မြန်မာနိုင်ငံ၌ ဆေးလိပ်သောက်သုံးမှုနှုန်း(၂၆)% နှင့် ဆေးရွက်ကြီးနှင့်ကွမ်းယာတွဲဖက်စားသုံးနှုန်း(၄၃)% ရှိနေဟုဆို

 1945

NP News - ဒီဇင်ဘာ ၁၆
မြန်မာနိုင်ငံ၌ဆောင်ရွက်ခဲ့သော မကူးစက်နိုင်သောရောဂါများဖြစ်ပွား စေသည့် အကြောင်းအရင်းများကို လေ့လာသည့်စစ်တမ်းအရ ဆေးလိပ်သောက်သုံးမှုနှုန်း (၂၆ ရာခိုင်နှုန်း) ရှိပြီး ဆေးရွက်ကြီးနှင့် ကွမ်းယာတွဲ ဖက်စားသုံးမှုနှုန်း (၄၃ ရာခိုင်နှုန်း) ရှိနေသည်ကို စိုးရိမ်ဖွယ်ရာတွေ့ရှိရကြောင်း ဒီဇင်ဘာလ (၁၅) ရက်ကကျင်းပသည့် “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” အထိမ်းအမှတ်အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကပြောသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးအခွန်တိုးမြှင့်ကောက်ခံခြင်းဖြင့် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုလျော့နည်းကျဆင်းလာမည်ဖြစ်ကာ နိုင်ငံတော် ဘ ဏ္ဍာငွေတိုးတက်စေသည့်အတွက် ကျန်းမာရေး၊ လူမှုရေးနှင့် အားကစား မြှင့်တင် ရေး အသုံးစရိတ်များကို တိုးမြှင့်သုံးစွဲလာနိုင်မည်ဖြစ်ကြောင်း လည်း ယင်းကပြောသည်။

“မြန်မာနိုင်ငံရဲ့ မျှော်မှန်းသက်တမ်းက (၆၇ ဒသမ ၄၂)နှစ်သာရှိပါတော့တယ်။ ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုကြောင့် သွေးတိုးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ လေဖြတ်ရောဂါနဲ့ ကင်ဆာရောဂါတွေဖြစ်ပွားပြီး အရွယ်မတိုင်မီ သေဆုံးနေရတဲ့အတွက် အဓိကအကြောင်းရင်းဖြစ်တဲ့ ဆေးလိပ်၊ ဆေးရွက်ကြီး သောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်းတွေကို အောင်မြင်အောင် ဆောင်ရွက်ကြဖို့လိုအပ်ပါတယ်”ဟု ဒေါက်တာသက်ခိုင်ဝင်းကပြောသည်။

ထို့အတူ ၂ဝ၁၆ ခုနှစ်တွင် ပြုလုပ်သည့် Global Youth Tobacco Survey အရ အသက် (၁၃) နှစ် မှ (၁၅) နှစ်အတွင်း ကျောင်းသားလူ ငယ်များတွင် ဆေးလိပ်သောက်သုံးသူ (၁၁ ရာခိုင်နှုန်း) နှင့် ကွမ်းယာ၊ ဆေးရွက်ကြီးတွဲဖက်သုံးစွဲသူ (၆ ရာခိုင်နှုန်း)ရှိသည်ကိုလည်းတွေ့ရှိထား ကြောင်းသိရသည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ Framework Convention on Tobacco Control ကို (၁၁)နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် (၂ဝဝ၃) ခုနှစ်တွင်လက်မှတ်ရေးထိုးခဲ့ပြီး “ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဥပဒေ”ကို (၂ဝဝ၆) ခုနှစ်၊ မေ (၄)ရက်တွင်ပြဋ္ဌာန်းခဲ့ကြောင်းသိရသည်။ ၂ဝ၂၁ ခုနှစ် အောက်တိုဘာ (၁၂)ရက်တွင်လည်း “ဆေးလိပ်နှင့် ဆေးရွက် ကြီးထွက်ပစ္စည်းများကို စံသတ် မှတ်ချက် များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာ ရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်” ကိုလည်း ထုတ်ပြန်ဆောင်ရွက်ခဲ့ပြီး အရှေ့တောင်အာရှတွင် ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံတို့နှင့်အတူ မြန်မာနိုင်ငံသည် တတိယမြောက် အကောင် အထည်ဖော်ဆောင်ရွက်သည့် နိုင်ငံဖြစ်ကြောင်းသိရသည်။ ထို့ပြင်ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကမ္ဘာ့ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှုအခြေအနေ အစီအရင်ခံစာ(၂ဝ၂၁)အရ မြန်မာနိုင်ငံသည် လူမှုကွန်ရက် အပါအဝင် မီဒီယာပေါင်းစုံအသုံးပြု၍ ဆေးလိပ်၊ ဆေးရွက်ကြီးသောက်သုံးမှုလျှော့ချနိုင်ရေး အသိပညာမြှင့်တင်ခြင်းဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်အ မြင့်ဆုံး(၄၆)နိုင်ငံတွင်ပါဝင်ခဲ့ကြောင်းသိရသည်။

zawgyi version
ျမန္မာႏိုင္ငံ၌ ေဆးလိပ္ေသာက္သုံးမႈႏႈန္း(၂၆)% ႏွင့္ ေဆး႐ြက္ႀကီးႏွင့္ကြမ္းယာတြဲဖက္စားသုံးႏႈန္း(၄၃)% ရွိေနဟုဆို
NP News - ဒီဇင္ဘာ ၁၆
ျမန္မာႏိုင္ငံ၌ေဆာင္႐ြက္ခဲ့ေသာ မကူးစက္ႏိုင္ေသာေရာဂါမ်ားျဖစ္ပြား ေစသည့္ အေၾကာင္းအရင္းမ်ားကို ေလ့လာသည့္စစ္တမ္းအရ ေဆးလိပ္ေသာက္သုံးမႈႏႈန္း (၂၆ ရာခိုင္ႏႈန္း) ရွိၿပီး ေဆး႐ြက္ႀကီးႏွင့္ ကြမ္းယာတြဲ ဖက္စားသုံးမႈႏႈန္း (၄၃ ရာခိုင္ႏႈန္း) ရွိေနသည္ကို စိုးရိမ္ဖြယ္ရာေတြ႕ရွိရေၾကာင္း ဒီဇင္ဘာလ (၁၅) ရက္ကက်င္းပသည့္ “ကမာၻ႔ေဆးလိပ္မေသာက္ေရးေန႔” အထိမ္းအမွတ္အခမ္းအနားတြင္ က်န္းမာေရးဝန္ႀကီး ဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္ခိုင္ဝင္းကေျပာသည္။

ေဆးလိပ္ႏွင့္ ေဆး႐ြက္ႀကီးအခြန္တိုးျမႇင့္ေကာက္ခံျခင္းျဖင့္ ေဆးလိပ္၊ ေဆး႐ြက္ႀကီးသုံးစြဲမႈေလ်ာ့နည္းက်ဆင္းလာမည္ျဖစ္ကာ ႏိုင္ငံေတာ္ ဘ ႑ာေငြတိုးတက္ေစသည့္အတြက္ က်န္းမာေရး၊ လူမႈေရးႏွင့္ အားကစား ျမႇင့္တင္ ေရး အသုံးစရိတ္မ်ားကို တိုးျမႇင့္သုံးစြဲလာႏိုင္မည္ျဖစ္ေၾကာင္း လည္း ယင္းကေျပာသည္။

“ျမန္မာႏိုင္ငံရဲ႕ ေမွ်ာ္မွန္းသက္တမ္းက (၆၇ ဒသမ ၄၂)ႏွစ္သာရွိပါေတာ့တယ္။ ေဆးလိပ္၊ ေဆး႐ြက္ႀကီး သုံးစြဲမႈေၾကာင့္ ေသြးတိုးေရာဂါ၊ ႏွလုံးေသြးေၾကာပိတ္ေရာဂါ၊ ေလျဖတ္ေရာဂါနဲ႔ ကင္ဆာေရာဂါေတြျဖစ္ပြားၿပီး အ႐ြယ္မတိုင္မီ ေသဆုံးေနရတဲ့အတြက္ အဓိကအေၾကာင္းရင္းျဖစ္တဲ့ ေဆးလိပ္၊ ေဆး႐ြက္ႀကီး ေသာက္သုံးမႈ ထိန္းခ်ဳပ္ေရးလုပ္ငန္းေတြကို ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ၾကဖို႔လိုအပ္ပါတယ္”ဟု ေဒါက္တာသက္ခိုင္ဝင္းကေျပာသည္။

ထို႔အတူ ၂ဝ၁၆ ခုႏွစ္တြင္ ျပဳလုပ္သည့္ Global Youth Tobacco Survey အရ အသက္ (၁၃) ႏွစ္ မွ (၁၅) ႏွစ္အတြင္း ေက်ာင္းသားလူ ငယ္မ်ားတြင္ ေဆးလိပ္ေသာက္သုံးသူ (၁၁ ရာခိုင္ႏႈန္း) ႏွင့္ ကြမ္းယာ၊ ေဆး႐ြက္ႀကီးတြဲဖက္သုံးစြဲသူ (၆ ရာခိုင္ႏႈန္း)ရွိသည္ကိုလည္းေတြ႕ရွိထား ေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံအေနျဖင့္ ကမာၻ႔က်န္းမာေရးအဖြဲ႕၏ Framework Convention on Tobacco Control ကို (၁၁)ႏိုင္ငံေျမာက္ အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ (၂ဝဝ၃) ခုႏွစ္တြင္လက္မွတ္ေရးထိုးခဲ့ၿပီး “ေဆးလိပ္ႏွင့္ ေဆး႐ြက္ႀကီးထြက္ ပစၥည္းေသာက္သုံးမႈထိန္းခ်ဳပ္ေရးဥပေဒ”ကို (၂ဝဝ၆) ခုႏွစ္၊ ေမ (၄)ရက္တြင္ျပ႒ာန္းခဲ့ေၾကာင္းသိရသည္။ ၂ဝ၂၁ ခုႏွစ္ ေအာက္တိုဘာ (၁၂)ရက္တြင္လည္း “ေဆးလိပ္ႏွင့္ ေဆး႐ြက္ ႀကီးထြက္ပစၥည္းမ်ားကို စံသတ္ မွတ္ခ်က္ မ်ားႏွင့္အညီ ထုပ္ပိုးျခင္းႏွင့္ က်န္းမာ ေရးသတိေပး႐ုပ္ပုံမ်ား၊ စာသားမ်ားကို ပုံႏွိပ္ေဖာ္ျပျခင္းဆိုင္ရာအမိန႔္” ကိုလည္း ထုတ္ျပန္ေဆာင္႐ြက္ခဲ့ၿပီး အေရွ႕ေတာင္အာရွတြင္ ထိုင္းႏိုင္ငံ၊ စင္ကာပူႏိုင္ငံတို႔ႏွင့္အတူ ျမန္မာႏိုင္ငံသည္ တတိယေျမာက္ အေကာင္ အထည္ေဖာ္ေဆာင္႐ြက္သည့္ ႏိုင္ငံျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ကမာၻ႔က်န္းမာေရးအဖြဲ႕၏ ကမာၻ႔ေဆးလိပ္ႏွင့္ေဆး႐ြက္ႀကီးသုံးစြဲမႈအေျခအေန အစီအရင္ခံစာ(၂ဝ၂၁)အရ ျမန္မာႏိုင္ငံသည္ လူမႈကြန္ရက္ အပါအဝင္ မီဒီယာေပါင္းစုံအသုံးျပဳ၍ ေဆးလိပ္၊ ေဆး႐ြက္ႀကီးေသာက္သုံးမႈေလွ်ာ့ခ်ႏိုင္ေရး အသိပညာျမႇင့္တင္ျခင္းေဆာင္႐ြက္ရာတြင္ စြမ္းေဆာင္ရည္အ ျမင့္ဆုံး(၄၆)ႏိုင္ငံတြင္ပါဝင္ခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.