လူထုအတွက် လက်တွေ့ကျတဲ့ နိုင်ငံရေးက ဘာဖြစ်မလဲ (အတွေးအမြင် ဆောင်းပါး)

155

အောင်နိုင်သူ(ဇွဲကပင်) (NP News)
ဒီဇင်ဘာလ(၆)ရက်က နိုင်ငံရေးသမားနှစ်ဦး အပြန်အလှန်စကားစစ်ထိုးကြသည့် Debate တစ်ခု ကြည့်လိုက်ရသည်။ ဤ Debate စကားစစ်ထိုးပွဲကို စီစဉ်ထုတ်လွှင့်သူက သတင်းမီဒီယာသမား ကိုသက် ထွေးနိုင်ဖြစ်ပြီး အပြန်အလှန်စကားစစ်ထိုးကြသူများ မှာ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်တို့ဖြစ်ပါသည်။ Debate လုပ်ကြသောအကြောင်းအရာများမှာ ရွေး ကောက်ပွဲပြုလုပ်သင့်၊ မသင့်နှင့်ပတ်သက်၍ ဦးကိုကိုကြီးက ရွေးကောက်ပွဲပြုလုပ်ခြင်းကိုထောက်ခံ သည့်ဘက်မှ စကားစစ်ထိုးပါသည်။ ဂျပန်တွင်နေထိုင်လျက်ရှိသော ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင် ကျော်က ရွေးကောက်ပွဲလုပ်သည်ကို လက်မခံကြောင်း၊ ရွေးကောက်ပွဲကို လက်မခံသည့်ဘက်မှ စကား စစ်ထိုးခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ဦးသိန်းစိန်ခေတ် မီဒီယာလွတ်လပ်မှုနှင့်အတူ DVB သတင်းဌာနက ဦးဆောင် ပြုလုပ်လေ့ရှိသော Debate များသည် တစ်ချိန်က လူစိတ်ဝင်စားမှုမြင့်တက်ခဲ့ဖူးပါသည်။ ယခုမူ နိုင်ငံရေး အခြေအနေများကြောင့် မီဒီယာများအနေဖြင့် Debate မလုပ်နိုင်ခဲ့သည်မှာ ကြာပြီဖြစ်ပါသည်။ ထို့ ကြောင့် သတင်းမီဒီယာသမား ကိုသက်ထွေးနိုင် စီစဉ်ပြုလုပ်ပေးသော Debate ကို လူစိတ်ဝင်စားမှု မြင့် တက်ခဲ့သလို လူမှုကွန်ရက်များတွင်လည်း တော်တော်လေးပျံ့နှံ့ခဲ့ပါသည်။
Debate တွင် ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်ကတော့ အချက်အလက်ကိုအခြေခံပြီး ဆွေးနွေးနေသော်လည်း ဘာလုပ်ရမလဲဆိုသည့်အဖြေ မရှိဘဲဖြစ်နေသည်။ စိတ်ခံစားမှုများကာ ကမူး ရှူး ထိုးနှင့် အနိုင်ယူချင်သည့်ပုံစံဖြင့် ဇွတ်တရွတ်စွတ်ပြောနေသည်ကိုလည်းတွေ့ရသည်။ သူလုပ်ချင်သည့် ပုံစံက ဒီဇင်ဘာလ (၂၈) ရက်တွင် ကျင်းပပြုလုပ်တော့မည့်ရွေးကောက်ပွဲ၌ ၎င်းတို့ ဆန့်ကျင်ဘက် အတိုက်အခံအုပ်စု၊ အထူးသဖြင့် NLD ပါတီ/ NUG မပါခြင်းကြောင့် NLD ပါလာသည်အထိ ၎င်းတို့သည် စစ်ရေးအရ ဆက်လက်တိုက်ပွဲဝင်မည်၊ စစ်ရေးပါဝါ အားရှိသည့်အခါ အစိုးရက ၎င်းတို့ကို စားပွဲဝိုင်းခေါ် တင်လိမ့်မည်ဆိုသည့်မျှော်လင့်ချက်ကိုကိုင်ပြီး ဆွေးနွေးစကားစစ်ထိုးခဲ့သည်ကိုတွေ့ရသည်။ ထို့ကြောင့် ကျင်းပပြုလုပ်တော့မည့်ရွေးကောက်ပွဲက တရားမျှတမှုမရှိ၊ အတုအယောင်သဖွယ်ဖြစ်ကြောင်းစွပ်စွဲပြီး စကားစစ်ထိုးခဲ့ပါသည်။
၎င်း၏လိုလားချက်များသည် လူ့အသက်များ၊ အထူးသဖြင့် လူငယ်များ၏အသက်ကိုရင်းပြီး ခရီး ဆက်ရမည့် နိုင်ငံရေးမျှော်လင့်ချက်မို့ အရင်းအနှီးကြီး လွန်းပါသည်။ လက်တွေ့လည်းမကျဟု စာရေးသူ က မြင်မိပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲကိုဆန့်ကျင် ငြင်းဆန်သည့် သူ့လိုလားချက်များကို စာရေးသူ လုံးဝ (လုံးဝ)လက်မခံဘဲ လက်တွေ့မကျသော နိုင်ငံရေးမှတ်ချက်ပြုကောက်ချက်ချမိပါသည်။
ဘာကြောင့်လဲဆိုတော့ Debate မှာ ဦးကိုကိုကြီးလည်း ထည့်ပြောခဲ့ပါသည်။ (၂၀၂၁)ခုနှစ် နိုင်ငံ ရေးအပြောင်းအလဲနှင့်အတူ လက်နက်ကိုင်တော်လှန်ရေးအစတွင် လူအချို့၊ အထူးသဖြင့် အချို့သော ဒေသခံ ပြည်သူများသည် စစ်ပွဲနှင့် လက်နက်ကိုင်တော်လှန်ရေးသည် ထမင်းစားရေသောက်ဆိုသလို အလွယ်တကူနှင့် ပြီးလိမ့်မည်ထင်ပြီး အားပေးထောက်ခံကြသူများရှိခဲ့ဖူးပါသည်။ တစ်ဖက်မီဒီယာများတွင်မူ PDF နှင့် EAOs များမြို့ထဲဝင်လာသည့်အခါ ထောက်ခံကြိုဆိုသည့်ပုံစံနှင့် မီဒီယာများမှတစ်ဆင့် ဝါဒဖြန့်ချိခဲ့ကြသည်ကို မိုးကုတ်နှင့်ကော့ကရိတ်မြို့တို့တွင် တွေ့ခဲ့ကြရသည်။
သို့သော် လက်တွေ့မှာတော့ ထိုသို့မဟုတ်ချေ။ မြို့ရွာများအသိမ်းခံရပြီဆိုလျှင် မြို့၊ ရွာများ ပျက်စီးသည့်ဒဏ်ကိုခံခဲ့ရသကဲ့သို့ ၎င်းတို့ခေါ်ယူကြိုဆိုခဲ့ကြသည့် EAOs PDF များ၏ တရား ဥပဒေမဲ့စွာ လက်လွတ်စပယ်အနိုင်ကျင့်သည့်ဒဏ်ကို ပြည်သူလူထုက ခါးစည်းပြီးခံခဲ့ကြရသည်။ PDF များနှင့် KNU / KNLA အဖွဲ့များ၏ နှိပ်စက်သည့်ဒဏ်ကိုမခံနိုင်ဘဲ ထွက်ပြေးလာကြသော ကော့ကရိတ်မြို့ခံပြည်သူများ နှင့် စာရေးသူဆုံဖူးသည်။
သူတို့က စာရေးသူကိုပြောပြပါသည်။ PDF နှင့် EAOs အဖွဲ့များသည် သူတို့အိမ်များပေါ်တွင် အခန့်သားတက်နေပြီး စားစရာဆန်ကစ၍ ပစ္စည်းမျိုးစုံ လုယက်ယူငင်ကြသည်။ ပြည်သူလူထု ပစ္စည်း များကို လုယူပြီး ရရာဈေးဖြင့် လုယက်ရောင်းချကြသည်ဟုဆို သည်။ မြို့အတွင်း တိုက်ပွဲဖြစ်သည့်အခါ ၎င်းတို့တည်း ခိုနေထိုင်ရာအိမ်တွင် PDF / KNU အဖွဲ့များ သေဆုံးမှုရှိပါက အပြင်သို့သယ်ပြီး အသုဘ မြေချခြင်း မလုပ်ဘဲ အိမ်နှင့်အတူ တစ်ပါတည်းမီးရှို့ပစ်လိုက်သည်အထိ ဖျက်ဆီးယုတ်မာကြသည်ဟု လည်းဆိုသည်။ တပ်မတော်က မြို့သိမ်းတိုက်ပွဲ ပြန်လည်ဆင်နွှဲလာသည့်အခါ လူထုကို လူသားတံတိုင်း လုပ်၊ အကာအကွယ်ယူ ခုခံခဲ့ကြသည်များလည်းရှိသည်ဟု ပြောပြကြပါသည်။
ထိုနည်းတူ တပ်မတော်၏ တန်ပြန်ထိုးစစ်ဖြင့် ပြန်လည်သိမ်းယူခဲ့သော ရှမ်းပြည်နယ်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့များတွင်လည်းကောင်း၊ ကယားပြည်နယ် လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံမြို့တို့တွင်လည်း ကောင်း ဒေသခံပြည်သူလူထုက တပ်မတော် ပြန်လည်ဝင်ရောက်လာသည့်အခါ သောင်းသောင်းဖျဖျ ပြန် လည်ကြိုဆိုခဲ့ကြခြင်းသည် အကြောင်းမဲ့မဟုတ်သကဲ့သို့ မီဒီယာများတွင်လည်း သောင်းကျန်းသူများနှင့် ခေတ္တနေထိုင်စဉ်က ၎င်းတို့ခံစားခံကြရသော ခါးသီးဖွယ်ဒုက္ခများကိုပြောပြခဲ့ကြပြီးဖြစ်ပါသည်။
ထို့ကြောင့် ပြည်သူလူထုသည် တပ်မတော်နှင့် သူပုန် မည်သူကပိုကောင်းကြသနည်းဆိုသည့် အရသာကိုသိသွားကြပြီမို့ Debate တွင် ဦးထွန်းအောင် ကျော်ပြောသကဲ့သို့ လက်နက်ကိုင်လမ်းစဉ်က အောင်မြင်မည်မဟုတ်ပါ။ မအောင်မြင်နိုင်ရုံတင် မဟုတ်ဘဲ အဘက်ဘက်မှ အကျပိုင်းကိုရောက်သွား ရပြီးဖြစ်၍ လက်နက်ကိုင်လမ်းစဉ်က တဖြည်းဖြည်း နှင့် ပျောက်ကွယ်သွားလိမ့်မည်ကို သိသာထင်ရှားစွာ တွေ့မြင်နေရပြီဖြစ်ပါသည်။
ဤ Debate တွင် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးကတော့ အချက်အလက်ထက် တိုင်းပြည် အတွက် ရလဒ်အဖြေကို ဦးစားပေးချေပခဲ့သည်ကိုတွေ့ရှိရပါသည်။ တစ်နည်းပြောရသော် ရွေးကောက်ပွဲ ကသာ လက်ရှိနိုင်ငံရေးအပြောင်းအလဲအတွက် လက်တွေ့ကျသောနိုင်ငံရေးဖြစ်သည့်ပုံစံဖြင့် ပြန်လည် ခုခံချေပ သည်ကိုတွေ့ရပါသည်။ ဤနေရာတွင် စာရေးသူ အားမရသည်က ဦးကိုကိုကြီးအနေဖြင့် ဦး ထွန်းအောင်ကျော်ကို ဟယ်တင်တန်(ဟားဗတ်တက္ကသိုလ်)ကျမ်း များနှင့် ပြန်ထိုးနှက်၍ရသည့်အချက် အများကြီးရှိနေသည်ကို ထည့်မပြောခဲ့ခြင်းကြောင့်ဖြစ်ပါသည်။
ဥပမာ လက်နက်ကိုင်တော်လှန်ရေး၊ လက်နက်ကိုင် လမ်းစဉ်ကိုယုံကြည်နေသည့် ဦးထွန်းအောင် ကျော်ကိုမေးလိုက်ရမှာက (၁၉၅၆)ခုနှစ်ကစ၍ လက်နက်ကိုင်တော်လှန်ရေး၊ လက်နက်ကိုင်လမ်းစဉ်
နှင့် ဒီမိုကရေစီရခဲ့ခြင်းမရှိဆိုသည့်အချက်ကို ကျူးဘားတော်လှန်ရေး၊ နီဂွေရာဂါနိုင်ငံ(ဆာဒီနစ္စတာ တော်လှန်ရေး)၊ အီရန်၊ ဆိုမာလီ၊ အာဖဂန်နစ္စတန် နိုင်ငံတို့နှင့်ယှဉ်ပြီးရှင်းပြသင့်ပါသည်။ လက်နက်ကိုင် တော်လှန်ရေးသည် နောက်ဆုံးအာဏာရှင်များကပင် ပြန်လည်အာဏာရသွားခဲ့ကြသည်ကိုတွေ့ရသည်။ တစ်ဖန် လစ်ဗျား၊ အီဂျစ်တို့မှာလည်း ဒီမိုကရေစီဖြစ်ခဲ့ခြင်းမရှိကြောင်းနှင့် နောက်ဆုံးအာဏာရှင်နှင့် ပြည်တွင်းစစ်သာဖြစ်ကုန်ကြသည့်အကြောင်းကိုပါ ထည့်သွင်းချေပပြီး ၎င်း၏ပါးစပ်ကို ပိတ်ပစ်လိုက်စေ ချင်ပါသည်။ သို့သော် ထိုသို့ စကားစစ်ထိုးချေပနိုင်ခဲ့ခြင်း မရှိပေ။ နိုင်ငံတကာတွင် လက်နက်ကိုင် လမ်း စဉ်ကြောင့် ဒီမိုကရေစီရခဲ့ခြင်းမရှိသလို အာဏာမက်မောလွန်းကြသည့် မြန်မာများ၏ စရိုက်နှင့် ဆိုလျှင် ပို၍အာဏာရှင်ဖြစ်နိုင်ကြောင်းရှင်းပြပြီး ချေပလိုက်ရမည်ဖြစ်သော်လည်း မချေပနိုင်ခဲ့ပေ။
နောက်တစ်ချက်က ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုပါ ဂဃဏန ရှင်းပြသင့်ပါသည်။ ယခု ရွေးကောက်ပွဲသည် ဟယ်တင်တန် (ဟားဗတ်တက္ကသိုလ်) ၏ပေတံနှင့်တိုင်းမည်ဆိုလျှင် မြန်မာပြည် သည် ဒီမိုကရေစီနောက်ကြောင်းပြန်လှည့်သွားခြင်းမဟုတ်ဘဲ ခေတ္တရပ်တန့်သွားရသည်ဟုဆိုနိုင်ပါ သည်။ ဟယ်တင်တန်(ဟားဗတ်တက္ကသိုလ်)က ဖြစ်ပေါ်လာသည့် နိုင်ငံရေးပြဿနာများကို မဖြေရှင်းဘဲ ထားခြင်းနှင့် ပြည်တွင်း/ပြည်ပစစ်လို စစ်ကြီးဖြစ်လျှင် ဒီမိုကရေစီ ခေတ္တရပ်တန့်သွားသည်ဟုဆိုထားပါ သည်။
အမှန်လည်း ဟုတ်ပါသည်။ မြန်မာပြည်အခြေအနေကို ပြန်ဆန်းစစ်လျှင် NLD သည် ဖြစ်ပေါ်လာ သည့် နိုင်ငံရေးပြဿနာ မဲမသမာမှုများကို မရှင်းခဲ့ပါ၊ ထိုပြဿနာကနေတစ်ဆင့် နောက်ဆုံး မြန်မာပြည် တွင် ပြည်တွင်းလက်နက်ကိုင်ပဋိက္ခကြီး ကြီးထွားလာခဲ့ရသည်မဟုတ်ပါလား။
ဖွံ့ဖြိုးရှင်သန်စ ဒီမိုကရေစီစနစ်တွင် အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးထိခိုက်လာခြင်းကြောင့် ဒီမို ကရေစီစနစ်က နောက်ကြောင်းပြန်လှည့်ခြင်းနှင့် ခေတ္တရပ်တန့်သွားခြင်းဆိုပြီး နှစ်ပိုင်းရှိပါသည်။ နောက်ကြောင်းပြန်လှည့်လျှင် တပ်က အာဏာသိမ်း ခြင်းနှင့်ကြုံရလိမ့်မည်၊ ခြေဥပျက်မည်။ အလားတူ ဖြစ်စဉ်မျိုး (၁၉၆၂)ခုနှစ်နှင့် (၁၉၈၈)ခုနှစ်တို့တွင် ကြုံခဲ့ကြပြီးဖြစ်ပါသည်။ ယခုကာလကမူ (၁၉၅၈)ခုနှစ် တုန်းကလို ဒီမိုကရေစီ ခေတ္တရပ်တန့်သွားခြင်းဖြစ်၍ အာဏာထိန်းခြင်းဖြစ်သည်။ ခြေဥမပျက်သလို ဖျက်လည်းမဖျက်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ယခုအခါ ဒီမိုကရေစီ ပြန်လည်လှုပ်ရှားအသက်ဝင်
လာဖို့ ရွေးကောက်ပွဲကျင်းပတော့မည်ဖြစ်သည်။ သို့သော် ဤသည်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ပင် ဖြစ်ပါသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအစတွင် ရာနှုန်းပြည့် ဒီမိုကရေစီ လိုချင်၍ မရသေး သကဲ့သို့ ဆန့်ကျင်ဘက်အတိုက်အခံများအားလုံးလည်း ပါဝင်ခွင့်ရကြဦးမည်မဟုတ်ပါ။ ဤသည်မှာ စာရေးသူပြောခြင်းမဟုတ်ဘဲ နိုင်ငံရေးသိပ္ပံပညာရှင် ဟယ်တင်တန် (ဟားဗတ်တက္ကသိုလ်)၏ သုတေ သနပြု တွေ့ရှိချက်ဖြစ်ပါသည်။
မြန်မာပြည်အနေဖြင့်ပြောရလျှင် (၂၀၁၀) ပြည့် နှစ်ရွေးကောက်ပွဲလတွင် NLD ပါဝင်ခွင့်မရပါ၊ (၂၀၁၂) ကြားဖြတ်မှသာ NLD ပါဝင်ခွင့်ရခဲ့ခြင်းဖြစ်ပါသည်။ ဤလုပ်ငန်းစဉ်ကိုဆန်းစစ်ကြည့်လျှင်လည်း ဟယ်တင်တန်ပြောသည့် ဒီမိုကရေစီ Road Map နှင့် တူပါသည်။ ထို့ကြောင့် စာရေးသူက လက်နက်ကိုင် လမ်းစဉ်ကိုယုံကြည်နေသာ ဦးထွန်းအောင်ကျော်ကို ယခုလို ချေပပစ်လိုက်စေချင်ပါသည်။
မည်သို့ပင်ဆိုစေကာမူ ဦးကိုကိုကြီးအနေဖြင့် အထက်မှာဆိုခဲ့သလိုအချက်အလက်များနှင့် ဟမရ အောင် ဦးထွန်းအောင်ကျော်ကိုပိတ်ပစ်လိုက်စေချင်သော်လည်း မပိတ်နိုင်ခဲ့ပါ။ မပိတ်နိုင်ခြင်းက ပြဿ နာ မဟုတ်ဟုဆိုနိုင်သော်လည်း လူငယ်များသည် လက်နက်ကိုင်လမ်းစဉ်နှင့် ဒီမိုကရေစီရနိုင်သေးသည် ဟုထပ်ထင်ပြီး ထပ်ယုံကြည်နေသေးလျှင် တိုင်းပြည်အတွက် ပိုအန္တရာယ်ကြီးသွားမည်ကို စိုးရိမ်မိပါ သည်။ ထို့ကြောင့် စာရေးသူအယူအဆကိုပြောရလျှင် ရွေးကောက်ပွဲကနေ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်း လဲနိုင်သည့် မြန်မာ့နိုင်ငံရေးအရွေ့ကသာလျှင် ယခုအချိန်၌ အသင့်တော်ဆုံး နိုင်ငံရေးလုပ်ငန်းစဉ်ဖြစ် လိမ့်မည်ဟု ယုံကြည်ယူဆမိပါသည်။ ယခုအချိန်တွင် လက်တွေ့ကျသောနိုင်ငံရေးမှာ ရွေးကောက်ပွဲသာ ဖြစ်သည်ဟု လက်ခံယုံကြည်ထားပါသည်။
အချုပ်ဆိုလျှင် နိုင်ငံရေးဟူသည် လူတို့အရေးဖြစ်သဖြင့် လူတို့နှင့်ကိုက်ညီပြီး လက်တွေ့ကျသည့် နိုင်ငံရေးဖြစ်ရန်အရေးကြီးပါသည်။ နိုင်ငံ့အရေးအရာ များကိုဆောင်ရွက်ရသည့်နိုင်ငံရေးသည် စိတ်ကူး ယဉ် ၍ မရ၊ စိတ်ကူးယဉ်သည့်တိုင် စိတ်ကူးနှင့်လက်တွေ့ ဘဝကိုပေါင်းစပ်နိုင်မှသာ အောင်မြင်သော နိုင်ငံရေးဖြစ်လိမ့်မည်။ အောင်မြင်သောနိုင်ငံရေးဆိုသည်မှာ ပြည်သူလူထုအတွက်သော်လည်းကောင်း နိုင်ငံတော်အတွက်သော်လည်းကောင်း အကျိုးရှိမည့်နိုင်ငံရေးကိုဆိုလိုခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် လူ ထုအတွက်သော်လည်းကောင်း၊ နိုင်ငံတာ်အတွက်သော်လည်းကောင်း အကျိုးဖြစ်ထွန်းခြင်းမရှိဘဲ နိုင်ငံ နှင့် ပြည်သူလူထုကို ပျက်စီးဆုတ်ယုတ်စေမည့် နိုင်ငံရေးလုပ်ငန်းစဉ်များကမူ အောင်မြင်သောနိုင်ငံရေး မဖြစ်သလို လက်တွေ့ကျသည့်နိုင်ငံရေးလည်း ဖြစ်မည်မဟုတ်ပါ။ ထို့ကြောင့် ယနေ့ကာလတွင် လက် တွေ့ကျသောနိုင်ငံရေးသည် သွေးမြေကျမှုအနည်းဆုံးနှင့် လူထုအနာဂတ်၊ နိုင်ငံ့အနာဂတ်ကို ကောင်းမွန် စေမည့်နိုင်ငံရေးလုပ်ငန်းစဉ်ကလည်း ရွေးကောက်ပွဲမှတစ်ပါး အခြားမရှိခြင်းကြောင့် ရွေးကောက်ပွဲကို သာ ယုံယုံကြည်ကြည်နှင့် ကိုယ်ကြိုက်ရာကိုမဲပေးကြခြင်းဖြင့် နိုင်ငံ့အရေးကို ကျရာ အခန်းကဏ္ဍမှ ကူညီ သွားကြရန် အကြံပြုတိုက်တွန်းလိုက်ပါသည်။
စာကိုး -
ကျော်ဝင်းရဲ့စာအုပ်များနှင့် နှစ်ပေါင်းများစွာ၊ ဟယ်တင်တန်ရဲ့ တတိယလှိုင်းဒီမိုကရေစီအသွင်အကူး
အပြောင်း(ဘာသာပြန်သူ ဇင်ဝေသော်)

Zawgyi Version:
လူထုအတြက္ လက္ေတြ႕က်တဲ့ ႏိုင္ငံေရးက ဘာျဖစ္မလဲ
(အေတြးအျမင္ ေဆာင္းပါး)
ေအာင္ႏိုင္သူ(ဇြဲကပင္) (NP News)
ဒီဇင္ဘာလ(၆)ရက္က ႏိုင္ငံေရးသမားႏွစ္ဦး အျပန္အလွန္စကားစစ္ထိုးၾကသည့္ Debate တစ္ခု ၾကည့္လိုက္ရသည္။ ဤ Debate စကားစစ္ထိုးပြဲကို စီစဥ္ထုတ္လႊင့္သူက သတင္းမီဒီယာသမား ကိုသက္ ေထြးႏိုင္ျဖစ္ၿပီး အျပန္အလွန္စကားစစ္ထိုးၾကသူမ်ား မွာ ျပည္သူ႔ပါတီ ဥကၠ႒ ဦးကိုကိုႀကီးႏွင့္ ABSDF ဥကၠ႒ေဟာင္း ဦးထြန္းေအာင္ေက်ာ္တို႔ျဖစ္ပါသည္။ Debate လုပ္ၾကေသာအေၾကာင္းအရာမ်ားမွာ ေ႐ြး ေကာက္ပြဲျပဳလုပ္သင့္၊ မသင့္ႏွင့္ပတ္သက္၍ ဦးကိုကိုႀကီးက ေ႐ြးေကာက္ပြဲျပဳလုပ္ျခင္းကိုေထာက္ခံ သည့္ဘက္မွ စကားစစ္ထိုးပါသည္။ ဂ်ပန္တြင္ေနထိုင္လ်က္ရွိေသာ ABSDF ဥကၠ႒ေဟာင္း ဦးထြန္းေအာင္ ေက်ာ္က ေ႐ြးေကာက္ပြဲလုပ္သည္ကို လက္မခံေၾကာင္း၊ ေ႐ြးေကာက္ပြဲကို လက္မခံသည့္ဘက္မွ စကား စစ္ထိုးခဲ့ၾကသည္။
ျမန္မာႏိုင္ငံတြင္ ဦးသိန္းစိန္ေခတ္ မီဒီယာလြတ္လပ္မႈႏွင့္အတူ DVB သတင္းဌာနက ဦးေဆာင္ ျပဳလုပ္ေလ့ရွိေသာ Debate မ်ားသည္ တစ္ခ်ိန္က လူစိတ္ဝင္စားမႈျမင့္တက္ခဲ့ဖူးပါသည္။ ယခုမူ ႏိုင္ငံေရး အေျခအေနမ်ားေၾကာင့္ မီဒီယာမ်ားအေနျဖင့္ Debate မလုပ္ႏိုင္ခဲ့သည္မွာ ၾကာၿပီျဖစ္ပါသည္။ ထို႔ ေၾကာင့္ သတင္းမီဒီယာသမား ကိုသက္ေထြးႏိုင္ စီစဥ္ျပဳလုပ္ေပးေသာ Debate ကို လူစိတ္ဝင္စားမႈ ျမင့္ တက္ခဲ့သလို လူမႈကြန္ရက္မ်ားတြင္လည္း ေတာ္ေတာ္ေလးပ်ံ႕ႏွံ႔ခဲ့ပါသည္။
Debate တြင္ ABSDF ဥကၠ႒ေဟာင္း ဦးထြန္းေအာင္ေက်ာ္ကေတာ့ အခ်က္အလက္ကိုအေျခခံၿပီး ေဆြးေႏြးေနေသာ္လည္း ဘာလုပ္ရမလဲဆိုသည့္အေျဖ မရွိဘဲျဖစ္ေနသည္။ စိတ္ခံစားမႈမ်ားကာ ကမူး ရႉး ထိုးႏွင့္ အႏိုင္ယူခ်င္သည့္ပုံစံျဖင့္ ဇြတ္တ႐ြတ္စြတ္ေျပာေနသည္ကိုလည္းေတြ႕ရသည္။ သူလုပ္ခ်င္သည့္ ပုံစံက ဒီဇင္ဘာလ (၂၈) ရက္တြင္ က်င္းပျပဳလုပ္ေတာ့မည့္ေ႐ြးေကာက္ပြဲ၌ ၎တို႔ ဆန႔္က်င္ဘက္ အတိုက္အခံအုပ္စု၊ အထူးသျဖင့္ NLD ပါတီ/ NUG မပါျခင္းေၾကာင့္ NLD ပါလာသည္အထိ ၎တို႔သည္ စစ္ေရးအရ ဆက္လက္တိုက္ပြဲဝင္မည္၊ စစ္ေရးပါဝါ အားရွိသည့္အခါ အစိုးရက ၎တို႔ကို စားပြဲဝိုင္းေခၚ တင္လိမ့္မည္ဆိုသည့္ေမွ်ာ္လင့္ခ်က္ကိုကိုင္ၿပီး ေဆြးေႏြးစကားစစ္ထိုးခဲ့သည္ကိုေတြ႕ရသည္။ ထို႔ေၾကာင့္ က်င္းပျပဳလုပ္ေတာ့မည့္ေ႐ြးေကာက္ပြဲက တရားမွ်တမႈမရွိ၊ အတုအေယာင္သဖြယ္ျဖစ္ေၾကာင္းစြပ္စြဲၿပီး စကားစစ္ထိုးခဲ့ပါသည္။
၎၏လိုလားခ်က္မ်ားသည္ လူ႔အသက္မ်ား၊ အထူးသျဖင့္ လူငယ္မ်ား၏အသက္ကိုရင္းၿပီး ခရီး ဆက္ရမည့္ ႏိုင္ငံေရးေမွ်ာ္လင့္ခ်က္မို႔ အရင္းအႏွီးႀကီး လြန္းပါသည္။ လက္ေတြ႕လည္းမက်ဟု စာေရးသူ က ျမင္မိပါသည္။ ထို႔ေၾကာင့္ ေ႐ြးေကာက္ပြဲကိုဆန႔္က်င္ ျငင္းဆန္သည့္ သူ႔လိုလားခ်က္မ်ားကို စာေရးသူ လုံးဝ (လုံးဝ)လက္မခံဘဲ လက္ေတြ႕မက်ေသာ ႏိုင္ငံေရးမွတ္ခ်က္ျပဳေကာက္ခ်က္ခ်မိပါသည္။
ဘာေၾကာင့္လဲဆိုေတာ့ Debate မွာ ဦးကိုကိုႀကီးလည္း ထည့္ေျပာခဲ့ပါသည္။ (၂၀၂၁)ခုႏွစ္ ႏိုင္ငံ ေရးအေျပာင္းအလဲႏွင့္အတူ လက္နက္ကိုင္ေတာ္လွန္ေရးအစတြင္ လူအခ်ိဳ႕၊ အထူးသျဖင့္ အခ်ိဳ႕ေသာ ေဒသခံ ျပည္သူမ်ားသည္ စစ္ပြဲႏွင့္ လက္နက္ကိုင္ေတာ္လွန္ေရးသည္ ထမင္းစားေရေသာက္ဆိုသလို အလြယ္တကူႏွင့္ ၿပီးလိမ့္မည္ထင္ၿပီး အားေပးေထာက္ခံၾကသူမ်ားရွိခဲ့ဖူးပါသည္။ တစ္ဖက္မီဒီယာမ်ားတြင္မူ PDF ႏွင့္ EAOs မ်ားၿမိဳ႕ထဲဝင္လာသည့္အခါ ေထာက္ခံႀကိဳဆိုသည့္ပုံစံႏွင့္ မီဒီယာမ်ားမွတစ္ဆင့္ ဝါဒျဖန႔္ခ်ိခဲ့ၾကသည္ကို မိုးကုတ္ႏွင့္ေကာ့ကရိတ္ၿမိဳ႕တို႔တြင္ ေတြ႕ခဲ့ၾကရသည္။
သို႔ေသာ္ လက္ေတြ႕မွာေတာ့ ထိုသို႔မဟုတ္ေခ်။ ၿမိဳ႕႐ြာမ်ားအသိမ္းခံရၿပီဆိုလွ်င္ ၿမိဳ႕၊ ႐ြာမ်ား ပ်က္စီးသည့္ဒဏ္ကိုခံခဲ့ရသကဲ့သို႔ ၎တို႔ေခၚယူႀကိဳဆိုခဲ့ၾကသည့္ EAOs PDF မ်ား၏ တရား ဥပေဒမဲ့စြာ လက္လြတ္စပယ္အႏိုင္က်င့္သည့္ဒဏ္ကို ျပည္သူလူထုက ခါးစည္းၿပီးခံခဲ့ၾကရသည္။ PDF မ်ားႏွင့္ KNU / KNLA အဖြဲ႕မ်ား၏ ႏွိပ္စက္သည့္ဒဏ္ကိုမခံႏိုင္ဘဲ ထြက္ေျပးလာၾကေသာ ေကာ့ကရိတ္ၿမိဳ႕ခံျပည္သူမ်ား ႏွင့္ စာေရးသူဆုံဖူးသည္။
သူတို႔က စာေရးသူကိုေျပာျပပါသည္။ PDF ႏွင့္ EAOs အဖြဲ႕မ်ားသည္ သူတို႔အိမ္မ်ားေပၚတြင္ အခန႔္သားတက္ေနၿပီး စားစရာဆန္ကစ၍ ပစၥည္းမ်ိဳးစုံ လုယက္ယူငင္ၾကသည္။ ျပည္သူလူထု ပစၥည္း မ်ားကို လုယူၿပီး ရရာေဈးျဖင့္ လုယက္ေရာင္းခ်ၾကသည္ဟုဆို သည္။ ၿမိဳ႕အတြင္း တိုက္ပြဲျဖစ္သည့္အခါ ၎တို႔တည္း ခိုေနထိုင္ရာအိမ္တြင္ PDF / KNU အဖြဲ႕မ်ား ေသဆုံးမႈရွိပါက အျပင္သို႔သယ္ၿပီး အသုဘ ေျမခ်ျခင္း မလုပ္ဘဲ အိမ္ႏွင့္အတူ တစ္ပါတည္းမီးရႈိ႕ပစ္လိုက္သည္အထိ ဖ်က္ဆီးယုတ္မာၾကသည္ဟု လည္းဆိုသည္။ တပ္မေတာ္က ၿမိဳ႕သိမ္းတိုက္ပြဲ ျပန္လည္ဆင္ႏႊဲလာသည့္အခါ လူထုကို လူသားတံတိုင္း လုပ္၊ အကာအကြယ္ယူ ခုခံခဲ့ၾကသည္မ်ားလည္းရွိသည္ဟု ေျပာျပၾကပါသည္။
ထိုနည္းတူ တပ္မေတာ္၏ တန္ျပန္ထိုးစစ္ျဖင့္ ျပန္လည္သိမ္းယူခဲ့ေသာ ရွမ္းျပည္နယ္ရွိ ေနာင္ခ်ိဳ၊ ေက်ာက္မဲ၊ သီေပါၿမိဳ႕မ်ားတြင္လည္းေကာင္း၊ ကယားျပည္နယ္ လြိဳင္ေကာ္၊ မိုးၿဗဲ၊ ဖယ္ခုံၿမိဳ႕တို႔တြင္လည္း ေကာင္း ေဒသခံျပည္သူလူထုက တပ္မေတာ္ ျပန္လည္ဝင္ေရာက္လာသည့္အခါ ေသာင္းေသာင္းဖ်ဖ် ျပန္ လည္ႀကိဳဆိုခဲ့ၾကျခင္းသည္ အေၾကာင္းမဲ့မဟုတ္သကဲ့သို႔ မီဒီယာမ်ားတြင္လည္း ေသာင္းက်န္းသူမ်ားႏွင့္ ေခတၱေနထိုင္စဥ္က ၎တို႔ခံစားခံၾကရေသာ ခါးသီးဖြယ္ဒုကၡမ်ားကိုေျပာျပခဲ့ၾကၿပီးျဖစ္ပါသည္။
ထို႔ေၾကာင့္ ျပည္သူလူထုသည္ တပ္မေတာ္ႏွင့္ သူပုန္ မည္သူကပိုေကာင္းၾကသနည္းဆိုသည့္ အရသာကိုသိသြားၾကၿပီမို႔ Debate တြင္ ဦးထြန္းေအာင္ ေက်ာ္ေျပာသကဲ့သို႔ လက္နက္ကိုင္လမ္းစဥ္က ေအာင္ျမင္မည္မဟုတ္ပါ။ မေအာင္ျမင္ႏိုင္႐ုံတင္ မဟုတ္ဘဲ အဘက္ဘက္မွ အက်ပိုင္းကိုေရာက္သြား ရၿပီးျဖစ္၍ လက္နက္ကိုင္လမ္းစဥ္က တျဖည္းျဖည္း ႏွင့္ ေပ်ာက္ကြယ္သြားလိမ့္မည္ကို သိသာထင္ရွားစြာ ေတြ႕ျမင္ေနရၿပီျဖစ္ပါသည္။
ဤ Debate တြင္ ျပည္သူ႔ပါတီ ဥကၠ႒ ဦးကိုကိုႀကီးကေတာ့ အခ်က္အလက္ထက္ တိုင္းျပည္ အတြက္ ရလဒ္အေျဖကို ဦးစားေပးေခ်ပခဲ့သည္ကိုေတြ႕ရွိရပါသည္။ တစ္နည္းေျပာရေသာ္ ေ႐ြးေကာက္ပြဲ ကသာ လက္ရွိႏိုင္ငံေရးအေျပာင္းအလဲအတြက္ လက္ေတြ႕က်ေသာႏိုင္ငံေရးျဖစ္သည့္ပုံစံျဖင့္ ျပန္လည္ ခုခံေခ်ပ သည္ကိုေတြ႕ရပါသည္။ ဤေနရာတြင္ စာေရးသူ အားမရသည္က ဦးကိုကိုႀကီးအေနျဖင့္ ဦး ထြန္းေအာင္ေက်ာ္ကို ဟယ္တင္တန္(ဟားဗတ္တကၠသိုလ္)က်မ္း မ်ားႏွင့္ ျပန္ထိုးႏွက္၍ရသည့္အခ်က္ အမ်ားႀကီးရွိေနသည္ကို ထည့္မေျပာခဲ့ျခင္းေၾကာင့္ျဖစ္ပါသည္။
ဥပမာ လက္နက္ကိုင္ေတာ္လွန္ေရး၊ လက္နက္ကိုင္ လမ္းစဥ္ကိုယုံၾကည္ေနသည့္ ဦးထြန္းေအာင္ ေက်ာ္ကိုေမးလိုက္ရမွာက (၁၉၅၆)ခုႏွစ္ကစ၍ လက္နက္ကိုင္ေတာ္လွန္ေရး၊ လက္နက္ကိုင္လမ္းစဥ္
ႏွင့္ ဒီမိုကေရစီရခဲ့ျခင္းမရွိဆိုသည့္အခ်က္ကို က်ဴးဘားေတာ္လွန္ေရး၊ နီေဂြရာဂါႏိုင္ငံ(ဆာဒီနစၥတာ ေတာ္လွန္ေရး)၊ အီရန္၊ ဆိုမာလီ၊ အာဖဂန္နစၥတန္ ႏိုင္ငံတို႔ႏွင့္ယွဥ္ၿပီးရွင္းျပသင့္ပါသည္။ လက္နက္ကိုင္ ေတာ္လွန္ေရးသည္ ေနာက္ဆုံးအာဏာရွင္မ်ားကပင္ ျပန္လည္အာဏာရသြားခဲ့ၾကသည္ကိုေတြ႕ရသည္။ တစ္ဖန္ လစ္ဗ်ား၊ အီဂ်စ္တို႔မွာလည္း ဒီမိုကေရစီျဖစ္ခဲ့ျခင္းမရွိေၾကာင္းႏွင့္ ေနာက္ဆုံးအာဏာရွင္ႏွင့္ ျပည္တြင္းစစ္သာျဖစ္ကုန္ၾကသည့္အေၾကာင္းကိုပါ ထည့္သြင္းေခ်ပၿပီး ၎၏ပါးစပ္ကို ပိတ္ပစ္လိုက္ေစ ခ်င္ပါသည္။ သို႔ေသာ္ ထိုသို႔ စကားစစ္ထိုးေခ်ပႏိုင္ခဲ့ျခင္း မရွိေပ။ ႏိုင္ငံတကာတြင္ လက္နက္ကိုင္ လမ္း စဥ္ေၾကာင့္ ဒီမိုကေရစီရခဲ့ျခင္းမရွိသလို အာဏာမက္ေမာလြန္းၾကသည့္ ျမန္မာမ်ား၏ စ႐ိုက္ႏွင့္ ဆိုလွ်င္ ပို၍အာဏာရွင္ျဖစ္ႏိုင္ေၾကာင္းရွင္းျပၿပီး ေခ်ပလိုက္ရမည္ျဖစ္ေသာ္လည္း မေခ်ပႏိုင္ခဲ့ေပ။
ေနာက္တစ္ခ်က္က ဒီမိုကေရစီအသြင္ကူးေျပာင္းေရးကိုပါ ဂဃဏန ရွင္းျပသင့္ပါသည္။ ယခု ေ႐ြးေကာက္ပြဲသည္ ဟယ္တင္တန္ (ဟားဗတ္တကၠသိုလ္) ၏ေပတံႏွင့္တိုင္းမည္ဆိုလွ်င္ ျမန္မာျပည္ သည္ ဒီမိုကေရစီေနာက္ေၾကာင္းျပန္လွည့္သြားျခင္းမဟုတ္ဘဲ ေခတၱရပ္တန႔္သြားရသည္ဟုဆိုႏိုင္ပါ သည္။ ဟယ္တင္တန္(ဟားဗတ္တကၠသိုလ္)က ျဖစ္ေပၚလာသည့္ ႏိုင္ငံေရးျပႆနာမ်ားကို မေျဖရွင္းဘဲ ထားျခင္းႏွင့္ ျပည္တြင္း/ျပည္ပစစ္လို စစ္ႀကီးျဖစ္လွ်င္ ဒီမိုကေရစီ ေခတၱရပ္တန႔္သြားသည္ဟုဆိုထားပါ သည္။
အမွန္လည္း ဟုတ္ပါသည္။ ျမန္မာျပည္အေျခအေနကို ျပန္ဆန္းစစ္လွ်င္ NLD သည္ ျဖစ္ေပၚလာ သည့္ ႏိုင္ငံေရးျပႆနာ မဲမသမာမႈမ်ားကို မရွင္းခဲ့ပါ၊ ထိုျပႆနာကေနတစ္ဆင့္ ေနာက္ဆုံး ျမန္မာျပည္ တြင္ ျပည္တြင္းလက္နက္ကိုင္ပဋိကၡႀကီး ႀကီးထြားလာခဲ့ရသည္မဟုတ္ပါလား။
ဖြံ႕ၿဖိဳးရွင္သန္စ ဒီမိုကေရစီစနစ္တြင္ အရပ္ဘက္ - စစ္ဘက္ ဆက္ဆံေရးထိခိုက္လာျခင္းေၾကာင့္ ဒီမို ကေရစီစနစ္က ေနာက္ေၾကာင္းျပန္လွည့္ျခင္းႏွင့္ ေခတၱရပ္တန႔္သြားျခင္းဆိုၿပီး ႏွစ္ပိုင္းရွိပါသည္။ ေနာက္ေၾကာင္းျပန္လွည့္လွ်င္ တပ္က အာဏာသိမ္း ျခင္းႏွင့္ႀကဳံရလိမ့္မည္၊ ေျခဥပ်က္မည္။ အလားတူ ျဖစ္စဥ္မ်ိဳး (၁၉၆၂)ခုႏွစ္ႏွင့္ (၁၉၈၈)ခုႏွစ္တို႔တြင္ ႀကဳံခဲ့ၾကၿပီးျဖစ္ပါသည္။ ယခုကာလကမူ (၁၉၅၈)ခုႏွစ္ တုန္းကလို ဒီမိုကေရစီ ေခတၱရပ္တန႔္သြားျခင္းျဖစ္၍ အာဏာထိန္းျခင္းျဖစ္သည္။ ေျခဥမပ်က္သလို ဖ်က္လည္းမဖ်က္ခဲ့သည္ကို ေတြ႕ျမင္ရမည္ျဖစ္သည္။ ယခုအခါ ဒီမိုကေရစီ ျပန္လည္လႈပ္ရွားအသက္ဝင္
လာဖို႔ ေ႐ြးေကာက္ပြဲက်င္းပေတာ့မည္ျဖစ္သည္။ သို႔ေသာ္ ဤသည္မွာ ဒီမိုကေရစီအသြင္ကူးေျပာင္းေရး ပင္ ျဖစ္ပါသည္။ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးအစတြင္ ရာႏႈန္းျပည့္ ဒီမိုကေရစီ လိုခ်င္၍ မရေသး သကဲ့သို႔ ဆန႔္က်င္ဘက္အတိုက္အခံမ်ားအားလုံးလည္း ပါဝင္ခြင့္ရၾကဦးမည္မဟုတ္ပါ။ ဤသည္မွာ စာေရးသူေျပာျခင္းမဟုတ္ဘဲ ႏိုင္ငံေရးသိပၸံပညာရွင္ ဟယ္တင္တန္ (ဟားဗတ္တကၠသိုလ္)၏ သုေတ သနျပဳ ေတြ႕ရွိခ်က္ျဖစ္ပါသည္။
ျမန္မာျပည္အေနျဖင့္ေျပာရလွ်င္ (၂၀၁၀) ျပည့္ ႏွစ္ေ႐ြးေကာက္ပြဲလတြင္ NLD ပါဝင္ခြင့္မရပါ၊ (၂၀၁၂) ၾကားျဖတ္မွသာ NLD ပါဝင္ခြင့္ရခဲ့ျခင္းျဖစ္ပါသည္။ ဤလုပ္ငန္းစဥ္ကိုဆန္းစစ္ၾကည့္လွ်င္လည္း ဟယ္တင္တန္ေျပာသည့္ ဒီမိုကေရစီ Road Map ႏွင့္ တူပါသည္။ ထို႔ေၾကာင့္ စာေရးသူက လက္နက္ကိုင္ လမ္းစဥ္ကိုယုံၾကည္ေနသာ ဦးထြန္းေအာင္ေက်ာ္ကို ယခုလို ေခ်ပပစ္လိုက္ေစခ်င္ပါသည္။
မည္သို႔ပင္ဆိုေစကာမူ ဦးကိုကိုႀကီးအေနျဖင့္ အထက္မွာဆိုခဲ့သလိုအခ်က္အလက္မ်ားႏွင့္ ဟမရ ေအာင္ ဦးထြန္းေအာင္ေက်ာ္ကိုပိတ္ပစ္လိုက္ေစခ်င္ေသာ္လည္း မပိတ္ႏိုင္ခဲ့ပါ။ မပိတ္ႏိုင္ျခင္းက ျပႆ နာ မဟုတ္ဟုဆိုႏိုင္ေသာ္လည္း လူငယ္မ်ားသည္ လက္နက္ကိုင္လမ္းစဥ္ႏွင့္ ဒီမိုကေရစီရႏိုင္ေသးသည္ ဟုထပ္ထင္ၿပီး ထပ္ယုံၾကည္ေနေသးလွ်င္ တိုင္းျပည္အတြက္ ပိုအႏၲရာယ္ႀကီးသြားမည္ကို စိုးရိမ္မိပါ သည္။ ထို႔ေၾကာင့္ စာေရးသူအယူအဆကိုေျပာရလွ်င္ ေ႐ြးေကာက္ပြဲကေန တစ္ဆင့္ၿပီးတစ္ဆင့္ ေျပာင္း လဲႏိုင္သည့္ ျမန္မာ့ႏိုင္ငံေရးအေ႐ြ႕ကသာလွ်င္ ယခုအခ်ိန္၌ အသင့္ေတာ္ဆုံး ႏိုင္ငံေရးလုပ္ငန္းစဥ္ျဖစ္ လိမ့္မည္ဟု ယုံၾကည္ယူဆမိပါသည္။ ယခုအခ်ိန္တြင္ လက္ေတြ႕က်ေသာႏိုင္ငံေရးမွာ ေ႐ြးေကာက္ပြဲသာ ျဖစ္သည္ဟု လက္ခံယုံၾကည္ထားပါသည္။
အခ်ဳပ္ဆိုလွ်င္ ႏိုင္ငံေရးဟူသည္ လူတို႔အေရးျဖစ္သျဖင့္ လူတို႔ႏွင့္ကိုက္ညီၿပီး လက္ေတြ႕က်သည့္ ႏိုင္ငံေရးျဖစ္ရန္အေရးႀကီးပါသည္။ ႏိုင္ငံ့အေရးအရာ မ်ားကိုေဆာင္႐ြက္ရသည့္ႏိုင္ငံေရးသည္ စိတ္ကူး ယဥ္ ၍ မရ၊ စိတ္ကူးယဥ္သည့္တိုင္ စိတ္ကူးႏွင့္လက္ေတြ႕ ဘဝကိုေပါင္းစပ္ႏိုင္မွသာ ေအာင္ျမင္ေသာ ႏိုင္ငံေရးျဖစ္လိမ့္မည္။ ေအာင္ျမင္ေသာႏိုင္ငံေရးဆိုသည္မွာ ျပည္သူလူထုအတြက္ေသာ္လည္းေကာင္း ႏိုင္ငံေတာ္အတြက္ေသာ္လည္းေကာင္း အက်ိဳးရွိမည့္ႏိုင္ငံေရးကိုဆိုလိုျခင္းျဖစ္သည္။ ဤသို႔ဆိုလွ်င္ လူ ထုအတြက္ေသာ္လည္းေကာင္း၊ ႏိုင္ငံတာ္အတြက္ေသာ္လည္းေကာင္း အက်ိဳးျဖစ္ထြန္းျခင္းမရွိဘဲ ႏိုင္ငံ ႏွင့္ ျပည္သူလူထုကို ပ်က္စီးဆုတ္ယုတ္ေစမည့္ ႏိုင္ငံေရးလုပ္ငန္းစဥ္မ်ားကမူ ေအာင္ျမင္ေသာႏိုင္ငံေရး မျဖစ္သလို လက္ေတြ႕က်သည့္ႏိုင္ငံေရးလည္း ျဖစ္မည္မဟုတ္ပါ။ ထို႔ေၾကာင့္ ယေန႔ကာလတြင္ လက္ ေတြ႕က်ေသာႏိုင္ငံေရးသည္ ေသြးေျမက်မႈအနည္းဆုံးႏွင့္ လူထုအနာဂတ္၊ ႏိုင္ငံ့အနာဂတ္ကို ေကာင္းမြန္ ေစမည့္ႏိုင္ငံေရးလုပ္ငန္းစဥ္ကလည္း ေ႐ြးေကာက္ပြဲမွတစ္ပါး အျခားမရွိျခင္းေၾကာင့္ ေ႐ြးေကာက္ပြဲကို သာ ယုံယုံၾကည္ၾကည္ႏွင့္ ကိုယ္ႀကိဳက္ရာကိုမဲေပးၾကျခင္းျဖင့္ ႏိုင္ငံ့အေရးကို က်ရာ အခန္းက႑မွ ကူညီ သြားၾကရန္ အႀကံျပဳတိုက္တြန္းလိုက္ပါသည္။
စာကိုး -
ေက်ာ္ဝင္းရဲ႕စာအုပ္မ်ားႏွင့္ ႏွစ္ေပါင္းမ်ားစြာ၊ ဟယ္တင္တန္ရဲ႕ တတိယလႈိင္းဒီမိုကေရစီအသြင္အကူး
အေျပာင္း(ဘာသာျပန္သူ ဇင္ေဝေသာ္)