၎င်းရဲ့ခွင့်ပြုချက်တွေမရှိဘူးဆိုရင် အီရန်ရဲ့နောက်ထပ်ခေါင်းဆောင်က သက်ဆိုးရှည်လိမ့်မှာမဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့် သတိပေး

 235

Pika (NP News) - မတ် ၁ဝ

အီရန်ရဲ့ နောက်ထပ်ထိပ်တန်းခေါင်းဆောင်ဟာ ၎င်းရဲ့ခွင့်ပြုချက်တွေမရှိဘူးဆိုရင် သက်ဆိုးရှည်လိမ့်မှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ပါတယ်။ အီရန်က ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းမှာ သေဆုံးသွားခဲ့တဲ့ ထိပ်တန်းခေါင်းဆောင်အလီခါမေနီရဲ့နေရာမှာ ဆက်ခံမယ့်သူကို ထုတ်ဖော်ပြသခဲ့ပြီး နောက် ဒေါ်နယ်ထရမ့်ရဲ့သတိပေးပြောဆိုချက်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။

အမေရိကန်နဲ့အစ္စရေးတို့က အီရန်အပေါ် စစ်ပွဲဆင်နွှဲပြီးနောက် (၉)ရက်အကြာမှာ အီရန်အစိုးရက ၎င်းတို့ရဲ့ နောက်ထပ်ခေါင်းဆောင်ကို ရွေးချယ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
အီရန်အစိုးရဟာ သေဆုံးသွားခဲ့တဲ့ အလီခါမေနီရဲ့သားဖြစ်သူ အသက်(၅၆)နှစ်အရွယ် မို့ချ်တာဘာခါမေနီကို ထိပ်တန်းခေါင်းဆောင်အဖြစ် ရွေးချယ်ခန့်အပ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်က”အီရန်ရဲ့ နောက်ထပ်ထိပ်တန်းခေါင်းဆောင်ဖြစ်လာမယ့်လူက ကျွန်တော်တို့ရဲ့ခွင့်ပြုချက်တွေကို ယူရပါလိမ့်မယ်။
ကျွန်တော်တို့ရဲ့ခွင့်ပြုချက်ကို မယူဘူးဆိုရင် အီရန်ရဲ့နောက်ထပ်ထိပ်တန်းခေါင်းဆောင်က သက်ဆိုးရှည်လိမ့်မှာ မဟုတ်ပါဘူး” လို့ သတိပေးပြောဆိုခဲ့ပါတယ်။

Zawgyi Version;
၎ရဲ႕ခြင့္ျပဳခ်က္ေတြမရွိဘူးဆိုရင္ အီရန္ရဲ႕ေနာက္ထပ္ေခါင္းေဆာင္က သက္ဆိုးရွည္လိမ့္မွာမဟုတ္ဘူးလို႔ ေဒၚနယ္ထရမ့္ သတိေပး
Pika (NP News) - မတ္ ၁ဝ
အီရန္ရဲ႕ ေနာက္ထပ္ထိပ္တန္းေခါင္းေဆာင္ဟာ ၎ရဲ႕ခြင့္ျပဳခ်က္ေတြမရွိဘူးဆိုရင္ သက္ဆိုးရွည္လိမ့္မွာ မဟုတ္ဘူးလို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က သတိေပးေျပာဆိုခဲ့ပါတယ္။ အီရန္က ၿပီးခဲ့တဲ့ရက္ပိုင္း အတြင္းမွာ ေသဆုံးသြားခဲ့တဲ့ ထိပ္တန္းေခါင္းေဆာင္အလီခါေမနီရဲ႕ေနရာမွာ ဆက္ခံမယ့္သူကို ထုတ္ေဖာ္ျပသခဲ့ၿပီး ေနာက္ ေဒၚနယ္ထရမ့္ရဲ႕သတိေပးေျပာဆိုခ်က္ေတြထြက္ေပၚလာတာျဖစ္ပါတယ္။
အေမရိကန္နဲ႔အစၥေရးတို႔က အီရန္အေပၚ စစ္ပြဲဆင္ႏႊဲၿပီးေနာက္ (၉)ရက္အၾကာမွာ အီရန္အစိုးရက ၎တို႔ရဲ႕ ေနာက္ထပ္ေခါင္းေဆာင္ကို ေ႐ြးခ်ယ္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။
အီရန္အစိုးရဟာ ေသဆုံးသြားခဲ့တဲ့ အလီခါေမနီရဲ႕သားျဖစ္သူ အသက္(၅၆)ႏွစ္အ႐ြယ္ မို႔ခ်္တာဘာခါေမနီကို ထိပ္တန္းေခါင္းေဆာင္အျဖစ္ ေ႐ြးခ်ယ္ခန႔္အပ္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္က”အီရန္ရဲ႕ ေနာက္ထပ္ထိပ္တန္းေခါင္းေဆာင္ျဖစ္လာမယ့္လူက ကြၽန္ေတာ္တို႔ရဲ႕ခြင့္ျပဳခ်က္ေတြကို ယူရပါလိမ့္မယ္။
ကြၽန္ေတာ္တို႔ရဲ႕ခြင့္ျပဳခ်က္ကို မယူဘူးဆိုရင္ အီရန္ရဲ႕ေနာက္ထပ္ထိပ္တန္းေခါင္းေဆာင္က သက္ဆိုးရွည္လိမ့္မွာ မဟုတ္ပါဘူး” လို႔ သတိေပးေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.