ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုပိုင်ခွင့်မရှိကြောင်း ICJ က ကြေညာပေးရန်လျှောက်ထားချက်ကိုထောက်ခံကြောင်း မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ထုတ်ပြန်

833

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၂၈
ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုပိုင်ခွင့်မရှိကြောင်း ICJ က ကြေညာပေးရန်လျှောက်ထားချက်ကို ထောက်ခံ ကြောင်း မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က ဖေဖော်ဝါရီ ၂၇ ရက်က သဘောထားထုတ်ပြန်ခဲ့သည်။
လူမျိုးတုံးစေမှုကိုတားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်ကို ကျူးလွန်သည်ဟူသော စွပ်စွဲ ချက်ဖြင့် ဂမ်ဘီယာနိုင်ငံမှ OIC အဖွဲ့ကိုယ်စားပြု၍ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် တရားစွဲဆိုခဲ့ကြောင်း မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က ထုတ်ပြန်ထားသည်။
ထို့ပြင် တရားရုံး ပထမနေ့ တင်သွင်းခဲ့သည့် ကနဦးကန့်ကွက်လွှာနှင့်ပတ်သက်သော ကြားနာမှု၌ မြန်မာ ကိုယ်စားလှယ်ဝန်ကြီး ဦးကိုကိုလှိုင်၏အဖွင့်မိန့်ခွန်းတွင် မြန်မာနိုင်ငံကိုယ်စားပြု ရှေ့နေကြီးများအနေဖြင့် တရားရုံး၏ရှေ့မှောက်မှာ တရားစီရင်ပိုင်ခွင့်မရှိကြောင်း၊ ဆိုင်ရာဥပဒေများဖြင့် တိကျစွာဆန်းစစ်ကိုးကား၍ တင်ပြလျှောက်လဲနိုင်ခဲ့သော ဥပဒေကြောင်းဆိုင်ရာကိစ္စရပ်များမှာ ကျေနပ်အားရဖွယ်တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။
ထို့အတူ တရားရုံး၏ ဒုတိယနေ့တွင်လည်း ဝန်ကြီးဦးကိုကိုလှိုင်နှင့် မြန်မာကိုယ်စားပြုရှေ့နေများ၏ လျှောက်လဲ ချက်တွင်ပါသော ဂမ်ဘီယာနိုင်ငံက တင်သွင်းခဲ့သည့်အမှုအပေါ် တရားရုံးက စီရင်ပိုင်ခွင့်မရှိကြောင်းနှင့်၊ (သို့မဟုတ်) ဂမ်ဘီယာနိုင်ငံသည် တရားစွဲဆိုပိုင်ခွင့်မရှိကြောင်းကြေညာပေးရန် အပြည်ပြည်ဆိုင်ရာတရားရုံးသို့ လျှောက်ထားချက်အား မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့အနေဖြင့် ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်ထား သည်။
မြန်မာနိုင်ငံကို မတရားစွပ်စွဲသော ဂမ်ဘီယာနိုင်ငံကို ပြင်းထန်စွာရှုတ်ချကြောင်းနှင့် ICJ ၌ သွားရောက်ဖြေရှင်း နေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကိုလည်း အားပေးထောက်ခံလျက် တစ်သားတည်းရပ်တည်နေကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)က ဖေဖော်ဝါရီ ၂၆ ရက်တွင် သဘောထားထုတ်ပြန်ထားသည်။

Zawgyi Version;
ဂမ္ဘီယာႏိုင္ငံက တရားစြဲဆိုပိုင္ခြင့္မရွိေၾကာင္း ICJ က ေၾကညာေပးရန္ေလွ်ာက္ထားခ်က္ကို ေထာက္ခံ ေၾကာင္း ျမန္မာႏိုင္ငံစစ္မႈထမ္းေဟာင္းအဖြဲ႕ထုတ္ျပန္
မ်ဳိးႀကီး (NP News) - ေဖေဖာ္ဝါရီ ၂၈
ဂမ္ဘီယာႏိုင္ငံက တရားစြဲဆိုပိုင္ခြင့္မရွိေၾကာင္း ICJ က ေၾကညာေပးရန္ေလွ်ာက္ထားခ်က္ကို ေထာက္ခံ ေၾကာင္း ျမန္မာႏိုင္ငံစစ္မႈထမ္းေဟာင္းအဖြဲ႕က ေဖေဖာ္ဝါရီ ၂၇ ရက္က သေဘာထားထုတ္ျပန္ခဲ့သည္။
လူမ်ိဳးတုံးေစမႈကိုတားဆီးရန္ႏွင့္ ျပစ္ဒဏ္ေပးရန္ ႏိုင္ငံတကာသေဘာတူစာခ်ဳပ္ကို က်ဴးလြန္သည္ဟူေသာ စြပ္စြဲ ခ်က္ျဖင့္ ဂမ္ဘီယာႏိုင္ငံမွ OIC အဖြဲ႕ကိုယ္စားျပဳ၍ အျပည္ျပည္ဆိုင္ရာတရား႐ုံး ICJ တြင္ တရားစြဲဆိုခဲ့ေၾကာင္း ျမန္မာႏိုင္ငံစစ္မႈထမ္းေဟာင္းအဖြဲ႕က ထုတ္ျပန္ထားသည္။
ထို႔ျပင္ တရား႐ုံး ပထမေန႔ တင္သြင္းခဲ့သည့္ ကနဦးကန႔္ကြက္လႊာႏွင့္ပတ္သက္ေသာ ၾကားနာမႈ၌ ျမန္မာ ကိုယ္စားလွယ္ဝန္ႀကီး ဦးကိုကိုလႈိင္၏အဖြင့္မိန႔္ခြန္းတြင္ ျမန္မာႏိုင္ငံကိုယ္စားျပဳ ေရွ႕ေနႀကီးမ်ားအေနျဖင့္ တရား႐ုံး၏ေရွ႕ေမွာက္မွာ တရားစီရင္ပိုင္ခြင့္မရွိေၾကာင္း၊ ဆိုင္ရာဥပေဒမ်ားျဖင့္ တိက်စြာဆန္းစစ္ကိုးကား၍ တင္ျပေလွ်ာက္လဲႏိုင္ခဲ့ေသာ ဥပေဒေၾကာင္းဆိုင္ရာကိစၥရပ္မ်ားမွာ ေက်နပ္အားရဖြယ္ေတြ႕ရွိရေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔အတူ တရား႐ုံး၏ ဒုတိယေန႔တြင္လည္း ဝန္ႀကီးဦးကိုကိုလႈိင္ႏွင့္ ျမန္မာကိုယ္စားျပဳေရွ႕ေနမ်ား၏ ေလွ်ာက္လဲ ခ်က္တြင္ပါေသာ ဂမ္ဘီယာႏိုင္ငံက တင္သြင္းခဲ့သည့္အမႈအေပၚ တရား႐ုံးက စီရင္ပိုင္ခြင့္မရွိေၾကာင္းႏွင့္၊ (သို႔မဟုတ္) ဂမ္ဘီယာႏိုင္ငံသည္ တရားစြဲဆိုပိုင္ခြင့္မရွိေၾကာင္းေၾကညာေပးရန္ အျပည္ျပည္ဆိုင္ရာတရား႐ုံးသို႔ ေလွ်ာက္ထားခ်က္အား ျမန္မာႏိုင္ငံစစ္မႈထမ္းေဟာင္းအဖြဲ႕အေနျဖင့္ ႀကိဳဆိုေထာက္ခံေၾကာင္း ထုတ္ျပန္ထား သည္။
ျမန္မာႏိုင္ငံကို မတရားစြပ္စြဲေသာ ဂမ္ဘီယာႏိုင္ငံကို ျပင္းထန္စြာရႈတ္ခ်ေၾကာင္းႏွင့္ ICJ ၌ သြားေရာက္ေျဖရွင္း ေနသည့္ ျမန္မာကိုယ္စားလွယ္အဖြဲ႕ကိုလည္း အားေပးေထာက္ခံလ်က္ တစ္သားတည္းရပ္တည္ေနေၾကာင္း ဘာသာေပါင္းစုံခ်စ္ၾကည္ညီၫြတ္ေရးအဖြဲ႕(ဗဟို)က ေဖေဖာ္ဝါရီ ၂၆ ရက္တြင္ သေဘာထားထုတ္ျပန္ထားသည္။