ဘင်္ဂါလီတွေရဲ့နိုင်ငံသားအခွင့်ရေးနဲ့ လူအခွင့်ရေးကို အသိမှတ်ပြုကြောင်း AA လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ဆို

 1436

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၃
ရခိုင်လက်နက်ကိုင်အဖွဲ့ AA ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်းတို့အနေနဲ့ ဘင်္ဂါလီတွေရဲ့ နိုင်ငံသားအခွင့်ရေးနဲ့ လူအခွင့်ရေးကိုအသိမှတ်ပြုကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရခိုင်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက prothomalo သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးအစီအစဉ်မှာအခုလိုမျိုး ပြောဆိုသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်လက်နက်ကိုင်အဖွဲ့ AA ခေါင်းဆောင်က "ကျွန်တော်တို့ဟာ ဘင်္ဂါလီတွေရဲ့နိုင်ငံသားအခွင့်ရေးနဲ့ လူအခွင့်ရေးကို အသိမှတ်ပြုပါတယ်။ ဒါပေမယ့် ဘင်္ဂါလီပြဿနာနဲ့ပတ်သက်တဲ့မေးခွန်းကို
စကားလုံးအနည်းငယ်နဲ့ဖြေဆိုရုံနဲ့ မရနိုင်ဘူး။ ဒီပြဿနာက ကြီးမားတဲ့ပြဿနာမျိုးဖြစ်တယ်။ လွတ်လပ်တဲ့နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေရှ့်တစ်နိုင်ငံတည်းနဲ့လည်း ဖြေရှင်းလို့မရနိုင်ဘူး။ ဘင်္ဂါလီပြဿနာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဟာ ဘင်္ဂလားဒေရှ့်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်အားထက်သန်နေပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့အချိန်ယူရမှာဖြစ်တယ်။ ဘင်္ဂါလီတွေနဲ့ပတ်သက်ပြီးတော့ အသိမှတ်ပြုဖို့ကို မြန်မာနဲ့ ဘင်္ဂလားဒေရှ့်နှစ်ဖက်စလုံးက ငြင်းဆန်နေတယ်။ ကျွန်တော်တို့အနေနဲ့ ဘင်္ဂါလီတွေနဲ့ပတ်သက်တဲ့ လူအခွင့်ရေးအခြေခံပြသာနာတွေကို ကျွန်တော်တို့ကို လက်ခံပါတယ်။ ဘင်္ဂလားဒေရှ့်ဟာ ဘင်္ဂါလီပြဿနာကို အဖြေကိုအဓိကရအောင်ရှာရမယ့် အဓိကအဖွဲ့အစည်းတစ်ခုဖြစ်နေတယ်" လို့ပြောပါတယ်။

ဒါ့အပြင် ရခိုင်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်က " ဘင်္ဂါလီပြဿနာကိုဖြေရှင်းနိုင်ဖို့ ဘင်္ဂလားဒေရှ့်အစိုးရထံ ဆက်သွယ်ကမ်းလှမ်းမှုတွေလုပ်ခဲ့တယ်။ ကျွန်တော်တို့ မျှော်လင့်ထားသလို တုံ့ပြန်မှုရခဲ့သလား ဆိုတာ မပြောနိုင်သေးဘူး။ ကျွန်တော်ရဲ့ဆုံးဖြတ်ချက်ကတော့ ဘင်္ဂါလီပြဿနာကိုဖြေရှင်းနိုင်ဖို့ ဘင်္ဂလားဒေရှ့်အစိုးရရဲ့မူဝါဒချမှတ်သူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ဖြစ်တယ်။ ကျွန်တော်တို့ဟာ ကောင်းတဲ့တုံ့ပြန်မှုရဖို့အတွက် စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်" လို့ပြောပါတယ်။

AA ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ "ကျွန်တော်တို့အဖွဲ့တွေဟာ နယ်စပ်ဒေသတွေမှာရှိနေပါတယ်။ ကျွန်တော်တို့ဟာအခြားဘက်ခြမ်းရဲ့အခြေအနေကို သတိထားစောင့်ကြည်နေတယ်။ ဘင်္ဂလားဒေရှ့်အစိုးရဟာ သူတို့နိုင်ငံနယ်စပ်မှာကျွန်တော်တို့အဖွဲ့ ကြားဝင်စွက်ဖတ်တာမျိုးလုပ်တာ မလိုလားဘူးဆိုတာ သိပါတယ်။ ကျွန်တော်တို့ဟာ ဘင်္ဂလားဒေရှ့်အစိုးရရဲ့ဆန္ဒကိုလေးစားပါတယ်။ ကျွန်တော်တို့ဟာ ဘင်္ဂလားဒေရှ့်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိဖို့လိုလားပါတယ်။ ကျွန်တော်တို့ရုန်းကန်နေရတဲ့အကြောင်းအရင်း အမှန်ကို ဘင်္ဂလားဒေရှ့်ပြည်သူတွေကိုသိစေလိုတယ်" လို့ပြောခဲ့တာဖြစ်ပါတယ်။

Zawgyi Version;
ဘဂၤါလီေတြရဲ႕ႏိုင္ငံသားအခြင့္ေရးနဲ႔ လူအခြင့္ေရးကို အသိမွတ္ျပဳေၾကာင္း AA လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ ဆို
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၃
ရခိုင္လက္နက္ကိုင္အဖြဲ႕ AA ေခါင္းေဆာင္ျဖစ္တဲ့ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္က ၎တို႔အေနနဲ႔ ဘဂၤါလီေတြရဲ႕ ႏိုင္ငံသားအခြင့္ေရးနဲ႔ လူအခြင့္ေရးကိုအသိမွတ္ျပဳေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ရခိုင္လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက prothomalo သတင္းဌာနနဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးအစီအစဥ္မွာအခုလိုမ်ိဳး ေျပာဆိုသြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ရခိုင္လက္နက္ကိုင္အဖြဲ႕ AA ေခါင္းေဆာင္က "ကြၽန္ေတာ္တို႔ဟာ ဘဂၤါလီေတြရဲ႕ႏိုင္ငံသားအခြင့္ေရးနဲ႔ လူအခြင့္ေရးကို အသိမွတ္ျပဳပါတယ္။ ဒါေပမယ့္ ဘဂၤါလီျပႆနာနဲ႔ပတ္သက္တဲ့ေမးခြန္းကို
စကားလုံးအနည္းငယ္နဲ႔ေျဖဆိုရံုနဲ႔ မရႏိုင္ဘူး။ ဒီျပႆနာက ႀကီးမားတဲ့ျပႆနာမ်ိဳးျဖစ္တယ္။ လြတ္လပ္တဲ့ႏိုင္ငံျဖစ္တဲ့ ဘဂၤလားေဒရွ႕္တစ္ႏိုင္ငံတည္းနဲ႔လည္း ေျဖရွင္းလို႔မရႏိုင္ဘူး။ ဘဂၤါလီျပႆနာနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ဟာ ဘဂၤလားေဒရွ႕္နဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ စိတ္အားထက္သန္ေနပါတယ္။ ဒီျပႆနာကိုေျဖရွင္းဖို႔အခ်ိန္ယူရမွာျဖစ္တယ္။ ဘဂၤါလီေတြနဲ႔ပတ္သက္ၿပီးေတာ့ အသိမွတ္ျပဳဖို႔ကို ျမန္မာနဲ႔ ဘဂၤလားေဒရွ႕္ႏွစ္ဖက္စလုံးက ျငင္းဆန္ေနတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ ဘဂၤါလီေတြနဲ႔ပတ္သက္တဲ့ လူအခြင့္ေရးအေျခခံျပသာနာေတြကို ကြၽန္ေတာ္တို႔ကို လက္ခံပါတယ္။ ဘဂၤလားေဒရွ႕္ဟာ ဘဂၤါလီျပႆနာကို အေျဖကိုအဓိကရေအာင္ရွာရမယ့္ အဓိကအဖြဲ႕အစည္းတစ္ခုျဖစ္ေနတယ္" လို ႔ေျပာပါတယ္။

ဒါ့အျပင္ ရခိုင္လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္က " ဘဂၤါလီျပႆနာကိုေျဖရွင္းႏိုင္ဖို႔ ဘဂၤလားေဒရွ႕္အစိုးရထံ ဆက္သြယ္ကမ္းလွမ္းမႈေတြလုပ္ခဲ့တယ္။ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ထားသလို တုံ႔ျပန္မႈရခဲ့သလား ဆိုတာ မေျပာႏိုင္ေသးဘူး။ ကြၽန္ေတာ္ရဲ႕ဆုံးျဖတ္ခ်က္ကေတာ့ ဘဂၤါလီျပႆနာကိုေျဖရွင္းႏိုင္ဖို႔ ဘဂၤလားေဒရွ႕္အစိုးရရဲ႕မူဝါဒခ်မွတ္သူေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးဖို႔ျဖစ္တယ္။ ကြၽန္ေတာ္တို႔ဟာ ေကာင္းတဲ့တုံ႔ျပန္မႈရဖို႔အတြက္ ေစာင့္ဆိုင္းေနဆဲျဖစ္ပါတယ္" လို႔ေျပာပါတယ္။

AA ေခါင္းေဆာင္ျဖစ္တဲ့ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ကေတာ့ "ကြၽန္ေတာ္တို႔အဖြဲ႕ေတြဟာ နယ္စပ္ေဒသေတြမွာရွိေနပါတယ္။ ကြၽန္ေတာ္တို႔ဟာအျခားဘက္ျခမ္းရဲ႕အေျခအေနကို သတိထားေစာင့္ၾကည္ေနတယ္။ ဘဂၤလားေဒရွ႕္အစိုးရဟာ သူတို႔ႏိုင္ငံနယ္စပ္မွာကြၽန္ေတာ္တို႔အဖြဲ႕ ၾကားဝင္စြက္ဖတ္တာမ်ိဳးလုပ္တာ မလိုလားဘူးဆိုတာ သိပါတယ္။ ကြၽန္ေတာ္တို႔ဟာ ဘဂၤလားေဒရွ႕္အစိုးရရဲ႕ဆႏၵကိုေလးစားပါတယ္။ ကြၽန္ေတာ္တို႔ဟာ ဘဂၤလားေဒရွ႕္နဲ႔ေကာင္းမြန္တဲ့ဆက္ဆံေရးရွိဖို ႔လိုလားပါတယ္။ ကြၽန္ေတာ္တို႔႐ုန္းကန္ေနရတဲ့အေၾကာင္းအရင္း အမွန္ကို ဘဂၤလားေဒရွ႕္ျပည္သူေတြကိုသိေစလိုတယ္" လို ႔ေျပာခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.