ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရမှုဖြစ်ပွား

 1650

NP News - ဧပြီ ၇
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ယနေ့ (ဧပြီလ ၇ ရက်) နံနက်ပိုင်းတွင် နေအိမ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဒေါ်သန်းသန်းဆွေသည် ဗဟန်းမြို့နယ်၊ ရွှေဂုံရိပ်မွန်အိမ်ရာရှိ ၎င်းနေထိုင်ရာအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဒေါ်သန်းသန်းဆွေ သေနတ်ဖြင့် ပစ်ခတ်ခံရသည့်သတင်းနှင့်ပတ်သက်၍ နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ဘက်မှ “မှန်တယ်လို့ သိရပါတယ်။ အသေးစိတ်မသိရသေးပါ” ဟု နေ့လည် ၂ နာရီခွဲခန့်က ပြန်လည်ဖြေကြားခဲ့သည်။

ထိုသို့ ပစ်ခတ်ခံရပြီးနောက် ရွှေဂုံရိပ်မွန်အိမ်ရာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ ကြောင်း သိရသည်။

လက်ရှိတွင် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဒေါ်သန်းသန်းဆွေသည် ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ပစ်ခတ်ခံရမှုကြောင့် မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ပြီး တပ်မတော်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း ပြောကြားသည်ဟု သတင်းမီဒီ ယာအချို့တွင် ဖော်ပြထားသည်ကို တွေ့ရသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး NP News က ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ဒေါ်သန်းသန်းဆွေသည် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်တွင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၏ ဒုဥက္ကဋ္ဌ အဖြစ်ခန့်အပ်တာဝန်ပေးအပ်ခြင်းခံခဲ့ရပြီး ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလက ဖွဲ့စည်းခဲ့သည့် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီတွင်လည်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားကြောင်း သိရသည်။

ပုံစာ - ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဧပြီလ ၁ ရက်က ကျင်းပခဲ့သည့် အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများအစည်းအဝေးတက်ရောက်ခဲ့စဉ်

zawgyi version
ဗဟိုဘဏ္ဒုဥကၠ႒ ေဒၚသန္းသန္းေဆြ ေနအိမ္တြင္ ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈျဖစ္ပြား
NP News - ဧၿပီ ၇

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ဒုတိယဥကၠ႒ ေဒၚသန္းသန္းေဆြသည္ ယေန႔ (ဧၿပီလ ၇ ရက္) နံနက္ပိုင္းတြင္ ေနအိမ္၌ ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ေဒၚသန္းသန္းေဆြသည္ ဗဟန္းၿမိဳ႕နယ္၊ ေ႐ႊဂုံရိပ္မြန္အိမ္ရာရွိ ၎ေနထိုင္ရာအိမ္တြင္ ေသနတ္ျဖင့္ ပစ္ခတ္ခံရျခင္းျဖစ္ေၾကာင္း သိရသည္။

ဗဟိုဘဏ္ဒုတိယဥကၠ႒ေဒၚသန္းသန္းေဆြ ေသနတ္ျဖင့္ ပစ္ခတ္ခံရသည့္သတင္းႏွင့္ပတ္သက္၍ နစက၏ သတင္းထုတ္ျပန္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက “မွန္တယ္လို႔ သိရပါတယ္။ အေသးစိတ္မသိရေသးပါ” ဟု ျပန္လည္ေျဖၾကားခဲ့သည္။

ထိုသို႔ ပစ္ခတ္ခံရၿပီးေနာက္ ေ႐ႊဂုံရိပ္မြန္အိမ္ရာအတြင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ေရာက္ရွိလာၿပီး စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ ေၾကာင္း သိရသည္။

လက္ရွိတြင္ ဗဟိုဘဏ္ဒုတိယဥကၠ႒ေဒၚသန္းသန္းေဆြသည္ ပစ္ခတ္ခံရမႈေၾကာင့္ ေသဆုံးခဲ့သည္ဟု သတင္းမ်ားထြက္ေပၚေနေသာ္လည္း နစက၏ သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ပစ္ခတ္ခံရမႈေၾကာင့္ မစိုးရိမ္ရသည့္ ဒဏ္ရာရရွိခဲ့ၿပီး တပ္မေတာ္ေဆး႐ုံတြင္ ေဆးကုသမႈခံယူေနေၾကာင္း ေျပာၾကားသည္ဟု သတင္းမီဒီ ယာအခ်ိဳ႕တြင္ ေဖာ္ျပထားသည္ကို ေတြ႕ရသည္။ အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး NP News က ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို ဆက္သြယ္ခဲ့ေသာ္လည္း ဆက္သြယ္၍ မရခဲ့ေပ။

ေဒၚသန္းသန္းေဆြသည္ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၄ ရက္တြင္ ျမန္မာ ႏိုင္ငံေတာ္ဗဟိုဘဏ္၏ ဒုဥကၠ႒ အျဖစ္ခန႔္အပ္တာဝန္ေပးအပ္ျခင္းခံခဲ့ရၿပီး ၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာလက ဖြဲ႕စည္းခဲ့သည့္ ေ႐ႊႏွင့္ ေငြေၾကးေဈးကြက္ ေစာင့္ၾကည့္၊ ထိန္းသိမ္း၊ ၾကပ္မတ္ေရးလုပ္ငန္းေကာ္မတီတြင္လည္း ဥကၠ႒အျဖစ္ တာဝန္ယူထားေၾကာင္း သိရသည္။

Picture

L Mone

08/04/2022 10:18

မဘသ ဖျက်သိမ်းသင့်ပြီ ဗျာ။ မဘသ က အစက တော့ နားထောင်ကောင်းတယ်ဗျာ။ နောက်ကျတော့ မဘသက လမ်းမရှိဘူးရယ်။ဘယ်သူက စမြှောက်ပေးသလဲ စဉ်းစားကြည့်လိုက်တော့ လူမျိူးစု အလိုက်ကို တွေ့နေကြရပါတယ်။ဗမာတွေကများတော့ ဗမာ တွေကပဲ ထွင်တယ်လို့ ယူစကြပုံပါပဲ။မဘသက လမ်းပိတ်နေပါတယ်‌ဗျ။တိုင်းရင်းသား ဘာသာခြားတွေရင်ထဲက အပ်တချောင်းလို့ သူတို့အ နေနဲ့ မြင်ကြည့်လို့ရသလို အခြားတိုင်းရင်းသားမဟုတ်သူ ဘာသာခြားတွေကလည်း လူတွေပဲလေ အသည်းနှလုံး ရှိကြမှာပါပဲ။အခု ရန်တိုက်တတ်ကြတဲ့ခောတ်ကြီးနော်။ဒီခောတ်က အိမ်နီးနားချင်း ရပ်ကွက်တွင်းပဲ ရန်တိုက်တဲ့ခောတ်မဟုတ် ကမ္ဘာတခြမ်းနဲ့တခြမ်းတောင် ရန်တိုက်နေကြတဲ့ ခောတ်ကြီးမှာ မဘသ တို့ ပေါ်လာတာ မရိုးသားဘူးလို့ပဲ မြင်ပါတယ်

Related news

© 2021. All rights reserved.