(IAEA)နှင့်ပူးပေါင်းဆောင်ရွက်မှုကို အီရန်၏ရပ်ဆိုင်းလိုက်မှုက လက်ခံနိုင်စရာ မဟုတ်ဘူးလို့ အမေရိကန် ဝေဖန်

 174

Pika (NP News) - ဇူလိုင် ၅
အီရန်က ကုလသမဂ္ဂနျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) နှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆိုင်းငံ့လိုက်ခြင်းက လက်ခံနိုင်စရာကိစ္စရပ်တစ်ခုမတုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်ဇွန်လတွင် အမေရိကန် နှင့် အစ္စရေးတို့က ၎င်း၏ နျူကလီးယားစက်ရုံများကို ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် အီရန်ဘက်က (IAEA)နှင့် ပူးပေါင်းဆောင်ရွက်မှုများကို တရားဝင်ဆိုင်းငံ့လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
တမ်မီဘရုစ်က “ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးလမ်းကြောင်းကိုရွေးချယ်ဖို့ အခွင့်အရေးရနေတဲ့အချိန်မှာ အီရန်က IAEA နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဆိုင်းငံ့ဖို့ ရွေးချယ်လိုက်တာဟာ လက်ခံနိုင်စရာကိစ္စရပ်တစ်ခု မဟုတ်ဘူးဆိုတာ ကျွန်မတို့ပြောလိုပါတယ်” ဟု ထုတ်ပြန်ပြောခဲ့သည်။
ပြီးခဲ့သည့်ဇွန်လတွင် အမေရိကန်သည် အီရန်၏နျူကလီးယားစက်ရုံကို သုံးခုကို ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင် ခြင်းဖြင့် အီရန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများကို ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် အီရန်နိုင်ငံက နျူကလီးယားလက်နက်များရရှိအောင် ကြိုးပမ်းမည်ဆိုပါက နောက်ထပ်လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ကြောင်းလည်း သိရသည်။ သို့သော်လည်း ၎င်းတို့တွင် နျူကလီးယားလက်နက်ကို တီထွင်ဖန်တီးရန် ကြိုးပမ်းမှုများမရှိကြောင်း အီရန်အစိုးရဘက်က အကြိမ်ကြိမ်ပြန်လည်တုံ့ပြန်ခဲ့သည်။

Zawgyi Version:
(IAEA)ႏွင့္ပူးေပါင္းေဆာင္႐ြက္မႈကို အီရန္၏ရပ္ဆိုင္းလိုက္မႈက လက္ခံႏိုင္စရာ မဟုတ္ဘူးလို႔ အေမရိကန္ ေဝဖန္
Pika (NP News) - ဇူလိုင္ ၅
အီရန္က ကုလသမဂၢန်ဴကလီးယားေစာင့္ၾကည့္ေရးအဖြဲ႕ ႏိုင္ငံတကာအဏုျမဴစြမ္းအင္ေအဂ်င္စီ (IAEA) ႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈကို ဆိုင္းငံ့လိုက္ျခင္းက လက္ခံႏိုင္စရာကိစၥရပ္တစ္ခုမတုတ္ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ တမ္မီဘ႐ုစ္က ေျပာၾကားခဲ့သည္။
ၿပီးခဲ့သည့္ဇြန္လတြင္ အေမရိကန္ ႏွင့္ အစၥေရးတို႔က ၎၏ န်ဴကလီးယားစက္႐ုံမ်ားကို ဗုံးႀကဲတိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့ၿပီးေနာက္ အီရန္ဘက္က (IAEA)ႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို တရားဝင္ဆိုင္းငံ့လိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။
တမ္မီဘ႐ုစ္က “ၿငိမ္းခ်မ္းေရးနဲ႔ သာယာဝေျပာေရးလမ္းေၾကာင္းကိုေ႐ြးခ်ယ္ဖို႔ အခြင့္အေရးရေနတဲ့အခ်ိန္မွာ အီရန္က IAEA နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈကို ဆိုင္းငံ့ဖို႔ ေ႐ြးခ်ယ္လိုက္တာဟာ လက္ခံႏိုင္စရာကိစၥရပ္တစ္ခု မဟုတ္ဘူးဆိုတာ ကြၽန္မတို႔ေျပာလိုပါတယ္” ဟု ထုတ္ျပန္ေျပာခဲ့သည္။
ၿပီးခဲ့သည့္ဇြန္လတြင္ အေမရိကန္သည္ အီရန္၏န်ဴကလီးယားစက္႐ုံကို သုံးခုကို ဗုံးႀကဲတိုက္ခိုက္မႈမ်ား လုပ္ေဆာင္ ျခင္းျဖင့္ အီရန္အေပၚ အစၥေရး၏ တိုက္ခိုက္မႈမ်ားကို ကူညီပံ့ပိုးေပးခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ အီရန္ႏိုင္ငံက န်ဴကလီးယားလက္နက္မ်ားရရွိေအာင္ ႀကိဳးပမ္းမည္ဆိုပါက ေနာက္ထပ္ေလေၾကာင္းတိုက္ခိုက္မႈမ်ား လုပ္ေဆာင္သြားမည္ဟု အေမရိကန္သမၼတေဒၚနယ္ထရမ့္က သတိေပးေျပာဆိုခဲ့ေၾကာင္းလည္း သိရသည္။ သို႔ေသာ္လည္း ၎တို႔တြင္ န်ဴကလီးယားလက္နက္ကို တီထြင္ဖန္တီးရန္ ႀကိဳးပမ္းမႈမ်ားမရွိေၾကာင္း အီရန္အစိုးရဘက္က အႀကိမ္ႀကိမ္ျပန္လည္တုံ႔ျပန္ခဲ့သည္။

Related news

© 2021. All rights reserved.