အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်တွင်ရှိသည့် ကမ္ဘာ့အသက်အကြီးဆုံး မြင်း

 3002

Pika (NP News) - မတ် ၁ဝ

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်မှ အမျိုးသမီးတစ်ဦးမွေးထားသော မြင်းတစ်ကောင် သည် အသက်(၃၇)နှစ်နှင့် (၃၂၉)ရက်ရှိပြီဖြစ်ပြီး ကမ္ဘာ့အသက်အကြီးဆုံးမြင်းအဖြစ် တရားဝင်သတ်မှတ် ခံခဲ့ရကြောင်း သိရသည်။

ပိုင်ဂီဆင်မွန်ဆိုသည့် အမျိုးသမီးပိုင်ဆိုင်သော ဖန်စီဟုအမည်ပေးထားသည့် မြင်းသည် (၁၉၈၈)ခုနှစ် ဧပြီလ(၁)ရက်တွင် မွေးဖွားခဲ့ပြီး ပိုင်ဂီဆင်မွန်က အသက်(၈)နှစ်နှင့် ဖန်စီက အသက်(၁၂)နှစ်အရွယ်တည်းက အတူတူရှိနေခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။ ထို့နောက် ပိုင်ဂီဆင်မွန် သည် ဖန်စီ၏ အသက်အရွယ်အထောက်အထားများကို ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့သို့ တင်ပြခဲ့ပြီး နောက် ကမ္ဘာ့အသက်အကြီးဆုံးမြင်းအဖြစ် တရားဝင်သတ်မှတ်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

ဖန်စီ သည် (၂၀၂၅)ခုနှစ်တွင် အသက်(၃၈)နှစ် အရွယ်ဖြင့် သေဆုံးသွားခဲ့သည့် ဘက်စကာလဒ်ဆိုသည့် မြင်း ထံမှ ကမ္ဘာ့အသက်အကြီးဆုံး အသက်ရှင်လျက်ရှိသည့်မြင်းဆိုသည့်စံချိန်ကို ယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပိုင်ဂီဆင်မွန်က “ကျွန်မက အသက်(၃၃)နှစ်၊ ဖန်စီက အသက်(၃၇)နှစ်ရှိပါပြီ။ ဆယ်စုနှစ် (၂)ခု ကျော်လောက်အထိကို ကျွန်မတို့ အတူတူရှိခဲ့ကြတာပါ။ ဖန်စီက အသက်ကြီးလာတာကြောင့် ကျန်းမာ ရေးမကောင်းတဲ့အချိန်တွေရှိခဲ့ပေမယ့်လည်း ဘာမှမဖြစ်အောင် ကျွန်မတို့က သေချာဂရုစိုက်စောင့် ရှောက်နေပါတယ်” ဟုပြောဆိုခဲ့သည်။

ထို့ပြင် ဖန်စီ၏ အကောင်းဆုံးသူငယ်ချင်းမှာ ရို့စ်ဟုအမည်ရ သည့် မြည်းတစ်ကောင်ဖြစ်ပြီး မျက်စိကွယ်လုနီးပါးဖြစ်နေပြီဖြစ်သော ဖန်စီအတွက် လမ်းပြအဖော် အဖြစ် ရှိနေကြောင်း ပိုင်ဂီဆင်မွန်က ထုတ်ပြန်ပြောကြားခဲ့သည်။

Zawgyi Version;
အေမရိကန္ႏိုင္ငံ ဗာဂ်ီးနီးယားျပည္နယ္တြင္ရွိသည့္ ကမာၻ႔အသက္အႀကီးဆုံး ျမင္း
Pika (NP News) - မတ္ ၁ဝ
အေမရိကန္ႏိုင္ငံ ဗာဂ်ီးနီးယားျပည္နယ္မွ အမ်ိဳးသမီးတစ္ဦးေမြးထားေသာ ျမင္းတစ္ေကာင္ သည္ အသက္(၃၇)ႏွစ္ႏွင့္ (၃၂၉)ရက္ရွိၿပီျဖစ္ၿပီး ကမာၻ႔အသက္အႀကီးဆုံးျမင္းအျဖစ္ တရားဝင္သတ္မွတ္ ခံခဲ့ရေၾကာင္းသိရသည္။ ပိုင္ဂီဆင္မြန္ဆိုသည့္ အမ်ိဳးသမီးပိုင္ဆိုင္ေသာ ဖန္စီဟုအမည္ေပးထားသည့္ ျမင္းသည္ (၁၉၈၈)ခုႏွစ္ ဧၿပီလ(၁)ရက္တြင္ ေမြးဖြားခဲ့ၿပီး ပိုင္ဂီဆင္မြန္က အသက္(၈)ႏွစ္ႏွင့္ ဖန္စီက အသက္(၁၂)ႏွစ္အ႐ြယ္တည္းက အတူတူရွိေနခဲ့ၾကျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ေနာက္ ပိုင္ဂီဆင္မြန္ သည္ ဖန္စီ၏ အသက္အ႐ြယ္အေထာက္အထားမ်ားကို ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕သို႔ တင္ျပခဲ့ၿပီး ေနာက္ ကမာၻ႔အသက္အႀကီးဆုံးျမင္းအျဖစ္ တရားဝင္သတ္မွတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္းသိရသည္။ ဖန္စီ သည္ (၂၀၂၅)ခုႏွစ္တြင္ အသက္(၃၈)ႏွစ္ အ႐ြယ္ျဖင့္ ေသဆုံးသြားခဲ့သည့္ ဘက္စကာလဒ္ဆိုသည့္ ျမင္း ထံမွ ကမာၻ႔အသက္အႀကီးဆုံး အသက္ရွင္လ်က္ရွိသည့္ျမင္းဆိုသည့္စံခ်ိန္ကို ယူသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ပိုင္ဂီဆင္မြန္က “ကြၽန္မက အသက္(၃၃)ႏွစ္၊ ဖန္စီက အသက္(၃၇)ႏွစ္ရွိပါၿပီ။ ဆယ္စုႏွစ္ (၂)ခု ေက်ာ္ေလာက္အထိကို ကြၽန္မတို႔ အတူတူရွိခဲ့ၾကတာပါ။ ဖန္စီက အသက္ႀကီးလာတာေၾကာင့္ က်န္းမာ ေရးမေကာင္းတဲ့အခ်ိန္ေတြရွိခဲ့ေပမယ့္လည္း ဘာမွမျဖစ္ေအာင္ ကြၽန္မတို႔က ေသခ်ာဂ႐ုစိုက္ေစာင့္ ေရွာက္ေနပါတယ္” ဟုေျပာဆိုခဲ့သည္။ ထို႔ျပင္ ဖန္စီ၏ အေကာင္းဆုံးသူငယ္ခ်င္းမွာ ႐ို႕စ္ဟုအမည္ရ သည့္ ျမည္းတစ္ေကာင္ျဖစ္ၿပီး မ်က္စိကြယ္လုနီးပါးျဖစ္ေနၿပီျဖစ္ေသာ ဖန္စီအတြက္ လမ္းျပအေဖာ္ အျဖစ္ ရွိေနေၾကာင္း ပိုင္ဂီဆင္မြန္က ထုတ္ျပန္ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.