားဖြစ်မှုကို စည်းရုံးရေးအခွင့်အရေးတစ်ရပ်အနေနဲ့ဖန်တီးပြီး ဘာသာစကားဓလေ့စရိုက် မတူသူ လက်အောက်ခံလူမျိုးစုတွေကို အုပ်ချုပ်ခဲ့တော့ ခတ္တိယနွယ်ဂျာမာန်စစ်သည်တွေဟာ အုပ်ချုပ်မှုယန္တရားထဲမှာ တဖြည်းဖြည်းနေရာရလာကြတယ်။ နိုင်ငံအချုပ်အခြာအာဏာပိုင်မှုနဲ့ အုပ်ချုပ်ခံသူတွေရဲ့အရေးမှာ ကာယကံရှင်တွေကို ပါဝင်ခွင့်ပေးတာ တစ်နည်းအားဖြင့်
ပြောရရင် မိသားစုရေးရာကိစ္စမှာ မိသားစုဝင်တွေပါဝင်ဆုံးဖြတ်ပိုင်ခွင့်(အရွယ်ရောက်တဲ့ ကလေးတွေပေါ့) ဆိုတဲ့ ဒီမိုကရေစီဝါဒအခြေခံမူတွေဟာ ရောမခေတ်က စတာမဟုတ်ဘဲ လူ့သမိုင်း စကတည်းက ရှိခဲ့တာပါ။ ဂရိမြို့ပြနိုင်ငံတွေ၊ ဂေါတမဗုဒ္ဓရဲ့သာကီဝင်နိုင်ငံတွေ၊
ဗမာပြည်က ပျူမြို့ပြနိုင်ငံတွေ၊ ယနေ့ခေတ် သြစတြေလျ အဘော်ရီဂျင်း လူရိုင်းနိုင်ငံတွေ (Nation လို့တရားဝင်သုံးတယ်)မှာ ရွေးကောက်ခံ သို့မဟုတ် အရိုက်အရာခံ ခေါင်းဆောင်တွေက လူကြီးသူမ အဘကြီးများအကြံပေးအဖွဲ့ senior/senate နဲ့ဥပဒေပြုအုပ်ချုပ်ရတာတို့ ပြည်တင်း
- မင်းမခံနိုင်ဆိုသလို မိသားစုဝင်နိုင်ငံသားပြည်သူတွေဆန္ဒကို အနည်းနဲ့အများ လိုက်နာ ကျင့်သုံးရတာတို့ ကိုတွေ့ရမယ်။ ဘယ်ဝါဒကျင့်သုံးသုံး နောက်ဆုံးတော့ ဆုံးဖြတ်ချက်ကို တစ်ဦးထဲကပဲ ပေးရတာပါ။ ပါလီမန်ဒီမိုကရေစီစနစ်မှာ ဘယ်လောက်များတဲ့သူတွေက ဆန္ဒပြုပြု နောက်ဆုံးတော့ အစိုးရအဖွဲ့ခေါင်းဆောင်ကပဲ ဆုံးဖြတ်အတည်ပြုရတယ်။ ကိုယ့် မိသားစုဖြတ်သန်းပုံ ရိုးရာအစဉ်အလာအလိုက် အုပ်ချုပ်မှတိုးတက်မှာလေ။ အင်္ဂလန်နဲ့
သြစတြေလျ၊ ကနေဒါ၊ နယူးဇီလန်နိုင်ငံတွေမှာ အဲဒီနိုင်ငံတွေ နယ်နမိတ်ထဲက ရေမြေလေ အပေါ်အောက်က ရှိရှိသမျှအရာတွေကို ဘုရင်မကြီးအဲလစ်ဇဘက်ပိုင်ဆိုင်တယ်လို့အတိအလင်း
ပြဒါန်းထားပြီး အစိုးရလုပ်သမျှကို နောက်ဆုံး သူတာဝန်ခံရတယ်။ ဗမာပြည်ပါဝင်တဲ့ အာဆီယံ (၁၀)နိုင်ငံမှာ(၄)နိုင်ငံက ဘုရင်နဲ့ အာဏာရှင်ကြီးတွေ(ထိုင်း၊ မလေးရှား၊ ဘရူနိုင်း၊ကမ္ဘောဒီးယား)
ပူးတွဲအုပ်ချုပ်ပါတယ်။ (၃)နိုင်ငံ(လာအို၊ ဗီယက်နမ်၊ စင်္ကာပူ)ကတော့ တစ်ပါတီအာဏာရှင်စနစ် အင်ဒိုနီးရှားက စစ်အာဏာရှင်ကြီး ဆူဟာတိုချပေးခဲ့တဲ့ မွတ်ဆလင်အစွန်းရောက် လွှမ်းမိုးတဲ့ ဒီမိုကရေစီတစ်ပိုင်းနိုင်ငံ၊ ဖိလစ်ပိုင်ကတော့ လူသတ်ဂိုဏ်းစတား အာဏာရှင် ဒူတာတေးရဲ့ ဒီမိုကရေစီတစ်ပိုင်းနိုင်ငံ။ စပါးပဲစိုက်လို့ရတဲ့မြေပေါ် မှာ ကိုယ့်တစ်ကွက်ထဲ ကော်ဖီ စိုက်နိုင်တာ
ချီးကျူးစရာပါ။
အဆင့်ဆင့်ဖြတ်သန်းလာတဲ့ ရောမသမိုင်းဖြစ်တဲ့ ရောမဘုရင့်နိုင်ငံ၊ သမ္မတနိုင်ငံ၊
ရောမအင်ပါယာနဲ့ ခရစ်ယာန်သာသနာ့အင်ပါယာ (နှစ်၂၀၀၀ လောက်ဖြတ်သန်းပုံအဆင့်ဆင့်) တွေမှာ လူ့သမိုင်းတစ်လျောက်ကျင့်သုံးတဲ့ နိုင်ငံရေးတွေ အုပ်ချုပ်ပုံမျိုးစုံတွေကို မြင်ရမှာပါ။ ဒီမိုကရေစီ၊ ဖက်ဒရယ်၊ လစ်ဘရယ် စတဲ့ နိုင်ငံရေးလောကရဲ့ ချိုမိုင်မိုင် စကားလုံး
လေးတွေဟာလည်း ဟိုးရှေးရှေးပဝေသဏီ ရောမခေတ်မတိုင်မီကတည်းက နိုင်ငံအုပ်ချုပ် မင်းလုပ်စားတဲ့ နိုင်ငံရေးသမားတွေ ရေလဲသုံးခဲ့ကြတယ်ဆိုတာ စာဖတိနှံ့သူတိုင်း နားလည် ပါတယ်။ မဟာသမ္မတ မင်းလက်ထက်ထဲက ပြည်သူလူထုလေးစားလို့ ဝိုင်း တင်မြောက်ထားခံ ရသူ မင်း ဆိုတဲ့အုပ်ချုပ်သူစစ်ဘုရင်တွေ (ပြိုင်ဘက်လူစုတွေကိုစစ်နိုင်သူတို့ သားရဲတွေကို
အောင်နိုင်သူ ပျူစောထီးမင်းတို့၊ တရုတိပြည်မှာတော့ မြစ်ဝါမြစ်ကို ရေကာတာ ဆည်သူကို
ပထမမင်းအဖြစ်ရွေးခဲ့တယ်) ကဆင်းသက်လာသူတွေက အဖေ့နာမည်သုံးပြီး ဘုရင်လုပ်၊
တဖန်သူတို့ဆီက အာဏာတက်သိမ်းသူတွေက ဘုရင်လုပ်လာကြတယ်။ အဲဒီ ဘုရင်တွေလည်း တဖြည်းဖြည်းဘဝမေ့ပြီး မိမိတို့ဟာ နတ်ဘုရားက ဆင်းသက်လာတာ (နေမင်း၊ နဂါးမင်း၊ ဥဒေါင်းမင်း ဘာညာပေါ့) လူတွေကိုးကွယ်တဲ့ ဘာသာတွေက ဖန်ဆင်းရှင်တန်ခိုးတော်ရှင်တွေက အပ်နှင်းတဲ့အာဏာစက် mandate နဲ့အုပ်ချုပ်တာကြောင့် လူတွေလိုက်နာရမယ့် စည်းကမ်း ဥပဒေတွေကို သူတို့ပါးစပ်ကနေတစ်ဆင့် နတ်ဘုရားက ချပေးတယ်။ သူပြောသမျှမှန်တယ် သူ့ပါးစပ်ကထွက်ရင် ဥပဒေ(အရင်ပြောခဲ့တဲ့စကားကိုမေ့ပြီး အခုပြောတာမှအတည် ဆိုတာမျိုး) အဖြစ်လူတွေက လိုက်နာရမယ်ဆိုတာမျိုးဖြစ်ကုန်ရော။ လူတစ်ဦးတည်းက အဲဒီလိုပုံစံမျိုး ချိုးရင် အမြင်ရိုင်းမှာကြောင့် အာဏာကိုဝေစားမျှစားသူတွေပေါင်းပြီး ဒီမိုကရေစီ အရေခြုံပြီး လူတစ်စုက သူ့ထက်ဉာဏ်ရည်နိမ့်တဲ့ တခြားလူတစ်စုကို ဂျင်းထည့်တာတွေဖြစ်လာရော။
အနီးဆုံး ဥပမာကို ယနေ့ခေတ် မြောက်ကိုးရီးယားနိုင်ငံမှာ တွေ့ရမှာပါ။ မြောက်ကိုးရီးယားရဲ့ တရားဝင်နာမည်အပြည့်အစုံက DPRK ကိုရီးယားပြည်သူ့ဒီမိုကရေစီနိုင်ငံ(Democratic = adj ဒီမိုကရေစီနည်းကျသော) တဲ့။ ကိုလိုနီနယ်ချဲ့ဂျပန့်လက်အောက်က လွတ်မြောက်အောင် တိုက်ခိုက်ပေးခဲ့တဲ့ လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီး ကင်အီဆွန်းနဲ့ သူ့မျိုးဆက်ကို ဘုရားတစ်ဆူဂူတလုံးလို ကိုးကွယ်ကြတယ်။ ထူးဆန်းတာက လွတ်လပ်ရေး ဖခင်ခေါင်းဆောင်ကြီးက ဆင်းသက်လာသူချင်းတူတူ လက်ရှိအုပ်ချုပ်သူ ဝက်ကလေးရဲ့ အစ်ကိုကြီးကိုကျ နေရာမပေးဘဲ မလေးရှားလေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ပစ်ပြီး သူ့ရဲ့ ညီငယ်လေးကိုတော့ ကိုးကွယ်ကြတယ်။ တော်တော်ထူးဆန်းတဲ့အလံနီ မြောက်ကိုရီးယားတွေ ပါပဲ။ သူတို့ကိုးကွယ်နေတဲ့ လွတ်လပ်ရေးဖခင်ကြီး ကင်အီဆွန်းဆိုတာ တရုတ်ပြည်မှာ ကြီးပျင်းတဲ့ တရုတ်ကွန်မြူနစ်ပါတီဝင် ကိုရီးယားလူမျိုးတစ်ဦးဖြစ်ပြီး ကိုရီးယားစာပေနဲ့ ဘာသာစကားကို ပြည်တော်မပြန်မီအထိ ကောင်းကောင်းမတတ်သူဆိုတာရယ်၊ ကိုရီးယား
ပြည်နယ် နယ်နိမိတ်ထဲမှာ ဂျပန်ကိုမတိုက်ဖူးဘဲ တရုတ်ပြည်ထဲက တရုတ်-ဂျပန်စစ်ပွဲတွေမှာပဲ တိုက်ဖူးတယ်ဆိုတာရယ်၊ နောက်တော့မှ တရုတ်ပြည်ကနေ ဆိုဗီယက်ရုရှား နယ်နမိတ်ကို
ဖြတ်ကူးပြီး ဆိုဗီယက်တပ်နီတော်မှာ ဗိုလ်မှူးအဆင့်အထိတာဝန်ထမ်းဆောင်ရင်း ဂျပန်က အမေရိကန်နဲ့ ဆိုဗီယက် မဟာမိတ်တွေကို စစ်ရှုံးလို့လက်နက်ချမှ ကိုရီးယားပြည်ကို သိမ်းပိုက်ဖို့ဝင်လာတဲ့ ဆိုဗီယက်တပ်နဲ့ပါလာပြီး ဆိုဗီယက်သိမ်းထားတဲ့ ကိုရီးယားမြောက်ပိုင်း
ဒေသမှာ တပ်နီတော်ကခန့်အပ်လို့ ခေါင်းဆောင်ဖြစ်လာတယ်ဆိုတာ ယနေ့ မြောက်ကိုးရီးယား
ပြည်သူတွေသိမှာမဟုတ်ဘူး။ မြောက်ကိုရီးယားပြည်တွင်းမီဒီယာတွေကလည်း အဖြစ်မှန် ဆိုတာကို လူပြိန်းတွေမကြိုက်ဘူးဆိုတော့ လူထုကြားချင်တဲ့အဖြစ်ကိုသာ အမှန်အဖြစ် ပုံဖော်ကြရာကနေ သူ့ဖာသာ ကိုလိုနီသခင်နိုင်ငံစစ်ရှုံးလို့ လွတ်လပ်ရေးရလာတဲ့ နိုင်ငံမှာ ကွန်မြူနစ်ပါတီဝင် တရုတ်ပြန်တစ်ဦးကို ခေါင်းဆောင်တင်ပေးပြီး ကြက်ဖကြီးတွန်လို့ နေထွက် တဲ့အတွက် အဲဒီကြက်ဖကြီးနဲ့သူ့ကြက်သားပေါက်လေးတွေကိုပါ ကိုးကွယ်ရတဲ့ ဘဝကို
ရောက်ကုန်တော့တယ်။ ဝက်ကလေးကို ကိုးကွယ်တဲ့ပြည်သူတွေထဲမှာ အဆင်အပြေဆုံး ကတော့ ဝက်ကလေးအောက်က ပြည်သူ့ဒီမိုကရေစီဖော်ဆောင်သူ အုပ်ချုပ်သူလူတန်းစား ကွန်မြူနစ်ပါတီခေါင်းဆောင်တွေ စစ်ခေါင်းဆောင်တွေပါပဲ။ လူသန်းပေါင်းများစွာရဲ့
နေ့စဉ်ဘဝကို စိုးမိုးဖို့ဆိုတာ ဝက်ကလေးတစ်ယောက်တည်း မလုပ်နိုင်ပါဘူး။ သူ့အာဏာ လုပ်ပိုင်ခွင့်ကို အဆင့်ဆင့်ခွဲပေးပြီး အောက်ခြေပြည်သူတွေကို အုပ်ချုပ်တာဆိုတော့ ပြည်သူ့ဒီမိုကရေစီဆိုတာကို အသုံးပြုလို့ လွတ်လပ်ရေးဖခင်ကြီး ကင်အီဆွန်းရဲ့မျိုးဆက် ဝက်ကလေးကို ရုပ်ပြအဖြစ်သုံးပြီး အုပ်စိုးသူလူတစ်စု ကောင်းစားရေးအတွက် လုပ်နေကြ တာပါပဲ။ မြောက်ကိုးရီးယားပြည်သူတွေ သူတို့မှန်တယ်ထင်တဲ့ကိစ္စပေါ်မှာ သာယာကျေနပ်
နေကြတော့ နိုင်ငံတစ်နိုင်ငံဟာ သူတို့နဲ့ထိုက်တန်တဲ့အုပ်ချုပ်သူကိုပဲ ရနိုင်သလို အုပ်ချုပ်သူ
တွေဟာလည်း သူတို့နဲ့ထိုက်တန်တဲ့ပြည်သူကို ဖန်တီးနိုင်တယ်ဆိုတဲ့ အတွေးအခေါ်တစ်ရပ်ဟာ မှန်လာပြန်ရော။ နိုင်ငံတိုင်းမှာ အစိုးရတိုင်းဖုံးကွယ်ထားတဲ့ဖြစ်ရပ်တွေ ရှိကြတယ် ဗျ။ အိမ်နီးချင်း ယိုးဒယားပြည်မှာဆို လက်ရှိဘုရင်ကြီးတက်တူးတွေနဲ့ စွပ်ကျယ်လက်ပြတ်ဝတ်ပြီး
ဆေးကွဲနေတဲ့ပုံကို ဆိုရှယ်မီဒီယာတင်ရင်ဖမ်းတာတို့ ဆုံးသွားတဲ့ဘုရင်ကြီး ဘူမိဘောဟာ သူ့နောင်တော်ဘုရင် မဟီဒေါကို သေနတ်နဲ့ခေါင်းကိုတေ့ပစ်ဒဏ်ရာနဲ့သေဆုံးစေတဲ့ကိစ္စမှာ ပဟေဠိဆန်စွာ ပတ်သက်နေတာကို ဆွေးနွေးခွင့်မရှိတာတို့ အမေရိကန်မှာ သမ္မတကနေဒီ လုပ်ကြံခံရတဲ့ကိစ္စနောက်ကွယ်က အဖြစ်အပျက်တွေ၊ လွတ်လပ်ရေးဖခင်ကြီး ဂျော့ချ် ဝါရှင်တန်ဟာ လူမည်းကျွန်(၃၀၀)ကျော်ပိုင်ပြီး ကျွန်တွေကိုနှိပ်စက်ခဲ့ဖူးတာတို့၊ ယနေ့ခေတ် ဖော်ကောင် စနိုဒန်ကို နည်းမျိုးစုံနဲ့ ဖမ်းဖို့ကြိုးစားနေတာတို့ အင်္ဂလန်ဘုရင်မကြီးက တရုတ်တွေဟာ ရိုင်းစိုင်းတယ်လို့ သူ့ဘတ္တလာကိုပြောတာတို့၊ ဒိုင်ယာနာမင်းသမီးသေဆုံးမှု ပဟေဠိတို့တွေဟာ လူပိန်းကြိုက်ကိစ္စမဟုတ်တော့ တတ်နိုင်သလောက် ဖုံးကွယ်မှုအောက်မှာ ရှိကြတယ်။ အဖေနဲ့သားများထဲက ညွန့်ဝင်းရဲ့မြင်းကြီးကို လုစီးလာတဲ့ ဗိုလ်ချုပ်ကြီး မင်းမော်ကွန်း နေပြည်တော်ကို တက်သိမ်းတာကမှ နားထောင်လို့ကောင်းဦးမယ်။
ခေတ်အဆက်ဆက်မှာ အုပ်ချုပ်သူတွေဟာ အာဏာရှင်တို့ ဒီမိုကရေစီတို့ စတဲ့နိုင်ငံရေး ဝါဟာရမျိုးစုံသုံးပြီးပြည်သူလူထုကို ထိန်းချုပ်ခဲ့ပေမယ့် ဂရိဖီလော်ဆော်ဖာကြီး ဆိုကရေးတီး အဆိုအမိန့်အရ ကမ္ဘာပေါ်မှာ အုပ်ချုပ်ပုံစံနစ်သုံးမျိုးပဲ ရှိသတဲ့။ (၁)ဘုရင်ဆိုတဲ့ အာဏာရှင် တစ်ဦးအုပ်ချုပ်တဲ့စနစ် (၂) အရစ်တို ကရေစီဆိုတဲ့ လူတစ်စုအုပ်ချုပ်တဲ့စနစ် (၃)ဒီမိုကရေစီဆိုတဲ့ လူအများအုပ်ချုပ်မှု စနစ်တွေတဲ့။ ဘယ်လိုပုံစံနဲ့အုပ်ချုပ်တာဖြစ်ဖြစ် လူတစ်ဦး သို့မဟုတ် လူအနည်းငယ်က လူတိုင်းကို လိုက်အုပ်ချုပ်နိုင်မှာ မဟုတ်တဲ့အတွက် ဒီမိုကရေစီကျင့်စဉ်ဆိုတဲ့ လုပ်ပိုင်ခွင့်အာဏာခွဲဝေမှုက စနစ်တိုင်းမှာရှိနေတာပဲ။ ဒီမိုကရေစီ ဆိုတာ စနစ်မဟုတ်ဘဲ ကျင့်စဉ်ဖြစ်နေတော့ ဆိုရှယ်လစ်ဒီမိုကရေစီ ပါလီမန်ဒီမိုကရေစီ ဘုရင်စံနစ်အောက်ကဒီမိုကရေစီ စသဖြင့် အနှစ်သာရတူပြီး ကျင့်သုံးပုံ မတူတာမျိုးတွေ ရှိတယ်။ အများဆန္ဒယူရတယ်ဆိုပေမယ့် အဲဒီလူအများက အသိအမြင်ဉာဏ်ပညာ မရင့်ကျက်သေးသူတွေဖြစ်နေရင် အန္တရာယ်ရှိတယ်။ လူ့အဖွဲ့အစည်းအခြေခံ မိသားစုတစ်ခုမှာ အိမ်တွင်းရေးကိစ္စကို မိသားစုအားလုံး ဆုံးဖြတ်ရမယ်ဆိုရင် အမွေခွဲတဲ့ကိစ္စကို (၅)နှစ်သား ကလေးတွေဆန္ဒနဲ့ မဲခွဲလို့မရသလို(၁၈)နှစ်ပြည့်ပြီး ဆေးစွဲနေတဲ့ပညာမတတ်တဲ့ သားသမီးတွေ ဆန္ဒကိုလည်း ယူလို့မရပြန်ဘူး။ မိသားစုဝင်တွေဟာ အရွယ်ရောက်လူလားမြောက်ပြီး ပညာ အသင့်တင့်ပြည့်စုံမှ အများနဲ့တိုင်ပင်ဆုံးဖြတ်တဲ့ကိစ္စဟာ အကျိုးရှိမှာပေါ့။ အဲဒါကြောင့် ဆိုကရေးတီးက ဒီမိုကရေစီစနစ်ကနေ သွေဖယ်သွားရင် မင်းမဲ့စရိုက်တွေ ပေါ်လာနိုင်တယ်လို့ မိန့်ဆိုသွားတာ နေမယ်။ ရောမအာဏာပိုင်တွေက ဘာအပြစ်မှရှာမတွေ့တဲ့ ဂျူးလူမျိုး
ယေရှုခရစ်ကို ကားစင်တင်ပြီး သတ်ဖို့ကို ဂျူးဖုန်းကြီးတွေသွေးထိုးပေးထားတဲ့ ဂျူးလူထုကပဲ အဆုံးအဖြတ်ပေးခဲ့တာဟာ ပညာဉာဏ်မပြည့်ဝသူတွေများတဲ့ဒေသတွေမှာ ဆင်ခြင်စရာပေါ့။
ရောမပြည်နဲ့ ဂျာမာန်တွေအကြောင်းကို ပြန်ဆက်ရရင် ကမ္ဘာကို ယနေ့ခေတ်ထိ စိုးမိုးထားနိုင်တဲ့ ရောမအင်ပါယာယဉ်ကျေးမှုကြီးဟာ ဂျာမာန်နဲ့ တခြားလူရိုင်းစစ်သည်တွေကို ယန္တရားထဲ သွပ်သွင်းခဲ့တဲ့အပြင် သူ့မတိုင်မီရှိခဲ့တဲ့ ယဉ်ကျေးမှုတွေက ကောင်းနိုးရာရာကို ရွေးထုတ်ပြီး စနစ်တကျ အသုံးပြုနိုင်ခဲ့တယ်။ ဂရိစာပေတွေ (ခေတ်ဦးမှာ ဂရိစာသုံးတဲ့အတွက် ပထမဆုံး ခရစ်ယာန်ဘိုင်ဘယ်တွေဟာ ဂရိစာနဲ့) အတွေးအခေါ်တွေ၊ ငွေကြေးစနစ်တို့၊ လမ်းပန်းဆက် သွယ်ရေးတို့၊ အချိန်အတွယ်စတာတို့ကို အင်ပါယာကြီးမှာ တသမတ်တည်း ဖြစ်စေတယ်။ ရောမတွေဟာ ဆူမားရီးယန်း (ဆီးရီးယားဒေသ) ကိုဓဥပဒေ code law ကိုပြုပြင်ပြီး ကမ္ဘာ့ ပထမဆုံးပြဌာန်းဥပဒေဖြစ်တဲ့ ကျမ်းကြီး(၁၂)ပုဒ် Twelve Tables ကို ဗုဒ္ဓပရိနိဗ္ဗာန်ံပြီး နှစ်(၃၀) (၄၄၉ ဘီစီ) မှာပြဌာန်းနိုင်ခဲ့တယ်။ ကမ္ဘာမှာ ယနေ့ကျင့်သုံးနေတဲ့ (ဘာသာရေးကလွဲလို့ပေါ့) ဥပဒေမျိုးစုံရဲ့အခြေခံဟာ ရောမတွေရဲ့ civil law (coded law) နဲ့ ဂျာမာန်နွယ်တွေရဲ့ ဖြတ်ထုံးဥပဒေ (common law) တွေ ဖြစ်ကြတယ်။
မှတ်ချက် - ဆောင်းပါးရှင် မဟာ ဗဟာသည် ၁၉၈၈ အရေးအခင်းကာလကတည်းက နိုင်ငံရေးလှုပ်ရှားခဲ့သော နိုင်ငံရေးတက်ကြွသူတစ်ဦးဖြစ်ပြီး ပြည်ပသို့ ကူးပြောင်းနေထိုင်သူလည်း ဖြစ်ပါသည်။ ၎င်း၏ ပထမပိုင်းအဖြစ် " ဥရောပ ခတ္တိယ ဂျာမန်မင်းဆက်များနဲ့ ရာဇဝင်ထဲက ဘိန်းစားစစ်သားများ(၁)" ကို ရေးသားခဲ့ဖူးပြီး လင့်ခ်ကိုလည်း ပူးတွဲဖော်ပြပေးလိုက်ပါသည်။
https://npnewsmm.com/news/60d715735c64db377a120974
Zawgyi Version
ဥေရာပ ခတၱိယ ဂ်ာမန္မင္းဆက္မ်ားနဲ႔ ရာဇဝင္ထဲကဘိန္းစား စစ္သားမ်ား(၂) - သုိ႔မဟုတ္
(ႏုိင္ငံေရးစနစ္ သြပ္သြင္း၍ လူတစ္စုက လူလည္က်အုပ္ခ်ဳပ္ၾကေသာ စနစ္မ်ားအေၾကာင္း)
မဟာ ဗမာ (NP News) - ႏုိ၀င္ဘာ ၂၄
ဥေရာပတိုက္ေျမာက္ပိုင္းနဲ႔ အလယ္ပိုင္းေဒသေတြမွာေနၾကတဲ့ ဂ်ာမာန္လူမ်ိဳးေတြရဲ႕ဇစ္ျမစ္ဟာ လူသားသမိုင္းအစပါလို႔ ဘယ္သူမွ ေသခ်ာမသိပါဘူး။
အခုခ်ိန္အထိ ရွာေဖြထုတ္ေဖာ္ဆဲေပါ့။ ဓမၼေဟာင္းသမၼာက်မ္းစာထဲမွာေတာ့ ကမ႓ာဖ်က္မိုးႀကီးရြာၿပီး ကပ္ေဆးတုန္းက ေလွႀကီးေဆာက္ၿပီး အသက္ရွင္က်န္ရစ္ခဲ့တဲ့ တမာန္ေတာ္ ႏိုအာ Noah ရဲ႕ျမစ္ေတာ္သူ အက္ရွ္ခါနက္ Ashkhenaz ကေနဆင္းသက္လာတဲ့ လူမ်ိဳးလို႔ေဖာ္ျပထားၿပီး ဂရိနဲ႔ေရာမမွတ္တမ္းေတြမွာ ဘာေဘးရီးယန္းဂ်ာမာန္ႏြယ္ လူ႐ိုင္းေတြေနတဲ့ Germanic Barbaricum ဆိုတာ ယေန႔ေခတ္ ေနာ္ေဝရွိတဲ့ စကင္ဒီေနဗီးယန္းေဒသ၊ ပိုလန္၊ ခ်က္၊ ၾသစႀတီးယား၊ ဂ်ာမဏီႏုိင္ငံေတြတည္ရွိတဲ့ ဥေရာပေဒသဗ်။ ဥေရာပေတာင္ဘက္ ေျမထဲပင္လယ္စပ္က ဂရိတို႔ေရာမအင္ပါယာႀကီးတို႔ရဲ႕ ေျမာက္ဘက္နယ္ျခားမွာ စစ္တိုက္ေတာ္ၿပီး လြတ္လပ္မႈကိုျမတ္ႏိုးတဲ့ ျမင္းစီးလူ႐ိုင္းဂ်ာမာန္ေတြရဲ႕ ႏိုင္ငံငယ္ေလးေတြဟာ မြစိတက္ေအာင္တည္ရွိၿပီး အခ်င္းခ်င္းတိုက္ခိုက္ေနၾကတာေပါ့။ မိန္းမနဲ႔ကေလးေတြကအစ အတိုက္အခိုက္ကၽြမ္းက်င္ၿပီး ခႏၶာကိုယ္ႀကီးမားသန္စြမ္းတဲ့ ဂ်ာမာန္ေတြမွာ သက္ဆိုင္ရာမ်ိဳးႏြယ္ေတြစုအလိုက္ ေရြးခ်ယ္တင္ထားတာ(သို႔မဟုတ္) အ႐ိုက္အရာဆက္ခံသူ စစ္ဘုရင္တစ္ဦးနဲ႔ သူ႔ေအာက္မွာ စစ္ေခါင္းေဆာင္ေတြ အုပ္ခ်ဳပ္ေရးမွဴးေတြပါဝင္တဲ့ ဥပေဒျပဳလႊတ္ေတာ္နဲ႔ဆင္တူတဲ့ the Thing ေတြက လြတ္လပ္တဲ့ျပည္သူေတြကိုအုပ္ခ်ဳပ္တယ္။ ျပည္သူေတြကေတာ့ သူ႔တုိ႔ထက္ တစ္ဆင့္နိမ့္တဲ့ ကၽြန္ေတြ တိရိစၧာန္ေတြကို အုပ္ခ်ဳပ္ၾကတာေပါ့ေလ။ ဂရိၿမိဳ႕ျပႏိုင္ငံေတြ၊ အိႏၵိယက သာကီဝင္ႏိုင္ငံေတြ ဗမာျပည္က ပ်ဴၿမိဳ႕ျပႏိုင္ငံငယ္ေတြလိုေပါ့။ လူမ်ိဳးတူ ႏုိင္ငံကြဲၾကေတာ့ ျပည္ပလူမ်ိဳးျခား ဘုံရန္သူနဲ႔စစ္မက္ျဖစ္ခ်ိန္မွာေတာ့ လူမ်ိဳးတူျခင္း မဟာမိတ္ဖြဲ႕ တိုက္ခိုက္ၾကေပမဲ့ ဘုံရန္သူမရွိေတာ့တဲ့အခါမွာေတာ့ ယေန႔ေခတ္ျမန္မာႏိုင္ငံလိုပဲ အခ်င္းခ်င္းတိုက္ခိုက္ဖို႔အေၾကာင္းမ်ိဳးစုံေပၚလာျပီး အခ်ိန္ကုန္ေနၾကတာေပါ့။ အဲဒီလို ဂ်ာမာန္လူ႐ိုင္းတိုင္းျပည္ေတြရဲ႕တစ္ဝက္ဟာ အဲဒီကာလ ကမ႓ာ့အင္အားအႀကီးဆုံးစူပါပါဝါ ေရာမအင္ပါယာႀကီးရဲ႕သစၥာခံကိုလိုနီေတြျဖစ္ၿပီး က်န္တစ္ဝက္ေလာက္ဟာ လြတ္လပ္စြာ ကို႔ယ့္ၾကမၼာကိုယ္ဖန္တီးႏိုင္တဲ့ လြတ္လပ္သူေတြေပါ့။ အၾကမ္းအားျဖင့္ ႐ိုင္းမ္ျမစ္ကို နယ္နမိတ္စည္းအျဖစ္သတ္မွတ္ထားတယ္။ ေရာမျပည္ရဲ႕ႏိုင္ငံသားျဖစ္မႈဥပေဒအရ သူ႔ ကိုလိုနီႏိုင္ငံသားေတြကို စစ္မႈထမ္းေစၿပီး ႏိုင္ငံသားအျဖစ္ေလ်ာက္ထားခြင့္ အဆင့္ဆင့္ေပးတယ္။ စစ္မက္ျပဳၿပီး လက္႐ုံးရည္နဲ႔သိမ္းပိုက္တဲ့အျပင္ ႏွလုံးရည္ျဖစ္တဲ့ သူ႔ႏိုင္ငံသားျဖစ္ခြင့္ ယဥ္ေက်းမႈစတဲ့ႏိုင္ငံေရးနည္းလမ္းေတြနဲ႔စည္း႐ုံးၿပီး ေရာမအင္ပါယာႀကီးကိုခ်ဲ႕ထြင္ရာမွာ ကိုလိုနီနယ္က စစ္တိုက္ေတာ္တဲ့ဂ်ာမာန္လူမ်ိဳး စစ္သည္ေတြကို ေရာမစစ္တပ္ထဲမွာ စစ္မႈထမ္းေစရာကေန ေရာမအင္ပါယာႀကီး
ၿပိဳကြဲဖို႔ျဖစ္လာေတာ့တာပဲ။
ေယ႐ႈခရစ္ ၉ ႏွစ္သားအရြယ္မွာ ယေန႔ေခတ္ ဂ်ာမဏီေတာင္ဘက္မွာရွိတဲ့ က်ဴတိုဘာ့ ေတာတန္း Teutoburg Forest ေဒသမွာ ကမ႓ာ့စူပါေရာမစစ္တပ္ႀကီးကို ဂ်ာမာန္လူ႐ိုင္းႏြယ္ တပ္ေပါင္းစုက တပ္လုံးျပဳတ္တိုက္ပစ္လိုက္တယ္။ မတူကြဲျပားတဲ့ ဂ်ာမာန္လူ႐ိုင္း တိုင္းျပည္ေတြရဲ႕တပ္ေပါင္းစုကိုဦးေဆာင္သူက အာေမးနီးယပ္ Arminius ဆိုတဲ့ ဂ်ာမာန္လူမ်ိဳး ေရာမတပ္မေတာ္အၿငိမ္းစားအရာရွိ(ေရာမႏိုင္ငံသား) ဆိုေတာ့ အဲဒီကာလ အင္အားအႀကီးဆုံး စစ္တပ္ႀကီးကို အႀကီးမားဆုံး႐ႈံးနိမ့္သြားေအာင္ သူတို႔သင္ေပးတဲ့စစ္ပညာနဲ႔ပဲ ျပန္တိုက္သြားတာေပါ့။ ဗမာဘုရင္ေမြးစားထားတဲ့ ယိုးဒယားမင္းသား နရစြမ္(ေခၚ) ျဗနရာဇ္ သူ႔ေယာက္ဖ ဗမာဘုရင္(သူ႔ႏွမဆုပန္ကလ်ာရဲ႕လင္ဘုရင့္ေနာင္) သင္ေပးထားတဲ့ စစ္ပညာနဲ႔ဗမာတပ္ကိုေအာင္ျမင္စြာ ျပန္ေတာ္လွန္ခဲ့သလိုမ်ိဳးေနမယ္။ ဗမာဆိုတာမ်ိဳးနဲ႔႐ိုးနဲ႔ ဖြန္ေၾကာင္တာေနာ။ ဒီစစ္ပြဲဟာ ကမ႓ာ့ႏိုင္ငံေရးနဲ႔လူ႔သမိုင္းကို လွည့္ေျပာင္းေစတဲ့ျဖစ္ရပ္ႀကီး
တခုျဖစ္ခဲ့တယ္။ ဒါေပမဲ့ စစ္ေသြးႂကြလူ႐ိုင္းမ်ိဳးႏြယ္စ႐ိုက္အတိုင္းပဲ အာေမးနီးယပ္ စုစည္းခဲ့တဲ့တပ္ေပါင္းစုဟာလည္း ဘုံရန္သူမရွိေတာ့တဲ့အခါ (ေရာမႏိုင္ငံသား ဂ်ာမာန္စစ္ဗိုလ္) အာေမးနီးယပ္ကို မနာလိုတဲ့ တျခားဂ်ာမာန္ႏိုင္ငံေရးသမားေတြက ျပန္လုပ္ၾကံသတ္ျဖတ္ ၿပီးေတာ့ အခ်င္းခ်င္းျပန္ခ်ၿပီး ၿပိဳကြဲသြားေတာ့တယ္။
အဲဒီလို ေရာမစစ္သည္ေသာင္းခ်ီေသၿပီး တပ္လုံးျပဳတ္အ႐ႈံးနဲ႔ ရင္ဆိုင္ရျပီးေနာက္မွာေတာ့ ဂ်ာမာန္လူ႐ိုင္းနယ္ကို စစ္တပ္ႀကီးနဲ႔ခ်ိီတက္တိုက္ခိုက္မဲ့ လက္႐ုံးနည္းအစား လူ႐ိုင္း
ေခါင္းေဆာင္ေတြကို ႏုိင္ငံေရးနည္းနဲ႔ေရာမဇတ္သြင္းေပးၿပီး ေရာမျပည္ေထာင္စုႀကီးရဲ႕ အစိပ္အပိုင္းျဖစ္လာေအာင္စည္း႐ုံးႏိုင္ခဲ့တယ္။ ေရာမယဥ္ေက်းမႈကို က်င့္သုံးလာတဲ့ ဂ်ာမာန္ တိုင္းရင္းသားလူ႐ိုင္း ဘုရင္ငယ္ Romanized Germanic Prince ေတြဟာ မိမိတိုင္းျပည္ ငယ္ေလးေတြရဲ႕အျပင္ကို္ ထြက္ၾကည့္မိေတာ့မွ က်ယ္ေျပာလွတဲ့ ေရာမျပည္ေထာင္စု အင္ပါယာႀကီးရဲ႕ႏိုင္ငံသားေတြအျဖစ္ တခ်ိန္ခ်ိန္မွာ ေရာမအုပ္ခ်ဳပ္ေရးယႏၲရားမွာ ပါဝင္ခြင့္ရတာကမွ သူတို႔ဝါးလုံးေခါင္းေလးထဲမွာ လသာတာထက္ ပိုအက်ိဳးရွိတာ ျမင္လာၾကေတာ့ မိမိအခ်ဳပ္ခ်ာအာဏာပိုင္ခြင့္ sovereigty ထက္ ျပည္ေထာင္စုတြင္းထဲမွ ကန္႔သတ္လြတ္လပ္ခြင့္ suzerainty ကိိုေရြးခ်ယ္လာၾကတယ္။ လြတ္လပ္ေရး
ေခါင္းေဆာင္ႀကီး အာေမးနီးယပ္ကိုေတာင္ ျပန္သတ္ၾကတဲ့ႏိုင္ငံေရးလုပ္စားသူ အုပ္စိုးသူလူတန္းစားခ်င္းၾကားမွာ ညီၫြတ္ေရးဆိုတာ တည္ေဆာက္ရတာသိပ္လြယ္ေပါ့။
ျပည္သူလူထုေပၚမွာ တက္အုပ္ခ်ဳပ္တဲ့အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းကို လုပ္ကိုင္စားသူ
ေတြၾကားမွာေတာ့ ေရာမဂ်ာမာန္တို႔ အာဏာရွင္စနစ္တို႔ ဒီမိုကေရစီတို႔ ကြဲျပားမေနဘဲ ကိုယ္က်ိဳးစီးပြားတြက္အက်ိဳးရွိမယ္ဆိုရင္ သူတို႔အတြက္ေသေပးရတဲ့ ျပည္သူ႔မ်က္ႏွာ မျကည့္ဘဲ သူတို႔လူတန္းစားခ်င္းညီၫြတ္ေရးရသြားတတ္တာ လူ႔သဘာဝပါပဲ။
သူတို႔ရဲ႕လြတ္လပ္ခြင့္ကိုထိပါးလာရင္ မိန္းမခေလးပါမက်န္ လက္နက္စြဲကိုင္တိုက္ခိုက္တတ္တဲ့ ဂ်ာမာန္လူ႐ိုင္းစစ္သည္ေတြကို ေရာမအင္ပါယာႏိုင္ငံေရးသမားေတြဟာ hard power ဆိုတဲ့ စစ္ေရးနည္းနဲ႔ယွဥ္ၿပိဳင္မတိုက္ေတာ့ဘဲ သူတို႔ရဲ႕ႏိုင္ငံေရးေခါင္းေဆာင္ေတြကို soft power ေခၚတဲ့
ႏုိင္ငံေရးအေတြးအေခၚေတြနဲ႔ ေရာမဇာတ္သြင္းစည္း႐ုံးၿပီး နယ္ခ်ဲ႕တဲ့စနစ္ကို ေအာင္ျမင္စြာ က်င့္သုံးလိုက္ႏိုင္တယ္။ ဒီေနရာမွာ ေျပာစရာရွိတာက အဲဒီလြတ္လပ္တယ္ဆိုတဲ့ ဂ်ာမာန္ ျပည္သူေတြဟာ သက္ဆိုင္ရာဂ်ာမာန္ဘုရင္ငယ္ေအာက္က အုပ္ခ်ဳပ္ခံကြ်န္ေတြပါပဲ။ သူတို႔ရဲ႕ ဂ်ာမာန္ဘုရင္ဟာ သူ႔ထက္ႀကီးတဲ့ေရာမဘုရင္နဲ႔အေပးအယူမတဲ့တုန္း လြတ္လပ္ေရးကို ၿခိမ္းေျခာက္လို႔ ျပန္ခ်ရတယ္၊ ဘာညာ ေအာက္ေခ်ကို ေျမႇာက္ေပးျပီး ဘုရင္ခ်င္း အဆင္ေျပလို႔ ဆရာေမြးတပည့္ေမြး ေဝစားမွ်စားျဖစ္သြားရင္ေတာ့ ျပည္သူေတြကို တမ်ိဳးလွည့္ေျပာၿပီး သခင္သစ္ေအာက္မွာ လြတ္လပ္ေရးပုံစံသစ္ေပးလိုက္တာေပါ့။
အခုလို က်ဴတိုဘာ့ေတာတန္းက စခဲ့တဲ့ ကမ႓ာ့ႏိုင္ငံေရးအခ်ိဳးအေကြ႕ျဖစ္တဲ့ hard power နဲ႔ soft power ကိုညီမွ်ေအာင္သုံးၿပီး နယ္ခ်ဲ႕ပုံကို ယေန႔ေခတ္မွာၿပိဳကြဲသြားတဲ့ ေရာမအင္ပါယာႀကီး ရဲ႕အ႐ိုက္အရာကိုဆက္ခံတဲ့ အေမရိကန္၊ အဂၤလိပ္၊ ႐ုရွားစတဲ့ ဥေရာပသားအင္ပါယာေတြဆီမွာ ေတြ႕ရမွာပါ။ ၿပိဳကြဲခဲ့တဲ့ ေရႊေခတ္ေရာမႏိုင္ငံရဲ႕အေတြးအေခၚေတြ အေငြ႕အသက္ေတြဟာ ယေန႔ေခတ္ ဥေရာပသားေတြနဲ႔ကမ႓ာအႏွ႕ံမွာ ေတြ႕ရမွာပါ။ ဥပမာအလြယ္ေပးရရင္ အေမရိကန္ လြတ္လပ္ေရးေၾကျငာစာတမ္းကုိ အဂၤလန္က Magna Carta စာခ်ဳပ္နဲ႔အေနာက္ တိုင္းႏိုင္ငံေတြရဲ႕
ႏုိင္ငံေတာ္ တံဆိပ္ေတြမွာသုံးတဲ့ လက္တင္ေခၚ ေရာမအသုံးအႏႈန္းေတြ ကမ႓ာအႏွံ့သုံးေနတဲ့ ေရာမအကၡရာ ေအဘီစီေတြ ဥပေဒ ဒသနိကေဗဒ သိပၸံပညာေတြမွာ ခန္႔ခန္႔ထည္ထည္သုံးတဲ့ အဂၤလိပ္ပါဋိ ေခၚ ေရာမလက္တင္စာေတြ ဥေရာပတိုက္ေနရာတိုင္းနီးပါးမွာ ေျပာေနတဲ့ လက္တင္ဘာသာစကား (ျပင္သစ္၊ စပိန္ ၊ ေပၚတူဂီ၊ အီတလီဘာသာစကားေတြဟာ ေရာမ လက္တင္ဘာသာစစ္စစ္ျဖစ္ၿပီး အဂၤလိပ္၊ ဂ်ာမာန္၊ စကင္ဒီေနဗီးယန္းဘာသာေတြဟာ လက္တင္ပါဋိပ်က္ေတြ) စသျဖင့္ ေတြ႕ျမင္ႏိုင္ပါမယ္။ အေမရိကန္အလံက သိမ္းငွက္ႀကီးတို႔ ဂ်ာမာန္ႏိုင္ငံေတာ္တံဆိပ္နဲ႔ နာဇီအလံေပၚက စၾကၤာခ်ီ သိမ္းငွက္ႀကီး Reichsadler တို႔ဟာ ေရာမတပ္မေတာ္ အမွတ္တံဆိပ္ (legion standard) သိမ္းငွက္ႀကီးနဲ႔အတူတူျဖစ္ေနတာ၊ ႐ုရွား
ႏုိင္ငံေတာ္တံဆိပ္နဲ႔ တျခား အေရွ႕ဥေရာပႏိုင္ငံေတြရဲ႕သေကၤတ ေခါင္းႏွစ္လုံး သိမ္းငွက္ႀကီးဟာ အေရွ႕ေရာမ အင္ပါယာ (ယေန႔ေခတ္တူရကီ) ရဲ႕အမွတ္အသားျဖစ္ေနတာ၊ အဂၤလန္ဘုရင့္ တံဆိပ္ေတာ္က ျခေသၤ့ႀကီးဟာ ေရာမဘုရင္ ဆီဇာ (သီဟ) ကို ကိုယ္စားျပဳတာေတြဟာ တိုက္ဆိုင္မႈေတာ့ မဟုတ္ဘူးေပါ့။ ဗမာေတြ ပုဂံေခတ္ကို ေရႊေခတ္လို႔သတ္မွတ္ျပီး ေနာင္လာေနာင္သားေတြ တမ္းတေနသလိုမ်ိဳးေနပါမယ္။ မုဆိုးျခဳံရြာက အုပ္ႀကီးေတာင္ ပလႅင္ေပၚေရာက္လာေတာ့ ဘိုးေလာင္းေတာ္ ေဘးေလာင္းေတာ္ ပုဂံမင္းဆက္နဲ႔ေဆြမ်ိဳးေတြကို ျဖစ္လို႔။
ေရာမအင္ပါယာနဲ႔ ဘာသာ စာေပယဥ္ေက်းမႈ ႏိုင္ငံေရးအေတြးအေခၚဆိုတဲ့ အုပ္စိုးခံလူတန္းစား
အေပၚ ထိန္းခ်ဳပ္နည္းေတြမွာ သေဘာတူညီမႈရသြားတဲ့ ဂ်ာမာန္စစ္ဘုရင္ငယ္ေတြကတစ္ဆင့္ ေရာမဇာတ္ဝင္သြားတဲ့ ဂ်ာမာန္လူမ်ိဳးေတြဟာ ေရာမအင္ပါယာႀကီးရဲ႕ စစ္တပ္တို႔ အုပ္ခ်ဳပ္ေရး တို႔မွာ ေနရာရလာၾကတယ္။ လက္ေအာက္ခံ ကိုလိုနီနယ္သားေတြကို ေရာမအရံတပ္ Auxilia
မွာ အမႈထမ္းေစၿပီး စာခ်ဳပ္သက္တမ္းျပည့္ရင္ ႏိုင္ငံသားျပဳခြင့္ေပးတာမ်ိဳးကို ယေန႔ေခတ္ ေရာမစကားေျပာတဲ့ ေရာမအင္ပါယာေဟာင္း ျပင္သစ္ႏိုင္ငံက ေဖာရိမ္းလီဂ်င္ေတပ္မွာ ေတြ႕ႏိုင္ပါေသးတယ္။ သတၱိ ဗ်တၱိကိုအရင္းျပဳၿပီး စစ္မႈထမ္းရာကေန ေရာမႏိုင္ငံသား
ျဖစ္ခြင့္ရသြားတဲ့ ဂ်ာမာန္ေတြဟာ ေရာမျပည္ေထာင္စုအဆင့္ ႏိုင္ငံေရးရာထူးေတြရလာၿပီး အင္ပါယာအႏွ႕ံမွာ အေခ်ခ်ေနထိုင္လာၾကတာေပါ့။ ယဥ္ေက်းမႈျမင့္မားၿပီး အုပ္ခ်ဳပ္ေရး ပညာေရးေတြမွာ ထူးခၽြန္တဲ့ ေရာမ၊ အီတလီ၊ အင္ပါယာႀကီးရဲ႕ အုပ္ခ်ဳပ္ေရးစစ္ေရး ယႏၲရားထဲကို သတၱိရွိၿပီး အမိန္႔နာခံမႈအားေကာင္းတဲ့ ဂ်ာမာန္ေတြ ပါဝင္လာတာေၾကာင့္ ေရာမျပည္ႀကီးပိုလို႔ တိုးတက္ႂကြယ္ဝလာတယ္။ ေကာ့ေကးရွန္း မ်က္ႏွာျဖဴ လူမ်ိဳးတူ
ျဖစ္တဲ့အျပင္ နတ္ဘုရားမ်ိဳးစုံကို ကိုးကြယ္မႈပါ ဆင္တူေတာ့ေပါင္းလို႔ ပိုအဆင္ေျပတာေပါ့။ ကာယဗလနဲ႔ ဉာဏဗလ၊ ဘုန္းနဲ႔ လက္႐ုံး၊ ယင္နဲ႔ယန္၊ အေပ်ာ့နဲ႔အမာတို႔ရဲ႕ သဟဇာတညီ balanced ေပါင္းစည္းမႈလို႔ ဆိုရပါမယ္။ ျဗဟၼဏနဲ႔ ခတၱိယေပါင္းစည္းမႈလို႔ဆိုရင္လည္း ပို နီးစပ္မလားပါပဲ။ ဗမာေတြနဲ႔ ရင္းႏွီးေနတဲ့ အဲဒီေဝါဟာရေတြဟာ ဟိႏၵဴအယူအဆပါ။ ဟိႏၵဴ လူ႔အဖြဲ႕အစည္းထဲမွာ ျဗဟၼဏဆိုတဲ့ ဘုရားသခင္နဲ႔တိုက္႐ိုက္ဆက္သြယ္လို႔ရတဲ့ ဘုန္းႀကီးနဲ႔ ပညာရွိ(ျဗဟၼာ့ေခါင္း) မ်ိဳး႐ိုး၊ ခတၱိယဆိုတဲ့ စစ္သား၊ ဘုရင္ (ျဗဟၼာ့လက္႐ုံး)မ်ိဳး႐ိုး၊ ဝသ Vaishya ဆိုတဲ့ ကုန္သည္လယ္သမား လူလတ္တန္းစား (ျဗဟၼာ့ဝမ္းဗိုက္)မ်ိဳး႐ိုး၊ သုဒၶဆိုတဲ့ ဆင္းရဲသားလူမ်ားစု (ျဗဟၼာ့ေျခေထာက္)မ်ိဳး႐ိုး ဆိုၿပီး ခြဲျခားသတ္မွတ္ထားတယ္။ ေရာမ
ႏုိင္ငံေရးသမား ပညာရွိ ျဗဟၼဏေတြနဲ႔ ဂ်ာမာန္စစ္သားမ်ိဳး ခတၱိယ အထက္တန္းလႊာ လူတန္းစားႏွစ္မ်ိဳးေပါင္းစပ္မႈလို႔ အလြယ္မွတ္ယူလို႔ရမွာေပါ့။ အဲဒီေခတ္မွာ နတ္ဘုရားေပါင္းစုံ ကို ကိုးကြယ္ၾကေတာ့ အုပ္ခ်ဳပ္သူေတြဟာ သူတို႔ဟာသူတို႔ ကိုးကြယ္တဲ့နတ္ဘုရားက ဆင္းသက္လာတယ္ဆိုၿပီး သာသနာျပဳမင္းႀကီးေတြ (ဘုရားသခင္နဲ႔ဆက္သြယ္ႏိုင္တဲ့ ျဗဟၼဏ
ဘုန္းႀကီးဘုရင္ရာထူး) အျဖစ္ ျပည္သူေတြကို အယုံသြင္းထားတာေပါ့။ ယေန႔ေခတ္ ျမင္ရတဲ့ ခရစ္ယာန္သာသနာ အခ်က္အခ်ာ ေရာမၿမိဳ႕သားေတြဟာ ေယ႐ႈခရစ္ေမြးဖြားၿပီး ႏွစ္ေပါင္း ၃၀၀ ေက်ာ္(၃၁၂ ေအဒီ)အထိ ခရစ္ယာန္ဘာသာကို မကိုးကြယ္ေသးဘူး။ ခရစ္ေတာ္ကို
လ်ိဳ႕ဝွက္ကိုးကြယ္ၾကရၿပီး ခရစ္ယာန္ဘာသာဝင္ ကေလးလူႀကီးေတြကို အရီနာဆိုတဲ့ သားသတိကြင္းေတြထဲမွာ အရွင္လတ္လတ္ျခေသၤ့စာေကၽြးတာကို ေရာမၿမိဳ႕သားေတြ ယေန႔ေခတ္ မန္ယူပြဲအားေပးသလို စုျပဳံၾကည့္ေနၾကတုန္း။ ပထမဆုံးသမၼာက်မ္းစာကိုေတာင္ ခရစ္ေတာ္ေမြးၿပီး ၃၃၁ ႏွစ္ၾကာ (လက္ဝါးကပ္တိုင္တင္ခံရၿပီး ႏွစ္ ၃၀ဝ ၾကာ) မွဂရိဘာသာနဲ႔ အုပ္ေရ(၅၀)ပဲထုတ္ႏိုင္ခဲ့တာဆိုေတာ့ က်ဴတိုဘာ့ေတာတန္းတိုက္ပြဲၿပီးခါစမွာ ေရာမနဲ႔ ဂ်ာမာန္ လူမ်ိဳးေတြဟာ ယေန႔ ဟိႏၵဴေတြလို နတ္ဘုရားမ်ိဳးစုံကို ကိုးကြယ္ၾကပုံတူတူပဲ။
ပထမဆုံး ခရစ္ယာန္ဘာသာကိုးကြယ္တဲ့ ေရာမသာသနာျပဳမင္း ကြန္စတန္တင္း (ဗုဒၶဘာသာက အာေသာကမင္းလို) ေတာင္အရင္က မစ္ထရက္Mitras ဆိုတဲ့ေနနတ္မင္းကို ကိုးကြယ္ခဲ့
ေသးတယ္။ စိတ္ဝင္စားဖို႔ေကာင္းတာက အဲဒီ မစ္ထရက္ ေနနတ္မင္းရဲ႕ေမြးေန႔ဟာ ဒီဇင္ဘာ (၅)ရက္ ခရစ္စမတ္ေန႔ျဖစ္ေနတာပါပဲ။ အဲဒီနတ္မင္းကို အီရန္ပါရွားေတြ ကိုးကြယ္ခဲ့တာ ခရစ္ေတာ္ မဖြားျမင္ခင္ ႏွစ္ရာေပါင္းမ်ားစြာကတည္းကျဖစ္ၿပီး ယေန႔အခ်ိန္ထိ ခရစ္ေတာ္ရဲ႕ ေမြးေန႔အတိအက်ကို ခရစ္ယာန္ဂုိဏ္းကြဲအမ်ိဳးမ်ိဳး သေဘာတူညီတဲ့ေန႔ မရွိေသးဘူးဗ်။ ဥပမာေျပာရရင္ မက္သ႐ူးနဲ႔ လုခ္ ေရးခဲ့တဲ့ သမၼာက်မ္းစာပိုဒ္ (Gospels of Matthew and Luke ) ေတြထဲလည္း အတိအက်မပါခဲ့ဘူး။ ဂရိနဲ႔ ႐ုရွာ ေအာ္သိုေဒါ့ခရစ္ယာန္ေတြက ဇန္နဝါရီလ (၇)ရက္ေန႔ကို ခရစ္ေတာ္ေမြးေန႔လို႔ သတ္မွတ္တယ္။ ေရာမ ဧကရာဇ္ရဲ႕ မစ္ထရက္ေနဘုရား ကေန ခရစ္ေတာ္ဂ်ဴးဘုရား ကူးေျပာင္းကိုးကြယ္တာၾကည့္ရင္ ဘယ္လိုပဲဘာသာယုံၾကည္မႈေတြ
႐ႈပ္ေထြးပါေစ အုပ္ခ်ဳပ္သူ ဘုရင္လူတန္းစားဆိုတာ သူတို႔အာဏာတည္ၿမဲေရးအတြက္ အာမခံ ပိုေကာင္းတဲ့ဘာသာအယူဝါဒကို ကူးေျပာင္းဖို႔ ဝန္မေလးဘူးဆိုတာ ျမင္သာပါတယ္။ ျပည္သူ
ေတြကိုလည္း သူတို႔ကိုးကြယ္တဲ့ဘာသာကို လိုက္ကိုးကြယ္ခိုင္းတာဟာ ကမ႓ာေပၚမွာ ဒီေန႔ အင္အားႀကီးေနတဲ့ ဘာသာတိုင္းရဲ႕သမိုင္းမွာ ျမင္ႏိုင္တယ္။ သာမာန္ျပည္သူေတြ ေသၿပီးမွ တမလြန္ဘဝမွာ ရမယ့္နိဗၺာန္ဆိုတာမ်ိဳးကို အုပ္စိုးသူ ဘုရင္လူတန္းစားကေတာ့ သာသနာျပဳ မင္းႀကီးေတြအသြင္နဲ႔ လက္ရွိဘဝ မေသခင္မွာ ခံစားႏိုင္ၾကပါတယ္။ ေရာမအင္ပါယာႀကီး နတ္ဘုရားကိုးကြယ္မႈကို စြန္႔လႊတ္ၿပီး ဘာသာေျပာင္းသြားေတာ့ တျခားအုပ္ခ်ဳပ္ခံ ဥေရာပ တိုက္သားေတြနဲ႔အတူ ဂ်ာမာန္ေတြလည္း ခရစ္ယာန္ဘာသာကို ကူးေျပာင္းသြားတာ အ့ံၾသစရာေတာ့ မဟုတ္ဘူးေပါ့။ ျဗဟၼဏႏြယ္ ေရာမဘုန္းႀကီးဘုရင္ ႏုိင္ငံေရးသမား လူတန္းစားဟာ ခတၱိယႏြယ္ ဂ်ာမန္လူ႐ိုင္းစစ္သားႏြယ္ေတြကို သူတို႔ေခါင္းေဆာင္ေတြက တစ္ဆင့္ အႏုနည္းနဲ႔ စည္း႐ုံးသိမ္းသြင္းၿပီး ျပည္သူအမ်ားစုႀကီးျဖစ္တဲ့ ကုန္သည္လူတန္းစား ဝႆနဲ႔ အေျခခံလူတန္းစား သုဒၶေတြ ဇာတ္ပ်က္ကၽြန္ေတြကို အဆင့္ဆင့္ဖိနွိပ္ အုပ္ခ်ဳပ္သြားရာမွာ ဘာသာေရးအျပင္ ႏိုင္ငံသားျဖစ္မႈဆိုတဲ့ ႏိုင္ငံေရးကိစၥမွာ ပါဝင္ခြင့္ (ႏိုင္ငံ့ဘဏၰာကို ေဝမွ်ခံစားခြင့္) ကိုလည္း လက္နက္တစ္ခုအျဖစ္ စနစ္တက်က်င့္သုံး သြားပါတယ္။
ယေန႔ က်င့္သုံးေနတဲ့ ႏိုင္ငံသားျဖစ္မႈ Citizenship ဆိုတာကို လူ႔သမိုင္းမွာ ပထမဆုံးစနစ္တက် အသုံးျပဳခဲ့တာ ေရာမႏိုင္ငံမွာပါ။ ေသြး သို႔မဟုတ္ လူမ်ိဳးကို အေျခခံတဲ့ႏိုင္ငံသားျဖစ္မႈပုံစံ Jus Sanguin (ဂ်ာမဏီ၊ တ႐ုတ္၊ ဂ်ပန္၊ ျမန္မာနဲ႔အာရွတိုက္ တစ္ခုလုံးနီးပါး) ေမြးဖြားရာေဒသကို အေျခခံတဲ့ႏိုင္ငံသားျဖစ္မႈပုံစံ Jus soli (အေမရိကန္၊ ၾသစေၾတလ်၊ ကေနဒါ)ေတြဟာ
ေရာမေခတ္မွာထဲက အေခ်ျပဳခဲ့တာပါ။ သူ႔အရင္ ဂရိၿမိဳ႕ျပႏိုင္ငံတို႔ အလက္ဇႏၵရားရဲ႕ လူ႔ကျပား အင္ပါယာတို႔ဟာ ေရာမေလာက္ စနစ္မက်ခဲ့ဘူး။ အခုေခတ္ အေမရိကန္ႏိုင္ငံသားဆိုၿပီး ဂုဏ္ယူဝင့္ႂကြားစြာ ျပည္ပႏိုင္ငံတခုမွာ ဥပေဒခ်ိဳးေဖာက္လို႔ေထာင္က် သူကိုစင္းလုံးငွား
ေလယာဥ္နဲ႔သြားေခၚထုတ္ႏိုင္သလို အဲဒီေခတ္မွာလည္း ေရာမႏိုင္ငံသားဆိုတာ လူပုံအလည္မွာ
ေမာ္ႂကြားစရာေပါ့။ ႏိုင္ငံသားတစ္ဦးရဲ႕ရပိုင္ခြင့္ rights နဲ႔ ႏိုင္ငံ့အေပၚထားရမယ့္ တာဝန္ responsibilities ကို တိတိက်က်ျပဌာန္းထားတယ္။ ေရြးေကာက္ခံၿပီး ဥပေဒျပဳအမတ္ျဖစ္ခြင့္၊ မဲေပးခြင့္၊ ေပါင္မုန္႔ အလကားရခြင့္၊ ပုဒ္မ ၅၀၅ လို ႏုိင္ငံေတာ္သစၥာေဖာက္မႈနဲ႔ ေသဒဏ္က်ရင္ ကားစင္ေပၚမတင္ဘဲ တျခားနည္းနဲ႔ စီရင္ခံပိုင္ခြင့္(ေယ႐ႈခရစ္ဟာ ေရာမႏိုင္ငံသား မဟုတ္လို႔ ကားစင္တင္ခံခဲ့ရတာပါ) စတဲ့ႏိုင္ငံသားအခြင့္အေရးေတြရဖို႔ စစ္မႈထမ္းတာဝန္၊ ဥပေဒ
ေလးစားလိုက္နာမႈ၊ ႏိုင္ငံေပၚသစၥာရွိမႈဆိုတဲ့ တာဝန္ဝတၱရားေတြကို တြဲယူၾကရတယ္။ ေသြးကို အေျခခံတဲ့စနစ္နဲ႔ ေမြးရာေဒသကို အေျခခံတဲ့စနစ္ကို ေပါင္းက်င့္သုံးၿပီး ကၽြန္ကအစ လူတိုင္းကို
ႏုိင္ငံသားျဖစ္ေအာင္ ၾကိဳးစားခြင့္ေပးထားတယ္။ ႏိုင္ငံသားအတန္းအစားကိုလည္း အမ်ိဳးမ်ိဳး ခြဲျခားသတ္မွတ္ထားတယ္။ ျမန္မာျပည္မွာ တိုင္းရင္းသား၊ ေမြးရာပါႏိုင္ငံသား၊ ျပဳႏိုင္ငံသား ခြဲသလိုမ်ိဳး ေရာမမွာ(၅)မ်ိဳးခြဲထားတယ္။ လက္ရွိအေမရိကန္ျပည္မွာ ႏိုင္ငံသားခ်င္းတူတူ ျပဳႏိုင္ငံသားရဲ႕ႏိုင္ငံသားျဖစ္မႈကို အၾကမ္းဖက္မႈနဲ႔ပက္သက္ရင္ ႐ုတ္သိမ္းႏိုင္ၿပီး သမၼတ ျဖစ္ခြင့္မရွိေတာ့ ေမြးရာပါႏိုင္ငံသားထက္တစ္ဆင့္နိမ့္တယ္ (ဂ်ာမာန္လူမ်ိဳး အေမရိကန္ စီတီဇင္တူတူ ေဒၚနယ္ထရမ့္က သမၼတျဖစ္ႏိုင္ၿပီး အာႏိုးက မျဖစ္ႏိုင္ဘူး) လို႔ယူဆလို႔ရၿပီး၊ ေမြးရာပါႏိုင္ငံသားခ်င္းတူတူေတာင္ ရက္အင္ဒီးယန္းလူနီတိုင္းရင္းသားဆို အခြန္လြတ္ခြင့္ နယ္ေျမပိုင္ခြင့္စတဲ့ အထူးအခြင့္အေရးေတြ( အိုဘားမားက သမၼတျဖစ္ေပမယ့္ တိုင္းရင္းသား မဟုတ္လို႔ မိုေဟာ့ရက္အင္ဒီးယန္းအခြင့္အေရး မရဘူး)ရေတာ့ အေမရိကန္မွာလည္း ဗမာျပည္လို ႏိ္ုင္ငံသား(၃)မ်ဳိး ရွိတယ္လုိ႔ ေျပာလို႔ရတယ္။
လူ႔သမိုင္း စကတည္းက လူ႔အဖြဲ႕အစည္းေတြ၊ ႏုိင္ငံေတြမွာ ဘယ္လိုအုပ္ခ်ဳပ္ပုံစံနစ္ကိုသံုးသုံး ႏိုင္ငံသားျဖစ္မႈဆိုတဲ့ မိသားစုဝင္ျဖစ္ခြင့္ဟာ ႏိုင္ငံေရးအခ်ဳပ္အျခာအာဏာ (သို႔) အစိုးရ အာဏာစက္ကို ထိန္းက်ာင္းတာျဖစ္တာမို႔ အေရးပါတယ္။ လူ႔အဖြဲ႕အစည္းတိုင္းရဲ႕ အေျခခံ ျဖစ္တဲ့ မိသားစုတစ္ခုမွာ မိမိအိမ္တြင္းေရးျပသနာတို႔ အေမြဆက္ခံပိုင္ခြင့္တို႔မွာ မိသားစုဝင္
ေတြပဲ ေျပာပိုင္ခြင့္ရွိတာမ်ိဳးေပါ့။ သူစိမ္းတို႔ ေမြးစားသားသမီးတို႔ဟာ သူမ်ားအိမ္တြင္းေရး ကိစၥကို ဝင္စြက္ဖက္ပိုင္ခြင့္ အကန္႔အသတ္ရွိတယ္။ ေရာမေခတ္ မတိုင္မီနဲ႔ သူ႔ေခတ္ၿပိဳင္
ႏုိင္ငံေတြမွာ အုပ္စိုးသူလူတစ္ဦး (သို႔) လူတစ္စုရဲ႕အာဏာစက္သက္ေရာက္တဲ့ ေဒသမွာ
ေမြးဖြားလာသူေတြဟာ ေအာ္တိုမက္တစ္ အဲဒီေဒသအုပ္ခ်ဳပ္သူရဲ႕သစၥာကိုခံရၿပီး သူတို႔ မေမြးခင္ကတည္းက ရွိခဲ့တဲ့ ထုံးတမ္းစဥ္လာေတြ စည္းမ်ဥ္းဥပေဒေတြကိုလိုက္နာရန္ တာဝန္ရွိတဲ့ ေက်းေတာ္မ်ိဳး ကၽြန္ေတာ္မ်ိဳး ႏိုင္ငံသားေတြျဖစ္သြားရတယ္။ နယ္ေျမတိုးခ်ဲ႔တဲ့ စစ္ပြဲေတြအၿပီးမွာေတာ့ စစ္႐ႈံးသူဟာ စစ္ႏိုင္သူ ဘုရင္သစ္ရဲ႕သစၥာေရ ေသာက္ရၿပီး ႏုိင္ငံသား
အသစ္ခံယူလို႔ စည္းမ်ည္းစည္းကမ္းအသစ္ေတြကို လိုက္နာရေတာ့တာေပါ့။ ရတနာပုံ မႏၲေလးၿမိဳ႕က သီေပါမင္းလက္ထက္ေမြးလာသူ ဗမာလူမ်ိဳးတစ္ဦးဟာ ဗမာႏိုင္ငံသား ဗမာဘုရင့္ကၽြန္ေတာ္မ်ိဳးအျဖစ္ သီေပါမင္းကိုအခြန္ဘဏၰာဆက္ရေပမဲ့ ၁၈၈၅ မွာ အဂၤလိပ္ ဘုရင္ကို သီေပါစစ္႐ႈံးသြားေတာ့ ၿဗိတိသွ်ႏိုင္ငံသားျဖစ္သြားၿပီး အဂၤလန္ဘုရင္ကို အခြန္ဆက္သူထုတ္တဲ့ဥပေဒသစ္ေတြကို လိုက္နာရတယ္။ စကားစပ္လို႔ေျပာရရင္ ၁၈၈၅ နဲ႔ ၁၉၄ဂ ၾကား ဗမာျပည္မွာေမြးတဲ့သူေတြဟာ ၿဗိတိသွ်ႏိုင္ငံသားေတြျဖစ္ၿပီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေဒါက္တာဘေမာ္ ဗိ္ုလ္ခ်ဳပ္ေနဝင္းနဲ႔ ယေန႔အသက္ ၇၄ ႏွစ္အထက္ႀကီးတဲ့ဗမာတိုင္းဟာ ၿဗိတိသွ်ႏိုင္ငံသားေတြအျဖစ္ ၿဗိတိသွ်ပတ္စပို႔ကို အခ်ိန္အတိုင္းအတာတစ္ခုအထိ ကိုင္ခြင့္ ရွိခဲ့သူေတြပါ။ ေရာမအင္ပါယာႀကီးကေတာ့ ဒီလိုေရွး႐ိုးစြဲ ပုံစံကခြဲထြက္ၿပီး ႏိုင္ငံသားျဖစ္မႈ ႏိုင္ငံသားျဖစ္မႈကို စည္း႐ုံးေရးအခြင့္အေရးတစ္ရပ္အေနနဲ႔ဖန္တီးၿပီး ဘာသာစကားဓေလ့စ႐ိုက္ မတူသူ လက္ေအာက္ခံလူမ်ိဳးစုေတြကို အုပ္ခ်ဳပ္ခဲ့ေတာ့ ခတၱိယႏြယ္ဂ်ာမာန္စစ္သည္ေတြဟာ အုပ္ခ်ဳပ္မႈယႏၲရားထဲမွာ တျဖည္းျဖည္းေနရာရလာၾကတယ္။ ႏိုင္ငံအခ်ဳပ္အျခာအာဏာပိုင္မႈနဲ႔ အုပ္ခ်ဳပ္ခံသူေတြရဲ႕အေရးမွာ ကာယကံရွင္ေတြကို ပါဝင္ခြင့္ေပးတာ တစ္နည္းအားျဖင့္
ေျပာရရင္ မိသားစုေရးရာကိစၥမွာ မိသားစုဝင္ေတြပါဝင္ဆုံးျဖတ္ပိုင္ခြင့္(အရြယ္ေရာက္တဲ့ ကေလးေတြေပါ့) ဆိုတဲ့ ဒီမိုကေရစီဝါဒအေျခခံမူေတြဟာ ေရာမေခတ္က စတာမဟုတ္ဘဲ လူ႔သမိုင္း စကတည္းက ရွိခဲ့တာပါ။ ဂရိၿမိဳ႕ျပႏိုင္ငံေတြ၊ ေဂါတမဗုဒၶရဲ႕သာကီ၀င္ႏုိင္ငံေတြ၊
ဗမာျပည္က ပ်ဴၿမိဳ႕ျပႏိုင္ငံေတြ၊ ယေန႔ေခတ္ ၾသစေၾတလ် အေဘာ္ရီဂ်င္း လူ႐ိုင္းႏိုင္ငံေတြ (Nation လို႔တရားဝင္သုံးတယ္)မွာ ေရြးေကာက္ခံ သို႔မဟုတ္ အ႐ိုက္အရာခံ ေခါင္းေဆာင္ေတြက လူႀကီးသူမ အဘႀကီးမ်ားအၾကံေပးအဖြဲ႕ senior/senate နဲ႔ဥပေဒျပဳအုပ္ခ်ဳပ္ရတာတို႔ ျပည္တင္း
- မင္းမခံႏိုင္ဆိုသလို မိသားစုဝင္ႏိုင္ငံသားျပည္သူေတြဆႏၵကို အနည္းနဲ႔အမ်ား လိုက္နာ က်င့္သုံးရတာတို႔ ကိုေတြ႕ရမယ္။ ဘယ္ဝါဒက်င့္သုံးသုံး ေနာက္ဆုံးေတာ့ ဆုံးျဖတ္ခ်က္ကို တစ္ဦးထဲကပဲ ေပးရတာပါ။ ပါလီမန္ဒီမိုကေရစီစနစ္မွာ ဘယ္ေလာက္မ်ားတဲ့သူေတြက ဆႏၵျပဳျပဳ ေနာက္ဆုံးေတာ့ အစိုးရအဖြဲ႕ေခါင္းေဆာင္ကပဲ ဆုံးျဖတ္အတည္ျပဳရတယ္။ ကိုယ့္ မိသားစုျဖတ္သန္းပုံ ႐ိုးရာအစဥ္အလာအလိုက္ အုပ္ခ်ဳပ္မွတိုးတက္မွာေလ။ အဂၤလန္နဲ႔
ၾသစေၾတလ်၊ ကေနဒါ၊ နယူးဇီလန္ႏိုင္ငံေတြမွာ အဲဒီႏုိင္ငံေတြ နယ္နမိတ္ထဲက ေရေျမေလ အေပၚေအာက္က ရွိရွိသမွ်အရာေတြကို ဘုရင္မႀကီးအဲလစ္ဇဘက္ပိုင္ဆိုင္တယ္လို႔အတိအလင္း
ျပဒါန္းထားၿပီး အစိုးရလုပ္သမွ်ကို ေနာက္ဆုံး သူတာဝန္ခံရတယ္။ ဗမာျပည္ပါဝင္တဲ့ အာဆီယံ (၁၀)ႏုိင္ငံမွာ(၄)ႏုိင္ငံက ဘုရင္နဲ႔ အာဏာရွင္ႀကီးေတြ(ထိုင္း၊ မေလးရွား၊ ဘ႐ူႏိုင္း၊ကေမ႓ာဒီးယား)
ပူးတြဲအုပ္ခ်ဳပ္ပါတယ္။ (၃)ႏုိင္ငံ(လာအို၊ ဗီယက္နမ္၊ စကၤာပူ)ကေတာ့ တစ္ပါတီအာဏာရွင္စနစ္ အင္ဒိုနီးရွားက စစ္အာဏာရွင္ႀကီး ဆူဟာတိုခ်ေပးခဲ့တဲ့ မြတ္ဆလင္အစြန္းေရာက္ လႊမ္းမိုးတဲ့ ဒီမိုကေရစီတစ္ပိုင္းႏိုင္ငံ၊ ဖိလစ္ပိုင္ကေတာ့ လူသတ္ဂိုဏ္းစတား အာဏာရွင္ ဒူတာေတးရဲ႕ ဒီမိုကေရစီတစ္ပိုင္းႏိုင္ငံ။ စပါးပဲစိုက္လို႔ရတဲ့ေျမေပၚ မွာ ကိုယ့္တစ္ကြက္ထဲ ေကာ္ဖီ စိုက္ႏိုင္တာ
ခ်ီးက်ဴးစရာပါ။
အဆင့္ဆင့္ျဖတ္သန္းလာတဲ့ ေရာမသမိုင္းျဖစ္တဲ့ ေရာမဘုရင့္ႏိုင္ငံ၊ သမၼတႏိုင္ငံ၊
ေရာမအင္ပါယာနဲ႔ ခရစ္ယာန္သာသနာ့အင္ပါယာ (ႏွစ္၂၀၀၀ ေလာက္ျဖတ္သန္းပုံအဆင့္ဆင့္) ေတြမွာ လူ႔သမိုင္းတစ္ေလ်ာက္က်င့္သုံးတဲ့ ႏုိင္ငံေရးေတြ အုပ္ခ်ဳပ္ပုံမ်ိဳးစုံေတြကို ျမင္ရမွာပါ။ ဒီမိုကေရစီ၊ ဖက္ဒရယ္၊ လစ္ဘရယ္ စတဲ့ ႏိုင္ငံေရးေလာကရဲ႕ ခ်ိဳမိုင္မိုင္ စကားလုံး
ေလးေတြဟာလည္း ဟိုးေရွးေရွးပေဝသဏီ ေရာမေခတ္မတိုင္မီကတည္းက ႏိုင္ငံအုပ္ခ်ဳပ္ မင္းလုပ္စားတဲ့ ႏိုင္ငံေရးသမားေတြ ေရလဲသုံးခဲ့ၾကတယ္ဆိုတာ စာဖတိႏွံ႔သူတိုင္း နားလည္ ပါတယ္။ မဟာသမၼတ မင္းလက္ထက္ထဲက ျပည္သူလူထုေလးစားလို႔ ဝိုင္း တင္ေျမာက္ထားခံ ရသူ မင္း ဆိုတဲ့အုပ္ခ်ဳပ္သူစစ္ဘုရင္ေတြ (ၿပိဳင္ဘက္လူစုေတြကိုစစ္ႏိုင္သူတို႔ သားရဲေတြကို
ေအာင္ႏိုင္သူ ပ်ဴေစာထီးမင္းတို႔၊ တ႐ုတိျပည္မွာေတာ့ ျမစ္ဝါျမစ္ကို ေရကာတာ ဆည္သူကို
ပထမမင္းအျဖစ္ေရြးခဲ့တယ္) ကဆင္းသက္လာသူေတြက အေဖ့နာမည္သုံးၿပီး ဘုရင္လုပ္၊
တဖန္သူတို႔ဆီက အာဏာတက္သိမ္းသူေတြက ဘုရင္လုပ္လာၾကတယ္။ အဲဒီ ဘုရင္ေတြလည္း တျဖည္းျဖည္းဘဝေမ့ၿပီး မိမိတို႔ဟာ နတ္ဘုရားက ဆင္းသက္လာတာ (ေနမင္း၊ နဂါးမင္း၊ ဥေဒါင္းမင္း ဘာညာေပါ့) လူေတြကိုးကြယ္တဲ့ ဘာသာေတြက ဖန္ဆင္းရွင္တန္ခိုးေတာ္ရွင္ေတြက အပ္ႏွင္းတဲ့အာဏာစက္ mandate နဲ႔အုပ္ခ်ဳပ္တာေၾကာင့္ လူေတြလိုက္နာရမယ့္ စည္းကမ္း ဥပေဒေတြကို သူတို႔ပါးစပ္ကေနတစ္ဆင့္ နတ္ဘုရားက ခ်ေပးတယ္။ သူေျပာသမွ်မွန္တယ္ သူ႔ပါးစပ္ကထြက္ရင္ ဥပေဒ(အရင္ေျပာခဲ့တဲ့စကားကိုေမ့ၿပီး အခုေျပာတာမွအတည္ ဆိုတာမ်ိဳး) အျဖစ္လူေတြက လိုက္နာရမယ္ဆိုတာမ်ိဳးျဖစ္ကုန္ေရာ။ လူတစ္ဦးတည္းက အဲဒီလိုပုံစံမ်ိဳး ခ်ိဳးရင္ အျမင္႐ိုင္းမွာေၾကာင့္ အာဏာကိုေဝစားမွ်စားသူေတြေပါင္းၿပီး ဒီမိုကေရစီ အေရျခဳံၿပီး လူတစ္စုက သူ႔ထက္ဉာဏ္ရည္နိမ့္တဲ့ တျခားလူတစ္စုကို ဂ်င္းထည့္တာေတြျဖစ္လာေရာ။
အနီးဆုံး ဥပမာကို ယေန႔ေခတ္ ေျမာက္ကိုးရီးယားႏိုင္ငံမွာ ေတြ႕ရမွာပါ။ ေျမာက္ကိုးရီးယားရဲ႕ တရားဝင္နာမည္အျပည့္အစုံက DPRK ကိုရီးယားျပည္သူ႔ဒီမိုကေရစီႏိုင္ငံ(Democratic = adj ဒီမိုကေရစီနည္းက်ေသာ) တဲ့။ ကိုလိုနီနယ္ခ်ဲ႕ဂ်ပန္႔လက္ေအာက္က လြတ္ေျမာက္ေအာင္ တိုက္ခိုက္ေပးခဲ့တဲ့ လြတ္လပ္ေရးဖခင္ အမ်ိဳးသားေခါင္းေဆာင္ႀကီး ကင္အီဆြန္းနဲ႔ သူ႔မ်ိဳးဆက္ကို ဘုရားတစ္ဆူဂူတလုံးလို ကိုးကြယ္ၾကတယ္။ ထူးဆန္းတာက လြတ္လပ္ေရး ဖခင္ေခါင္းေဆာင္ႀကီးက ဆင္းသက္လာသူခ်င္းတူတူ လက္ရွိအုပ္ခ်ဳပ္သူ ဝက္ကေလးရဲ႕ အစ္ကိုႀကီးကိုက် ေနရာမေပးဘဲ မေလးရွားေလဆိပ္မွာ လုပ္ၾကံသတ္ျဖတ္ပစ္ၿပီး သူ႔ရဲ႕ ညီငယ္ေလးကိုေတာ့ ကိုးကြယ္ၾကတယ္။ ေတာ္ေတာ္ထူးဆန္းတဲ့အလံနီ ေျမာက္ကိုရီးယားေတြ ပါပဲ။ သူတို႔ကိုးကြယ္ေနတဲ့ လြတ္လပ္ေရးဖခင္ႀကီး ကင္အီဆြန္းဆိုတာ တ႐ုတ္ျပည္မွာ ႀကီးပ်င္းတဲ့ တ႐ုတ္ကြန္ျမဴနစ္ပါတီဝင္ ကိုရီးယားလူမ်ိဳးတစ္ဦးျဖစ္ၿပီး ကိုရီးယားစာေပနဲ႔ ဘာသာစကားကို ျပည္ေတာ္မျပန္မီအထိ ေကာင္းေကာင္းမတတ္သူဆိုတာရယ္၊ ကိုရီးယား
ျပည္နယ္ နယ္နိမိတ္ထဲမွာ ဂ်ပန္ကိုမတိုက္ဖူးဘဲ တ႐ုတ္ျပည္ထဲက တ႐ုတ္-ဂ်ပန္စစ္ပြဲေတြမွာပဲ တိုက္ဖူးတယ္ဆိုတာရယ္၊ ေနာက္ေတာ့မွ တ႐ုတ္ျပည္ကေန ဆိုဗီယက္႐ုရွား နယ္နမိတ္ကို
ျဖတ္ကူးၿပီး ဆိုဗီယက္တပ္နီေတာ္မွာ ဗိုလ္မွဴးအဆင့္အထိတာဝန္ထမ္းေဆာင္ရင္း ဂ်ပန္က အေမရိကန္နဲ႔ ဆိုဗီယက္ မဟာမိတ္ေတြကို စစ္႐ႈံးလို႔လက္နက္ခ်မွ ကိုရီးယားျပည္ကို သိမ္းပိုက္ဖို႔ဝင္လာတဲ့ ဆိုဗီယက္တပ္နဲ႔ပါလာၿပီး ဆိုဗီယက္သိမ္းထားတဲ့ ကိုရီးယားေျမာက္ပိုင္း
ေဒသမွာ တပ္နီေတာ္ကခန္႔အပ္လို႔ ေခါင္းေဆာင္ျဖစ္လာတယ္ဆိုတာ ယေန႔ ေျမာက္ကိုးရီးယား
ျပည္သူေတြသိမွာမဟုတ္ဘူး။ ေျမာက္ကိုရီးယားျပည္တြင္းမီဒီယာေတြကလည္း အျဖစ္မွန္ ဆိုတာကို လူၿပိန္းေတြမႀကိဳက္ဘူးဆိုေတာ့ လူထုၾကားခ်င္တဲ့အျဖစ္ကိုသာ အမွန္အျဖစ္ ပုံေဖာ္ၾကရာကေန သူ႔ဖာသာ ကိုလိုနီသခင္ႏိုင္ငံစစ္႐ႈံးလို႔ လြတ္လပ္ေရးရလာတဲ့ ႏိုင္ငံမွာ ကြန္ျမဴနစ္ပါတီဝင္ တ႐ုတ္ျပန္တစ္ဦးကို ေခါင္းေဆာင္တင္ေပးၿပီး ၾကက္ဖႀကီးတြန္လို႔ ေနထြက္ တဲ့အတြက္ အဲဒီၾကက္ဖႀကီးနဲ႔သူ႔ၾကက္သားေပါက္ေလးေတြကိုပါ ကိုးကြယ္ရတဲ့ ဘဝကုိ
ေရာက္ကုန္ေတာ့တယ္။ ဝက္ကေလးကို ကိုးကြယ္တဲ့ျပည္သူေတြထဲမွာ အဆင္အေျပဆုံး ကေတာ့ ဝက္ကေလးေအာက္က ျပည္သူ႔ဒီမိုကေရစီေဖာ္ေဆာင္သူ အုပ္ခ်ဳပ္သူလူတန္းစား ကြန္ျမဴနစ္ပါတီေခါင္းေဆာင္ေတြ စစ္ေခါင္းေဆာင္ေတြပါပဲ။ လူသန္းေပါင္းမ်ားစြာရဲ႕
ေန႔စဥ္ဘဝကို စိုးမိုးဖို႔ဆိုတာ ဝက္ကေလးတစ္ေယာက္တည္း မလုပ္ႏိုင္ပါဘူး။ သူ႔အာဏာ လုပ္ပိုင္ခြင့္ကို အဆင့္ဆင့္ခြဲေပးၿပီး ေအာက္ေျချပည္သူေတြကို အုပ္ခ်ဳပ္တာဆိုေတာ့ ျပည္သူ႔ဒီမိုကေရစီဆိုတာကို အသုံးျပဳလို႔ လြတ္လပ္ေရးဖခင္ႀကီး ကင္အီဆြန္းရဲ႕မ်ိဳးဆက္ ဝက္ကေလးကို ႐ုပ္ျပအျဖစ္သုံးၿပီး အုပ္စိုးသူလူတစ္စု ေကာင္းစားေရးအတြက္ လုပ္ေနၾက တာပါပဲ။ ေျမာက္ကိုးရီးယားျပည္သူေတြ သူတို႔မွန္တယ္ထင္တဲ့ကိစၥေပၚမွာ သာယာေက်နပ္
ေနၾကေတာ့ ႏိုင္ငံတစ္ႏုိင္ငံဟာ သူတို႔နဲ႔ထိုက္တန္တဲ့အုပ္ခ်ဳပ္သူကိုပဲ ရႏိုင္သလို အုပ္ခ်ဳပ္သူ
ေတြဟာလည္း သူတို႔နဲ႔ထိုက္တန္တဲ့ျပည္သူကို ဖန္တီးႏိုင္တယ္ဆိုတဲ့ အေတြးအေခၚတစ္ရပ္ဟာ မွန္လာျပန္ေရာ။ ႏိုင္ငံတိုင္းမွာ အစိုးရတုိင္းဖုံးကြယ္ထားတဲ့ျဖစ္ရပ္ေတြ ရွိၾကတယ္ ဗ်။ အိမ္နီးခ်င္း ယိုးဒယားျပည္မွာဆို လက္ရွိဘုရင္ႀကီးတက္တူးေတြနဲ႔ စြပ္က်ယ္လက္ျပတ္ဝတ္ၿပီး
ေဆးကြဲေနတဲ့ပုံကို ဆိုရွယ္မီဒီယာတင္ရင္ဖမ္းတာတို႔ ဆုံးသြားတဲ့ဘုရင္ႀကီး ဘူမိေဘာဟာ သူ႔ေနာင္ေတာ္ဘုရင္ မဟီေဒါကုိ ေသနတ္နဲ႔ေခါင္းကိုေတ့ပစ္ဒဏ္ရာနဲ႔ေသဆုံးေစတဲ့ကိစၥမွာ ပေဟဠိဆန္စြာ ပတ္သက္ေနတာကို ေဆြးေႏြးခြင့္မရွိတာတို႔ အေမရိကန္မွာ သမၼတကေနဒီ လုပ္ၾကံခံရတဲ့ကိစၥေနာက္ကြယ္က အျဖစ္အပ်က္ေတြ၊ လြတ္လပ္ေရးဖခင္ႀကီး ေဂ်ာ့ခ်္ ဝါရွင္တန္ဟာ လူမည္းကၽြန္(၃၀၀)ေက်ာ္ပိုင္ၿပီး ကၽြန္ေတြကိုနွိပ္စက္ခဲ့ဖူးတာတို႔၊ ယေန႔ေခတ္ ေဖာ္ေကာင္ စႏုိဒန္ကို နည္းမ်ိဳးစုံနဲ႔ ဖမ္းဖို႔ႀကိဳးစားေနတာတို႔ အဂၤလန္ဘုရင္မႀကီးက တ႐ုတ္ေတြဟာ ႐ိုင္းစိုင္းတယ္လို႔ သူ႔ဘတၱလာကိုေျပာတာတို႔၊ ဒိုင္ယာနာမင္းသမီးေသဆုံးမႈ ပေဟဠိတို႔ေတြဟာ လူပိန္းႀကိဳက္ကိစၥမဟုတ္ေတာ့ တတ္ႏိုင္သေလာက္ ဖုံးကြယ္မႈေအာက္မွာ ရွိၾကတယ္။ အေဖနဲ႔သားမ်ားထဲက ၫြန္႔ဝင္းရဲ႕ျမင္းႀကီးကို လုစီးလာတဲ့ ဗိုလ္ခ်ဳပ္ႀကီး မင္းေမာ္ကြန္း ေနျပည္ေတာ္ကို တက္သိမ္းတာကမွ နားေထာင္လို႔ေကာင္းဦးမယ္။
ေခတ္အဆက္ဆက္မွာ အုပ္ခ်ဳပ္သူေတြဟာ အာဏာရွင္တို႔ ဒီမိုကေရစီတို႔ စတဲ့ႏိုင္ငံေရး ဝါဟာရမ်ိဳးစုံသုံးျပီးျပည္သူလူထုကို ထိန္းခ်ဳပ္ခဲ့ေပမယ့္ ဂရိဖီေလာ္ေဆာ္ဖာႀကီး ဆိုကေရးတီး အဆိုအမိန္႔အရ ကမ႓ာေပၚမွာ အုပ္ခ်ဳပ္ပုံစံနစ္သုံးမ်ိဳးပဲ ရွိသတဲ့။ (၁)ဘုရင္ဆိုတဲ့ အာဏာရွင္ တစ္ဦးအုပ္ခ်ဳပ္တဲ့စနစ္ (၂) အရစ္တို ကေရစီဆိုတဲ့ လူတစ္စုအုပ္ခ်ဳပ္တဲ့စနစ္ (၃)ဒီမိုကေရစီဆိုတဲ့ လူအမ်ားအုပ္ခ်ဳပ္မႈ စနစ္ေတြတဲ့။ ဘယ္လိုပုံစံနဲ႔အုပ္ခ်ဳပ္တာျဖစ္ျဖစ္ လူတစ္ဦး သို႔မဟုတ္ လူအနည္းငယ္က လူတိုင္းကို လိုက္အုပ္ခ်ဳပ္ႏိုင္မွာ မဟုတ္တဲ့အတြက္ ဒီမိုကေရစီက်င့္စဥ္ဆိုတဲ့ လုပ္ပိုင္ခြင့္အာဏာခြဲေဝမႈက စနစ္တိုင္းမွာရွိေနတာပဲ။ ဒီမိုကေရစီ ဆိုတာ စနစ္မဟုတ္ဘဲ က်င့္စဥ္ျဖစ္ေနေတာ့ ဆိုရွယ္လစ္ဒီမိုကေရစီ ပါလီမန္ဒီမိုကေရစီ ဘုရင္စံနစ္ေအာက္ကဒီမိုကေရစီ စသျဖင့္ အႏွစ္သာရတူၿပီး က်င့္သုံးပုံ မတူတာမ်ိဳးေတြ ရွိတယ္။ အမ်ားဆႏၵယူရတယ္ဆိုေပမယ့္ အဲဒီလူအမ်ားက အသိအျမင္ဉာဏ္ပညာ မရင့္က်က္ေသးသူေတြျဖစ္ေနရင္ အႏၲရာယ္ရွိတယ္။ လူ႔အဖြဲ႕အစည္းအေျခခံ မိသားစုတစ္ခုမွာ အိမ္တြင္းေရးကိစၥကို မိသားစုအားလုံး ဆုံးျဖတ္ရမယ္ဆိုရင္ အေမြခြဲတဲ့ကိစၥကို (၅)ႏွစ္သား ကေလးေတြဆႏၵနဲ႔ မဲခြဲလို႔မရသလို(၁၈)ႏွစ္ျပည့္ၿပီး ေဆးစြဲေနတဲ့ပညာမတတ္တဲ့ သားသမီးေတြ ဆႏၵကိုလည္း ယူလို႔မရျပန္ဘူး။ မိသားစုဝင္ေတြဟာ အရြယ္ေရာက္လူလားေျမာက္ၿပီး ပညာ အသင့္တင့္ျပည့္စုံမွ အမ်ားနဲ႔တိုင္ပင္ဆုံးျဖတ္တဲ့ကိစၥဟာ အက်ိဳးရွိမွာေပါ့။ အဲဒါေၾကာင့္ ဆိုကေရးတီးက ဒီမိုကေရစီစနစ္ကေန ေသြဖယ္သြားရင္ မင္းမဲ့စ႐ိုက္ေတြ ေပၚလာႏိုင္တယ္လို႔ မိန္႔ဆိုသြားတာ ေနမယ္။ ေရာမအာဏာပိုင္ေတြက ဘာအျပစ္မွရွာမေတြ႕တဲ့ ဂ်ဴးလူမ်ိဳး
ေယ႐ႈခရစ္ကို ကားစင္တင္ၿပီး သတ္ဖို႔ကို ဂ်ဴးဖုန္းႀကီးေတြေသြးထိုးေပးထားတဲ့ ဂ်ဴးလူထုကပဲ အဆုံးအျဖတ္ေပးခဲ့တာဟာ ပညာဉာဏ္မျပည့္ဝသူေတြမ်ားတဲ့ေဒသေတြမွာ ဆင္ျခင္စရာေပါ့။
ေရာမျပည္နဲ႔ ဂ်ာမာန္ေတြအေၾကာင္းကို ျပန္ဆက္ရရင္ ကမ႓ာကို ယေန႔ေခတ္ထိ စိုးမိုးထားႏိုင္တဲ့ ေရာမအင္ပါယာယဥ္ေက်းမႈႀကီးဟာ ဂ်ာမာန္နဲ႔ တျခားလူ႐ိုင္းစစ္သည္ေတြကို ယႏၲရားထဲ သြပ္သြင္းခဲ့တဲ့အျပင္ သူ႔မတိုင္မီရွိခဲ့တဲ့ ယဥ္ေက်းမႈေတြက ေကာင္းႏိုးရာရာကို ေရြးထုတ္ၿပီး စနစ္တက် အသုံးျပဳႏိုင္ခဲ့တယ္။ ဂရိစာေပေတြ (ေခတ္ဦးမွာ ဂရိစာသုံးတဲ့အတြက္ ပထမဆုံး ခရစ္ယာန္ဘိုင္ဘယ္ေတြဟာ ဂရိစာနဲ႔) အေတြးအေခၚေတြ၊ ေငြေၾကးစနစ္တို႔၊ လမ္းပန္းဆက္ သြယ္ေရးတို႔၊ အခ်ိန္အတြယ္စတာတို႔ကို အင္ပါယာႀကီးမွာ တသမတ္တည္း ျဖစ္ေစတယ္။ ေရာမေတြဟာ ဆူမားရီးယန္း (ဆီးရီးယားေဒသ) ကိုဓဥပေဒ code law ကိုျပဳျပင္ၿပီး ကမ႓ာ့ ပထမဆုံးျပဌာန္းဥပေဒျဖစ္တဲ့ က်မ္းႀကီး(၁၂)ပုဒ္ Twelve Tables ကို ဗုဒၶပရိနိဗၺာန္ံၿပီး ႏွစ္(၃၀) (၄၄၉ ဘီစီ) မွာျပဌာန္းႏုိင္ခဲ့တယ္။ ကမ႓ာမွာ ယေန႔က်င့္သုံးေနတဲ့ (ဘာသာေရးကလြဲလို႔ေပါ့) ဥပေဒမ်ိဳးစုံရဲ႕အေျခခံဟာ ေရာမေတြရဲ႕ civil law (coded law) နဲ႔ ဂ်ာမာန္ႏြယ္ေတြရဲ႕ ျဖတ္ထုံးဥပေဒ (common law) ေတြ ျဖစ္ၾကတယ္။
မွတ္ခ်က္ - ေဆာင္းပါးရွင္ မဟာ ဗဟာသည္ ၁၉၈၈ အေရးအခင္းကာလကတည္းက ႏုိင္ငံေရးလႈပ္ရွားခဲ့ေသာ ႏုိင္ငံေရးတက္ၾကြသူတစ္ဦးျဖစ္ျပီး ျပည္ပသုိ႔ ကူးေျပာင္းေနထုိင္သူလည္း ျဖစ္ပါသည္။ ၄င္း၏ ပထမပုိင္းအျဖစ္ " ဥေရာပ ခတၱိယ ဂ်ာမန္မင္းဆက္မ်ားနဲ႔ ရာဇဝင္ထဲက ဘိန္းစားစစ္သားမ်ား(၁)" ကုိ ေရးသားခဲ့ဖူးျပီး လင့္ခ္ကုိလည္း ပူးတြဲေဖာ္ျပေပးလုိက္ပါသည္။
https://npnewsmm.com/news/60d715735c64db377a120974