အကြမ်းဖက်သမားများကို နှင်ထုတ်ရန် (သို့) တရားမျှတမှုယူဆောင်လာပေးရန် ကာတာကို အစ္စရေး တောင်းဆို

 176

Pika (NP News) - စက်တင်ဘာ ၁၂
ကာတာမြေပေါ်တွင်ရှိသော အကြမ်းဖက်သမားများကို နှင်ထုတ်ရန် (သို့) တရားစွဲဆိုမှုများ လုပ်ဆောင်ရန် ကာတာအစိုးရကို အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက တောင်းဆိုခဲ့ကြောင်း သိရသည်။ ကာတာနိုင်ငံ ဒိုဟာမြို့ တွင်ရှိသော ဟားမက်လက်နက်ကိုင်အဖွဲ့အကြီးတန်းအရာရှိများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှု တစ်ခုကို အစ္စရေးက လုပ်ဆောင်ခဲ့ပြီးနောက် နေတန်ရာဟု၏ တောင်းဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
နေတန်ရာဟုက “အကြမ်းဖက်သမားတွေ ခိုအောင်းနေတဲ့ ကာတာနိုင်ငံနဲ့ အခြားနိုင်ငံတွေအားလုံးကို ပြောချင်တာ တစ်ခုက အကြမ်းဖက်သမားတွေကို နှင်ထုတ်မလား ဒါမှမဟုတ် တရားမျှတမှုကို ယူဆောင်လာပေး မလား ဆိုတာပါပဲ။ ဘာလို့လဲဆိုတော့ အဲဒီလိုမျိုးမလုပ်ဘူးဆိုရင် ကျွန်တော်တို့ဘက်က လုပ်သင့်တာအားလုံးကို လုပ်သွားရပါလိမ့်မယ်” ဟု ပြောခဲ့သည်။
ကာတာနိုင်ငံ ဒိုဟာမြို့တွင်ရှိသော ဟားမက်လက်နက်ကိုင်အဖွဲ့၏ အဆောက်အဦးအပေါ် အစ္စရေး၏ လေကြောင်းမှတိုက်ခိုက်မှုများကို နိုင်ငံအများအပြားက ပြစ်တင်ရှုတ်ချခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် ကာတာနိုင်ငံ ဒိုဟာမြို့ကို လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်ရန် ဆုံးဖြတ်ချက်သည် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု၏ ဆုံးဖြတ်ချက်သာဖြစ်ပြီး ၎င်းတို့ပါဝင်ပတ်သက်ခြင်းမျိုးမရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ဒေါ်နယ်ထရမ့်က “အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သလို အမေရိကန်ရဲ့မိတ်ဖက်နိုင်ငံဖြစ်တဲ့ ကာတာနိုင်ငံအပေါ် တိုက်ခိုက်မှုတွေလုပ်ဆောင်တာဟာ အစ္စရေး ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေကို ပျက်ပြားစေပါ တယ်” ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော်လည်း ဟားမက်လက်နက်ကိုင်အဖွဲ့အကြီးတန်းအရာရှိအချို့သည် အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုများမှ အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း ဟားမက်လက်နက်ကိုင်အဖွဲ့က အတည်ပြုပြောဆိုထားသည်။

Zawgyi Version:
အၾကမ္းဖက္သမားမ်ားကို ႏွင္ထုတ္ရန္ (သို႔) တရားမွ်တမႈယူေဆာင္လာေပးရန္ ကာတာကို အစၥေရး ေတာင္းဆို
Pika (NP News) - စက္တင္ဘာ ၁၂
ကာတာေျမေပၚတြင္ရွိေသာ အၾကမ္းဖက္သမားမ်ားကို ႏွင္ထုတ္ရန္ (သို႔) တရားစြဲဆိုမႈမ်ား လုပ္ေဆာင္ရန္ ကာတာအစိုးရကို အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ေတာင္းဆိုခဲ့ေၾကာင္း သိရသည္။ ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕ တြင္ရွိေသာ ဟားမက္လက္နက္ကိုင္အဖြဲ႕အႀကီးတန္းအရာရွိမ်ားကို ပစ္မွတ္ထားသည့္ ေလေၾကာင္းတိုက္ခိုက္မႈ တစ္ခုကို အစၥေရးက လုပ္ေဆာင္ခဲ့ၿပီးေနာက္ ေနတန္ရာဟု၏ ေတာင္းဆိုခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
ေနတန္ရာဟုက “အၾကမ္းဖက္သမားေတြ ခိုေအာင္းေနတဲ့ ကာတာႏိုင္ငံနဲ႔ အျခားႏိုင္ငံေတြအားလုံးကို ေျပာခ်င္တာ တစ္ခုက အၾကမ္းဖက္သမားေတြကို ႏွင္ထုတ္မလား ဒါမွမဟုတ္ တရားမွ်တမႈကို ယူေဆာင္လာေပး မလား ဆိုတာပါပဲ။ ဘာလို႔လဲဆိုေတာ့ အဲဒီလိုမ်ိဳးမလုပ္ဘူးဆိုရင္ ကြၽန္ေတာ္တို႔ဘက္က လုပ္သင့္တာအားလုံးကို လုပ္သြားရပါလိမ့္မယ္” ဟု ေျပာခဲ့သည္။
ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕တြင္ရွိေသာ ဟားမက္လက္နက္ကိုင္အဖြဲ႕၏ အေဆာက္အဦးအေပၚ အစၥေရး၏ ေလေၾကာင္းမွတိုက္ခိုက္မႈမ်ားကို ႏိုင္ငံအမ်ားအျပားက ျပစ္တင္ရႈတ္ခ်ခဲ့ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕ကို ေလေၾကာင္းတိုက္ခိုက္မႈမ်ားလုပ္ေဆာင္ရန္ ဆုံးျဖတ္ခ်က္သည္ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟု၏ ဆုံးျဖတ္ခ်က္သာျဖစ္ၿပီး ၎တို႔ပါဝင္ပတ္သက္ျခင္းမ်ိဳးမရွိေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ေဒၚနယ္ထရမ့္က “အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံျဖစ္သလို အေမရိကန္ရဲ႕မိတ္ဖက္ႏိုင္ငံျဖစ္တဲ့ ကာတာႏိုင္ငံအေပၚ တိုက္ခိုက္မႈေတြလုပ္ေဆာင္တာဟာ အစၥေရး ဒါမွမဟုတ္ ကြၽန္ေတာ္တို႔ရဲ႕ရည္မွန္းခ်က္ေတြကို ပ်က္ျပားေစပါ တယ္” ဟု ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ သို႔ေသာ္လည္း ဟားမက္လက္နက္ကိုင္အဖြဲ႕အႀကီးတန္းအရာရွိအခ်ိဳ႕သည္ အစၥေရး၏ေလေၾကာင္းတိုက္ခိုက္မႈမ်ားမွ အသက္ရွင္လြတ္ေျမာက္ခဲ့ေၾကာင္း ဟားမက္လက္နက္ကိုင္အဖြဲ႕က အတည္ျပဳေျပာဆိုထားသည္။

Related news

© 2021. All rights reserved.