အင်ဒို-ပစိဖိတ်ဒေသမှာ ကမ္ဘာ့သြဇာအရှိဆုံးနိုင်ငံဖြစ်ဖို့ တရုတ်ရဲ့ကြိုးပမ်းမှုတွေကို တွန်းလှန်သွားမယ်လို့ အမေရိကန်ပြော

1154

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၂
တရုတ်နိုင်ငံက ဒေသအတွင်း သြဇာလွမ်းမိုးနိုင်ဖို့နဲ့ ကမ္ဘာ့သြဇာအရှိဆုံးနိုင်ငံဖြစ်စေဖို့ ကြိုးပမ်းနေတာတွေကို တွန်းလှန်နိုင်ဖို့ အင်ဒို-ပစိဖိတ်ဒေသမှာ လုံခြုံရေးနဲ့ သံတမန်ရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့ တောင်အာရှကနေ ပစိဖိတ်ကျွန်းအထိ စစ်ရေးနဲ့သံတမန်ရေးပိုမိုလုပ်ကိုင်ဖို့ အာရုံစိုက်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။
"တရုတ်နိုင်ငံဟာ အင်ဒို-ပစိဖိတ်ဒေသနဲ့ ကမာ့္ဘနိုင်ငံတွေအပေါ် သြဇာလွှမ်းမိုးနိုင်ဖို့ စစ်ရေး၊ စီးပွားရေး နည်းပညာနဲ့ သံတမန်ရေးတို့နဲ့ ပေါင်းစပ်လုပ်ကိုင်နိုင်နေတယ်။ လာမယ့် ဆယ်စုနှစ်အထိ ကျွန်တော်တို့ရဲ့ ပူးပေါင်းကြိုးပမ်းမှုတွေက တရုတ်နိုင်ငံ အောင်မြင်မှု ရ/မရ ဆိုတာ ဆုံးဖြတ်နိုင်မှာပါ" လို့ ၎င်းက ပြောပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့ အင်ဒို-ပစိဖိတ်ဒေသကို လွတ်လပ်ပွင့်လင်းအောင်ကြိုးပမ်းမှာဖြစ်သလို ဒေသအတွင်းရှိ နိုင်ငံတွေနဲ့ ခိုင်ခံ့အားကောင်းတဲ့အပြန်အလှန်ဆက်ဆံရေးကိုလုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ Quad အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်ချိန် အတွင်း အခုလိုမျိုးတွေပြောခဲ့တာဖြစ်ပါတယ်။
အင်ဒို-ပစိဖိတ်ဒေသမှာ လာမယ့်တစ်နှစ် နဲ့ နှစ်နှစ်အတွင်း လုပ်ဆောင်ရမယ့်အစီအစဉ်များရှိနေကြောင်း၊ အဆိုပါ ကာလအတွင်း အရှေ့တောင်အာရှနိုင်ငံများနဲ့ ပစိဖိတ်ဒေသနိုင်ငံတွေနဲ့ သံတမန်ရေးတိုးချဲ့လုပ်ကိုင်သွားမှာ ဖြစ်သလို အမေရိကန်စစ်ရေးအတွက် ပစိဖိတ်ဒေသနိုင်ငံတွေနဲ့ စေ့စပ်ဆွေးနွေးမှုများပိုမိုလုပ်ဆောင်မှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်က ပြောပါတယ်။
"အင်ဒို-ပစိဖိတ်ဒေသမှာ ရေကြောင်းစွမ်းရည်ပိုမိုကောင်းမွန်စေဖို့အပါအဝင် လုံခြုံရေးကူညီထောက်ပံ့ပေးဖို့ အာရုံ စိုက်သွားမှာပါ" လို့ ၎င်းက ပြောကြားခဲ့တာဖြစ်ပါတယ်။
Zawgyi Version;
အင္ဒို-ပစိဖိတ္ေဒသမွာ ကမာၻ႔ၾသဇာအရွိဆုံးႏိုင္ငံျဖစ္ဖို႔ တ႐ုတ္ရဲ႕ႀကိဳးပမ္းမႈေတြကို တြန္းလွန္သြားမယ္လို႔ အေမရိကန္ ေျပာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၂
တ႐ုတ္ႏိုင္ငံက ေဒသအတြင္း ၾသဇာလြမ္းမိုးႏိုင္ဖို႔နဲ႔ ကမာၻ႔ၾသဇာအရွိဆုံးႏိုင္ငံျဖစ္ေစဖို႔ ႀကိဳးပမ္းေနတာေတြကို တြန္းလွန္ႏိုင္ဖို႔ အင္ဒို-ပစိဖိတ္ေဒသမွာ လုံၿခဳံေရးနဲ႔ သံတမန္ေရးလုပ္ငန္းမ်ား ပိုမိုလုပ္ေဆာင္သြားမယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလီကန္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
အေမရိကန္ႏိုင္ငံအေနနဲ႔ ေတာင္အာရွကေန ပစိဖိတ္ကြၽန္းအထိ စစ္ေရးနဲ႔သံတမန္ေရးပိုမိုလုပ္ကိုင္ဖို႔ အာ႐ုံစိုက္ေနတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက ဆိုပါတယ္။
"တ႐ုတ္ႏိုင္ငံဟာ အင္ဒို-ပစိဖိတ္ေဒသနဲ႔ ကမာ့ၻႏိုင္ငံေတြအေပၚ ၾသဇာလႊမ္းမိုးႏိုင္ဖို႔ စစ္ေရး၊ စီးပြားေရး နည္းပညာနဲ႔ သံတမန္ေရးတို႔နဲ႔ ေပါင္းစပ္လုပ္ကိုင္ႏိုင္ေနတယ္။ လာမယ့္ ဆယ္စုႏွစ္အထိ ကြၽန္ေတာ္တို႔ရဲ႕ ပူးေပါင္းႀကိဳးပမ္းမႈေတြက တ႐ုတ္ႏိုင္ငံ ေအာင္ျမင္မႈ ရ/မရ ဆိုတာ ဆုံးျဖတ္ႏိုင္မွာပါ" လို႔ ၎က ေျပာပါတယ္။
အေမရိကန္ႏိုင္ငံအေနနဲ႔ အင္ဒို-ပစိဖိတ္ေဒသကို လြတ္လပ္ပြင့္လင္းေအာင္ႀကိဳးပမ္းမွာျဖစ္သလို ေဒသအတြင္းရွိ ႏိုင္ငံေတြနဲ႔ ခိုင္ခံ့အားေကာင္းတဲ့အျပန္အလွန္ဆက္ဆံေရးကိုလုပ္ေဆာင္သြားမွာျဖစ္တယ္လို႔လည္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက ဆိုပါတယ္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဟာ Quad အဖြဲ႕ဝင္ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးကို တက္ေရာက္ခ်ိန္ အတြင္း အခုလိုမ်ိဳးေတြေျပာခဲ့တာျဖစ္ပါတယ္။
အင္ဒို-ပစိဖိတ္ေဒသမွာ လာမယ့္တစ္ႏွစ္ နဲ႔ ႏွစ္ႏွစ္အတြင္း လုပ္ေဆာင္ရမယ့္အစီအစဥ္မ်ားရွိေနေၾကာင္း၊ အဆိုပါ ကာလအတြင္း အေရွ႕ေတာင္အာရွႏိုင္ငံမ်ားနဲ႔ ပစိဖိတ္ေဒသႏိုင္ငံေတြနဲ႔ သံတမန္ေရးတိုးခ်ဲ႕လုပ္ကိုင္သြားမွာ ျဖစ္သလို အေမရိကန္စစ္ေရးအတြက္ ပစိဖိတ္ေဒသႏိုင္ငံေတြနဲ႔ ေစ့စပ္ေဆြးေႏြးမႈမ်ားပိုမိုလုပ္ေဆာင္မွာျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလီကန္က ေျပာပါတယ္။
"အင္ဒို-ပစိဖိတ္ေဒသမွာ ေရေၾကာင္းစြမ္းရည္ပိုမိုေကာင္းမြန္ေစဖို႔အပါအဝင္ လုံၿခဳံေရးကူညီေထာက္ပံ့ေပးဖို႔ အာ႐ုံ စိုက္သြားမွာပါ" လို႔ ၎က ေျပာၾကားခဲ့တာျဖစ္ပါတယ္။